မေငြိမ်းရဲ့ မြသီလာအလွမ်းပြေ စာအုပ် မိုးမခအွန်လိုင်းစတိုးမှာ ၀ယ်နိုင်ပြီ

January 25, 2014

 

 

မေငြိမ်းရဲ့ မြသီလာအလွမ်းပြေ စာအုပ် မိုးမခအွန်လိုင်းစတိုးမှာ ၀ယ်နိုင်ပြီ

မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၂၅၊ ၂၀၁၄

 

စာရေးဆရာ၊ ကဗျာဆရာ၊ ကျောင်းဆရာ ၊ အမျိုးသမီး မေငြိမ်းရဲ့ ဘ၀အတွေ့အကြုံနဲ့ ဖြတ်သန်းခဲ့တဲ့ စစ်အာဏာရှင်လက်အောက်က တက္ကသိုလ်ဘ၀မြင်ကွင်း ဆောင်းပါးများ စုစည်းချက် ဖြစ်ပါတယ်။ မေငြိမ်းဟာ မိုးမခစာပေ၀ိုင်းတော်သားတဦးလည်း ဖြစ်ပါတယ်။

တအုပ်ကို ၁၅ ဒေါ်လာနဲ့ ၀ယ်နိုင်ပါပြီ။ အမေရိကန်တွင်း ပို့ဆောင်ခကတော့ ၅ ဒေါ်လာမျှ ကျသင့်ပါတယ်။

မြန်မာပြည်တွင်းက စာအုပ်ဆိုင်များမှာလည်း မြန်မာကျပ်ငွေနဲ့ မှာယူနိုင်ပါတယ်။ စာအုပ်နဲ့ ၀ယ်ဖတ်ရတာ အဆင်မပြေသူတွေအတွက် မိုးမခကနေ Amazon Kindle e-book အဖြစ် ဈေးချိုသာစွာနဲ့ တင်ပေးပါဦးမယ်။

 

http://shop.moemaka.net/Shop/home/61–.html

 

စာရေးဆရာကိုယ်တိုင် သူ့စာအုပ်အကြောင်း သူ့ဘလော့ဂ်မှာ သည်လို ရေးခဲ့ပါတယ်။

 

မြသီလာ.. ကို ကျမ စ ရေးတုန်းကတော့ ကျောင်းဝန်းကျင်ကို လွမ်းရင်းက အမှတ်မထင် စဖြစ်သွား ရင်းက  အဲဒီထဲ အာရုံဝင်စားပြီး ဆက်တိုက် ဆက်တိုက် ရေးဖြစ်သွားတာပါ။ ကျောင်းနဲ့ ပတ်သက် တဲ့ ကျမရဲ့ ဘ၀ဖြတ်သန်းမှုကို ရေးနေရင်းကပဲ ကျောင်းနဲ့ ဆက်စပ်တဲ့ သမိုင်းကျောင်းလေးတွေလည်း ထည့်ဦးမှ.. ပညာရေးကိစ္စလေးတွေ လည်း ထည့်ဦးမှ.. အမှတ်ရစရာလူတွေအကြောင်းလည်း ထည့်ဦး မှ… ခေတ်နဲ့ ပတ်သက်တာလေးတွေလည်း ထည့်ဦးမှ.. နဲ့။ Blog ပေါ်မှာ ဘာရယ်မဟုတ်ရေးရာကနေ အမှတ်တရ မှတ်တမ်းတစ်စောင်ဖြစ်သွားပါတော့တယ်။ ဒီတော့ ဆောင်းပါးနဲ့ မတူ.. ၀တ္ထုလည်း မဟုတ်လေတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဒီစာအုပ်လေးက Memoir လို့ ဆိုပါစို့။ 

 

ဒီ Memoir လေးကို ဘလော့ကနေ တကူးတက ကူးပြီး ကျမကို ချစ်တဲ့ မြန်မာပြည်က ကျမရဲ့ စာဖတ် ပရိသတ် သမီးလေး တစ်ယောက်က အမေရိကမှာ ရှိနေတဲ့ ပန်းချီဒီဇိုင်း ကိုမျိုး ကို အဖုံးဒီဇိုင်း လှမ်းအပ်ပြီး PDF ဖိုင်အဖြစ် Scribd မှာ တင်ပေးခဲ့ပါတယ်။ ကျမရဲ့ အသက် ၄၅ နှစ်ပြည့်တုန်းက အမှတ်တရ မွေးနေ့ လက်ဆောင် ပါပဲ..။ ဒါကြောင့် တချို့လည်း Blog ပေါ်မှာကတည်းက တချို့လည်း Ebook ကလေးလို ဖတ်ထားကြ ပြီး သား ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာက မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ကျမရဲ့ မိတ်ဆွေ သူငယ်ချင်း တွေနဲ့ ပရိသတ် အများစုကတော့ မဖတ်ကြရသေးပါဘူး။ ဒီတော့ မြသီလာ ကို သေချာ ပြန် မွမ်းမံ တည်းဖြတ် ပြင်ဆင် ဖြတ်တောက် ဖြည့်စွက်ပြီး.. စာအုပ်ထုတ်မယ်လို့ ပြင်ရတာပါပဲ။ 

 

မြသီလာထဲမှာ.. ကျမဘ၀ထဲက ကျမစိတ်ကို ဒဏ်ရာအနာတရ ပေးခဲ့သူတွေထဲက ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး မထိခိုက်စေဘဲ လူ့အဖွဲ့အစည်းကို ထိခိုက်အောင်.. လူအများကို ထိခိုက်နစ်နာအောင် လုပ်သူတွေကိုပဲ ထည့်ရေးပါတယ်။  ပြီးတော့ ကျမရဲ့ ဘ၀ အတွေ့ အကြုံထဲက သင်ခန်းစာ ယူစရာ.. ခံဝန်ချက် ပေးစရာတွေနဲ့ ကျမ ဖြတ်သန်းခဲ့ရာ မြသီလာရဲ့ ပုံရိပ် တွေကို အလွမ်းဖြေမှုတွေ.. ဒီလောက်ပါပဲ…။ 

 

 

ဒီစာအုပ်လေးကို ထုတ်မယ့် 2011+ Publishing House က ကျမနဲ့ မောင်နှမတွေလို ချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်း ကဗျာဆရာ ကျော်ဇောခိုင် နဲ့ ဘိုဘိုဝင်း.. ပါ။ သူတို့က စက်မှုတက္ကသိုလ်ကျောင်းဆင်း စာပေ သမား တွေ ဖြစ်ပြီး ကျော်ဇောခိုင်နဲ့ ကျမ သူငယ်ချင်းမောင်နှမဖြစ်ခဲ့တာပဲ ခုဆို နှစ်ပေါင်း ၂၀ ကျော်ပြီ…။ ဒီတော့ သူတို့လုပ်ချင်တဲ့ စာအုပ်လုပ်ငန်းမှာ စာအုပ်လုပ်ချင်တဲ့ သူတို့သူငယ်ချင်း ကျမက စာအုပ်တအုပ် လုပ်ဖြစ်တော့တာပေါ့။ သူတို့က စာအုပ်လုပ်ငန်းကို သေသေချာချာ လုပ်မှာ..။ ကျမကလည်း ရှေ့လျှောက် စာအုပ်တွေ ဆက်ထုတ်ချင်တာ..။ အတော်ပဲဆိုပါတော့..။ 

ဒီလိုနဲ့ မြသီလာအလွမ်းပြေ.. ကို မနှစ်ကစ စီစဉ်ခဲ့ပါတယ်။ စာအုပ်အပြင်အဆင်ကိစ္စ ဘယ်သူလုပ်မလဲ ဆိုတော့ သူ့ဘာသာ ဘယ်လောက် အလုပ်ရှုပ်ရှုပ် ကျမကိုတော့ ဂရုတစိုက်ကို လုပ်ပေးမှာလို့ သေချာတဲ့ သူငယ်ချင်း ကိုမြင့်မောင်ကျော်ပေါ့..။ သူနဲ့ကလည်း ပန်းချီဆရာနဲ့ စာရေးဆရာမအဖြစ် ဟန်ချက်ညီညီ တွဲခဲ့ကြတာ နှစ် အစိတ်တောင် ရှိတော့မယ်..။ ပြီးတော့ သူ့ဆို ကျမ ဗိုလ်ကျလို့ ရတာ သေချာတယ်လေ..။

နောက် အတွင်းက တချို့ သရုပ်ဖော်ပုံလေးတွေအတွက် ကျမရဲ့မြသီလာအခင်းအကျင်းနဲ့ လိုက်ဖက်တဲ့ ခံစားချက်ရှိသူတချို့ကို အကူအညီလှမ်းတောင်းပါတယ်…။ အဲလိုနဲ့ပဲ ခုတော့ စာအုပ်ကလေး ဖြစ်ခဲ့ပါပြီ။ စာအုပ်ကလေးကို ဖြန့်ဖို့ ကျမ အချိန်ရွေးတော့ ကျမ ကျင်လည်ခဲ့ရာ  တက္ကသိုလ်ဘ၀တုန်းက စာသင်နှစ် သစ် တစ်နှစ်စနေကျ ဆောင်းဦးရာသီချိန်..  အေးအေးမြမြ ရှိမယ့်အချိန်.. ။ ကံကောင်းရင် ကံ့ကော်တွေ စပွင့်လောက်ပြီ…။ သေချာတာက အင်းလျားကန်ဘောင်မှာ မြူတွေဆိုင်းနေမယ့် ရာသီ..။ ကျမကတော့ အဲဒီအချိန်လေးကို အလေးအနက်ထားပါတယ်။

 

ဘာပဲဖြစ်ဖြစ် ခုတော့ မြသီလာအလွမ်းပြေ… မြန်မာပြည်က ဆိုင်တွေပေါ် ရောက်နေပါပြီ….


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, မေငြိမ်း, ကြော်ငြာကဏ္ဍ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်