အနာဂတ်ကလေးများ၏ သူရဲကောင်းများအားဂုဏ်ပြုခြင်း

February 18, 2014
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

 

 

 “ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲတဲ့နေရာမယ် သင်အသုံးပြုနိုင်တဲ့ အင်အားအကြီးဆုံးသော လက်နက် ကတော့ ပညာရေးပဲဖြစ်တယ်။” 
– Nelson Mandela –

ပညာရေးသည် ခေတ်ရေစီးကြောင်းနှင့်အတူ စုန်ဆန်မျောပါရင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း နိုင်ရန် ဆောင်ရွက်ရမည့် အရေးပါသည့် အမျိုးသားရေးလုပ်ငန်းကြီးတစ်ရပ်ဖြစ်သည်။ ပညာရေးသည် နိုင်ငံနှင့်လူမျိုး၏ အခြေခံအုတ်မြစ် ဖြစ်ပေသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) “သုခအ လင်း” ပညာဒါနမှ ကလေးများ၏ ယုံကြည်ချက်နှင့် ပြင်းပသောဆန္ဒတို့အား ဆရာ/မများ၏ လမ်းကြောင်း မှန်ပေါ်သို့ တည့်မတ်ပေးခဲ့ပြီး ပန်းပွင့်ကလေးများ ကမ္ဘာမြေအနှံ့ ပြန့်ကျဲမွေးပျံ့အောင် မွေးထုတ်ပေးခဲ့သော ဆရာ/မများတို့အား “တွေ့ဆုံဂုဏ်ပြုပွဲ” အခမ်းအနားအား ၁၅.၂.၂ဝ၁၄ နေ့လည် (၁းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဘုရားခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

  အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီး ကွက်မှ ကျေးဇူးတင် ဂုဏ်ပြုနှုတ်ခွန်းဆက် စကားပြောကြားပြီး တက်ရောက်လာကြသော ပညာဒါန ဆရာ/ မများတို့မှ အသီးသီးမိတ်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ပညာရေးအကြံပေး ဒေါ်နီလာဘာရာဒွါဂျာ မှ မြန်မာနိုင်ငံ၏ ပညာရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဆွေးနွေးချက်များနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ပညာဒါန သင်တန်း များသို့ စိတ်အားထက်သန်စွာဖြင့် လာရောက်၍ ပညာဖြန့်ဝေပေးခဲ့ကြသော နယ်ပယ်အသီးသီးမှ ဆရာ/မ (၇၃) ဦးတို့ တက်ရောက်ခဲ့ကြ၍ ကလေးသူငယ်များ၏ ပညာတတ်မြောက်ရေးအား အဓိကဦးစားပေး ဆောင်ရွက်သည့်ဌာနအား “စာသင်ကျောင်း” ဟု ခေါ်တွင်ကြသည်နှင့်အညီ မကြာမှီတွင် နာရေးကူညီမှု အသင်း(ရန်ကုန်)၌ ဖွင့်လှစ်တော့မည့် ပညာရေးအဆောက်အဦးတွင် ပညာဒါနသင်တန်း ဘာသာရပ်များ တို့ချဲ့ ဖွင့်လှစ်ခြင်းများအား ရင်းနှီးစွာဖြင့် အကြံပြုဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာကြသော ဆရာ/မ များကိုယ်စား တက္ကသိုလ်ဝင်တန်း (မြန်မာစာ)ဆရာ ဦးအောင်ကျော်မင်းမှ အမှတ်တရ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်၍ ၂ဝ၁၃/၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်း သား/သူများမှ သင်ကြားပို့ချပေးခဲ့သော ဆရာ/မများတို့အား ကန်တော့ခြင်းအား ပြုလုပ်ခဲ့ကြပြီး နာရေးကူ ညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ ကျောင်းသား/သူများအား ဆုံးမစကားပြောကြားခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့တော့သည်။

 

မိမိတို့၏ရပ်ရွာတွင် သင့်သည် သာမန်ကျောင်းဆရာတစ်ဦးဖြစ်ပြီး ကလေးများအတွက် သင်သည် သူရဲကောင်းတစ်ဦး ဖြစ်ပေသည်။ စာသင်ခန်းထဲတွင် ကမ္ဘာကြီး၏ အနာဂတ်ရှိနေသည်။ ထို့အတူ တိုင်းပြည် ၏ အနာဂတ်သည်လည်း ဆရာ/မများ၏ လက်ထဲတွင်ရှိပေသည်။ ထို့ကြောင့် “အနာဂတ်ကလေးများ၏ သူရဲကောင်းအားဂုဏ်ပြုခြင်း” ဟူ၍ အမည်ကင်ပွန်း တပ်လိုက်ရပါတော့သည်။

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags