ဖရီးမောင့်မြန်မာတဦး ကလေးသူငယ်များ၏လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒထိခိုက်စေသော ဓာတ်ပုံရုပ်သံများ တက်ဆက်သည့်အမှုဖြင့် ဖမ်းဆီးခံရ

March 21, 2014

ဖရီးမောင့်မြန်မာတဦး ကလေးသူငယ်များ၏လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒထိခိုက်စေသော ဓာတ်ပုံရုပ်သံများ တက်ဆက်သည့်အမှုဖြင့် ဖမ်းဆီးခံရ

 မိုးမခအထောက်တော် ၀၀၃၊ မတ် ၂၁၊ ၂၀၁၄

 (Child Pornography – အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒကို ထိခိုက်စေသော၊ ကျုးလွန်သော၊ စော်ကားသော ဓာတ်ပုံ၊ ရုပ်သံများ၊ မီဒီယာထုတ်လုပ်မှုများ)

  ဘေးဧရိယာ၊ ဖရီးမောင့်မြို့နေ မြန်မာတဦးဖြစ်သည့် မိုက်ကယ်ဂေါ၊ (အောင်ဂေါ) ၂၅ နှစ် နှင့်အတူ အခြား ၁၃ ဦးကို အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒထိခိုက်ကျုးလွန်သော ရုပ်သံ၊ ဓာတ်ပုံများ တင်ဆက်သည့် ၀က်ဆိုက် လုပ်ဆောင်နေသည့် ရာဇ၀တ်မှုဖြင့် အမေရိကန်ပြည်ထောင်စု၏ သက်ဆိုင်ရာဌာနက တရားစွဲဆို၊ အရေးယူရန် ဖမ်းဆီးလိုက်သည်ဟု သတင်းများတွင် တွေ့ရသည်။

 အမှုသွားမှာ ၂၀၁၂ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၁၃ မေလ ၉ ရက်အတွင်း ကျုးလွန်သော ပြစ်မှုများဖြစ်သည်ဟု ဆိုသည်။ ထိုအမှုတွင် ထိခိုက်ခံရသည့် ကလေးသူငယ်များမှာ  ပြည်တွင်းမှ ၂၂၈ ဦး ပြည်ပမှ ၂၃ ဦး ရှိသည်။ ထိုဝက်ဆိုက်ကို မြေအောက်တရားမ၀င် အင်တာနက်လမ်းများကနေ တင်ဆက်နေပြီး အဆိုပါ ရုပ်သံပေါင်း ၂ ထောင်နှင့် အသင်းဝင်ပေါင်း ၂ သောင်း ၇ ထောင် ရှိနေသည်ဟု ဆိုသည်။ 

 ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျုးကျော်စော်ကားခံနေရမှုများမှ ကာကွယ်ရန်အတွက် ပြည်ထောင်စုအစိုးရ ဆောင်ရွက်နေသည့် Project Safe Childhood စီမံချက်ကနေ ဖော်ထုတ်အရေးယူနိုင်ခြင်း ဖြစ်သည်။ ကလေးများအနက် ၁၅၉ ဦးမှာ ၁၃ နှစ်မှ ၁၅ နှစ်အတွင်း ဖြစ်သည်။ ၇ ဥင်္ီးမှာ ၉ နှစ်အောက်များ ဖြစ်သည်။ အများစုမှာ အသက်မပြည့်သေးသည့် ယောကျာ်းကလေးများ ဖြစ်သည်ဟု ဆိုသည်။

 ဖမ်းဆီးခံရသူများတွင် အသက်အကြီးဆုံးမှာ ၄၄ နှစ်၊ အသက်အငယ်ဆုံး အမှုကျုးလွန်သူမှာ ၂၄ နှစ် ဖြစ်သည်။ ကလေးသူငယ်များ၏ လိင်ပိုင်းဆိုင်ရာ ကာယအိနြေ္ဒကို ထိခိုက်သည့်၊ စော်ကားသည့်၊ ကျုးလွန်သည့် ဓာတ်ပုံရုပ်သံများ ရိုက်ကူးခြင်း၊ ထုတ်လုပ်ခြင်း၊ ကလေးများကို လှည့်ဖြားပြီး လုပ်ဆောင် ပြုမှုစေခြင်း၊ လက်ဝယ်ထားခြင်း၊ ဖြန့်ချိခြင်း၊ ရောင်းချခြင်းသည့် အမေရိကန်ပြည်ထောင်စုတွင် ထောင်ဒဏ် ၃၀ နှင့် ရာသက်ပန် လိင်ရာဇ၀တ်မှု ကျုးလွန်သူအဖြစ် မှတ်ပုံတင်ခြင်း ခံရသည်အထိ ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သည်ဟု ဆိုသည်။

 အခြားလူမျိုးအများအပြားပါဝင်သည့် တရားခံအဖြစ် စွပ်စွဲခံရသူများအနက် မြန်မာလူမျိုး လူငယ်တဦး ပါဝင်နေခြင်းအတွက် ဆန်ဖရန်ဘေးဧရိယာမြန်မာများအကြား အထူးစိတ်ဝင်စားစရာဖြစ်နေသည်။ မိုက်ကယ်ဂေါ ခေါ် အောင်ဂေါ (Michale Gaw aka Aung Gaw) သည် ဒေသခံ အိုလုံးကောလိပ်ထွက်ဖြစ်သည်။ UC Berkeley တွင် ကျောင်းဆက်တက်ခဲ့သည် ဆိုသည်။ လက်ရှိတွင် အိမ်ရောင်းဝယ် အကျိုးဆောင်တဦးအဖြစ် ဆောင်ရွက်နေသည်ဟု သိရသည်။ ၂၀၁၃ နိုဝင်ဘာလက ဖမ်းဆီးခံခဲ့ရပြီး ယခုနှစ် မတ် ၁၈ တွင် ပြည်ထောင်စုတရားရုံးတော်တွင် တရားစွဲဆိုခြင်း၊ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

 အမှုအသေးစိတ်ကို ပြည်ထောင်စုအစိုးရ၏ တရားရေးဌာန၀က်ဆိုက်တွင် အသေးစိတ်ဖတ်နိုင်သည်။ http://www.justice.gov/usao/lae/news/2014/2014_01_10_Aung_Gaw_sind.html

http://www.justice.gov/usao/lae/news/2014/downloads/2014_01_10_Aung_Gaw_sind.pdf

 



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:နိုင်ငံတကာရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်