fbpx

ကန့်ကွက်တယ်တဲ့လား (Tun Win Nyein)

February 4, 2014
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကန့်ကွက်တယ်တဲ့လား

ထွန်းဝင်းငြိမ်း၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၄
အင်အားကို

အင်အားကသာ

လေးစားကြတယ်။

အင်အားမဖြစ်သူတွေရဲ့

ညီညွတ်ရေးကို

ဘယ်သူတွေက

လေးစားခန့်ညားကြမှာပါလဲ။

ဆိုလက်စ သီချင်းကို

လက်စသတ်ကြရအောင်

”ညီညွတ်ရေးနဲ့

အသက်ရှည်ရှည် ခင်ခင်မင်မင်

လက်ရေတပြင်တည်း ” . . .ပေါ့။

ဟင်္သာကိုးသောင်းဇာတ်ကို

သင်ခန်းစာယူကြ။

မဟော်သဓာရဲ့

သားတရားစီရင်ခန်း အလိုအရ

သားလုပွဲမှာ

တဖက်စီ ဆွဲကြတဲ့အခါ

ဘီလူးက ဘီလူးစိတ်

မိခင်က မိခင်စိတ်

သားချစ်စိတ် ပြိုင်ရာမှာ

မိခင်စိတ်သာ အောင်နိုင်စမြဲပါ။

ဂုဏ်သိက္ခာမဲ့

ဆဲရေးကြသူတွေဟာ

အခြားသူတွေထက်

ကိုယ်ကျိုးရှာကြသတဲ့။

နေရာအရချင်ဆုံး သူတွေကလည်း

ဥာဏ်ရည်အနိမ့်ဆုံး သတ္တဝါလို့ ဆိုကြတယ်။

အမြင်တကာ့ အမြင်တွေထဲမှာ

ကိုယ့်ကိုကိုယ် ပြန်ကြည့်ရဲတဲ့အမြင်က

အဖြောင့်တန်းဆုံး အကွေးတစ်ခုပေါ့။

လိပ်ပြာလုံသူတွေ ပိုသိကြတယ်။

”ပြည်သူသာ အမိ၊ ပြည်သူသာ အဖ”

ဘာများ ပြဿနာရှိပါသလဲ။

ငရဲကြီးရှစ်ထပ်ဆိုတာ

အမိ၊ အဖ ပြစ်မှားသူတွေအတွက်

အသင့်တော်ဆုံး ဗိမာန်ဖြစ်မယ်။

ဆရာပွင့်ရဲ့စကား

အငှား သုံးရရင်

”တရားမရသူတွေကို

တရားချရတာလည်း

တရားကိုအားနာဖို့ ကောင်းပြီ။”

ဆိုတော့ . . . . .

ဘရူးတပ်(စ်) သင်တန်းဆင်းတွေ

သခင်အားရ  . . . . . . . နည်းနဲ့

ခြေချင်းလိမ်နေလိုက်ကြပုံများ

ကေသရာဇာတို့ ရှေ့မှောက်မှာ

သူတို့ ဒူးတွေ၊ လက်တွေက

ကြမ်းပေါ်မှာ  . . . . . . ။

ထွန်းဝင်းငြိမ်း

(၂၈ .၁ .၂ဝ၁၄)

Photo Credit – http://www.travellerspoint.com/photos/stream/photoID/231303/features/countries/Bangladesh/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Poems, ကဗျာ, ထွန်းဝင်းငြိမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)