လမ်း

February 21, 2014

ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄

 

 

စကားလုံးတလုံးတည်းနဲ့
အဓိပ္ပာယ်ပေါင်းများစွာကို ခင်းပေးထားတာဟာ
လမ်းပေါ့…

 

ဖောက်သူက ဖောက်ပေးခဲ့တဲ့ လမ်းကို
ဖျောက်သူတွေက ဖျောက်ပြီး
ဆက်သူက ဆက်ပေးခဲ့တဲ့ လမ်းကို
ဖျက်သူတွေက ဖျက်တယ်….

 

လမ်းပေါ်မှာ မတ်တပ်ရပ်ရင်း နေညိုသွားသူတွေရှိသလို
လမ်းပေါ်မှာ ဖိနပ်ပြတ်ရင်း ခြေတိုသွားသူတွေလည်းရှိတယ်….

 

လမ်းကို လမ်းကြုံကတက်လိုက်သူတွေရှိသလို
လမ်းကို လမ်းဆုံကစောင့်စီးသူတွေလည်းရှိတယ်….

 

လမ်းပေါ်မှာ လူတွေ ကားတွေရှိသလို
လမ်းပေါ်မှာ အလှုတွေ ဘုရားတွေလည်းရှိတယ်
လမ်းပေါ်မှာ မေတ္တာတေးတွေရှိသလို
လမ်းပေါ်မှာ အချစ်ကဗျာလေးတွေလည်းရှိတယ်
လမ်းပေါ်မှာ သာသာယာယာနေ့တွေရှိသလို
လမ်းပေါ်မှာ မာယာအကွေ့တွေလည်းရှိတယ်
လမ်းပေါ်မှာ အလှတွေရှိသလို
လမ်းပေါ်မှာ ဘ၀တွေလည်းရှိတယ်
လမ်းပေါ်မှာ နှစ်သက္ကရာဇ်တွေရှိသလို
လမ်းပေါ်မှာ ရာဇ၀င်ဇစ်မြစ်တွေလည်းရှိတယ်….

 

အနှစ်နှစ်အလလ လမ်းပေါ်မှာ ကျခဲ့တဲ့သွေးတွေကတော့
ဒီနေ့ထိအောင် မခြောက်ခဲ့သေးဘူး….။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဆောင်းယွန်းလ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်