Maung Luu Yay – လက်ထပ်တာနဲ့ ဘာသာရေး (ပေးစာ)

March 18, 2014

လက်ထပ်တာနဲ့ ဘာသာရေး (ပေးစာ)
မောင်လူရေး၊ မတ် ၁၇၊ ၂၀၁၄

လက်ထပ်ထိမ်းမြားမှုအပေါ်မှာ ဘာသာရေးပုဂ္ဂိုလ်တွေက ဘာ့လို့များ ပါဝင်ပတ်သက်ချင်ရတာပါလိမ့်။

စဉ်းစားကြည့်တာာပါ။

လက်ထပ်ထိမ်းမြားခြင်းဟာ လူ့သားတာဝန်ချဲ့ထွင်မှုပါ။

ကိုယ့်မျိုးကိုယ်နွယ် မပျောက်ကွယ်ရေးမျှအတွက် မဟုတ်ပါဘူး။

ဒါပေမဲ့ ဘာသာရေးပုဂ္ဂိုလ်တွေဟာ ဘာသာတည်တံ့ရေးအတွက်လို့များ သုံးသပ်ခဲ့ကြသလား။ သို့မဟုတ် လူသားဟာ ဘာသာရေးတာဝန်ကို ဆက်လက်ထမ်းပိုးသယ်ဆောင်ရမယ်၊ အဲဒါသည်ပင် ယင်းလူသားရဲ့တာဝန်ချဲ့ထွင်မှုထဲက အဓိကကျတဲ့အချက်တခုလို့များ သတ်မှတ်လိုက်ကြသလား။ လက်ထပ်ထိမ်းမြားမှုအပေါ်မှာ ဘာသာရေးပုဂ္ဂိုလ်တွေဟာ ပထမ ပတ်သက်လာခဲ့ကြတယ်။ နောက် စွပ်ဖက်လာခဲ့ကြတယ်။ အဲဒီနောက် လုယက်လာခဲ့ကြတယ်။ လူတွေကို ဘာသာရေးလုပ်သားအဖြစ် မြင်လိုက်တယ်နဲ့တူပါတယ်။

ဘာ့ကြောင့် ဘာသာရေးပုဂ္ဂိုလ်တွေဟာ ဒီလိုမျိုးပြုမှုလာကြတာလဲ။ စဉ်းစားကြည့်တာပါ။

ဘာသာရေးဟာ အကောင်းအဆိုးကို ပြညွန်တာဖြစ်တဲ့အတွက် လူတွေရဲ့ကောင်းကျိုးဆိုးကျိုးဟာ သူတို့ညွန်ပြမှုအောက်မှာဘဲ ရှိတယ်လို့များ ယူဆလာကြသလား။ ဒါမှမဟုတ် လူသားတွေရဲ့ အကောင်းအဆိုးကို ကွပ်ကဲသူလို့များ ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်ကြသလား။

အဲဒီလိုတွေးလိုက်ပြီး လူသားတွေရဲ့ ဘဝနေမှုကို လိုက်လံညွန်ကြားရုံမကတော့ဘဲ လူသားဖြစ်စဉ်တခုလုံးကြီးကိုပါ သိမ်းပိုက်စီမံရမယ့်တာဝန်ရှိတယ်လို့ထိ သတ်မှတ်လိုက်ကြသလား။

ဆွေးနွေးပေးကြစေချင်တာပါ။ ဘာသာတိုင်းအတွက် ဘာသာဝင်အသီးသီးတိုင်းကပေါ့လေ။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မိုးမခကို ပေးတဲ့စာ, မောင်လူရေး

2 Responses to Maung Luu Yay – လက်ထပ်တာနဲ့ ဘာသာရေး (ပေးစာ)

  1. Ba Ba Gyi on March 18, 2014 at 7:53 pm

    မူဆလင်နဲ့ယူရင်မူဆလင်ဘာသာဝင်ရတယ်။ ဒီလိုနည်းကြောင့် ဇေဒဘာရီ ကုလားကပြားတွေပေါ်လာပြီး “မြန်မာမူဆလင်” ဆိုတဲ့ဝေါဟာရသစ်ပေါ်လာရတာမမေ့ကြပါနဲ့။

  2. Thet Naing on March 21, 2014 at 5:08 am

    လွတ်လပ်စွာ ရွေးချယ်မှု၊ လွတ်လပ်စွာ ကိုးကွယ်မှုကို အပြည့်အ၀ ထောက်ခံပါတယ်။ အတင်းအဓမ္မ လုပ်ရပ်တွေမှန်သမျှ လုံးဝဆန့်ကျင်ပါတယ်။ ဘာပဲလုပ်လုပ် ကမ္ဘာ့တာဝန်သိစိတ်နဲ့ ( global sense of responsibility ) လုပ်ဖို့လိုပါတယ်။ ဗုဒ္ဓဆိုရင် လောကတာဝန်သိစိတ်နဲ့ ( worldly sense of responsibility ) တစ်လောကလုံးရဲ့ အကျိုးကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုချင်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝက်တွေအနေနဲ့ ဒီအချက်ကို အလေးအနက် စဉ်းစားစေချင်ပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်