အင်းစိန်မြို့နယ် စန္ဒီမယ်တော် ဘုရားကျောင်း မယ်တော်ပူဇော်ပွဲ

January 21, 2014

ရန်နောင် (ဗိုလ်တထောင်)
ဇန်န၀ါရီ ၂၁၊ ၂၀၁၄

အင်းစိန်မြို့ နယ်တွင် ဟိန္ဒူဘာသာဝင်များအများအပြား နေထိုင်လျက်ရှိရာ  သက်ဆိုင်ရာလအလိုက် ပွဲတော်များကိုလည်း စည်ကားသိုက်မြိုက်စွာ ပြုလုပ်လေ့ ရှိသည်။

တောင်သူကုန်း၊ ပိန္နဲကုန်း၊  နံ့ သာကုန်း၊ ရွာမ အစရှိသော ရပ်ကွက် အသီးသီးတွင် ဟိန္ဒူဘုရားကျောင်းများ တည်ရှိကြသည်။

တနင်္ဂနွေနေ့က   စန္ဒီမယ်တော် ဘုရားကျောင်းတွင် မယ်တော် ပူဇော်ပွဲ ပြုလုပ်ခဲ့သည်။

ပူဇော်ပသသူတချို့က ပါးစောင်နှစ်ဖက်အား သံချောင်းများနှင့် ဖောက်၍ လည်းကောင်း၊   ကျောကုန်းတွင်သံချိတ် ဖေါက်ကာအုန်းသီးများ ဆွဲ၍လည်းကောင်း ပူဇော်ကြသည်ကို တွေ့ရသည်။
တစ်ယောက်သောသူကတော့  တမူထူးခြားစွာ light truck ကားတစီး ဆွဲကာ ပူဇော်ခဲ့သည်။

 

”ကျွန်တော်က မယ်တော်ကို ပူဇော်တာ လေးနှစ်ရှိပါ ပြီ။   အချိန်တန်ရင်မပူဇော်ဘဲ မနေနိုင်ပါဘူး။
အခုလည်း အလုပ်ကနေ ခွင့်တောင်းပြီး လာရောက် ပူဇော်တာပါ ” ဟု မီးနင်းပူဇော်သူ ကိုပိုင်မျိုးအောင်က ပြောသည်။

“ခဏနေရင် သူစကားပြောလို့ မရတော့ပါဘူး၊ သူက ငယ်ငယ် ကတည်းက မီးနင်းတာပါ၊ အသက် ( ၁၁ )နှစ်သားလောက် ကပေါ့ “
ဟု သူ၏မိခင်ဖြစ်သူ ဒေါ်တင်တင်နုက ပြောသည်။

သူတို့ အား ဘုရားကျောင်းမှ ဆရာက   သံချောင်းများသွင်းပေးခြင်းကို မြင်တွေ့ ရသည်မှာလည်း အသဲထိ

တ်ဖွယ် တွေ့ခဲ့ရသည်။
ဟိန္ဒူဘာသာဝင်များ၏ ပွဲတော်ဖြစ်သော်လည်း ဗုဒဘာသာ-၀င်များလည်း ၀င်ရောက်ပူဇော်သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။

တချို့က မီးနင်း၍ ပူဇော်ကြသည်။  မီးနင်းမည့် သူများသည် သက်သတ်လွတ်စားကာ  ဥပုသ်သီလဆောက်တည်ကြရသည်။
မီးပုံကြီးအား ဖိုထားပြီး မယ်တော်၏ နွားလှည်းလာသောအချိန်မှသာ မီးကို ငြှိမ်းသတ်ပြီး  အရှိန်မသေးသော မီးခဲများပေါ် တက်နင်း လမ်းလျှောက်သွားခြင်းဖြစ်ပါသည်။

တစ်ကြိမ်မက အခေါက်ခေါက် အခါခါ နင်းနေသူတချို့ကိုလည်း တွေ့ခဲ့ရသည်။

ဇာတ်ညွှန်းမောင်မောင်သိန်း မိသားစုက မီးနင်းပွဲလာ ဘုရားဖူးပရိတ်သတ်ကို သက်သတ်လွတ်ချစ်တီး ထမင်းဖြင့် တည်ခင်းဧည့် ခံ ကျွေးမွေးခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Yan Naung (Bo Ta Htaung), သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်