ဇာတိချက်ကြွေ မွေးရပ်မြေ

February 6, 2014

ကိုသန်းလွင်
ဖေဖော်ဝါရီ ၆၊ ၂၀၁၄

 

သည်တွင်ရွှေမြို့ သည်သို့စေတီ သည်ဆီရွှေန်း၊ ဖြောင့်တန်းတော့မည်
စိတ်ကရည်သည်၊ ရွှေပြည်ဌာန ဝေးသောကြောင့်။
 
မင်းလက်ဝဲသုန္ဒရ၊
xxxxxxx

အင်္ဂလိပ်လို Exile ဆိုသည်ကို မြန်မာလိုပြန်ပါက နယ်နှင်ခံဟုဆိုသော် ရမည်ထင်ပါ၏၊

 

မင်းလက်ဝဲသုန္ဒရ အမတ်ကြီးဦးမြတ်စံသည် ရွှေနန်းရှင်ဘုရင်က ငြိုငြင်သောကြောင့် မဲဇာအရပ်သို့ နယ်နှင်ခြင်းခံရသောအခါ နေပြည် တော်ကို လွမ်းဆွတ်သတိရမိသည်။ သူစပ်ဆိုခဲ့သော ရတုပိုဒ်စုံ ၃ ပိုဒ်လုံးမှာ ကျွန်တော်တို့ နှောင်းလူများ တဖွဖွရွတ်ဆိုရသော ရတုပိုဒ် စုံများ ဖြစ်လာခဲ့ပါသည်။ လူ့နှလုံးသားသည် လွမ်းဆွတ်ပြီဟုဆိုသည်နှင့် အနုပညာဖန်တီးနိုင်သောစွမ်းအား ကိုဖြစ်စေနိုင်ပါသည်။

 

“ချစ်၍ခေါ်မည် လိုက်တော်မူခဲ့ မပြောင်းနွဲ့ နှင့်” ဗဒုံမင်း၏ ကဗျာများကိုလည်း မြန်မာစာပေသမိုင်းတွင် ခန့်ခန့်ထည်ထည်တွေ့ ကြရပါ သည်၊ “ မလွမ်းရော့သော်ကော့ ကျွန်းမော့မော့ မြောက်ခွင် “ အစ ချီ ဦးကြီး၏ ရွာအလှကိုလည်းခံစားနိုင်ကြပါသည်၊

 

မြန်မာစာပေတွင် ဇာတိမြေကို ဖွဲ့သော။ လှပသော အရေးအဖွဲ့တို့မှာ များမြောင်လှပါသည်၊

 

ကျွန်တော်တို့တတွေအားလုံးသည် တချိန်မဟုတ်တချိန် တနည်းမဟုတ် တနည်း ဇာတိကိုခွဲခွါဘူးကြသည်ချည်းဖြစ်ပါ၏၊ ထိုအခါ အလွမ်း ဓါတ်သည် အလိုလို ပေါ်ပေါက် လာတတ်ကြပါသည်။ တချို့က ဤအလွမ်းဓါတ်သည် လူကို ပျော့ညံ့စေသည်ဟုလည်း ဆိုကြပါသည်။ အနု ပညာသည်တဦး၏ ဖန်တီးနိုင်စွမ်းအားသည် မိမိ ခင်မင် လွမ်းဆွတ်ရာအရပ်နှင့် ခွဲခွာရသော အချိန်ရောက်မှ ဖြစ်ပေါ်လာတတ်သည်ဟု အလွန်အမင်း ဆိုသူကဆို ကြပါသည်။

 

ကျွန်တော့်ကို ကျွန်တော် ပြန်လည်သုံးသတ်မိချိန်မှာ ကျွန်တော်သည် စင်္ကာပူမြို့ကိုရောက် နေပါပြီ။ လွမ်းတတ်သောအရွယ်ကား မဟုတ် တော့ပြီ။ ရွာမပြန်ချင် ဘူးလားဆိုတော့ ရွာကိုပြန်လိုလှပါ၏၊ သို့သော် စားဝတ်နေရေးကို ဦးစားပေးရမည့် မိမိအခြေအနေအရ ကျွန်တော် ရွာကို ပြန်ချင်တိုင်းပြန်၍ မရနိုင်တော့ပြီ။ ကျွန်တော့်တွင် သားနှစ်ယောက်ရှိရာ သူတို့ပညာရေးကို စထား ပြီးပြီဖြစ်၍လည်း ရွာပြန်ရန် အခြေ အနေ မပေးတော့ပါ၊ သူတို့ကျောင်းပိတ်ချိန်မှာ ကျွန်တော်တို့ မိဘနှစ်ပါးက မအား၊ ကျွန်တော်တို့ သွား၍ရပြီဆိုတော့လည်း သူတို့က မအားပြန်တော့၊ သည်လိုနှင့် ရွာကို မရောက်သည်မှာ ကြာလှချေပြီ။

 

အမေ ဆုံးသည်မှာ ၁၉၈၆ ခုဆိုတော့ ရွာပြန်မည် ဟု အားခဲထားသော စိတ်သည် အရင်လို ထက်သန်မှု မရှိတော့တာလည်း ပါပါလိမ့်မည်၊ အဖေ ဆုံးတော့ လည်းကျွန်တော် မရောက် အကိုနှင့်အမ ရှေ့ဆင့်နောက်ဆင့် ဆုံးကြတော့လည်း ကျွန်တော် မရောက် ဖြစ်တော့ပါ။ အခု အိမ်မှာ ဆွေမျိုးရင်းချာဟူ၍ မရှိကြတော့ပြီ။ အိမ်ကို အမေဆောက်သွားသော အိမ်မို့ မရောင်း ရက်ပါ၊ မသိတတ်သိတတ် ကျွန်တော့သား ၁ရ နှစ်အရွယ် ကလည်း မရောင်းပါနှင့် ဆို၍ ကျွန်တော် ဇာတိကအိမ်ကို ရောင်းရန်မ ရည်ရွယ်ပါ၊ သို့ပေမဲ့ အိမ်မှာ ကာလကြာရှည် ပြန်ပြီး နားနား နေနေ နေ နိုင်ဘို့ အခွင့်အရေးကား နည်းသည်ထက် နည်းသွားပေပြီ၊

 

ကျွန်တော်တို့ ရွာသည် မြန်မာပြည် အလယ်ပိုင်း ဧရာဝတီနှင့် မူးမြစ်အကြား မြေပြန့် လွင်ပြင် မှာတည်ရှိပါသည်၊ ထုံးစံအရ မိုးခေါင် ရေရှား ရပ်ဝန်းဒေသမှာ ရေအလွန် ရှားသော်လည်း ကျွန်တော်တို့ မြီု့ မှာ အ၀ီစိ ရေ အလွန်ပေါပါ သည်၊ မြေအောက် ပေသုံးရာလောက် တူးမိလျင် အလိုအလျောက် ပန်းထွက်သော ရေကြော ကိုတွေ့ ရတတ်ပ်ါသည်၊ ခင်ဦးသည် ရွှေဘို မြို့ မြောက်ဖက် ၁၄ မိုင်ကွာ ရှေး ဘုရင် အလောင်း ဘုရားလက်ထက်တော် က ဘုရင်ကို တော်လှန်ခဲ့သူ ဦးချစ်ညို အပိုင်စားရသော ရွာကြီးတရွာ ဖြစ်ခဲ့ပါသည်၊

 

နွေအခါမှာ ပူအိုက်စွတ်စိုပြီး ဆောင်းအခါမှာ ခိုက်ခိုက်တုန်အောင် အေးလှပါသည်၊ မြောက် ဖက် အာရှ ကုန်းမြေမြင့် မှအေးမြသောလေသည် အဆီးအတားမရှိ တိုက်ခိုက်လာပါသည်၊ မြောက်လေ တွေ တသုန်သုန် တိုက်နေပြီဆိုလျင် အိမ်မှာ မီးမဖိုဘဲနေ၍ မရနိုင်ပါ၊ ထိုမီးဖို ဘေးတွင်ထိုင်ရင်း အမေသည် ကျွန်တော်တို့ ငယ်စဉ် က ပုံပြင် တွေ စကားပုံတွေ ကို တနေ့နှင့် တနေ့ မထပ်ရအောင် ပြောပြတတ်ပါသည်၊

 

ခင်ဦးမြို့မြောက်ဘက် ရ မိုင်ခန့်အကွာ အင်ကြင်းပင်ရွာမှာ ဝေဘူဆရာတော်ဘုရားကြီး ၏ မွေးဖွား ရာ ချက် မြှုတ်ရာ နေရာ ဖြစ်ပါသည်၊ ဆရာတော်ဘုရားကြီး ငယ်စဉ်က အင်ကြင်းပင် ရွာကျောင်းဆရာတော် ထံမှာ သာသနာ့ဘောင် သို့ ကူးဝင်ပြီး မှ တောထွက်တော်မူခဲ့ပါသည်၊ တရားတွေ့သော် ငယ်ဆရာကို ကျေးဇူးဆပ် ရန် ရွာကို ပြန်ခဲ့ ပါ၏၊  နှာသီးဖျားမှာလေကလေး တိုးနေတာကို သိနေလျင် အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ ပြည့်စုံ ပြီးမြောက်ပြီး ထိုကျင့်စဉ် သည်ပင် နိဗန် ဖြတ်လမ်းပါ ဘုရားဟု ရဲရဲကြီး လျောက်တင်တော်မူခဲ့ပါသည်၊

 

ဆရာတော်ကြီးသည် ဝေဘ၊ူ ကျောက်ဆည်၊ ရွှေဘို၊ အင်ကြင်းပင်လေးးဌာန မှာသုံးလစီ ချီးမြှင့်တော်မူပြီး   သင်္ကြန် ပွဲတော်အကြို သုံးလမှာ အင်ကြင်းပင် ကျောင်းတွင် သီတင်းသုံး ပါသည်၊  နှစ်စဉ် နှစ်ဆန်း တရက်နေ့ တိုင်း ခင်ဦး မြို့ လမ်းမတော် တလျောက် ဆွမ်းဆံစိမ်း အလှုခံတော်မူ ပါသည်၊ ကျွန်တော်တို့ ငယ်ငယ်က ဆရာတော့် ကို ပင့်ဆောင် လာသော ကားပေါ်မှ ဆင်းချိန်က စပြီး ဆရာတော် ကြွလေရာနောက် မှ သပိတ်ပိုက်ခါ လိုက် ကြရပါသည်၊ ဆရာတော် သူ့ကျောင်းပေါ် ပြန်ရောက်သည်အထိ တကောက်ကောက် လိုက်ကြပါသည်၊ အင်ကြင်းပင် ကြီးတွေ၊ စိမ်းစိုလန်းဆန်းသော ကန်တော်ကြီးတွေ နှင့် မွေ့ ပျော်ဘွယ်ကောင်း သော ဆရာတော့် ကျောင်းမှာ တနေကုန်နေ ပြီးမှ ကျွန်တော်တို့ အိမ်ပြန် ကြပါသည်၊

 

နှစ်စဉ် ဇန္န၀ါရီ လရောက်ပြီဆိုလျင် တနှစ် တကြိမ် အာစရိယ ပူဖော်ပွဲ ကို ကျင်းပကြသည်၊ ကျွန်တော်တို့ မူလတန်းမှာ သင်ခဲ့ရသော ဆရာတွေ ပင် အသက်ထင်ရှားရှိကြတုံးဖြစ်ပါသည်၊ ကျောင်းသားဟောင်းတွေ စုပေါင်း အလှုငွေတွေ ကောက်ခံကြပြီး ဆရာတွေ ကို ကန်တော့ ကြပါသည်၊ သည်နှစ်ကျင်းပသော ဆရာ ကတော့ပွဲဓါတ်ပုံတွေက်ု ချက်ချင်း Facebook မှာမြင်ကြ ရပါ၏၊ ပရိတ်သတ်၏ ရှေ့ တည့်တည့် တိုက်ပုံဖြူဖြူ နှင့် ထိုင်နေသူမှာ ပညာရေး ၀န်ကြီး ဦးစန်းလွင်ဖြစ်ပါသည်၊ ကန်တော့ခံ ဆရာ ဆရာမ ကြီးများ အားလုံးမှာ ကျွန်တော် အမေ၏ မိတ်ဆွေတွေ လုပ်ဖေါ်ကိုင်ဘက်တွေ ဘဲ ဖြစ် ကြပါသည်၊

 

ကျွန်တော်တို့ခေတ်က ခင်ဦးမှာ အထက်တန်းကျောင်းဆိုသော်လည်း ၁၀ တန်းစာမေးပွဲ အတွက် စာစစ်ဌာန မရှိပါ ၊ ၁၄ မိုင်ဝေးသော ရွှေဘိုမြို့ ကို စာမေးပွဲဖြေ ဘို့ သွားကြရပါသည်၊

အနီးဆုံးတက္ကသိုလ်မှာ မန္တလေးမှာရှိပြီး ကျွန်တော့် အကိုအမ ၆ ယောက်လုံးက မန္တလေး တက္ကသိုလ်မှ ဘွဲ့ ရကြပါသည်၊ ကျွန်တော့် အမေသည် မူလတန်းပြဆရာမ ဖြစ်ရာ တကြိမ်တွင် မန္တလေး တက္ကသိုလ်သို့ မောင်နှစ်မ ၄ ယောက် အပြိုင်နက်ထည်းပို့ ရပါသည်၊

 

ကျွန်တော့်မွေး ရပ်မြေ အကြောင်းရေး ရမည်ဆိုလျင် အမေ့အကြောင်းကိုမရေးဘဲမပြည့်စုံ နိုင်ပါ၊ အမေသည်မူလတန်းပြ ဆရာမ တယောက်ဖြစ်ပြီး ခင်ဦး အ၊ထ၊က တွင် အနှစ် ၃၀ ကျော် အမှုထမ်းခဲ့ပါသည်၊ ကျွန်တော်သိတတ်သော အရွယ်မှာအမေ့တွင် တပည့်တပန်းတွေ အများကြီးရှိ နေပါပြီ၊ ကောင်စီခေတ်က ကောင်စီလူကြီးအများစုမှာ အမေ့ တပည့်တွေချည်း ဖြစ်ပါသည်၊

 

အမေသည် ၁၂၆ ကျပ်မျှသော သူ့လစာဖြင့် အဘယ်ပုံနှင့် သားသမီး ခုနှစ် ယောက် ကို တက္ကသိုလ် သို့ ပို့ ခဲ့ပါလေသနည်း၊ တော်လှန်ရေးကောင်စီခေတ် က ဆပ်ပြာ ဓါတ်ခဲ၊ နာရီ စသည်ဖြင့် အိမ်သုံး ပစ္စည်း မျိုးစုံ ကို ခွဲတန်းဖြင့် ရောင်းချပါသည်၊ သမ၀ါယမ တာဝန်ခံမှာ အမေ၏ တပည့်ဖြစ်ရာ အမေ့ မှာ ကျောင်းသား တွေရှိတယ်ဆိုပြီး ခွဲတန်းကို မကြာမကြာ ချပေးပါသည်၊ အမေသည် ရသမျှ ပစ္စည်းတွေကို စုကာ မန္တလေး ဈေးချိုသို့ သွားပါသည်၊ အဖေ့ အစ်ကို တယောက် က ဈေးချိုတော်တွင် ဆိုင်ဖွင့် ထားရာ သူ့ ဆိုင်သို့ အကုန် ပြန်သွင်း ပါသည်၊ ပိုက်ဆံ ရမှ တက္ကသိုလ် ထဲကိုသွားပြီး အကိုတွေ ကို ပိုက်ဆံပေးရပါသည်၊ တော်လှန်ရေးကောင်စီ က သူ့သားတွေကို ပညာသင်ပေးတာဟု ခဏ ခဏ အမေ ကပြောဘူးပါသည်၊

 

အသုံးလုံးခေတ်က ကျွန်တော်သည် မြို့ နှင့် ၁၂ မိုင်ခန့်ဝေးသော ကုန်းကြီးကျေးရွာတွင် ဆရာ သွား လုပ်ရ ပါသည်၊ ကျွန်တော်ဖျားနေသည် ဆိုသောကြောင့် ကျွန်တော်ရှိရာသို့ ညကြီးမင်းကြီး အဖေါ်တယောက် နှင့် စက်ဘီးစီးပြီးအမေ ရောက်ချလာဘူးပါသည်၊ အမေ့ကို အိုမင်းလှပြီ ဟု ထင်နေသော ကျွန်တော်သည် အံ့အားသင့်၍ မဆုံး၊ ကျွန်တော် စက်မှုတက္ကသိုလ် တက်နေစဉ် တနေ့ သူငယ်ချင်း တယောက် ကဆွဲလိုက်သဖြင့် ကျွန်တော် ၀တ်ထားသော လက်တိုအင်္ကျီ လက်မှာ ဗွီပုံစံ ကွဲပြီး ပါလာပါသည်၊ ထိုအကြောင်းကို အမှတ်မထင် စာရေးပြီး အမေ့ထံ စာတိုက်မှ ပို့ လိုက်ပါသည်၊ များမကြာမီ စာတိုက်မှာ ပါဆယ် ရောက်သဖြင့် သွားရွေးရာ အမေ ချုပ်ပြီး ပို့ သော အင်္ကျီ ဖြစ်နေလေသည်၊

 

အမေသည် ကျွန်တော် ပြန်မလာမချင်း အိမ်ရှေ့ က တန်းယားခုံမှာ ထိုင်ပြီးစောင့်နေတတ် သည်၊ ကျွန်တော်ငယ်ငယ်က အမေ ဒုတ်ကိုင်ပြီး ရိုက်မှာကို အလွန်ကြောက်ခဲ့ရပါသည်၊ အကြိမ်ကြိမ်လည်း အရိုက်ခံရဘူးပါသည်၊ တခါသော် ကျွန်တော် ၁၀ တန်းအရောက် တနေ့ မှာ ညနေ မိုးချုပ်သည်အထိ ကျွန်တော် မပြန်လာသေး ၊ ဆရာမတယောက် ကခိုင်း တာကို ကျွန်တော် ပြီးအောင် လုပ်နေရ ၍ နောက်ကျရခြင်းဖြစ်ပါသည်၊ စိတ်ဆိုး ဒေါသ ကြီးသော အမေသည် သူငယ်ချင်းရှေ့ မှာကျွန်တော့်ကို ရိုက်သည်၊ ကျွန်တော်က  “ ကျွန်တော်ကို မရိုက် ပါနဲ့ “ဟု မင်နှင့်မောင်းနှင့် အမေ့ ကို ကျွန်တော် ပြောလိုက်လေသည်၊ ထိုအချိန်က စပြီး အမေ ကျွန်တော့် ကို မရိုက်တော့ပါ၊

 

အခုအင်တာနက် ခေတ်ကြီးတွင် ကျွန် တော့်သား နှစ်ယောက် စလုံး အိုးမကွာ အိမ် မကွာ ပညာ သင်နိုင်ကြပါပြီ။ အဖေတို့ခေတ် က Fire Drill လုပ်ရသလားဟုမေးတော့ ကျွန်တော့် တွင် ဖြေစရာ အဖြေ မရှိ၊ ကျွန်တော်တို့ခေတ် ကကျောင်းတက်ကြရပုံ ဆရာတွေကို ရိုသေ လေးစားကြရပုံ များ မှာ အခုခေတ် နှင့် ကွာချင်တိုင်းကွာနေပါပြီ၊ သားအငယ်မှာ အိမ်လာ ပြီး တရုပ်စာသင်ပေး သော တရုပ်ဆရာမကို သူငယ်ချင်း ဆက်ဆံသလို ဆက်ဆံ ပါသည်၊ ကျွန်တော့် မျက်စေ့နှင့်ကား မတွေ့ သို့သော် ဘာမှလည်းမပြောနိုင်၊

 

ကျွန်တော်က သားအကြီးကောင် ကို ည ၉နာရီ မထိုးမီ အိမ်သို့အမြဲပြန်လာရမည်ဟု အမိန့် ထုတ်သည်၊ သားကလည်းမနာခံသလို အမေလုပ်သူက သားဘက်က ရပ်လေသည်၊ မီးတွေ ထိန်ထိန် ငြီးနေသော စင်္ကာပူ မှာ သားဖြစ်သူ ကို ည ၉နာရီနောက်ဆုံးထားပြီး ပြန်လာစေဘို့ ကျွန်တော်မတတ်နိုင်၊ အပြင်ရောက်တိုင်း တနာရီ တကြိမ် ဖုံးခေါ် ရမယ် ဆိုတော့ လည်း ခေါ်တကြိမ် မခေါ်တကြိမ်၊

 

ကျွန်တော် ငယ်ငယ်က ကျွန်တော်တို့ မြို့အရှေ့ဘက် တွင်ရေကန်ကြီးတကန်ရှိရာ မနက်မိုးလင်းသည်နှင့် ကန်ဘေးရောက်သွားပြီး ရေကူး ရေချိုး ဆော့ကြသည်၊ တနေ့ ရေကန်ဘေး က သဖန်းသီးပင် လား မန်ကျည်းပင် လား မ မှတ်မိသော အပင်ပေါ်တက် ကြသည်၊ သစ်ပင် တ၀က် ရောက်ခါရှိသေး၊ သစ်ပင်ထိပ်ဖျားရောက်နေသူမှာ အိမ်ဘေးမှ အကို့ သူငယ်ချင်းဖြစ်နေသည်၊ သူက “မင်းအမေ သိရဲ့လား “ဆိုကာ အတင်းအိမ်ပြန်ခိုင်း သည်၊ သူလည်း ပြန်လိုက်လာပါသည်၊

 

စင်္ကာပူမှာ ကျွန်တော့်သားတွေ ကို မိတ် ဆွေတွေက ထိမ်းကျောင်းပေးကြလိမ့် မည်ဟု ကျွန်တော် မမျှော်လင့် နိုင်ပါ၊ ထိမ်းသိမ်းဘို့ နေနေ သာသာ ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေဟူ၍ အိမ်ဘေး မှာမရှိပါ၊ ဒီအရပ်မှာ အိမ်နီးချင်းဆိုသည်မှာ ဖါသိဖါသာနေကြသော တွေ့လျင်ပြုံးပြ ရုံလောက်သာ ရင်းနှီး ကြသူတွေဖြစ်ပါလေသည်၊

 

 

ကျွန်တော့် တို့တုံးက တက္ကသိုလ်တက် ရန် မိုင် ငါးရာကျော်ဝေးသော ရန်ကုန်ကိုလာ ရပါသည်၊ ပညာရေးကြောင့် ရန်ကုန်ကို လာရ သော် လည်း ကျွန်တော် သည် အမေ့ကိုနေ့ တိုင်းလွမ်း နေလေသည်၊ တခါသော် ကျောင်းရက် ရှည် မပိတ်ဘဲ ကျွန်တော် အိမ် သို့ ပြန်ချ သွားသည်၊ အမေ့မှာ ခရီးစားရိတ်ပေးစရာ ပိုက် ဆံ အပို မရှိ၊ သို့သော် အမေသည် ကျွန်တော့် ကို မဆိုပါ၊ ငြီးငြူ ကြိမ်းမောင်းခြင်းမရှိ အပြန် ခရီး စားရိတ် ကို ရှာပေးရှာပါသည်၊ အခုခေတ်လို ဓါတ်ပုံတွေ အသံတွေကို စက္ကန့် ပိုင်းအတွင်း ပိုနိုင်လျင် အမေ့ကို လွမ်းစိတ် သက်သာမည်ထင်ပါသည်၊ ၁၉၈၆ ခုနှစ် အမေ ကွယ်လွန်သည့် တိုင် အိမ်မှာ တယ်လီဖုန်း မဆင် နိုင်။ အမေ နှင့် အိမ် နှင့် ဖုံးပြောလိုက်ရ သော အတွေ့အကြုံ ကို ကျွန်တော် မရလိုက်ပါ၊

 

ကျောင်းကသူငယ်ချင်းတွေ နှင့်တရုပ်လိုပြော ကွန်ပျုတာနှင့် တနေကုန် Chatting လုပ်နေ သော ကျွန်တော့် သားနှစ်ယောက် ကို မြန်မာတို့ ၏ ဂါရ၀ တရား နိဝါတ တရားများအကြောင်း ကို ပြောပြရန် အခွင့်အရေးများများစားစား မရဘူးပါ၊  လူကြီးသူမတွေ ရှေ့မှာသွားလျင် ခါးကို ကိုင်းညွှတ်ရမည်ဟု၎င်း၊ ပေးစရာကို လက်နှစ်ဖက်နှင့် ပေး ရမည်ဟု ဆိုလျင် ၄င်း ကျွန်တော် ပြောလျင် ၀ိုင်းပြီး ရယ်ကြပါလေသည်၊ မြန်မာတွေ၏ ဇာတိသွေးဇာတိမာန် ယဉ်ကျေးမှု၊ အဆင့်မြင့်မား ခဲ့သော အတိတ် ရာဇ၀င် အကြောင်းကို အင်္ဂလိပ်လိုလည်း ကျွန်တော်ရှင်း မပြတတ်ပါ၊ ဘုရား၊ တရား သံဃာ ရတနာမြတ် သုံးပါး ကသာ ဘ၀လုံခြုံမှု ကို ပေးနိုင်လိမ့် မည် ဖြစ်ကြောင်း ကိုမူ အခွင့်ရတိုင်း ကျွန်တော်ပြောပါသည်၊ ဘုရားရိပ် တရားရိပ် အေးချမ်းမှုတွေနှင့် ပြည့်စုံသော အမိမြေမှာဆိုလျင် သူတို့ပို၍ နားဝင်အောင် ပြောပြ နိုင်လိမ့်မည် ဟုကျွန်တော်ထင်ပါသည်၊

 

သူတို့ပညာရေးကြောင့် သာကျွန်တော်တို့ ရွာသို့ မပြန် နိုင် ဖြစ်ရပုံ ကို အကြောင်း တိုက်ဆိုင်လျင် တော့ ကျွန်တော်ရှင်းပြရပါလိမ့်မည်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်