အရစ်လိုက်ပတ်တဲ့ ကြိုး

January 10, 2014

ဆောင်းယွန်းလ
ဇန်န၀ါရီ ၁၀၊ ၂၀၁၄

 

 

အကျိုးနဲ့ အကြောင်းက
တမိုးတည်းအောက်မှာ ပေါင်းသင်းနေထိုင်တယ်….

 

လူ့အကြိုက်ကို
ဘုရားသခင်တောင် မီအောင်မလိုက်နိုင်ဘူး…..

 

တမိုးလုံးအောက် အလေ့ကျပေါက်တဲ့
သဘာဝတရားက
ပါးတဲ့အခါ ပါးသလို ထူတဲ့အခါလည်း ထူမယ်
အေးတဲ့အခါ အေးသလို နွေးတဲ့အခါလည်း နွေးမယ်
ခါးတဲ့အခါ ခါးသလို ချိုတဲ့အခါလည်း ချိုမှာပေါ့….

 

အပူအအေးမျှဖို့
အခန်းထဲက လေပူလေအေးစက်တွေရဲ့
ဇယားကွက်တွေကို လိုတိုးပိုလျှော့တွက်နှိပ်ပြီး
ဘ၀ဆိုတဲ့ အရေပြားကို အသပြာတွေခြုံအိပ်ရုံနဲ့
အရာအားလုံး မျှတလုံခြုံ စိတ်ချရပြီတဲ့လား….

 

ကမ္ဘာကို မီးရှို့ဖို့ မီးတို့ထားခဲ့တဲ့လောင်စာတွေက
ခင်ဗျားကိုယ်တိုင်ရဲ့ လက်ထဲမှာ အစွယ်တဖွေးဖွေးနဲ့….။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဆောင်းယွန်းလ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်