ရိုမန်တစ်ခေတ် “အချစ်အလွမ်းအနုပညာခေတ်” တဖန်ပြန်လည်နိုးထလာခြင်း

February 18, 2014

မောင်ဖေသက်နီ
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

 

၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ဘီဘီစီ အနုပညာဝက်ဆိုက် BBC Culture Page ရဲ့ မှာ ဂျေဆင်ဖာရာဂို Jason Farago ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။
http://www.bbc.com/culture/story/20140214-what-happened-to-the-art-of-love

“အချစ်” လို့မြန်မာပြန်ဆိုခေါ်ဝေါ်နေကြတဲ့ အင်္ဂလိပ်ဘာသာနဲ့ “Love” ဆိုတာဟာ “ဆန့် ကျင်ဖက်ပုဂ္ဂိုလ် နှစ်ဦးနှစ်ယောက် ဘ၀တခုကိုအတူ တကွ ဖန်တီးတည်ဆောက်တာ” လို့ ၁၉၆၀ ခုနှစ်မှာ အမေရိကန်နိုင်ငံ မေရီလင်းပြည်နယ် ဘယ်သယ်စတာမြို့ (၀ါရှင်တန် ဒီစီ အနီး) မှာ မွေးဖွားခဲ့ တဲ့ ဒဿနိကဗေဒ ပညာရှင် မိုက်ကယ်လ် ဟာ့ဒ် Michael Hardt ကတော့ အဲဒီ့အယူအဆကို လက်မခံပါဘူး။ သူပြောတာက “အချစ်” ဆိုတဲ့ “Love” ဆိုတာဟာ “အပြင်းထန်ဆုံးနဲ့ အပွန်းအပဲ့၊ အထိအခိုက်မခံနိုင်တဲ့ လူတယောက်ဟာ အခြားလူတယောက်နဲ့ ပါတ်သက်ဆက်နွယ်မှုပဲ” လို့ဖွင့်ဆိုပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုမှုနောက်တခုကတော့ “လူတယောက်ယောက်ရဲ့ဘ၀ကို ပြောင်းလဲသွားစေနိုင်တဲ့ ပြင်းထန်အားကောင်းတဲ့ ပေါက်ကွဲမှုတခု၊ ပြောင်းလဲလို့မရနိုင်တဲ့ ပိတ်ပင်တားဆီးလို့မရတဲ့ မမြင်နိုင်တဲ့ အရာတခုပါပဲ” တဲ့။ နောက်ပြီး “အချစ်” ဆိုတဲ့ “Love” ဆိုတာဟာ အဆုံးထက်တိုင် ပေါင်းဖက်နေထိုင်မှု၊ မိတ်ဆွေသူငယ်ချင်းအဖြစ်ကနေ တခြားအနေအထားအဆင့်ကို ရုတ်တရက်ပြောင်းလဲစေမှုလို့ သူက ဆက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

 

“အချစ်” တဲ့။ အရာအားလုံးထဲမှာ သိပ်အံ့သြစရာကောင်းတဲ့ အရာတခုပါပဲ။ အဲဒီ့စကားလုံးဝေါဟာရဟာ အနောက်တိုင်းအနုပညာလောကမှာ “အင် မတန်ကြီးကျယ်တဲ့၊ ထူးခြားတဲ့ အရာတခုလို့ပဲ” လို့ဖေါ်ပြထားခဲ့ပါတယ်။ “အချစ်” တွေထဲမှာ မိရိုးဖလာအချစ် (Courtly Love) ၊ တဏှာရာဂ အချစ် (Erotic Love)၊ သားသမီးနဲ့မိဘအချစ် (Filial Love)၊ ဥပဒေဆိုင်ရာအချစ် (Divine Love) ဆိုပြီး မတူကွဲပြားတဲ့ အချစ်တွေ က ရှိနေကြပါတယ်။ ဂရိခေတ်နဲ့ရောမခေတ်တွေတုန်းက သင်္ကေတ (Greco-Roman Allegory) ၊ ရောမန္တိက သင်္ကေတ (Romantic Iconography) ၊ သရုပ်မှန် အကြမ်းထည် (Harsh Realism) ဆိုပြီး အမျိုးမျိုးကွဲကွဲပြားပြား ရှိနေကြပါတယ်။ အခုအချိန်မှာတော့ “အချစ်” ဆိုတာကို ရုပ်ရှင်ဖန်တီးနေသူတွေ၊ သီချင်းရေးဆရာတွေက အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အနုပညာရှင် တွေကြားထဲမှာ  “အချစ်” ဆိုတာကို အသုံးပြုတာက ၂၀ ရာစု တခုလုံး နီးပါးပါပဲ။ ဒီနေ့ အချိန်မှာတော့ အနုပညာရှင်တွေက ကာမရာဂ (Sex) ကို ပိုမိုပြီး လေ့လာချဉ်းကပ် လာခဲ့ကြပါတယ်။ အခုအချိန်မှာ သမရိုးကျမဟုတ်တဲ့ “အချစ်” ဖန်တီးနေမှု၊ စိတ်နဲ့ခန္ဓာဆက်နွယ်မှုကို ချဉ်းကပ်လာတာတွေကို တွေ့ နေရပါတယ်။ “အချစ်” ဆိုတာကို ပန်းချီပြခန်းတွေထဲက မြင်ရတာမျိုး၊ တခါ တရံ အမြင်ကောင်းအောင် မိတ်ကပ်တွေနဲ လိမ်းချယ်ထားတာတွေကို တွေ့ နေရပါ တယ်။

 

“အချစ်” နဲ့ပါတ်သက်ပြီး အင်မတန်ပြောင်မြောက်တဲ့ အနုပညာတွေထဲမှာ “အင်မတန်ရှုပ်ထွေးပြီးမသပ်မရပ်ဖြစ်နေမှုနဲ့လှပမှုတွေရှိမှ တန်ဖိုးရှိတဲ့ အနုပညာပစ္စည်းတခု” လို့သတ်မှတ်လေ့ရှိကြပါတယ်။ အနုပညာပစ္စည်းတခုဟာ တဦးဦး၊ တယောက်ယောက်ကို သူ့ ရင်ထဲအထိ ထိခိုက်သွား အောင် ခံစားနိုင်စေရပါလိမ့်မယ်။ ဥပမာပြရရင် ၁၉၅၃ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ပြင်သစ်လူမျိုး စာရေးဆရာမ၊ ဓါတ်ပုံဆရာမ၊ ပန်းချီဆရာမ “ဆိုဖီ ကာလယ် Sophie Calle” လိုမျိုးပေါ့။ သူဟာ ပရိုဂရမ်ရေးဆွဲသူ၊ စိတ်ကူးအကောင်အထည်ဖေါ်သူလည်း ဖြစ်ပါတယ်။ စိတ်ကူးဉာဏ်ကွန့်မြူးမှုတဲ့ အနုပညာပြပွဲကို အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့ က “အစ္စဘယ်လာ စတူးဝါ့ဒ် ဂါ့ဒ်နာ ပြတိုက် Isabella Stewart Gardner Museum” မှာ ပြသခဲ့ရာမှာ အံ့မခန်းလောက်အောင်ကို လာကြည့်တဲ့ပရိတ်သတ်အတော်များခဲ့ပါတယ်။ လာရောက်ကြည့်ရှုသူတွေ ထဲက တချို့ဟာ သူတို့ဘောင်းဘီတွေကျွတ်ကျသွားလောက်တဲ့အထိ အနုပညာပစ္စည်း တွေအပေါ် သိပ်စိတ်ဝင်စားနေကြတယ်လို့ဆိုကြပါတယ်။ အဲဒီ ပန်းချီဆရာမ “ဆိုဖီ ကာလယ် Sophie Calle” ရဲ့ “ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ (၂၀၀၇) Take Care of Yourself (2007)” ဆိုတဲ့ ပန်းချီကားဟာ လူကြိုက်အများဆုံးဖြစ်ပြီး သူ့ ချစ်သူဆီက သူ့ ပန်းချီပြပွဲနဲ့ပတ်သက်ပြီး  ‘အပြာ X’ လို့ခပ်နောက်နောက်၊ ခပ်ရွတ်ရွတ် အမည်ပေးထားခဲ့ပါတယ်။

 

ဒီနေ့ ခေတ်မှာ အသုံးအပြုဆုံးဖြစ်နေတဲ့ အီးမေးလ် ဆိုတာဟာ အသုံးအ၀င်ဆုံးဖြစ်တဲ့ အတတ်ပညာတမျိုးပါပဲ။ “ဆိုဖီ ကာလယ်” ကတော့ အဲလို ပြောတာကို အဓိပ္ပါယ်မရှိဘူးလို့ ပြောဆိုနေပါတယ်။ သူက သူ့ ရဲ့အရင်းနီးဆုံး သူငယ်ချင်းတယောက်ကို အီးမေးလ်ကိုပြပြီး ရှင်းပြပြောဆိုခဲ့ပါတယ်။ အဲဒီ့ အီးမေးလ်ကိုပဲ နောက်အမျိုးသမီးတယောက်ကိုပြပြီး၊ တယောက်ပြီးတယောက်ပြပြသွားတာ အမျိုးသမီး စုစုပေါင်း ၁၀၇ ယောက်တိတိအထိ ရှင်းပြပြောဆိုခဲ့ပါတယ်။ အဲဒီသူတွေအားလုံးကို သူမက မှတ်တမ်းဓါတ်ပုံတွေရိုက်ယူထားခဲ့ပါတယ်။ ဓါတ်ပုံတွေပေါ်မှာ သူက သူတို့  ဘာအလုပ်လုပ် တယ်ဆိုတာကိုပါ ရေးမှတ်ခဲ့တာပါ။ တချို့ သူတွေက အနုပညာသမားတွေဖြစ်ကြတယ်။

 

သူတွေ့ ခဲ့သူတွေထဲမှာ ၁၉၇၆ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ ကနေဒါသူ အဆိုတော်နဲ့ သီချင်းရေးဖွဲ့ သူ လက်စလီ ဖိုက်စ် Leslie Feist ပါဝင်သလို ၁၉၇၈ ခုနှစ် မတ်လ ၁၀ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ ပြင်သစ် အဆိုတော်၊ သီချင်းရေးဖွဲ့ သူနဲ့ ရံဖန်ရံခါ ရုပ်ရှင်သရုပ် ဆောင်သူ ခမီးလာ ဒါလ်မိုက်စ် Camille Dalmais တို့ လို အမျိုးသမီးတွေပါ ပါဝင်ခဲ့ကြပါတယ်။ ၁၉၂၈ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ ပြင်သစ်ရုပ်ရှင် သရုပ်ဆောင် ယွန်းနဲ မော်ရိုး Jeanne Moreau နဲ့ ၁၉၅၈ ခုနှစ် မတ်လ ၃ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ ဗြိတိသျှ မင်းသမီး မီရန်ဒါ ရစ်ချဒ်ဆင် Miranda Richardson တို့ က စာတွေရေးသားပြီး၊ ၁၉၄၇ ခုနှစ် ဇွန်လ ၅ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ အမေရိကန်အမျိုးသမီး လော်ရီ အန်ဒါဆင် Laurie Anderson ကတော့ အနုပညာဖျော်ဖြေမှုတွေနဲ့သူ့ အမေးတွေကို ပြန်ဖြေခဲ့ပါတယ်။

 

အဲဒီထဲမှာ ကျင့်ဝတ်သိက္ခာဒဿနိကဗေဒ ပါမောက္ခတဦး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးက အမျိုးသမီးအခွင့်အရေး ဆိုင်ရာကျွမ်းကျင်သူတဦး၊ ခရစ်ယာန်ဘာသာ ဟီဘရူး သုတေသီတဦး၊ ၀ါနိဇ္ဇဗေဒ စာရင်းအင်း ပညာရှင်တဦး၊ ၀ိဇ္ဇာအောက်လမ်းပညာရှင်တဦးနဲ့ ဆပ်ကပ် လူရွှင်တော်တဦးတို့ လည်း ပါဝင်ခဲ့ပါတယ်။ ဘယ်သူတဦးတယောက်ကမှ ဝေါဟာရအတိ အကျနဲ့အဓိပ္ပါယ်ပြန်ဆိုမဖေါ်ပြနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် သူတို့ အားလုံး စုပေါင်းပြီး အလွန်အင်မတန်လှပတဲ့၊ လူတိုင်း အသက်မရှူနိုင်တော့လောက်တဲ့အထိ ရင်သပ်ရှုမော စရာဖြစ် လောက်တဲ့အထိ အဓိပ္ပါယ်တခုကို ဖေါ်ဆောင်ပြနိုင်ခဲ့ပါတယ်။

Sophie Calle / French Pavilion / 52nd Venice Biennale 2007

ပြင်သစ်ပန်းချီဆရာမ “ဆိုဖီ ကာလယ်” က အနုပညာတခုရဲ့ တကယ့်အနုပညာရသကို ပေါ်အောင်ဖေါ်ဆောင်ရမယ်လို့ ပြောဆိုပါတယ်။ ဥပမာ ဆောင်ရရင် “ဖန်ပြာခွက်နဲ့ကျောက်စက်ရေ” (အနုပညာဆိုတာဟာ ကျောက်တောင်ကျောက်စွယ်တွေက တစက်စက်၊ တတောက်တောက်ကျနေတဲ့ ကြည်လင်အေးမြတဲ့ရေကို အင်မတန်တောက်ပြောင်နေတဲ့ ဖန်ပြာခွက်နဲ့ခံမှ ပိုပြီးမျက်စေ့ ပသာဒဖြစ်တယ်လို့ မြန်မာပြည်က ဆရာကြီး မင်းသုဝဏ် က တချိန်တုန်းက ပြောဆိုရေးသားခဲ့ဖူးပါတယ်။ ဘာသာပြန်သူ့ မှတ်ချက်) လိုမျိုးဖြစ်ပြီး “အချစ်” ဆိုတာကို အဓိပ္ပါယ်ဖေါ်ဆောင်ပြဖို့ အတွက် ပိုမိုတိ ကျတဲ့ ရိုးရာ၊ ဒါမှမဟုတ် သမိုင်းနဲ့ဆိုင်တဲ့ ဥပမာ၊ ဥပမေယျတွေနဲ့ ဖွင့်ဆိုပြနိုင်မယ်ဆိုရင် ပိုပြီး နားလည်သဘောပေါက်လွယ်ကူသွားမှာပါ။ တချို့  သော အနုပညာရှင်တွေကပဲ “အချစ်” ဆိုတာနဲ့ပါတ်သက်ရင် ၁၉၅၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ မှာ မွေးဖွားခဲ့ပြီး ၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၉ ရက် နေ့ မှာ ကွယ်လွန်သွားခဲ့တဲ့ ကျူးဘားနိုင်ငံဖွား အမေရိကန်နိုင်ငံသား လိင်တူချင်းချစ်ခင်စုံမက်သူ ဖိလစ် ဂွန်ဇာလေး တိုးရေး Felix Gonzalez-Torres ကတော့ “အချစ်” ဆိုတာဟာ “စိတ်ထဲမှာ မီးတောက်မီးလျှံတခုလို တောက်လောင်နေတဲ့အရာ” လို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။ သူဟာ ၁၉၉၁ ခုနှစ်ကစပြီး (ပြည့်စုံလုံလောက်တဲ့ ချစ်သူများလို့အမည်မပေးထားတဲ့) ဓါတ်ခဲနှစ်လုံးသုံး နာရီတွေကို နှစ်လုံးဆက်တိုက်ချိတ်ဆွဲထားပြီး နာရီလက်တံစက်မြည်သံ ချစ်ချက်ကို “အချစ်” လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

 

အဲဒီ တချစ်ချစ်တချက်ချက်မြည်နေတဲ့ နာရီစက်သံဟာ ဘယ်တော့မှပျောက်မသွားနိုင်တဲ့ “အချစ်” လိုမျိုးဖြစ်လာစေဖို့  သစ်ရွက်တွေကို အနုပညာ ပြခန်းထဲမှာ ရေရှည်ခံနိုင်အောင် ပြသထားသလိုလုပ်သင့်တယ်လို့ သူ့ သဘောထားကို ပြောပါတယ်။ ထာဝရတည်မြဲတဲ့ အချစ်ဆိုတာမျိုးဟာ လုံးဝ မဖြစ်နိုင်ဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။ “အချစ်” ဟာ ရှောင်လွှဲလို့မရနိုင်သလို၊ လုပ်ယူလို့လည်းမရနိုင်ပါဘူးလို့ သူက ဆက်ပြောပြခဲ့ပါတယ်။ နာရီဆိုတာဟာ အချိန်တခုကို အတိအကျဖေါ်ညွှန်နိုင်ဖို့  ပြဌာန်းထားတဲ့ အရာဝတ္ထုတခုပဲလို့ ပြောပြခဲ့ပါ တယ်။ အဲဒီလိုမျိုးပဲ လိင်တူချင်း ချစ်ခင်စုံမက် မှုဟာလည်း ပြဌာန်းထားတဲ့ အရာတခုပဲလို့ သူက ရှုမြင်ပါတယ်။ အိတ်ခ်ျအိုင်ဗီ၊ အိတ်ဒ်စ် ရောဂါတွေနဲ့ အမေရိကန်က ပြတိုက်တွေဟာလည်း ပြဌာန်းထားပြီးသားတွေအတိုင်းပါပဲလို့ ဆက်ပြောခဲ့ပါတယ်။ “အချစ်” နဲ့ “ဆုံးရှုံးမှု” ဆိုတာတွေဟာ ဖိလစ် ဂွန်ဇာလေး တိုးရေး ဘ၀တခုလုံးနဲ့ ပါတ်သက်ဆက်နွယ်နေတဲ့အတွက် သမိုင်းခေတ်အရ အလှအပတွေကို ခံစားနား လည်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ အတွက် သေဆုံးသွားတဲ့ ချစ်ရတဲ့ပုဂ္ဂိုလ်တွေ၊ ဒါမှမဟုတ် လျှပ်စစ်မီးသီးလုံးထဲက ၀ိုင်ယာ ကြိုးနှစ်စဟာ တစနဲ့တစအပြန်အလှန် ပူတွဲနေစေသလိုမျိုးပါပဲလို့”အချစ်” ကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။

Laurie_anderson- Prenez soin de vous

● နှလုံးသားကို လှုပ်နှိုးခြင်း

ဖိလစ် ဂွန်ဇာလေးတိုးရေးဟာ  အောင်မြင်ကျော်ကြားတဲ့ အနုပညာသမားတွေကို မွေးထုတ်ပေးနေတဲ့ ဆရာတဦး ဖြစ်ပါတယ်။ သူ သေဆုံးသွားခဲ့ ပေမယ့် သူ့  အနုပညာတွေဟာ ဒီနေ့ ထက်အထိ ပျောက်ကွယ်မသွားသေးပဲ ဒီနေ့ အထိ ဆက်လင်အောင်မြင်နေပါသေးတယ်။ ၂၀ ရာစုနှစ်တွေ အတွင်းက နာမည်ကြီးခဲ့တဲ့ ရောမန္တိက Romanticism လို့ ခေါ်တဲ့ အနုပညာ အယူဝါဒဟာ အခု ပြန်လည်ရောက်ရှိလာနေပါပြီ။ ဂျာမဏီနိုင်ငံက ဖရင့်ဖတ်မြို့ မှာရှိတဲ့ “သျှိုင်းရ် ကွန့် စ်ဟာလဲ Schirn Kunsthalle” ဟာ ဟိုး အရင်နှစ်တွေတုန်းက ရေပန်းစားခဲ့တဲ့ အနုပညာ ပဓာနအယူအဆကို ပြန်လည်ဖေါ်ထုတ်တာမဟုတ်တဲ့ အနုပညာပြပွဲတခုကို သိပ်မကြာသေးမီက ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနေ့ခေတ် အနုပညာသမားတွေဟာ အရင်ခေတ်တွေက အနုပညာသမားတွေထက် “အချစ်” အကြောင်းကို ပိုပြီးဖေါ်ထုတ်လာတာတွေ့ နေရပါတယ်။ အိုက်စ်လန်နိုင်ငံအနုပညာရှင် “ရာ့ဂ်နာ ရှာတန်ဆွန် Ragnar Kjartansson” ရဲ့ အနုပညာလက်ရာတွေကို ပြီးခဲ့တဲ့ဆောင်းဦးပေါက်ရာသီတုန်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့  မှာရှိတဲ့ “နယူးယောက်ပန်းချီခန်းမ” မှာ ပြသခဲ့ပါတယ်။ အဲဒီပြပွဲဟာ ခေတ်ပေါ် ရောမန္တိက Romanticism လို့ခေါ်တဲ့ အနုပညာ အယူဝါဒရဲ့ အသီးအပွင့်တခုဖြစ်ပါတယ်။ “ရာ့ဂ်နာ ရှာတန်ဆွန်” ရဲ့ အနုပညာလက်ရာတွေကို ဂီတသံနဲ့အတူ “နှလုံးသားနာကျဉ်မှု” ကို ဂုဏ်ပြုခံစားနိုင်ဖို့  ဖန်တီးစီစဉ်ထားပါတယ်။

 

၂၀၁၁ ခုနှစ်မှာ ထုတ်ဝေဖြန့် ချိခဲ့တဲ့ နိဗ္ဗာန်ဘုံ Bliss အဖွဲ့ ထဲမှာ “ဖိလစ် ဂွန်ဇာလေး တိုးရေး” ဟာ ဂျာမန်ဂီတဂုရုကြီး မိုးဇတ် Mozart  (မိုးဇတ် ကို ၁၇၅၆ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ မှာ သြစတြီးယားနိုင်ငံ ဆာလ်ဇ်ဘာဂ်မြို့  Salzburg မှာ မွေးဖွားခဲ့ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက် ချက်) ရဲ့  “ဖီဂါရိုရဲ့ အိမ်ထောင်ရေး Marriage of Figaro” ဓါတ်ပြားထဲမှာ မြို့ စားကြီး အာလ်မာဗီဗာ Count Almaviva ဟာ သူမှားယွင်း စွာအိမ်ထောင်ကျခဲ့ တဲ့ သူ့ ဇနီးကိုခွင့်လွှတ်နိုင်ခဲ့တဲ့အကြောင်း သံစုံတီးဝိုင်းအဖွဲ့ ကြီးနဲ့ ဂီတတပုဒ်ကို ပြင်သစ်နိုင်ငံ ပါရီမြို့ မှာ ၁၈ ရာစုနှစ်တုန်းက ရေပန်းစားခဲ့တဲ့ “ရိုကိုကို Rococo” ခေတ်အ၀တ်အစားတွေဝတ်ပြီး ဖျော်ဖြေပေးခဲ့ပါတယ်။ (ရိုကိုကို Rococo ဆိုတာဟာ ပန်းချီ၊ ပန်းပု၊ ဗိသု ကာ၊ အိမ်အတွင်းဒီဇိုင်း၊ အပြင်အဆင်၊ စာပေ၊ ဂီတနဲ့ ဇာတ်သဘင်တွေ စတဲ့၊ ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်၊ ပါရိမြို့ တော်ကြီးတွေမှာတွေ့  မြင်ကြ ရတဲ့ အနုပညာတွေကို ခေါ်ဆိုပါတယ်။ ဘာသာပြန်သူ့ မှတ်ချက်) အများက တောင်းဆိုခဲ့မှုကြောင့် ထပ်ခါထပ်ခါဖျော်ဖြေပေးခဲ့ရပါတယ်။ တပုဒ်လုံး ကို ဖျော်ဖြေချိန် ၁၂ နာရီကြာပါတယ်။ ဖျော်ဖြေပြီးရင် သီချင်းသီဆိုသူတွေဟာ ပင်ပန်းနွမ်းနယ်ပြီးလေသံဖျော့ဖျော့တွေပဲ ထွက်နိုင်ကြတော့သလို တူရိယာတီးသူတွေလည်း လက်ချောင်းတွေမှာ အသားမာတွေတက်လာခဲ့ကြရတယ်လို့သိရှိခဲ့ရပါတယ်။

 

ဖျော်ဖြေပွဲဟာ ညလုံးပေါက်ဖြစ်တဲ့အတွက် ဖျော်ဖြေသူတွေတွင်မကပဲ လာရောက်ကြည့်ရှုနားဆင်ကြတဲ့ ပရိတ်သတ်ကြီးကလည်း အချိန်ကြာမြင့်စွာ စိတ်ပါလက်ပါ စောင့်ဆိုင်းကြည့်ရှုခဲ့ကြတယ်လို့သိရှိရပါတယ်။ သက်ရောက်လာမှုကတော့ “အချစ်” အကြောင်းကို လူတွေ ပိုပြီးစိတ်ဝင်စားလာခဲ့ကြ တာပါ။ “အော်ပရာ” ဆိုတာကိုက စိတ်ခံစားမှုတွေကို ချန်လှပ်မထားပဲ ပွင့်ပွင့်လင်းလင်းနဲ့ဖွင့်ချပြတဲ့ အနုပညာတမျိုးပဲလေ။ အဲဒါကြောင့် ခေတ်ပြိုင် အနုပညာရှင်တွေက “အချစ်” အကြောင်းဖွဲ့ ဆိုတဲ့ အီတလီဘာသာနဲ့ La Traviata လို့ခေါ်ပြီး အင်္ဂလိပ်ဘာသာနဲ့The Fallen Woman လို့အမည်ရှိတဲ့ “ချစ်ကျွမ်းဝင်နေတဲ့ အမျိုးသမီးတဦး” ဆိုတဲ့နာမည်နဲ့ကပြဖျော်ဖြေခဲ့ကြပါတယ်။ အဲဒီအချိန်ကပဲ ဘီလ် ဗိုင်အိုလာ Bill Viola ရဲ့

 

ဂျာမန်ဘာသာနဲ့ Tristan und Isolde လို့ခေါ်ပြီး အင်္ဂလိပ်လို Tristan and Iseult မြန်မာလို “ထရစ္စတန်နဲ့ အီဆေယူလ်တ်” လို့ခေါ်ပြီး ၁၈၁၃ ခုနှစ် မေလ ၂၂ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ ဂျာမန် တေးသီချင်းရေးဖွဲ့ စပ်ဆိုသူ၊ ပြဇာတ်ဒါရိုက်တာ၊ သတင်းစာဆရာနဲ့ ဂီတမှူး ၀ီလ်ဟဲလ်မ် ရစ်ချဒ် ၀က်ဂ်နာ Wilhelm Richard Wagner ကို လေးစားကြည်ညိုသူတွေက “အချစ်” နဲ့အရာရာကို ပိုမိုသာယာပြီး ကောင်းမွန်လှပလာ စေဖို့  ရည်ရွယ်ချက်နဲ့ အရောင်အသွေးအဆင့်မြင့်တဲ့ ဗီဒီယိုတွေကတဆင့် တင်ဆက်ဖေါ်ကျူးနိုင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

 

အနုပညာကို အသေအချာ ဆန်းစစ်သရုပ်ခွဲလေ့လာကြည့်မယ်ဆိုရင် သူ့ သဘာဝအရ ဖြစ်ပေါ်ထွန်းကားနေမှုကနေ လမ်းခွဲထွက်ခွာသွားတာမျိုး လုံးဝမဟုတ်ပါဘူး။ ၁၉၃၂ ခုနှစ် ဖေဖေါ်ဝါရီလ ၉ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ ဂျာမန် အနုပညာရှင် ဂါဟာ့ဒ် ရစ်ခ်ျတာ Gerhard Richter ဟာ ခေတ်သစ်ဥရောပ ပန်းချီလောကရဲ့ ကနဦးဖန်တီးသူတွေထဲက တဦးဖြစ်ပါတယ်။ သူဟာ ချစ်သူတွေရဲ့ ပန်းချီကားတွေကို သင်္ချိုင်းကုန်းတွေထဲမှာ အေးသလိုအေးတဲ့ သစ်တောတွေထဲမှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ သူဟာ သူ့ မိန်းမပုံကို ရေးဆွဲပြီး ဒတ်ခ်ျပန်းချီဆရာ ယိုဟန် ဗားရ်မီးယား Johan Vermeer (ဒတ်ခ်ျပန်းချီဆရာ ယိုဟန် ဗားရ်မီးယား ကို ၁၆၃၂ ခုနှစ်မှာ အလယ်အလတ်တန်း မိသားစုက မွေးဖွားခဲ့ပြီး ၁၆၇၅ ခုနှစ် ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့ပါတယ်။ ဘာသာပြန်သူ့ ရဲ့ ဖြည့်စွက်ချက်) ဟာ အဆောက်အဦးတွင်း ဒီဇိုင်းတွေကို  ရေးဆွဲခဲ့သလိုဟန်မျိုး ဖန်တီးရေးဆွဲခဲ့ပါတယ်။ “အချစ်” မှာ သမိုင်းနောက်ခံရှိဖို့ မလိုပါဘူး။ ရှန်ဟဲမြို့ မှာ နေထိုင်တဲ့  ဗီဒီယိုအနုပညာရှင် ယန် ဖူဒုန် Yang Fudong ကို နယူးယောက်မြို့ မှာ တွေ့ ရပြီး သူဟာ “မော်ဒန်အနုပညာတွေဟာ တရုတ်နိုင်ငံအတွက် အန္တရာယ်ရှိတယ်” ဆိုတဲ့ကားအပါအ၀င် “အချစ်” အကြောင်းရုပ်ရှင်တွေ ရိုက်ဖို့  အတွက် ရောက်နေတာလို့သိရှိရပါတယ်။

 

“အချစ်” ဆိုတာကို စိတ်မ၀င်စားရင် “နိုင်ငံရေးနဲ့ပါတ်သက်မှာကို စိုးရိမ်တယ်” လို့ အဓိပ္ပါယ်ဖြစ်သွားပါလိမ့်မယ်၊ ဒါမှမဟုတ် “လူမှုရေးရာ အဖြာဖြာ ကနေဖယ်ခွာတယ်” လို့အဓိပ္ပါယ်ဖြစ်သွားပါလိမ့်မယ်။ ကင်မရာမဲန်တဦးဖြစ်တဲ့ ဇာနဲလဲ မူဟိုလီ Zanele Muholi ကတော့ တောင်အာဖရိကနိုင်ငံက သဘာဝအရပုံမှန်မဟုတ်တဲ့ လိင်တူချင်းချစ်ခင်စုံမက်သူတွေအကြောင်း ဇာတ်လမ်းတွေကို အပြုသဘော နဲ့ရိုက် ကူးဖို့ အတွက် ပြင်ဆင်နေသူတဦး ဖြစ်ပါတယ်။

 

တကယ်လို့ အနုပညာရှင်တယောက်ဟာ “အချစ်” အပေါ်မှာ မကောင်းတဲ့ညဉ်နဲ့ ကြည့်ရှုတတ်ခဲ့ရင် သဘာဝအရအလိုအလျောက် ဖြစ်လာတာလို့ ယူဆနိုင်သလို ငြိမ်းချမ်းရေးပျက်ပြားစေတဲ့အဖြစ်အပျက်လို့လည်း ယူဆနိုင်ပါတယ်။ ထင်ရှားသူတဦးကတော့ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့  မှာ ကနေဒါနိုင်ငံ အွန်တာရီရိုပြည်နယ် တိုရန်တိုမြို့ မှာ မွေးဖွားခဲ့တဲ့ ကနေဒါသူ နိုင်ငံရေးသမား “ရှာရွန် ရုသ် ဟေးယက်စ် Sharon Ruth Hayes” ဖြစ်ပါတယ်။ သူဟာ နယူးယောက်မြို့ မှာအခြေစိုက်တဲ့ အတိတ်ကာလကို ပြန်လှန်အောက်မေ့ပြန်ဖေါ်နိုင်သူတဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်ထဲမှာ နယူးယောက်မြို့ ရဲ့ “အမေရိကန် ၀ှစ်တနီ အနုပညာပြတိုက် Whitney Museum of American Art မှာ “အချစ်” ဟာ “နိုင်ငံရေးနဲ့မြို့ ပြ ဘ၀အတွက် အဓိကလောင်စာ” ပါပဲ။ အဲဒါအပြင် “အချစ်” ဟာ လူပုဂ္ဂိုလ်တဦးချင်းတယောက်ချင်းအ တွက်သာမဟုတ်ပဲ တကမ္ဘာလုံးအတွက် အရေးအကြီးဆုံးအရာလည်း ဖြစ်ပါတယ်။

 

“ရှာရွန် ရုသ် ဟေးယက်စ်” ရဲ့ အနုပညာဟာ တခါတရံမှာ ပရိတ်သတ်ကိုပြောတဲ့ မိန့် ခွန်းတွေဖြစ်နေတတ်သလို ကျမဟာ ကျမ မလွတ်မြောက်သေး သရွေ့ လွတ်မြောက်ရေးအတွက် မတ်လထဲမှာ လမ်းလျှောက်ဆန္ဒ ဖေါ်ထုတ်ခဲ့သူ ဖြစ်ခဲ့တဲ့ ကျမဟာ ကျမနေထိုင်တဲ့ မြို့ ထဲမှာ ကျွဲကူချိုမှုတ်ပြီးလိင်တူ ချင်းချစ်ခင်စုံမက်သူတွေရဲ့ အခွင့်အရေးတွေပေးဖို့ အတွက် စာရေးဆရာကြီး အော်စကာ ၀ိုင်းလ်ဒ် Oscar Wilde ရဲ့ အရေးအသားတွေနဲ့ တောင်းဆိုဆန္ဒပြနေတာဖြစ်ပါတယ်။ (အမေရိကန် စာရေးဆရာကြီး အော်စကာ ၀ိုင်းလ်ဒ် Oscar Wilde ဟာလည်း လိင်တူချင်းချစ်ခင်စုံမက်သူ တဦးဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်) “အချစ်” ဟာ “ရောမန္တိက” ဖြစ်သလို တချိန်ထဲမှာပဲ “ပုဂ္ဂလ” လည်း ဖြစ်နေနိုင်ပါတယ်။ “အချစ်” မရှိပဲနဲ့ လူတွေဟာ မရပ်တည်နိုင်ဘူး။ “အချစ်” မရှိပဲနဲ့ ကျနော်တို့ လည်း ဘယ်လိုမှ မရပ်တည်နိုင်တော့ဘူးလို့ “ရှာရွန် ရုသ် ဟေးယက်စ်” ကတော့ ပြောဆိုနေပါတယ်။

 

(ဒီဆောင်းပါးရေးသားသူ ဂျေဆင် ဖာရာဂို Jason Farago ဟာ အင်္ဂလန်နိုင်ငံမှာထုတ်ဝေဖြန့် ချိတဲ့ ဂါးဒီးယန်း the Guardian သတင်းစာနဲ့ အမေရိကန်မှာထုတ်ဝေဖြန့် ချိတဲ့ နယူးယောက်ကာ the New Yorker နဲ့နယူး ရီပတ်ဘလစ် the New Republic သတင်းစာတွေရဲ့ ပင်တိုင်ဆောင်းပါးရှင်လည်းဖြစ်ပါတယ်။ သူဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး အခုအချိန်မှာတော့ သူဟာ သူ့ ဇာတိ နယူးယောက်မြို့ မှာ နေထိုင်လျက်ရှိနေပါတယ်)

 

၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ဘီဘီစီ အနုပညာဝက်ဆိုက် BBC Culture Page ရဲ့ မှာ ဂျေဆင် ဖာရာဂို Jason Farago ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)