ပြည်ပရောက် မြန်မာအချို့၏ မျိုးပျောက်ဇာတ်လမ်း

February 28, 2014

နေလင်းညီ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄

 

တနေ့သ၌ ကျွနု်ပ်သည် စင်ကာပူနိုင်ငံ၊ bedok interchange မှနေ၍ အမှတ် ၈၅၄ ဘတ်စ်ကားကြီးကိုစီးပြီးသကာလ၊ အမ်မိုကီယို တည်း ဟူသော အရပ်သို့ လာခဲ့လေ၏။ ကျွနု်ပ်၏ ဘေးခုံတွင် ထိုင်လျက်လိုက်ပါလာသူမှာ မြန်မာအမျိုးသမီးဖြစ်သည်ဟု သိနေ၏။ သနပ်ခါး ခပ် မှုန်မှုန်လူးထားခြင်းနှင့် စိန်ပွင့်နားကပ် ဆင်ယင်ထားခြင်းများကြောင့် ဖြစ်သည်။ ကျွနု်ပ်က မြန်မာလားဟု မေးလိုက်ရာ၊ ဟုတ်မှန်ကြောင်း ဖြေဆိုလေသည်။

 

ကျွနု်ပ်တို့ နှစ်ဦးသည် တစ်ဦးကို တစ်ဦး မိတ်ဆက်ကြပြီးလျှင် အတွေ့အကြုံများကို ပြောဆိုဖလှယ်ကြ၏။ သူမကား သူနာပြုဖြစ်၍ သူမ ၏ ခင်ပွန်းမှာ ဆရာဝန်ဖြစ်သည်။ သူမတို့မှာ PR  ရထားပြီး သားတစ်ယောက် သမီးတစ်ယောက် ရှိကြလေ၏။ သားနှင့်သမီးမှာ ၁၀ နှစ်နှင့် ၈ နှစ်ဟုဆိုသဖြင့် ကျွနု်ပ်က စိုးရိမ်ပူပန်စွာ စပ်စုလိုက်လေသည်။

 

“သူတို့တွေ မြန်မာစာ၊ မြန်မာစကား ကောင်းကောင်း ရေးတတ်ဖတ်တတ်ကြရဲ့လား”

“သားက မြန်မာ စကားပြောရပါတယ်။ အငယ်မကတော့ ပြောတာ လိပ်ပတ်မလည်ချင်ဘူး။ မူကြိုအရွယ်လောက်ကတည်းက ဒီကို ရောက် ခဲ့တာကိုး။ ရေးတာကတော့ နှစ်ယောက်စလုံး မရဘူး။ ဒီက ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးကျောင်းကို တနင်္ဂနွေနေ့တိုင်းလွှတ်ပြီး စာသင်စေ တယ်။ ဒါပေမဲ့ သူတို့က အင်္ဂလိပ်လိုပဲ အားသန်နေကြတယ်လေ။ မြန်မာစာက သင်ရတာခက်တယ်တဲ့။ ဟင်း ..ဟင်း”

 

သူမသည် ရိုးသားပွင့်လင်းဟန် ရှိသည်။သူ့သားသမီးတွေ အင်္ဂလိပ်လို အားသန်တာကိုလည်း ဂုဏ်ယူနေပုံ ရလေသည်။ ဖခင်ရော မိခင်ပါ မြန်မာလူမျိုးများဖြစ်ပါလျက် မြန်မာစာ၊ မြန်မာစကား ဆုံးရှုံးတော့မည့်အဖြစ်ကို စိုးရိမ်ပူပန်ခြင်းမရှိပေဘူလားဟု ကျွနု်ပ်က ထပ်မံစပ်စု လိုက် လေ၏။ ဝါးလုံးခေါင်းထဲမှာပဲ လသာနေလို့ မဖြစ်တော့ကြောင်း၊ မြန်မာစာသည် တို့စာ မြန်မာစကားသည် တို့စကားဟု ကြွေးကြော် နေရုံကာ မျှဖြင့် ဘာမျှဖြစ်မလာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင် နိုင်ငံတကာကပင် လေးစားချီးကျူးရလောက်အောင်ဖြစ်ရသည်မှာ အင်္ဂ လိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လို့ဖြစ်ကြောင်း၊ အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားတတ်လျှင် လုံလောက်ပြီဖြစ်ကြောင်း သူမက ကျွန်ုပ် အား ရေပက်မဝင်အောင် ပြောဆိုဆုံးမလေ၏။ ကျွန်ုပ်ကို အထင်သေးသောမျက်လုံးများဖြင့်လည်း ကြည့်ရှုပါသေး၏။

 

ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေးသဖြင့် ကျွနု်ပ်ကလည်း ဒေါ်စုကိုပင် ဥပမာပြန်ပေးလိုပါကြောင်း၊ ဒေါ်စုသည် အင်္ဂလိပ်လို ထိထိမိမိ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သည်မှာ မှန်ကြောင်း၊ သို့သော် မြန်မာလိုလည်း ထိထိမိမိ ပြောနိုင်နေဆဲဖြစ်ကြောင်း၊ အင်္ဂလိပ်စာနှင့်စကားကို ကျွမ်းကျင်လျှင်ပြီးရော မြန်မာစာနှင့်စကားကို အဆုံးရှုံးခံမည်ဟုသဘောမထားခဲ့ကြောင်း၊ ဒေါ်စုသည် အင်္ဂလိပ်လို ကျွမ်းကျင်သဖြင့် နိုင်ငံ တကာတွင် ဝင်ဆံ့သည်မှာ မှန်ကြောင်း၊သို့သော် ဒေါ်စု မြန်မာလို မတတ်လျှင် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်သို့ တက်ရောက်လာနိုင်ဖို့ မရှိကြောင်း၊ ထိုသို့ မတက်လာနိုင်လျှင် ကျွမ်းကျင်သော အင်္ဂလိပ်စာနှင့်စကားကိုလည်း နိုင်ငံရေး၌ အသုံးပြုခွင့်ရမည်မဟုတ်ကြောင်း ကျွန်ုပ်က စိတ်ရှည်လက်ရှည် ရှင်းပြလေ၏။

 

ကျွန်ုပ်က ထိုသို့ပြောမည်ဟု ထင်ထားဟန်မတူ။ အနည်းငယ် အံ့အားသင့်နေဟန် ဖြစ်နေ၏။ သို့သော် သူတို့သည်လည်း ပြောစရာစကား ရှားပါးသူများ မဟုတ်ကြောင်း၊ ခေသူတွေ မဟုတ်ကြောင်း သိစေလိုသဖြင့် ပြန်ချေပ၏။ သူမတို့၏သားသမီးများမှာ  ဒေါ်စုလို နိုင်ငံရေးလုပ် မည့်သူများလည်း မဟုတ်သဖြင့်၊  မြန်မာစာ၊ မြန်မာစကားမတတ်လည်း ဘာမျှအရေးစိုက်စရာ မလိုကြောင်း၊ မြန်မာစာ မြန်မာစကား တတ်သော ပြည်တွင်းနေ မြန်မာလူမျိုး မြောက်များစွာသည် စီးပွားရေး မပြေလည်သဖြင့် ဒုက္ခရောက်နေကြကြောင်း၊ သူမ၏ သားသမီးများ မှာထိုသို့ ဒုက္ခမရောက်ဖို့လိုကြောင်းပြောကာ ဆင်းရခါနီးပြီဟုဆိုပြီး ထသွားလေသည်။ ဆက်ပြီး မဆွေးနွေးရခြင်းမှာလည်း တမျိုးတဖုံ ကောင်းပါ၏။ တဘဝစာ ကျောတခင်း ဝမ်းတဝကိုသာ တန်ဖိုးထားသူများမှန်း သိလိုက်ရလို့ဖြစ်သည်။

 

ကျွန်ုပ်သည် စင်ကာပူနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများ၌ မွေးဖွားကြီးပြင်းလာသော မြန်မာလူမျိုးတို့၏ သားသမီးများကို သတိထားမိ၏။ သူတို့မှာ မြန်မာစာ မြန်မာစကား တတ်မြောက်ခြင်း မရှိတော့ပေ။ စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသူများနှင့် PR ရထားသူများသာ တ ရားဝင် ကလေးမွေးခွင့် ရ၏။ မူကြိုကျောင်းမှ အစပြုကာ၊ မြန်မာစာ မြန်မာစကားတို့နှင့် အဆက်ပြတ်နေ၏။ အိမ်တွင် မိဘများက မြန်မာ စကား ပြောဆိုကြသော်လည်း တနေ့တာ၏ နာရီများစွာသည် ကျောင်း၌သာကုန်လွန်သွားသဖြင့် ကျောင်းများက သင်ပေးသောစာနှင့် စကားများသာ ကျွမ်းကျင်နေကြတော့၏။အချို့ မိဘများကမူ မြန်မာစာနှင့် စကားကို စွမ်းသလောက် သင်ပေးကြပါ၏။ သို့သော် ကျောင်းမှာ လည်း သတ်မှတ်ထားသော ဘာသာစကား ၂ မျိုးတွဲကို သင်ရသည့်အပြင် အခြားဘာသာရပ်များလည်း ရှိသေးသည့်အတွက် ခေါင်းပူ မခံ နိုင်ကြ။ ကျွန်ုပ်၏ မိတ်ဆွေတဦးကမူ  သို့ကလို ရင်ဖွင့်ပါ၏။

 

̏ကျွန်တော် စင်ကာပူနိုင်ငံသားခံယူလိုက်ရတာ ခံယူချင်လွန်းလို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ယောက် ၁၀ နှစ်ကျော်လောက် နိုင်ငံတော်ကို လစဉ် အခွန်ဆောင်ခဲ့ရတယ်။ ပေါင်းကြည့်လိုက်တော့ နည်းတဲ့ငွေမဟုတ်ဘူး။ မြန်မာသံရုံးက အခွန်လည်း ကောက်သေးတယ်။ ညစ်လည်း ညစ်ပတ်သေးတယ်။ ဆက်ဆံရေးလဲ မိုက်ရိုင်းသေးတယ်။ ကျွန်တော်တို့ ဆောင်တဲ့ငွေတွေလဲ ဘယ်မှာဘယ်လို ကုန် သွားသလဲ၊ ဒါလဲ တိတိကျကျ မသိရဘူး။ ဒါ့ကြောင့် အခွန်မဆောင်ရအောင် စင်ကာပူနိုင်ငံသား ခံယူလိုက်တာပါ။ မှန်တာပြောရရင် အဲဒီနောက်ပိုင်းမှာမှ မိဘဆွေမျိုးတွေကိုလည်း ပိုပြီးထောက်ပံ့လာနိုင်တယ်။ လှူဒါန်းမှုလည်း ပိုလုပ်လာနိုင်တယ်။ HDB အခန်းကိုလည်း အရစ်ကျစနစ်နဲ့ ဝယ် နိုင်ပြီး၊ အိပ်ခန်းအချို့ ပြန်ငှားတော့ နေစရိတ်မကုန်တော့ဘူး။ ဒါပေမဲ့ ကလေး နှစ်ယောက်က ဗမာစာ၊ ဗမာစကား မတတ်တော့ပြန်ဘူး ဗျာ။ ဦးသိန်းစိန်တက်လာတော့ အခွန်မကောက်တော့ဘူး။ အစကတည်းက အဲသလို အခွန်မကောက်ရင် သူများနိုင်ငံသား မခံယူပါဘူဗျာ”

 

ကျွန်ုပ်က ထိုမိတ်ဆွေကို သို့ကလို အကြံပေးပါ၏။

 

“ကလေးတွေကို မြန်မာပြည်ပို့ပြီး ၁ နှစ်တန်သည်၊ ၂ နှစ်တန်သည် သင်ခိုင်းဗျာ။ မြန်မာစာ၊ မြန်မာစကားရေးတဲ့၊ ပြောတဲ့ အသိုင်း အဝိုင်း မှာပဲဆိုတော့ မြန်မာစာနဲ့စကား မုချမသွေတတ်မှာပဲ။ အဲသလိုတတ်မှပဲ ပြန်ခေါ်ပေါ့”

 

“ဒါပေမဲ့ စင်ကာပူမှာ အတန်းတွေ နောက်ကျကုန်မှာပေါ့။ အဲသလို နောက်ကျရင် ကလေးတွေ အားငယ်လိမ့်မယ်”

 

“ကျွန်တော်တို့ မြန်မာနိုင်ငံကနေ အခြားတိုင်းပြည်တွေဆီ ၃ နှစ်၊ ၅ နှစ် စသဖြင့် ပညာတော်သင် သွားကြရသေးတာပဲ။ ကိုယ့်စာ၊ ကိုယ့် စကား မပျောက်ဖို့အရေး ၂ နှစ်လောက် ပေးရတာ။ ပေးပျော်ပါတယ်ဗျ”

 

“ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံရဲ့ စည်းမျဉ်း စည်းကမ်းအရ အဲသလို ၂ နှစ်လောက် သွားနေလို့ရပါ့မလား။ စုံစမ်းကြည့် ရအုံးမယ်”

 

သူက ထိုသို့ပြောသဖြင့် ကျွန်ုပ် ဝမ်းမြောက်၏။ သို့သော် သူ့ကိုတွေ့တိုင်း မစုံစမ်းရသေးဘူးဟုဆိုသဖြင့် သူလည်း ဒီကိစ္̔စကို စိတ်ပါလှသူ မ ဟုတ်ကြောင်း ကျွန်ုပ် သိလိုက်ပါသည်။

 

အာဏာရူးစနစ်ကြီးကို အားပါးတရ ကျင့်သုံးလိုက်ကြရာ၊ အကျိုးရလာဘ်မှာ မြန်မာပြည်နှင့် မြန်မာလူမျိုးတို့သည် နိုင်ငံတကာအလယ်၌ မွဲချာ သိမ်ငယ်သွားခြင်း ဖြစ်သည်။ အိမ်ဖေါ်အလုပ်ကို ဘွဲ့ရများပင် တရားမဝင်လုပ်ခဲ့ရသည်။ အနှိမ်ခံ အပင်ပန်းခံပြီး မိသားစုကိုလှမ်းကာ ထောက်ပံ့ရသောအခြေအနေ ဖြစ်သွားသည်။ နိုင်ငံတကာသို့ ရရာအလုပ်ကိုလုပ်ပြီးငွေရှာကြရသော မြန်မာလူမျိုးတို့မှာ သန်းဂဏန်းမျှ ရှိ လာခဲ့သည်။ အစိုးရက ဇာတိမာန်ထက်သန်ရေးဟု အော်နေခဲ့သော်လည်း လက်တွေ့လုပ်ရပ်များမှာ ပြောင်းပြန်ဖြစ်နေခဲ့၏။ ထို့ကြောင့် ရလာဘ်မှာကား သိမ်ငယ်မှု၊ မွဲတေမှု၊ အနှိမ်ခံရမှုများသာ ဖြစ်နေတော့၏။ အခြားနိုင်ငံများသို့ နိုင်ငံရေးကြောင့်ဖြစ်စေ၊ စားဝတ်နေ ရေး ကြောင့်ဖြစ်စေ၊ ပညာရေး ကျန်းမာရေးကြောင့်ဖြစ်စေ ရောက်ရှိရုန်းကန်နေကြရသူများမှာ တိုးပြီးရင်း တိုးနေခဲ့၏။ ထိုသူတို့သာ မိမိတို့ လူ မျိုး၊ သာသနာ၊ စာပေ၊ စကားတို့ကို အမြတ်တနိုး သိရှိမှတ်မိကြပြီး ထိုသူတို့မှ ပေါက်ဖွားလာကြကုန်သော မျိုးဆက်သစ်တို့မှာမူ လူ မျိုးပျောက်၏။ ဘာသာကိုးကွယ်မှု ပျောက်၏။ စကား ပျောက်၏။ စာပေပျောက်၏။ မိမိတို့ ကိုယ်တိုင်က လိုလိုလားလား ပျောက်ချင်လို့ ပျောက်ကြသူများရှိသလို၊ မပျောက်ချင်ပဲ ပျောက်ကြရသူတွေလည်း ရှိပါသည်။

 

အမြော်အမြင်ကြီးသူ အချို့သာ မျိုးဆက်သစ်များကို အမျိုး၊ ဘာသာ၊ သာသနာ အမွေများကိုပေးဖို့ သတိရကြတော့သည်။ သို့တိုင်အောင် အခြေအနေက အကန့်အသတ်များစွာ ရှိနေသည်။ အင်္ဂလန်ရောက် ကျောင်းနေဖက်တစ်ဦးက ပြောသည်။

 

“သားနဲ့သမီးကို ဆုံးမလို့ မရဘူး။ အကြံပေးလို့ပဲ ရတယ်။ သူတို့ လက်ခံချင် လက်ခံမယ်။ လက်မခံတာကို အတင်းအကြပ် ပြောခွင့်မရှိဘူး။ အင်္ဂလန်ရဲ့ လူ့အဖွဲ့အစည်းကိုက ဒီအတိုင်းပဲ။ ဒါကို ကျော်လွှားလို့မရဘူး”

 

စင်ကာပူနိုင်ငံသို့ အခါအားလျှော်စွာ ကြွရောက် တရားဟောလေ့ရှိသော မဟာမြိုင်ဆရာတော် ဦးဇောတိကထံ စင်ကာပူ အခြေချ မြန်မာ အမျိုးသမီးတဦးက လျှောက်ထားဖူးသည်။ ကလေးတွေကို ဆုံးမရာ၊ သူတို့က မိဘများအား It is not your business ဒါ သင့်ကိစ္စ̔မဟုတ် ဘူးဟု ပြန်ပြောသတဲ့။ ဖွံ့ဖြိုးပြီးနိုင်ငံ အတော်များများတွင် မိဘက အကုန်ခံပြီး ကျွေးရ၊ မွေးရ၊ ပညာသင်ပေးရသော်လည်း သက်ဆိုင်ရာ အစိုးရ၏ ပညာရေးဌာနနှင့် ထိုနိုင်ငံ၏ လူ့အဖွဲ့အစည်းကသာ လူငယ်များကို ပုံသွင်းပေးသွားကြ၏။ ထို့ကြောင့်လည်း ရည်းစားနှင့် အလွန် အကျွံတွဲနေသောသမီးကို မိခင်က ဆုံးမရာ၊ သမီးက ̏မဆိုင်တာပြောပြီး မနှောက်ယှက်ပါနှင့်။ ရဲကို ခေါ်လိုက်ရမလား” ဟု ပြောသောဖြစ် ရပ်မျိုး ပေါ်ပေါက်လာခြင်းဖြစ်သည်။

 

ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုမှ PhD ရခဲ့ပြီး၊ အခြားဖွံ့ဖြိုးပြီးနိုင်ငံတခု၌ ပညာရှင်အဖြစ် ကာလကြာရှည်လုပ်ကိုင် ဆောင်ရွက်နေခဲ့သူတဦး ရင်ထုမနာ ပြောခဲ့ဖူးသည်။၂၀၁၃ ဒီဇင်ဘာလက ကြားလိုက်ရပါသည်။

 

“ကျွန်တော့် ဇနီးနဲ့သမီးတွေကို ပြောမိတယ်။ ငါ နိုင်ငံခြားကပို့တဲ့ငွေကို မင်းတို့အေးအေးဆေးဆေး ထိုင်စားနေတာကမှ ကောင်းဦးမယ်။ ကလေးတွေ ပညာရေးအတွက်ဆိုပြီး မင်းတို့ကိုခေါ်လိုက်တာ ဆုံးရှုံးမှုတွေ တော်တော်များသွားပြီ”

သူ့သားသမီးတွေက နိုင်ငံတကာအဆင့် ဘွဲ့တွေ၊ ဒီပလိုမာတွေကို ရကြပြီး အလုပ်ကောင်း၊ အကိုင်ကောင်း ရနေကြသည်။ သူ့မှာ အလွန် ကျယ်ဝန်းသော တိုက်ခန်းနှင့် ငွေကြေး၊ သြဇာ၊ အခြွေအရံ ရှိသည်။ သို့သော် ဆုံးရှုံးမှုတွေ တော်တော်များသွားပြီဟု ဆိုသည်။ ဘာတွေများ ဆုံးရှုံးပါလိမ့်။ သူ့သားသမီးများသည် သူ အလွန်တန်ဖိုးထားသော အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုများအပေါ် ပေါ့ပေါ့ဆဆ တွေး လာကြတာကို ဆိုလိုဟန်ရှိသည်။ ပြည်ပနိုင်ငံ၏ အထွေထွေပုံသွင်းမှုကို ခံနေကြရသည်။ သူ့သမီးတစ်ဦးက လူမျိုးခြားကိုယူ၏။ ကလေး ရသည်။ ထိုကလေးမှာ မြန်မာစာ၊ မြန်မာစကား တတ်မည့်ပုံ မပေါ်တော့။

 

မြန်မာတွေ နိုင်ငံခြားထွက်လာကြရာတွင် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ မည်သူမဆို ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ အနည်းနှင့် အများ ရှိကြသည်။ သို့သော် ထိုအတွေ့အကြုံကို အကျိုးရှိစွာ အသုံးချတတ်ဖို့တော့ လိုပါသည်။ လွန်ခဲ့သောလက စင်ကာပူတွင် အမှတ်မထင် သိ ကျွမ်းရသူတဦးက ဆို၏။

 

“ကျွန်တော် ပထမအခေါက် စင်ကာပူသွားတော့ ပွဲစားနဲ့ဗျ။ ပွဲခကျေဖို့ ၅ လကျော် ကြာတယ်။ ၂ နှစ်ပြီးတော့ သံရုံးမှာ အခွန်ဆောင်ပြီး မြန် မာနိုင်ငံ ပြန်လာတယ်။ ကိုယ့်ဘာသာကိုယ် စင်ကာပူပြန်တက်ပြီး အလုပ်ရှာတယ်။ နောက်တခေါက်ကျမှ ရတယ်။ ဒါပေမဲ့ ၁ နှစ်ပဲ လုပ်ရပြီး၊ ပြန်လာရပြန်ရော။ အခု တစ်ခါထပ်လာပြီး ရှာတယ်။ အင်တာဗျုးတောင် တခုမှ မရသေးပါဘူး။ ကျွန်တော့်လို သွားလိုက်၊ ပြန်လိုက် လုပ် နေသူ မြန်မာတွေ အများသားဗျ။ အဲဒီကုန်ကျစရိတ်တွေကို ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံလို့ အကျိုးရှိမယ်ဆိုရင် ဘယ်လောက်ကောင်းလိမ့် မလဲ။ စင်ကာပူရောက်တဲ့သူအချို့ တော်တော်အဆင်ပြေတယ် ကြားတယ်။ ကျွန်တော်ကတော့ ကိုယ်ခပ်တဲ့ရေ၊ ကိုယ့်ဖင်ဆေးတာနဲ့ ကုန် သွားတယ်ဆိုရမလိုပဲ”

 

ဥပမာတခု ကြားဖူးသည်။ သူဌေးကြီးတယောက် အကြွေစေ့မြင်လို့ ကုန်းကောက်သည်။ အကြွေစေ့ရလိုက်သော်လည်း သူ့အိတ်ထဲမှ ရာ တန်ဒေါ်လာ ပြုတ်ကျသွားတာ မသိလိုက်။ ပြည်ပရောက် မြန်မာအချို့လည်း ဘာတွေရလိုက်ပြီး၊ ဘာတွေ ကျပျောက်သွားသလဲဟု စဉ်း စားသင့်သည်။ အားလုံးကို မဆိုလို။ အများစုတော့ အကျုံးဝင်ပါလိမ့်မည်။ ဆင်းရဲမွဲတေ နိမ့်ကျသိမ်ဖျင်းအောင် လုပ်ခဲ့သူတွေသည် အမျိုး ပျောက်ဇာတ်လမ်း၏ ဇာတ်ညွှန်းဆရာများဖြစ်သည်ဟုဆိုလျှင်  မည်သူမျှ ငြင်းနိုင်မည် မထင်ပေ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

3 Responses to ပြည်ပရောက် မြန်မာအချို့၏ မျိုးပျောက်ဇာတ်လမ်း

  1. catwoman on March 1, 2014 at 7:51 am

    I dont think it s a sin or a deficiency to not know Burmese. I left burma at age 17 but still read and write very well. But I am also not ignorant and will not force someone to learn Burmese. Kids here in the US has alot of homework and other activities. We need to teach them to be good, moral and responsible adults. The worse problem is Burmese who doesnt know how to speak, read or write English. some are here for a long time and they still cant speak. that s horrible. they dont get promotion at work due to lack of ability to speak/ read /write English.
    I see many people daily as a physician. there are always good and bad kids. Not being able to read or write Burmese is not that important as long as they are growing up to be good adults.

  2. p n wa ra on March 1, 2014 at 1:57 pm

    ပြည်ပရောက်မြန်မာတွေ လက်ရှိမိမိနေထိုင်ရာ နိုင်ငံက အခြေခံအခွင့်အရေး မျှတမှူရှိတယ်- အလုပ်အကိုင်ဝင်ငွေ ဖူလုံတယ်ဆိုရင် အခြေခံအခွင့်အရေးဆိုတာ အခုထိ ဘာမှ မသေခြာ မရေရာတဲ့ မွေးရပ်ဇာတိကိုစွန့် ကြတာ လွန်းတယ်လို့ မဆိုသာဘူး- မွေးရပ်မြေမှာ အခြေခံအခွင့်အရေးတွေ တနေ့ ရနိုး-တနေ့ ရနိုး နဲ့  တိုတောင်းလှတဲ့ ဘ၀တွေ စွန့် လွှတ်သွားကြတာမနဲတော့ဘူး- နွားခြေရာခွက်ထဲက ရေ ကိုသမုဒ္ဒရာလို့ ထင်နေရင် ဒုက္ခိတ လူစဉ်မမှီတဲ့ ဘ၀ နဲ့  နိဂုံးချုပ်ရမယ်-ဘာသာ သာသနာ ထွန်းကားတယ်ဆိုတဲ့နိုင်ငံမှာ လူ လူချင်း စာနာမှူကင်းတယ်- လိမ်တယ် လှည့်တယ် ပတ်တယ် ရာဇ၀တ်မှူတွေ တနေ့ ထက် တနေ့ များလာတယ်- အာဏာရှိသူက အာဏာမဲ့သူ အပေါ် နှိပ်စက်တယ် အခုထိ ရှိနေဆဲ- ပြည်ပမှာ တရားနာချင်ရင် အင်တာနက်ပေါ်တက်လိုက်ယုံဘဲ- ကိုင်း အဲဒီလို နိုင်ငံမျိုးမှာ နေထိုင်ပြီး ဘယ်သူက ဒုက္ခခံချင်မလဲ- ကိုယ်ဆင်းရဲ- စိတ်ဆင်းရဲ- ကိုယ်ကလဲ ဘာမှ မတတ်နိုင်ဘူး- ခပ်ဝေးဝေးနေတော့ စိတ်ချမ်းသာတာပေါ့- ဒိထက်ပိုစိတ်ချမ်းသာချင်ရင် အင်တာနက်ပေါ်တက်တဲ့အခါ မြန်မာ သတင်းမဖတ်နဲ့ - စိတ်မညစ်ရဘူး-

  3. newin on March 3, 2014 at 12:18 pm

    it is 100% right.They say that sasana is good but Sanga killed to human being in Maikhtee lar raiot .Who lead it?
    (2) Sanaga lead to destroy shelter and human life into ground zero,
    (3 ) Buddha did he tach to do like that???
    (4)Actually,really,All of events are occurred in Myanmar..Believe it or not??????

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်