fbpx

သဘာဝမေတ္တာ ဓာတ်ပုံပြိုင်ပွဲ

January 25, 2014

သဘာဝမေတ္တာ ဓာတ်ပုံပြိုင်ပွဲ
မိုးမခ
ဇန်န၀ါရီ ၂၄၊ ၂၀၁၄
 
 
 
ဓာတ်ပုံဆရာတွေ၊ ဓာတ်ပုံသမားတွေအတွက် သတင်းကောင်းတခုပါ။ မိမိတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်စေလိုမှုကို ရည်ရွယ်ပုံရတဲ့ သဘာဝမေတ္တာ ဓာတ်ပုံပြိုင်ပွဲတခုကို The Yangon Photo Festival နဲ့ ကမ္ဘောဇဘဏ်တို့က စီစဉ်ထားတာပါ။
ဝါသနာရှင်နဲ့ ပညာရှင်အဆင့်ဆိုပြီး အမျိုးအစား နှစ်မျိုးခွဲထားပါတယ်။ ကမ္ဘာ့ရွာကြီးရဲ့ ဘယ်နေရာမဆို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ၀င်ပြိုင်ခွင့်ရှိတယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် ကင်မရာ (သို့မဟုတ်) ဖုန်းတို့ဖြင့်လည်း ရိုက်ကူးနိုင်သလို ဆုအမျိုးအစားကိုလည်း ပညာရှင်အဆင့်နှင့် အပျော်တမ်းအဆင့်ဆိုပြီး နှစ်မျိုးခွဲထားတယ်လို့ ဆိုပါတယ်။
ပြိုင်ပွဲမှာ ဆုရရှိသူတွေကိုတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ Institut Français de Birmanie, 340 Pyay Road, Yangon, Myanmar မှာ ကျင်းပမယ့် Yangon Photo Night ပွဲမှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်လိုသူတွေအတွက် http://www.yangonphoto.com/photo-contest/ မှာ သွားရောက်ပြီး မိမိတို့ တွေးမြင် ရိုက်ကူးထားတဲ့ ပုံများကို upload လုပ်ပေးပြီး ပြိုင်ပွဲဝင်ရမှာ ဖြစ်ပါတယ်။အသေးစိတ်သိရှိလိုပါက http://www.yangonphoto.com/photo-contest/  မှာ သွားရောက် လေ့လာနိုင်ကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓာတ်ပုံသတင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)