သန်းဝင်းလှိုင် – အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၁)

November 3, 2013

အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၁)
သန်းဝင်းလှိုင်
နိုဝင်ဘာ ၃၊ ၂၀၁၃

မြန်မာနိုင်ငံတွင် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည့် ကွယ်လွန်သူ ရဲဘော်သုံးကျိပ်ဝင် တော်လှန်ရေးကောင်စီ ဥက္ကဌ၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဌနှင့် သမ္မတဟောင်း စစ်အာဏာရှင် အငြိမ်းစား ဗိုလ်ချုပ်ကြီး နေဝင်းသည် မြန်မာစစ်အာဏာရှင်အပေါင်းတို့၏ “ဂေါ့ဒ်ဖားသား” (God Father) ခေါ် “ခေါင်းကိုင် ဖခင်ကြီး” ပင် ဖြစ်သည်။ 
သူသည် တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ မှ ၁၉၇၃ ခုနှစ်အထိ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် (၁၉၇၃ မှ ၁၉၈၈ အထိ) တို့တွင် အဓိက ကြိုးကိုင်အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်ကြီး ဖြစ်သည်။ သူ၏အမွှေကို ယနေ့ထက်တိုင် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်လက်ထက် အထိ ဆက်ခံနေဆဲ ဖြစ်သည်။ ဤသို့ဆိုလျှင် အာဏာရှင် ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပာယ်ကို ဆန်းစစ်ဖို့ လိုပေမည်။
● အာဏာရှင်စနစ်
အာဏာရှင်စနစ်၏ အဓိပ္ပာယ်ကို မြန်မာအဘိဓါန်၌ စီမံခန့်ခွဲပြုလုပ်ပိုင်ခွင့် စသည့် အာဏာကို တစ်ဦးတည်း ချုပ်ကိုင်သုံးစွဲသူ ဟူ၍ ဖွင့်ဆိုထားသည်။ ဗိုလ်မှူးချစ်ကောင်း ပြုစုသည့် “နိုင်ငံရေး အဘိဓါန်” စာအုပ် စာမျက်နှာ ၆၆၂ ၌ “လူတန်းစားတစ်ရပ်က အခြားလူတန်းစား တစ်ရပ် သို့မဟုတ် အခြားလူတန်းစားများအပေါ်တွင် အကြမ်းဖက်၍ အုပ်စိုးမှုပင် ဖြစ်သည်” ဟူ၍ ဖွင့်ဆိုထားသည်။  အောက်စဖို့ ဒ်အနှစ်ချုပ် နိုင်ငံရေးအဘိဓာန် (Oxford Concise Dictionary of Politics) ၌ အာဏာရှင်စနစ် (Dictatorship) ၏ အဓိပ္ပာယ်ကို ဘရစ်တန်တက္ကသိုလ် ပါမောက္ခ လင်ကွန်းအယ်လီဆန်က အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။ 
Dictatorship – In modern usage, absolute rule unrestricted by law, constitutions, or other political or social factors within the state. The original dictators, however, were magistrates in ancient Italian cities (including Rome) who were allocated absolute power during a period of emergency. Their power was neither arbitrary nor unaccountable, being subject to law and requiring retrospective justification. There were no such dictators after the beginning of the second century  BC, however, and later dictators such as Sulla and the Roman emperors conformed more to our image of the dictator as an autocrat and near-despot.
In the twentieth century the existence of a dictator has been a necessary and (to some) definitive component of totalitarian regimes; thus Stalin’s Russia, Hitler’s Germany, and Mussolini’s Italy were generally referred to as dictatorships. In the Soviet case the very word and idea of dictatorship were legitimized by Marx’s idea of  a dictatorship of proletariat which would follow of revolution and eradicate the bourgeoisie.
ထိုနည်းတူစွာ မောင်ဝံသပြုစုသည့် “ခေတ်မီနိုင်ငံရေး ဝေါဟာရ အဘိဓာန်” စာအုပ် စာ ၁၄၅ ၌ –
အာဏာရှင်စနစ်ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တည်းက နိုင်ငံရေးအာဏာ အလုံးစုံကို ချွင်းချက်မရှိ ကိုင်တွယ်ထားသော အစိုးရပုံစံကို ခေါ်သည်။ တိုင်းပြည်အချို့တွင် အရေးပေါ် အခြေအနေများ ကြုံရချိန်၌ ယာယီအားဖြင့် အာဏာရှင်တစ်ယောက်ကို တင်မြှောက်ပေးလေ့ရှိသည်။ ရောမခေတ်က မူလအုပ်ချုပ်ရေး ပုံစံမှာ သမ္မတနိုင်ငံပုံစံဖြစ်သော်လည်း စစ်ရေးအကျပ်အတည်းများနှင့် ကြုံရချိန်တွင် အာဏာရှင်များကို ဆီးနိတ်လွှတ်တော်ကပင် ခန့်အပ်တာဝန်ပေးခဲ့ကြသည်။ အလားတူပင် ရှေးဟောင်းဂရိမြို့ပြ နိုင်ငံများတွင်လည်း ပြည်သူတို့ စည်းလုံးညီညွတ်မှု အလွန်အမင်း အန္တရာယ်ရှိချိန်တွင် ဥပဒေပြုရေး အာဏာအလုံးစုံကို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ထဲ အပ်နှင်းခဲ့ကြဖူးသည်။ 
ခေတ်သစ်ကမ္ဘာတွင်လည်း လူထုလှုပ်ရှားမှုများထဲမှ ပေါက်ဖွားလာသော ခေါင်းဆောင်များအနက် အစိုးရအာဏာရပြီးချိန်တွင် အာဏာအားလုံးကို လက်ဝါးကြီးအုပ်ပြီး အာဏာရှင်ဖြစ်သွားသူများစွာ ရှိသည်။ အာရှ၊ အာဖရိကနှင့် လက်တင် အမေရိကတိုက်များတွင်မူ အရပ်ဘက် အာဏာကို သိမ်းသည့် စစ်အာဏာရှင်များစွာ ပေါ်ပေါက်ခဲ့သည်။ ဆိုရှယ်လစ်ကွန်မြူနစ်နိုင်ငံများ၌မူ တစ်ပါတီအာဏာရှင်စနစ် ကြီးထွားခဲ့သည်။ ဥပမာ ဆိုဗီယက်ပြည်ထောင်စုမှ စတာလင် (၁၈၇၉ – ၁၉၅၃)။
ဒီမိုကရေစီရွေးကောက်ပွဲနည်းဖြင့် အာဏာရသူများထဲမှလည်း အာဏာရှင် ဖြစ်သွားသူများ ရှိခဲ့သည့် ဂျာမနီအာဏာရှင် ဟစ်တလာ (၁၈၈၉- ၁၉၄၅)၊ အီတလီ အာဏာရှင်မူဆိုလီနီ (၁၈၈၃-၁၉၄၅)၊ အာဂျင်တီးနား အာဏာရှင်ပီရွန် (၁၈၉၅-၁၉၇၄) တို့သည် ထင်ရှားသူများ ဖြစ်သည်။ ပြင်သစ်သမ္မတ ဒီဂေါလ် (၁၈၉ဝ-၁၉၇ဝ)သည် အာဏာရှင် အမည်မပေါက်သော်လည်း ပြင်သစ်နိုင်ငံရေး အကျပ်အတည်းကာလတွင် ရောမပုံစံအာဏာရှင် တင်နည်းမျိုးဖြင့် တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။ 
နိုင်ငံတော်သမ္မတဟောင်း ဒေါက်တာမောင်မောင်ကလည်း “တို့ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” စာအုပ်၌ စာမျက်နှာ ၂၃ တွင် ဒီမိုကရေစီ ဆိုသည်မှာ ဘာလဲဟူသည်ကို ထင်ရှားစေရန် ဒီမိုကရေစီနှင့် အာဏာရှင်နိုင်ငံများကို ယှဉ်၍ ရေးပြထားပါသည်။  ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးဝါဒ စကားသာ မဟုတ်၊ ပြည်သူ၏ အနေအထိုင် အတွေးအခေါ် အလေ့အကျင့်ဖြစ်သည်။ ဒီမိုကရေစီကို ပြောဟောရုံနှင့်မရ၊ ကျင့်သုံးမှ ရသည်။ ဒီမိုကရေစီဆိုသည်မှာ မိုးပေါ်က ကျလာသော ရတနာမဟုတ်၊ သူကပေးမှ ရသော ရတနာလည်း မဟုတ်၊ ပြည်သူတို့က ကိုယ့်ဘ၀ကိုယ် ဖန်တီးကြခြင်း ဖြစ်သည်။ 

ဒီမိုကရေစီဆိုသည်မှာဘာလဲဟု အထင်အရှားသိလိုလျှင် ဒီမိုကရေစီမရှိသော အာဏာရှင်နိုင်ငံတွင် ဖြစ်ပျက်ပုံတို့နှင့် နှိုင်းယှဉ်၍ ကြည့်ရသည်။ ဒီမိုကရေစီ အနှစ်သာရတို့ကို ခံစားနေတုန်းတော့ ရိုးနေ၍ အရသာ တွေ့ချင်မှ တွေ့မည်။ အာဏာရှင်စနစ်ခါးခါးလေးကို စားကြည့်ရလျှင် ဒီမိုကရေစီ၏ အရသာကို ပို၍ တန်ဖိုးထားတတ်မည် စသည်ဖြင့် နိဒါန်းချီပြီး ဒီမိုကရေစီနိုင်ငံနှင့် အာဏာရှင်နိုင်ငံ နှိုင်းယှဉ်ချက် (၁၆) ချက်ကို ရေးသားတင်ပြထားပါသည်။


ဒီမိုကရေစီနိုင်ငံ

အာဏာရှင်နိုင်ငံ

၁။

၂။

၃။

၎။

၅။

၆။

၇။

၈။

၉။

၁ဝ။

၁၁။

၁၂။

၁၃။

၁၄။

၁၅။

၁၆။

ဒီမိုကရေစီနိုင်ငံတွင် လူကို တန်ဖိုးထား၍ လေးစားသည်။

လူကိုလေးစားသကဲ့သို့ပြည်သူတို့၏ ပုဂ္ဂလိ က ပိုင် ပစ္စည်းများ ၊ အခွင့်အရေးများကို

လေးစားသည်။

ကြိုက်နှစ်သက်ရာ ဘာသာကို ကိုးကွယ် နိုင်ကြသည်။

ဆွေမျိုးသားချင်းများ၊ စုဝေးနေထိုင်နိုင် ကြသည်။ လုပ်ကိုင် စားသောက်နိုင်ကြသည်။

လူမျိုးအသီးသီး၏ ဓလေ့ထုံးစံကို ရိုသေ လေးစားကြသည်။ မိရိုးဖလာဟူသည် တို့ကို အမြတ်တနိုးထားကြသည်။

အချုပ်အခြာအာဏာသည် ပြည်သူ၌ တည်သည်။ ပြည်သူတို့က လွတ်လပ်စွာ မဲဆန္ဒပေး၍ ရွေးကောက် တင်မြှောက် ကြသော မတ်များ ကိုယ်စားလှယ်များက ဥပဒေပြုကြ၊ စီမံခန့်ခွဲအုပ်ချုပ်ကြသည်။

ပြည်သူတွင်အာဏာတည်သည်။ ရွေးကောက် ပွဲများတွင် ပြည်သူထံမှ နိုင်ငံရေး အဖွဲ့ ပေါင်းစုံက တောင်းခံ၍ ယူရသည်။

ပြည်သူသည် လွတ်လပ်ပွင့်လင်းစွာ ဆက်ဆံ နိုင်ကြသည်။ နေထိုင်နိုင်ကြသည်။

အမှုထမ်းများသည် ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြသည်။ တာဝန်ကျေပွန်စွာ ထမ်းဆောင် ရဲကြသည်။ ပြည်သူ့သစ္စာကို စောင့်သိ ရိုသေကြသည်။

ပြည်သူတို့သည် လွတ်လပ်စွာ ပညာသင်ကြ၊ အလုပ်လုပ်ကြ၊ ဘာသာတရား ဆည်းကပ် ကိုးကွယ်နိုင်ကြသည်။

လူတန်းစားခွဲခြားမှု မရှိ၊ အတန်းစားချင်း အပြိုင်အဆိုင်ရှိတတ်သော်လည်း ရန်သူသ ဖွယ် ပဋိပက္ခဖြစ်နေခြင်းကား မရှိ။

တိုင်းတစ်ပါး၏ ဝါဒအရ ဦးဆောင် ညွှန်ကြားမှုကို ပြည်သူတို့နှင့် အစိုးရ၊ ပါလီမန် တို့ကလက်မခံကြ။လွတ်လပ်စွာ တွေးခေါ် ချင့်ချိန်၍ မှန်ရာကို လုပ်ကြသည်။

ကိုယ်တိုင်းပြည်ကို ပြည်သူတို့က ချစ်မြတ်နိုး ကြသည်။

ပြည်သူ့ ကိုယ်ကျင့်တရားနှင့် လူမှုကျင့်ဝတ် များကို ဦးထိပ်ထားကြသည်။

ပြည်သူတို့ တစ်ထပ်တည်း၊ တစ်ဥာဏ်တည်း၊ တစ်သံတည်း မထွက်ကြချေ။ မတူကွဲပြားခြင်း အတွေးအမြင်များ ရှိကြသည်။

အာဏာရှင်နိုင်ငံတွင် လူကို ပစ္စည်းတစ်ခု၊ အရာ ဝတ္ထု တစ်ခုလိုသာ ဖြစ်သည်။ အစိုးရ စက်ယန္တရား နှင့် အစိုးရ အာဏာရှင်တို့က ဘာမဆို လွှမ်းမိုး သည်။

အစိုးရ စက်ယန္တရားက အရေးကြီးသည်။ ပြည်သူပိုင် ပစ္စည်းများနှင့်ပြည်သူတို့ကိုပါ အစိုးရက ပိုင်ဆိုင် သည်။

အာဏာသည်သာ ဘာသာတရားဖြစ်သည်။ အာဏာသည်သာ ကိုးကွယ်ရသည်။ အာဏာကို ယဇ်ပူဇော်ရသည်။

အာဏာက ခိုင်းစေသလို ခွဲခွာ၍ သွားကြ၊ လုပ်ကိုင်ကြရသည်။ ပြည်သူကို လုပ်သားအဖြစ် စက်ရုပ်အဖြစ်သာ အာဏာရှင်က မြင်သည်။

အာဏာကသာ အဓိက အရေးပါသည်။ ရှေးထုံးကို လွယ်လွယ်နှင့် ပစ်ပယ်၍ ပျက်ရယ်ပြုကြသည်။

ပြည်သူတို့၏ မဲဆန္ဒသည် တန်ဖိုးမရှိ။ လက်နက် အားကိုးဖြင့်သာ လူတစ်ယောက် (သို့မဟုတ်) လူတစ်စုက အာဏာကို ဓားပြတိုက် ယူကြသည်။ သေနတ်ပြောင်းဝ၌သာ အာဏာတည်သည်ဟု မှတ်ယူ၍ အာဏာကို လက်နက်အားကိုးဖြင့် ထိန်းသိမ်းထားကြသည်။

အာဏာကို လက်နက်ဖြင့် တိုက်ယူသဖြင့် ပြည်သူထံမှ တောင်းခံခြင်းမပြု၊ အတိုက်အခံ အဖွဲ့အစည်း ဟူသမျှကိုလည်း နှိပ်ကွပ်ကြသည်။

ပြည်သူ့ဆန္ဒမရသော လူတစ်ယောက် (သို့မဟုတ်) လူတစ်စုက လက်နက်ဖြင့် အုပ်စိုးသဖြင့် ၎င်းအာဏာရှင်တို့က ပြည်သူလူထုကို လုံးဝ မယုံကြည်ချေ။ အတိုက်အခံကိုလည်း စိုးရိမ် ကြောက်လန့်ရသည်။ ထို့ကြောင့် ပြည်သူတို့ အကြား လျှို့ဝှက်ပုလိပ်၊ ထောက်လှမ်းရေးများ စေလွှတ်၍ လူထုအသံကို နားစွင့်ရသည်။ လှုပ်ရှားမှုတိုင်း၌ ရည်ရွယ်ချက် ရှိသည်ဟု မှတ်ယူ၍ အတိုက်အခံ၊ ဆန့်ကျင်ဝေဖန်သံသဲ့သဲ့ ကြားလျှင် လျှို့ဝှက်ပုလိပ်ကို သုံး၍ ဖမ်းဆီးခြင်း၊ နှိပ်ကွပ်ခြင်း တို့ကို ပြုလုပ်သည်။

 အာဏာရှင် စေခိုင်းရာ တို့ကိုသာ ဆောင်ရွက် လုပ်ကိုင်ပေးရသော ဟန်ပြတရားရုံးများ ဖြစ်ကြသည်။ တရားမဲ့ ပြုကျင့်မှုတို့ကို ဥပဒေအရဖြင့် ခြုံပေးရသော တရားရုံးများသာ ဖြစ်သည်။ အာဏာရှင် နိုင်ငံတို့တွင် ဥပဒေသည် ဟန်ဆောင် ရုပ်ပြမျှသာ ဖြစ်သည်။ အာဏာရှိ လူတစ်စု၏ လက်နက်သဖွယ်လည်း ဖြစ်သည်။ ၎င်းအာဏာရှင် တစ်စုသည် အတိုက်အခံတို့ကို သုတ်သင် ရှင်းလင်းရာတွင် ဥပဒေအရောင်ကို ဆောင်၍ လူအများ၏ ဒေါသကို လှုံ့ဆော်ခြင်းဖြင့်သော် လည်းကောင်း၊ လက်နက်စွဲကိုင်၍ လည်းကောင်း လိုရာ ရယူတတ်ကြသည်။ ၎င်းနိုင်ငံများတွင် အာဏာသည် ဥပဒေ ဖြစ်သည်။ အာဏာမဲ့ သူတို့က ဥပဒေ၏ လက်အောက်တွင် ရှိ၍ အာဏာရှိသူတို့က ဥပဒေ၏ အထက်၌ ရှိကြသည်။

အာဏာရှင်၏ သစ္စာတော်ကိုသာ ခံကြရသည်။

အာဏာရှင် အမျက်တော်ပွားလျှင် ရာထူး လျှော့ ကျခြင်း၊ထုတ်ပယ်ခံရခြင်း၊ ပြောင်းရွှေ့ခံ ရခြင်း တို့ထက် လွန်ကဲသော ပြစ်ဒဏ်တို့ကို ခံကြသည်။

ပညာရေးလောက၊ အလုပ်သမား လောက၊ အမှုထမ်းလောက၊ ရဟန်းသံဃာ လောကတို့ လွတ်လပ်စွာ မနေရ၊ အာဏာရှင်တို့က ဝါဒရေးအရ ကျူးလွန်ဝင်ရောက်၍ စည်းရုံးခြင်း၊ သိမ်းသွင်းခြင်း တို့ကို ပြုသည်။

လူတန်းစားချင်း မလိုမုန်းထားစိတ်များကို ၀ါဒအရ ပွားများအောင် လှုံ့ဆော်ပေးကြသည်။ လူတန်းစား ပဋိပက္ခကို ဆွပေး၍ လိုသလို အသုံးချသည်။

လွတ်လပ်စွာ တွေးခေါ်ခွင့်မရှိသဖြင့် အာဏာရှင်က ဆရာတင်သော တစ်ပါးနိုင်ငံ (သို့မဟုတ်) ဦးဆောင်ရာ နောက်သို့ တကောက်ကောက် လိုက်ပါရသည်။

တပါးနိုင်ငံ၏ ကြယ်ရံဘဝသို့ ကျဆင်းနေရသော နိုင်ငံတွင် ကိုယ့်နိုင်ငံထက် တပါးနိုင်ငံကို ချစ်ရသည်။ အမေကျော်၍ ဒွေးတော် လွမ်းရသည်။

အာဏာရှင်တို့ကိုသာလျှင် ကြောက်ရွံ့၍ ဦးထိပ် တင်ကြသည်။ အာဏာရှင်သည် မိမိကိုယ် မိမိ အာဏာရှင်ဟု ဘယ်သောအခါမှ မခေါ်ချေ။ ပြည်သူ့အကျိုးကို လိုလားသလို၊ သယ်ပိုးသလိုလို နှင့် အာဏာကိုသိမ်းယူတတ်သည်။ ပြည်သူတို့သည် အာဏာရှင်၏ အရိပ်နိမိတ်တို့ကို အမြဲမပြတ်မလပ် စောင့်ကြည့်ရသည်။ ကာကွယ်ရသည်။

ပြည်သူတို့၏ ကိုယ်ပိုင်အတွေး အခေါ် အသိဥာဏ် တို့ကို စင်ပြိုင်မှုရှိလျှင် တွေးဝေနိုင်သည်ဟု ယူဆကာ ဦးနှောက်ဆေးကြောခြင်း နည်းဖြင့် ပယ်ဖျက်ပြီးနောက် အာဏာရှင်၏ အတွေးအခေါ် အသိဥာဏ်တို့ကို အတင်းရိုက်သွင်း အစားထိုး ပေးသည်။ ထို့ကြောင့် အသံလည်း ထွက်၍ ရွေးကောက်ပွဲပြုလုပ်လျှင် အာဏာရှင်က မဲပေါင်း ၁ဝဝ လျှင် ၉၉ ဒသမ ၉ မဲလောက် ရသည်။

ဤသို့ဆိုလျှင် အာဏာရှင်စနစ်နှင့် အာဏာရှင်တို့၏ သဘောသဘာဝကို ရိပ်စားမိပြီးဖြစ်၍ အာဏာရှင်ကြီး ဗိုလ်နေဝင်း၏ ဘဝအထွေထွေနှင့် သူ့လုပ်ဆောင်ချက်များကို လေ့လာကြည့်ကြပါစို့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments