မုန်းသူများနေ့ ရှင်းတမ်း

February 15, 2014

သစ်ကောင်းအိမ်
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၄

 

ကျနော့ကိုယ်ပိုင် ပြက္ခဒိန်ထဲတွင်
ဖေဖော်ဝါရီ (၁၅) သည်
မုန်းသူများနေ့ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော်
အချစ်နဲ့ အမုန်းသည်ကား
ပဲနိစ်ပြားတပြားပေါ်မှ
သမတရုပ်ပုံနှင့် တဖက်ခြမ်းကဲ့သို့နှင့်
ဒေါ်ချိုပြုံးသီဆိုသော သီချင်းတပုဒ်ထဲမှ
ဇန်နဝါရီလကလေးနဲ့ ဖေဖော်ဝါရီလကလေးများလို
ကျောချင်းကပ်နီးပေမယ့် တသက်လုံးကွာဝေးဟု ဆိုသလို

 

ကျနော့်၏ ပြန်မတွေ့နိုင်တော့သောအမေနှင့်
ကျနော့် နို့ထိန်းသည် တာယန်ဟေးများ
ကျနော်၏ ပြန်မကြားနိုင်တော့သော
အမှတ် ၁ အထကမှ ခေါင်းလောင်းထိုးသံများ
သစ်ညိုပင်ကြီးတပင်၏ ခြေရင်းရွက်ကြွေတောအုပ်အောက်မှာ
ဖျောက်ဖျက်ခံလိုက်ရသော နှင်းဆီရနံ့လို ချိုအီသော
သူမ၏ ရယ်သံလွင်လွင်များ …

 

ငယ်ဘဝဘောလုံးကွင်းထဲမှ
ကိုယ့်ဂိုးပေါက်ထဲသို့ ၀ါးလုံးထိုး ထိုးဝင်လာသည့်
လောကဓံတရားအား ရွပ်ရွပ်ချွံချွံကာကွယ်ခဲ့သော
ကျနော်၏ ကျောနံပတ်တစ်များ ..
ကျနော်၏ပြန်မတွေ့နိုင်တော့သော
ဂတီးများ…. ကျောင်းဆရာများ… ပါပုများ…

 

ကိုယ့်ချစ်သူနမ်းတဲ့ပါးကို
ဘယ်ပြန် ညာပြန် တအားရိုက်
အသည်းခိုက်အောင်နာခဲ့တယ်… ဆိုသော
မောင်လွင်ပြင်များ..
သူစုထားနဲ့ မုန့်ဖိုးလေးနဲ့ ဝယ်ကျွေးတဲ့အရသာကို တကယ်မမေ့ခဲ့သော
စိန်ပန်းပွင့်ချိန်များ
တိုင်းပြည်ရဲ့ဝမ်းဗိုက်ကို
မီးလောင်တိုက်သွင်းတဲ့အခါ
ကျနော်ချစ်တဲ့လွယ်အိတ်လေးဟာ
အိမ်နံရံထက်မှာ ကျန်ခဲ့ရှာပေါ့ ..
မောင်မှိုင်းလွင်များ..

 

ကျနော့်၏ အစိမ်းရောင် ခိုင်ရွှေဝါ ဓမ္မာ အဝိုင်းဂိတ်ဆုံးများ…
ဦးနွယ်များ … ကိုအောင်ခက်များ… ဇော်ထွန်းတင်များ…
မောင်စိုးအောင်များ…. လှသန်းများ… ကိုမြင့်စိုးများ…
ယုဇနဥယျာဉ်မြို့တော် ၁၂ လမ်းမှ
မောင်ယဉ်ထွေးများ
ကျနော့်၏ အညတြ ဝလေးများ
ကျနော့်၏ အသည်းကွဲ ၃၃ လမ်းများ …

 

ကျနော့်၏
နွေးထွေးပျော်ရွှင်ဖွယ် လဘက်ရည်ခွက်များ
ကျနော့၏ အေးစက်မဲမှောင်သော အရက်ခွက်များ
ပုသိမ်မုံရွာ ရေဦးလမ်းနံဘေးမှ
အဖေ့၏ တူထုသံများ
ကျနော်ပြန်မရောက်နိုင်သေးသော
ကျနော့်၏ နေမဝင်တံတားကြီးတန်းလမ်းမများ…

 

ထိုထိုသော စသည်ဖြင့်..
စသည်ဖြင့်များနှင့်
ဖေဖော်ဝါရီ (၁၄) သည်
ချစ်သူများနေ့ဖြစ်ပြီး
ကျနော့်၏ ကိုယ်ပိုင်ပြက္ခဒိန်ပေါ်တွင်
ဖေဖော်ဝါရီ (၁၅) ကား
မုန်းသူများနေ့ ဖြစ်ပါသည်။
သစ်ကောင်းအိမ် 
(၁၅ ဖေဖော်ဝါရီ၊ ၂၀၁၄)
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, သစ်ကောင်းအိမ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)