ရဲရင့်သက်ဇွဲ – သင်ဟာ သမိုင်းကြောင်းကောင်းဖို့  တခုခု လုပ်ခဲ့သလား ..

March 19, 2014

မတ်လ ၁၉၊ ၂၀၁၄

 

သံလွင် စစ်တောင်း ညာလက်မောင်း ဟေ့
စစ်မောင်းသံချီ ဒုဌ၀တီ
……………………………………
……………………………………
ပြည်သူ့ ရဲ့ သွေး ပြည်သူ့ ရဲ့ သွေး ပြည်သူ့ ရဲ့ သွေး
ပြည်သူ့ ရဲ့ သွေး ဧရာဝတီ။
ငါ – ကြားတယ် ဧရာဝတီ
တိမ်တိုက်တွေရဲ့ အဆုံး ….
………………………………………
…………………………………………
မဟာသဘာဝရှင် ဧရာဝတီ
ဧရာဝတီ ဧရာဝတီ –
ငါ – ကြားတယ် ဧရာဝတီ
ရာဇ၀င်များရဲ့ သတို့သမီး –
…………………………………….
………………………………………
တောက်ပခဲ့တဲ့ နေ့ရက်များ
ငါ တို့ ရဲ့ မိခင် ဧရာဝတီ

 

ငါ – ကြားတယ် ဧရာဝတီ
မြစ်ဆုံကို အချစ်တွေ ပုံနေတုန်း
နရီမပီ စည်းမညီတဲ့ တိုးတိတ်သဲ့သံ
အို – ဧရာဝတီရဲ့ နာကျည်းမှုနဲ့  ငိုရှိုက်သံ။

 

ကဲ – ဧရာဝတီကို သစ္စာခံဘို့ 
ဧရာဝတီကို ချစ်မြတ်နိုးဘို့ 
မြစ်ဆုံကို အပျိုရည် မပျက်ဘို့ 
ငါတို့ တိုင်းပြည်ရဲ့ သဘာဝအရင်းအမြစ်တွေကို
ကာကွယ်ဘို့  ခေတ်ရဲ့ တောင်းဆိုမှုထဲ
ရဲရဲကြီး ခုန်ချကြစို့ ကွဲ့။

 

သင်ဟာ သမိုင်းကြောင်း ကောင်းဘို့  တခုခုလုပ်ခဲ့သလား၊
ဧရာဝတီကို ကယ်တင်လိုက်ပါ၊ မြစ်ဆုံကို ကာကွယ်ကြပါ။
သင်ဟာ သမိုင်းကြောင်း ကောင်းဘို့  တခုခုလုပ်ခဲ့သလား၊
ဧရာဝတီအတွက် တိုက်ပွဲ ၀င်ပါ၊ မြစ်ဆုံအတွက် တိုက်ပွဲ ခေါ်ပါ။
ငါ ကြားတယ် ဧရာဝတီ၊ ငါ ကြားတယ်။

 

ရဲရင့်သက်ဇွဲ
၀၅၀၄၂၀၁၂
၃း  ၀၃ နာရီ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ရဲရင့်သက်ဇွဲ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်