ကနေဒါရောက် မြန်မာမိသားစုရဲ့ မြန်မာပြည်တွင်း မိဘမဲ့ကလေးများအတွက် ရံပုံငွေပွဲ

February 26, 2014

ကျော်ဟုန်း 
ဖေဖော်ဝါရီ၊ ၂၆၊ ၂၀၁၄

ဖေဖော်ဝါရီ၊ ၂၂၊ ၂၀၁၄ စနေနေ့ က 6580, 132st, Surrey BC, Canada မှာတည်ရှိတဲ့ Mughal Garden Banquet Hall မှာ       ကနေဒါရောက်မြန်မာမိသားစုများက စုပေါင်းပြီး မြန်မာပြည်တွင်း မိဘမဲ့ကလေးများအတွက် ထောက်ကူဒါနပြုနိုင်ရန် ရံပုံငွေပွဲစီစဉ် ကျင်းပခဲ့ကြပါတယ်။

 

ဒီရံပုံငွေပွဲမှာလာရောက်ဒါနပြုကြသူများအတွက် ပွဲစီစဉ်သူများက မြန်မာ့ရိုးရာအကများနဲ့ ခေတ်ပေါ်သီချင်းများဖြင့် သီဆိုဖြေဖျော်တဲ့ ကဏ္ဍများလဲထည့်သွင်းထားပါတယ်။   မြန်မာတို့ နှစ်ချိုက်ဖွယ်ရာ အစားအစာများကိုလဲ  ရံပုံငွေရရှိရန် ရောင်းချဒါနပြုကြပါတယ်။

 

အစီအစဉ်ကို မနက်(၁၁)နာရီမှာ စတင်ပြီး အခမ်းအနားမှူးအဖြစ် ကိုတင်နွယ်က ပြုလုပ်ပေးပါတယ်။ တေးသီဆိုမှုများအတွက်ကိုမင်းနိုင်နဲ့ နော်အန်တီယာတို့ က ကြေညာဆောင်ရွက်ပေးခဲ့ကြပါတယ်။ မြန်မာရိုးရာအကအလှများကို သမီးငယ် မေသဇင်လှက ပုံဖော်တင်ဆက်ခဲ့ပြီး  ခေတ်ပေါ်တေးများကိုတော့ Fifth New Generation တီးဝိုင်းနဲ့  Myanmar Canadian Fellowship Youth အဖွဲ့ မှ  ကရင်လူငယ် မောင်မယ်တို့ က  အားဖြည့်ကူညီ ပေးကြကြောင်း သိရပါတယ်။   ကရင်လူငယ်များအဖွဲ့ က(ကမ်းလင့် လက်များ) သီချင်းကို ရွေးချယ်သီဆိုခဲ့တာဟာဖြင့် မိဘမဲ့ကလေးများအတွက် သူတို့ ရင်တွင်းက စာနာတရားများကိုထင်ဟပ်စေခဲ့တဲ့အပြင် အလှူရှင်များကိုလဲ နှိုးဆော်တေးဖြစ်စေခဲ့ပါတယ်။

ဒီရံပုံငွေပွဲကို မြန်မာမိသားစုများအပြင် ဒေသခံ ကနေဒီးယမ်းများလဲ လာရောက်အားပေးကြပါတယ်။ ပွဲကို ညနေ(၅)နာရီမှာ ပြီးဆုံးခဲ့ပါတယ်။ လက်ရှိ အလှူငွေ(၂၅၀၀) ဒေါ်လာကိုရရှိထားပြီး ဆက်လက်လှူဒါန်းရန် စာရင်းပေးထားသူများလဲရှိသေးကြောင်း၊အလှူငွေမှာ လက်ရှိထက် ပိုရနိုင်ကြောင်းကို ပွဲစီစဉ်သူများထဲမှ တဦးဖြစ်သူ မယု(Madalena)က ပြောကြားခဲ့ပါတယ်။    ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)