fbpx

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ရွှေလက်နှင့်ခေါ်နေပါတယ်

February 3, 2014

ဇော်အောင် (မုံရွာ)
ဖေဖော်ဝါရီ ၃၊ ၂၀၁၄

 

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးပရိုဂျက်များမှာ ခြစားမှုမရှိဖို့ သတိပေးလိုက်ပြီး၊ ဘတ်ဂျတ်တွေ ချပြတဲ့အထဲ လျှပ်စစ်မီးလင်းစေဖို့စတင်ပါတယ်။ ဘယ်နေရာက ဘယ်အစီအစဉ်မှာပဲဖြစ်ဖြစ် အကျင့်ပျက်ခြစားမှုဆိုင်ရာ သက်သေသာဓကတွေ့ရှိတာနဲ့ ချက်ခြင်းရပ်ဆိုင်းပစ်ဖို့ လက်နှေးနေမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတကလဲ ဒီမိုကရေးစီ ပွင့်လင်းမြင်သားစွာလုပ်ဆောင်နိုင်ဖို့ အခြေခံဥပဒေပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာ အစိုးရက မလုပ်ဆောင်ရင် အမေရိကန်ပြည်ထောင်စုက ပေးဖို့ရှိနေတဲ့ ထောက်ပံ့ကူညီမှုတွေကို ရပ်ဆိုင်းပြီး ဒဏ်ခတ် ပိတ်ဆို့ရေးဆီ ပြန်ဦးတည်သွားနိုင်မယ့် အခြေအနေမျိုး ပါဝင် ပြဌာန်းထားတဲ့ ဥပဒေကို သမ္မတ ဘားရက်အိုဘားမားက ဇန်နဝါရီလ ၁၇ ရက်နေ့က လက်မှတ်ထိုးခဲ့ပါတယ်။ အမေရိကန် ကုမ္ပဏီတွေ မြန်မာပြည်လာမှ နိုင်ငံတကာက လာဖို့ စောင့်ကြည့်နေကြပါတယ်။ သို့သော်လည်း မြန်မာပြည်က အစိုးရနဲ့ သူတို့ပတ်သက်ကြောင်း သူဌေးကြီး(၁၀)ဦး တို့နဲ့ စပယ်ရှယ်စစ်ဗိုလ်ဟောင်းများက တရုပ်နိုင်ငံစီးပွား ရေးသမားများနဲ့၊ စီးပွားရေးလုပ်ပြီး၊ မတရားစာချုပ်များနဲ့ အခွန်လွတ်၃နှစ်၊ သွင်း/ထုတ် ပါမစ်များ စသဖြင့် သယံဇာတများ၊ ဝန်ဆောင်မှု၊ တီဗွီ၊ မိုဘိုင်း၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ လုပ်ငန်းများနဲ့ အပြင်းအထန်စီးပွားရှာနေချိန်ဖြစ်ပါတယ်။

 

ကျေးလက်ဖွံ့ဖြိုးရေးမှာ အမြတ်စွန်းမရှိသလောက်မို့ ကုမ္ပဏီများ မလုပ်လိုပေမဲ့၊ ရတာအကုန်ယူ ဆိုပြီး လျှပ်စစ်ထုတ်လုပ်၊ ဈေးကြီး ကြီးနဲ့ရောင်း၊ လယ်သမားတွေကို ငွေတိုးချေး၊ပွဲရုံလုပ်ငန်းများ စတဲ့အလုပ်များကို မြို့ပေါ်က ကုမ္ပဏီများ ဝင်လုပ်ဖို့ ကြိုးစားလာပါ တယ်။ အစိုးရနဲ့ နိုင်ငံတကာက ရင်းနှီးမြှတ်နှံမဲ့ ငွေလုံး၊ ငွေခဲကို ခွဲဝေစားသောက်ဖို့ အကျင့်ပျက်အစိုးရဝန်ထမ်းများနဲ့ ပူးပေါင်းခြင်းများကို ကမ္ဘာ့ဘဏ်က သတိပေးခြင်းဖြစ်ပါတယ်။

 

ကမ္ဘာ့ဘဏ် လျှပ်စစ်မီး ရရှိရေးအတွက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှာ (RERED) Rural Electrification and Renewable Energy Development Project  ၂၀၀၂ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမအဆင့် ၂၀၀၂-၂၀၁၂   ၁၀နှစ်တိုင် နေရောင်ခြည်စွမ်းအားနဲ့ အိမ်ပေါင်း ၂သန်းကို လျှပ်စစ်မီးလင်းအောင် လုပ်ပေးနိုင်ခဲ့တာ၊ ဒေါ်လာ သန်းပေါင်း ၄၃၃သန်း ကုန်ကျခဲ့ပါတယ်။ အိမ်ခေါင်မိုးမှာ ဆိုလာပြားထောင်တဲ့ 100W , 200W စတဲ့ Solar Home Systems SHS တွေကို အဆင့်မြင့်တဲ့၊ စက်တွေ အကြွေးနဲ့ရောင်းပေးပြီး လစဉ်ငွေပြန်ကောက်ပါတယ်။ Solar Mini Grid များကို တည်ဆောက်ပြီး၊ ဓါတ်ကြိုးနဲ့အိမ်များကို လျှပ်စစ်မီးပေးပါတယ်။ တွက်ချက်မှုများအရ မီး၅လုံးလောက် ညပိုင်းပဲထွန်းရင် တစ်လကို ၆ဒေါ်လာ (တစ်ယူနစ် ကျပ်တစ်ရာနှုန်း) ဆိုရင် ၃နှစ်လောက် လျှပ်စစ်မီးထွန်းပြီး၊ ဆိုလာအရင်းကြေပါတယ်။ ရေရှည်ခံမဲ့ CFL မီးလုံးကို ရောင်းချပေးပြီး၊ Partner Organizations များနဲ့ လုပ်ဆောင်စေပါတယ်။ ဒါလောက် လုပ်ပေးတာတောင် တစ်ဦးချင်းနဲ့အဖွဲ့အစည်းနဲ့ အနိုင်ကျင့်ပြီး အကျင့်ပျက်၊ ဆင်းရဲမွဲတေသူများကိုတောင် အမြတ်ထုတ်စားရက်သူများ ဘင်္ဂလားဒေ့ခ်ျမှာ ရှိလို့ စီမံကိန်းတစ်ချို့ကို ရပ်ဆိုင်းပစ်ရပါတယ်။ ဒီလိုလုပ်ငန်းမျိုး မိမိရွာမှာ လုပ်မယ်ဆိုရင် အိမ်၁၀၀လောက်နဲ့ စနိုင်ပေမဲ့၊ မြန်မာပြည်က ဆိုလာဓါတ်အားပေးစက်များဟာ တရုပ်ပြည်က ရောင်းဈေးထက် ၅ဆလောက် ဈေးကြီးနေခြင်းဟာ ပြသနာကြီးတစ်ခုပါ။ တရုပ်၊ ဗီယက်နမ် ပြုပြင်ပြောင်းလဲရေးမှာ Import for Rural & Agriculture Development ပစ္စည်းများကို အခွန်မကောက်တဲ့အပြင် ဗဟိုနဲ့ဒေသ အစိုးရ၂ခုစလုံးကပါ  Subsidize ပံ့ပိုးမှုပေးကြပါတယ်။  World Bank ကပဲ import လုပ်ရင် အခွန်လွတ်၊ လွယ်ကူပါမယ်။

 

ဒါမျိုးတွေ အကျင့်ပျက်မှု (Corruption & Nepotism) တွေကြောင့် တရုပ်ပြည် ၁၉၈၉ တပြည်လုံးအုံကြွ ဆန္ဒပြခဲ့ပြီးနောက် တရုပ်အစိုးရက အကျင့်ပျက်တိုက်ဖျက်ရေးကို SEZ အထူးစီးပွားဇုံ စနစ်နဲ့ စတင်ခဲ့ပါတယ်။ အဲဒီ စီးပွားဇုံအတွင်းမှာ အကျင့်ပျက်ခြစားမှု မရှိမဲ့ ပြည်ပပို့ကုန်လုပ်ငန်းများကို  ၊ ထူထောင်ပေးခြင်း၊ မြန်မာအစိုးရကလည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။  သို့သော် အကျင့်ပျက်မှုများကို အရေးမယူပဲ တရားရေးမဏ္ဍိုင်က မတိုးတက်မှုကြောင့် အမေရိကန်အစိုးရနဲ့ အမေရိကန်ကုမ္ပဏီများ အခြေပြု ကမ္ဘာ့ဘဏ် အကြီးအကဲ၂ဦးက သတိပေးချက် တစ်ပြိုင်တည်း ထွက်လာခြင်းဖြစ်ပါတယ်။

 

● နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ

တရာမျှတတဲ့ ရင်းနှီးမြှတ်နှံမှု ဆိုတာ ရေရှည်အကျိုးစီးပွားဖြစ်ပါတယ်။ အခွန်မပေးပဲ၊ ဓါတ်ဆီတင်သွင်းရောင်းချခြင်၊ သံယံဇာတပြည်ပပို့ခြင်း များက တစ်ချက်ထဲနဲ့ တစ်သက်စားမကုန်အောင် ရတာမျိုး၊ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေကျပါ။ ၅နှစ် ထိုင်စားခွင့်ပေးပြီး၊ အလိုက်သိသိတော့ ထွက်ပေးမှာမဟုတ်ပါဘူး။ သမ္မတကြီး ဦးသိန်းစိန် တစ်ယောက်ပဲ အလိုက်သိသိ ထွက်ပေးချင်ပေမဲ့ သူ့ထက်ပိုပြီး လုပ်နိုင်မဲ့လူမျိုး လိုအပ်နေပါတယ်။ ဒါမှပဲ တရားမျှတတဲ့ ဘက်စုံနိုင်ငံတော် ဖြစ်လာမှာပါ။ စီးပွားရေးအဆင်ပြေသူ (တနည်းအားဖ္တြင့် မိသားစု မပူပင်ရသူများ နိုင်ငံခေါင်းဆောင်ဖြစ်ဖို့လိုပါတယ်။ အာဏာရှိသူများ မပူပင်ရတဲ့ ငွေရရှိပြီး၊ စာရိတ္တကောင်းအောင် သမ္မတဦးသိန်းစိန် အစိုးရက လုပ်ပေးနေသော်လည်း ရလဒ်က ထင်သလိုမကောင်းပါ။ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် တက်လာလည်း ရောင့်ရဲ၊ ချွေတာ၊ စုဆောင်းတဲ့ အစိုးရဖြစ်လာမှ ရင်းနှီးမြှတ်နှံသူများလဲ စိတ်ချ၊  ပြည်သူလူထုလဲ ချွေတာစုဆောင်း ရောင့်ရဲပြီး၊ စည်ပင်သာယာမယ် ဖြစ်ပါတယ်။

 

 

 

လက်ရှိ မြန်မာပြည်ကို ရဲဝံ့စွာ ရင်းနှီးမြှတ်နှံသူများမှာ တရုပ်နိုင်ငံ၊ ကုမ္ပဏီများပဲ စိတ်ချစွာ လုပ်ကိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ထိပ်ပိုင်းခေါင်းဆောင်များနဲ့ ဥပဒေစာချုပ်များကို ခိုင်မာစွာချုပ်ဆိုထားခြင်းကြောင့် ဖြစ်ပါတယ်။ ဗဟိုအစိုးရက သဘောတူတဲ့ ရင်းနှီးမြှတ်နှံမှုကော်မတီ လက်မှတ်ထိုး၊ ခွင့်ပြုပြီးရင် တရုပ်ဘဏ်များက ငွေချေးဖို့ အာမခံစာချုပ်ပဲ ဖြစ်ပါတယ်။ အလားတူ ထိုင်းနိုင်ငံကလည်း ပုဂ္ဂိုလ်ရေးနဲ့ ဥပဒေ ၂မျိုး ခိုင်မာအောာင် ကြိုးစားပြီး၊ ရင်းနှီးမြှတ်နှံလျှက်ရှိပါတယ်။

 

အခု မြန်မာပြည်မှာ ဗဟိုအစိုးရနဲ့စာချုပ်ပြီး ရင်းနှီးမြှတ်နှံကြတဲ့အထဲ အထင်ရှားဆုံးကတော့ ဆက်သွယ်ရေး ကုမ္ပဏီ Telenor & Ooredoo နှစ်ခုဖြစ်ပါတယ်။ဲ ပြည်သူလူထုဆီက မိုဘိုင်းဖုန်းနဲ့ အမြတ်ထုတ်မဲ့ ကုမ္ပဏီ ဆိုပေမဲ့၊ မြန်မာ့ဆက်သွယ်ရေးရဲ့၊ ခရိုနီများနဲ့ပေါင်း အမြတ်ထုတ်ပြီး၊ နိုင်ငံတော်လဲ အခွန်ငွေမရတာထက် ပိုပြီး ပွင့်လင်းမြင်သာလာပါတယ်။ လျှပ်စစ်လုပ်ငန်းကိုလည်း IPP ပုဂ္ဂလိကကို ၁၀၀% ပေးပြီး အပြိုင်ဆိုင် လုပ်ခိုင်းရင် အနည်းဆုံး ဗီယက်နမ်၊ ထိုင်း အဆင့်တော့ လျှပ်စစ်ဈေးချိုလာမှာ ဖြစ်ပါတယ်။ မီးထွန်းဖို့လျှပ်စစ်ကိုတော့ ဈေးနှုန်းချိုရပါမယ်။ အဲယားကွန်းလျှပ်စစ်ကိုတော့ ဈေးနှုန်းကြီးပေးရပါတယ်။ ကမ္ဘာ့လျှပ်စစ်ဈေးအကြီးဆုံး စင်ကာပူမှာတောင် ဒီနည်းနဲ့ လျှပ်စစ်ငွေတောင်းခံပါတယ်။

 

 

ကျော်မျိုးထွန်း ပြုစုတဲ့ အကြီးစားစက်မှုစီမံကိန်းများအတွက် အရင်းနှီးရှာခြင်း စာအုပ်ငယ်မှာ နိုင်ငံခြားကုမ္ပဏီများ သူတို့ပိုက်ဆံကို အာမခံရနိုင်မှ မြန်မာနိုင်ငံမှာ လာကြမယ်လို့ ရေးထားပါတယ်။

 

ကျော်မျိုးထွန်းရဲ့ စာအုပ်မှာ MIGA Multilateral Investment Guarantee Agency (ဥပမာ World Bank) ကဲ့သို့ ဘဏ်အဖွဲ့အစည်းများမှာ အဖွဲ့ဝင်ဖြစ်ရပါတယ်။ မြန်မာနိုင်ငံလဲ အဖွဲ့ဝင်ဖြစ်နေပါပြီ။ မြန်မာလို နိုင်ငံရေးမတည်ငြိမ်တဲ့၊ မငြိမ်သက်မှုကြောင့် ရင်းနှီးမြှတ်နှံသူများ ငွေဆုံးရှုံးမသွာအောင် ကာကွယ်ပေးပါတယ်။

 

New York Convention, Panama Convention ကဲ့သို့ နိုင်ငံအစိုးရများက စာချုပ်ဖောက်ဖျက်၊ စီမံကိန်းဖျက်သိမ်းရင် အဲဒီနိုင်ငံကို တရားစွဲ၊ လျှော်ကြေးပြန်ရအောင်လုပ်ပေးမဲ့ အဖွဲ့အစည်းကြီးတွေဖြစ်ပါတယ်။ မြန်မာအစိုးရ ၂၀၁၃ ဧပြီလမှာ New York Convention မှာပါဝင် လက်မှတ်ထိုးထားပြီ ဖြစ်ပါတယ်။

 

● ဒေါ်လာသန်းချီတဲ့အရင်းနှီးဖို့

ပရိုဂျက်အကြီးတွေကို လုပ်ဖို့ ချေးငွေနဲ့ပဲ လုပ်ရပါတယ်။ တရုပ်ပြည် ပြုပြင်ပြောင်းလဲခါစ အမေရိကန်သမ္မတနစ်ဆင်ကို တရုပ်ပြည် အလည်ဖိတ်ခေါ်ရပါတယ်။ အပြန်လှန် လည်ပတ်သွားရောက်ပြီး ညှိနှိုင်းရင်း၊ ကမ္ဘာ့အဖွဲ့အစည်းတွေထဲ တရုပ်ပြည် ပါဝင်လာပါတယ်။ ဒီတော့မှ နိုင်ငံခြား၊ အထူးသဖြင့် အမေရိကန်ကုမ္ပဏီများ တရုပ်ပြည်ကို ဝင်လာမှ တခြားနိုင်ငံငယ်များကလည်း စုပြုံ ရင်းနှီးမြှတ်နှံကြပါတယ်။ စစ်အင်အားကြီးမားခြင်းဟာ အလွန်အရေးကြီးတဲ့အတွက် နိုင်ငံတိုင်း စစ်သုံးစရိတ် ဘတ်ဂျတ်ဟာ အလွန်ကြီးမားပါတယ်။ အမေရိကန်ရဲ့ စစ်အင်အားကို တရုပ်ပြည်က လေးစားတဲ့အနေနဲ့ အမေရိကန်ကုမ္ပဏီများကို မတရာမလုပ်ရဲပါဘူး။ ဒါကြောင့် အမေရိကန်ဝင်လာရင် တိုင်းပြည်စီးပွားတက်လာလေ့ ရှိပါတယ်။

 

မြန်မာနိုင်ငံကိုလည်း ကုမ္ပဏီများဟာ World Bank, ADB, IMF, UNIDO, UNICEF စတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများနောက်က ခိုပြီးလိုက်လာပါတယ်။ သေချာပြီဆိုမှ (အာမခံနဲ့စာရင်းစစ်) စိတ်ချလောက်မှ ကုမ္ပဏီများ ရင်းနှီးငွေ ဝင်လာမှာဖြစ်ပါတယ်။

 

● တရုပ်စီးပွားရေးလုပ်ငန်းများ

မြန်မာနိုင်ငံတွင်း တရုပ်စီးပွားရေးလုပ်ငန်းရှင် များစွာ ပြည်တွင်းက အာဏာပိုင်များနဲ့ပူးပေါင်းပြီး၊ ပါမစ်၊ လိုင်စင်တွေယူပြီး၊ အကြီးအကျယ် ကြီးပွားနေတာ ဘယ်လိုမှ မတားနိုင်ပါဘူး။ ဥပဒေကို နားလည်သူများနဲ့ တဖတ်သတ် စာချုပ်များကြောင့် ဘာမှမတတ်နိုင်ပဲ၊ ကြည့်နေရပါတယ်။ တရုပ်စီးပွားရေးနဲ့ တရုပ်စစ်ရေးလွှမ်းမိုးမှုကို မကြေနပ်တဲ့  မြန်မာစစ်ဗိုလ်ချုပ်တစ်ဦး (ဗိုလ်မြင့်အောင်) ကို အစိုးရသစ်လက်ထက်မှာ အနားယူ၊ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်။ တရုပ်ပြည် ၁၉၈၉ အရေးအခင်းမှာ ပြည်သူ့ဘက်က ရပ်တည်တဲ့ တရုပ်စစ်တပ် စစ်ဗိုလ်ချုပ်ကြီး ၅ဦးကိုလည်း ထိမ်းသိမ်းခံရသလိုပါ။ တင်းမာလွန်းတဲ့ စစ်ဗိုလ်ချုပ်တွေကို ချန်ရစ်ရသလို၊ အမေရိကန်အားပေး၊ တရုပ်ရှုံ့ချ လုပ်သူများကိုတော့ ချန်ရစ်တာထက် ဆိုးတဲ့ ထိမ်းသိမ်းတာမျိုး လုပ်ခံရပါတယ်။ ၊ ဝ လက်နက်ကိုင်များက တရုပ်ကို အပြစ်မတင်ပဲ ကျေးဇူးတင်ကြပါတယ်။ ကရင်လက်နက်ကိုင်များက အမေရိကန်ကို အပြစ်ဖို့ဝေးစွ၊ ကျေးဇူးပဲ တင်ကြပါတယ်။ ရှမ်းလက်နက်ကိုင်များကတော့ တရုပ်နဲ့အမေရိကန်ကြားမှာနေရပါတယ်။ နိုင်ငံရေးနည်းတဲ့ ဂျပန်၊ကိုးရီးယားနဲ့ အီယူနိုင်ငံများရဲ့ ရင်းနှီးမြှတ်နှံမှုကို စောင့်ပေမဲ့၊ တရုပ်ရင်းနှီးမှုတွေပဲ ဆက်လက်လာနေမှာ ဖြစ်ပါတယ်။ တရားမျှတတဲ့ ရင်းနှီးမှုမျိုး ဖြစ်ဖို့၊ ပုဂ္ဂလိက အဖွဲ့အစည်းများ တွန်းအားပေး၊ စာရင်းစစ်၊ အာမခံပေးဖို့ လိုပါတယ်။

 

လက်ဝါးကြီးအုပ်လိုမှု စီးပွားရေးတွေ ကြီးထွားလာပါတယ်။ ဒါကြောင့် လုပ်ငန်းများအဆင်မပြေမှု (ease of doing business) မှာလည်း  ကမ္ဘာ့နိုင်ငံ ၁၈၉ နိုင်ငံမှာ အဆင့် ၁၈၂ ဖြစ်နေပါတယ်။  ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် ငွေ၊ အာဏာရှိသူများက လုပ်ငန်းအပိုင်စီး၊ ပျက်ပြားအောင် မလုပ်ရန်၊ ကမ္ဘာ့ဘဏ်က အကာကွယ်ပေး၊ အာမခံပေးခြင်းကို လုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံလုပ်ငန်းရှင်များ Political Risk စိုးရိမ်ပါက ကမ္ဘာ့ဘဏ် အေးဂျင့် Multilateral Investment Guarantee Agency ကို ဆက်သွယ်ပါလို့ ဆိုပါတယ်။

 

တရုပ်ပြည်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းများ ကို တရားမျှတမှုရှိဖို့ကတော့ တစ်နည်းပဲရှိပါတယ်။ အကျင့်ပျက်ခြစားတဲ့ အစိုးရခေါင်းဆောင် အဆင့်မြင့်အရာရှိကြီးများကို ထောက်လှမ်းရေးလို အဖွဲ့မျိုးနဲ့ တင်းကျပ်စွာ စောင့်ကြည့်သင့်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ အစိုးရ အရာရှိကြီး၊ ပါတီအကြီးကဲများရဲ့ ပိုင်ဆိုင်မှုကို စောင့်ကြည့်အဖွဲ့တွေ ရှိပါတယ်။ ငွေပမဏ ဒေါ်လာသန်းပေါင်းများစွာ လည်ပတ်နေတဲ့ လုပ်ငန်းများကို စာရင်းစစ်နဲ့အာမခံလုပ်ငန်းများ ပုဂ္ဂလိက Institution အဖွဲ့များနဲ့ လုပ်ဆောင်စေဖို့ ဖြစ်ပါတယ်။

 

● ရင်းနှီးမြှတ်နှံခြင်များးမှ နိုင်ငံအကျိုးရှိရန်

နိုင်ငံတိုင်းမှာ ပြည်ပအရင်းနှီးနဲ့ လုပ်ငန်းများလည်ပတ်ပြီး၊ ၅နှစ်၊ ၁၀နှစ်ကျော်လာရင် ပြည်တွင်းကုမ္ပဏီများပဲ ကြီးပွားလာပါတယ်။ နိုင်ငံခြားကုမ္ပဏီကတော့ တစ်နှစ်ကို အမြတ်ငွေ ၁၅%လောက် ရရင်ပဲ ကျေနပ်လှပါပြီ။ သူတို့ မူရင်းနိုင်ငံတွေမှာ လုပ်ငန်းတန်ဖိုးရဲ့ ၅% အခွန်ကောက်ခြင်း၊ လုပ်ငန်းအမြတ်ငွေကို အခွန် ၄၀%လောက် ကောက်ခံတာကြောင့် အခွန်ရှောင်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လာရောက်ရင်းနှီးကြပါတယ်။ ထုံးစံအတိုင်း အကျင့်ပျက်ခြစားမှုများကို အာမခံဖို့ အမေရိကန်ဝင်လာမှုဟာ အလွန်အရေးကြီးပါတယ်။ မြန်မာပြည်မှာ နာမည်ကျော်တဲ့ ရွှေဓါတ်ငွေတွေ့ရှိတဲ့ ဒေဝူးကုမ္ပဏီ၊ ဂျပန်တို့ရဲ့ သီလဝါစက်မှုဇုံမှာ ပါဝင်ကြတဲ့ ဂျပန်၊ ကိုးရီးယား ကမ္ပဏီများလည်း အမေရိကန်နဲ့ဥရောပ ငွေအရင်းနှီးမတည်မှုနဲ့ စတင်ပါတယ်။ နောက် ၅နှစ်၊ ၁၀နှစ်ကြာချိန် ကိုယ့်လူမျိုးတွေပဲ ပိုင်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် တိုးတက်သွားကြပါတယ်။ ထားဝယ်စက်မှုဇုံ စာချုပ်ချုပ်ခဲ့တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက အီတာလျှံ-ထိုင်း  Italian-Thai ကမ္ပဏီရဲ့ ရာဇဝင်ကို ကြည့်ရင် လွန်ခဲ့တဲ့ ၁၉၅၄ခုနှစ်က အီတာလျှံရင်းနှီးငွေနဲ့ စတင်ခဲ့ပေမဲ၊ အခု ထိုင်းလူမျိုးပိုင်ဖြစ်နေပြီး နိုင်ငံတကာမှာ စက်မှုဇုံတွေ လိုက်ဆောက်နေပါတယ်။ မြန်မာပြည် Dawai Project ကိုလုပ်ပေမဲ့ မအောင်မြင်ပါဘူး။ တရားဥပဒေမဲ့ နိုင်ငံခြားက မှန်ကန်တဲ့ ရင်းနှီးမြှတ်နှံမှုတွေ မလာပဲ၊ တရုပ်ကုမ္ပဏီကြီးများနဲ့ပဲ လုပ်နေရခြင်းကို အဆုံးသပ်လိုနေပါပြီ။

 

မည်သို့ပင်ဖြစ်စေ အထက်ပါအချက်များကို မြန်မာအစိုးရလူကြီးမင်းများနဲ့ နားမျက်စိဖွင့်ထားသူ လူကြီး၊လူငယ်အားလုံး သိပြီးသားဖြစ်ပါတယ်။ လက်တွေ့မှာ အကောင်ထည်ဖေါ်ဖို့ အလွန်ခက်ပါတယ်။ အဓိကတော့ စာရိတ္တ ဖြစ်ပါတယ်။ မိမိကိုယ်ကို စာရိတ္တ မဆိုးဘူးလို့ ခံယူနေသူ များပါတယ်။ လူငယ်လူရွယ်များဟာ စာရိတ္တ မှန်ကန်စွာ ကျေးလက်ဖွံ့ဖြိုးရေးသာမက၊ မြို့ပြ၊ စက်မှု ဖွံ့ဖြိုးရေးကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်သူများဖြစ်ပါတယ်။  စာရိတ္တပညာကို အစိုးရ စာသင်ကျောင်းများနဲ့ ဘုန်းကြီးကျောင်းများမှသာ ထိရောက်စွာ သင်ကြားနိုင်ပါတယ်။ IFI Watch (88 generation) လို အဖွဲ့ များစွာလည်း ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံ အစိုးရအရာရှိကြီးများ ပေါ်လစီများ၊ ငွေများ ထုတ်သုံး၊ ဆုချ နေသည်ထက် စာရိတ္တ စံနမူနာ ခေါင်းဆောင်များ ဖြစ်ခြင်းဟာ ဆင်းရဲမွဲတေမှုကို အောင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, ဇော်အောင် (မုံရွာ)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)