အီကြာအော် – ဖွတ်ကလေး၏ ခေတ်ပေါ်အပွတ်ရောဂါ နှင့် အီကြာအော်

April 1, 2014

ဖွတ်ကလေး၏ ခေတ်ပေါ်အပွတ်ရောဂါ နှင့် အီကြာအော်
အီကြာအော်
ဧပြီ ၁၊ ၂၀၁၄

cartoon source : www.mirror.co.uk

နွေဦးက ပေါက်လာပြီမို့ ခက်သေးရွာကြီးလည်း ကျွတ်ကျွတ် ပူနေလေသည်။

“ဒီအချိန်ရောက်လာရင် ခက်သေးမီးတွေ ဖောက်ဖောက်လာတယ်”…ဟု ဆိုရမလောက်အောင်ပင် မီးကလည်း ခဏခဏ ပျက်လေတော့ သည်။ မီးလောင်မှာကိုလည်း လန့်ရသေးသည်။ ကိုယ့်ရွာကထွက်သော သဘာဝဓာတ်ငွေ့များကို ရွာအတွက်မလို ပိုလျှံသည်ဆိုကာ တခြားရွာသို့ ရောင်းစားသော ရွာလူကြီးများ၏ ရွှေဥာဏ်တော်ကို မေတ္တာပို့သမိသည်။ တခြားရွာများက ခက်သေးရွှာမှ ဓာတ်ငွေ့တွေကို ၀ယ်ကာ လျှပ်စစ်ထုတ်ပြီး မီးရောင်ထိန်ထိန်လင်းနေချိန်တွင် ခက်သေးရွာသူရွာသားများမှာဖြင့် ဖယောင်းတိုင်နှင့် နှစ်ပါးသွားရသည်။ နွေရောက်လျှင် ဖယောင်းတိုင်မှ လောင်သောမီးကြောင့် ရွာမှအိမ်များလည်း နှစ်တိုင်း လောင်ပေးရသည်။ ဒီကြားထဲ စာရင်းဖျောက်ချင်သော ခက်သေးရွာ ရွာလူကြီးများ၏ ခါတော်မီ ဘတ်ဂျက်စာရင်းဖျောက်မီးကိုလည်း ကြောက်ရသေးသည်။

“ဟေ့ကောင် ဖွတ်ကလေး မင်း ပေါ်မလာတာ ကြာပါရောလားကွ”

အိမ်ရှေ့ခန်းတွင် စွပ်ကျယ်ကိုဝတ်၍ ချွေးသံတလုံးလုံးဖြင့် ယပ်တောင်တစ်ချောင်းကိုကိုင်ကာ တဖြတ်ဖြတ်ရိုက်နေသော အီကြာအော်က တပည့်ကျော် ဖွတ်ကလေးကို လှမ်း၍ မေးလိုက်သည်။

“ကျုပ်လည်း ယုန်ကန်ဆေးရုံမှာ အလုပ်တွေ အရမ်းရှုပ်နေလို့ပါ ဆရာအော်ရဲ့”

“ဘာတွေများ ရှုပ်နေတာလည်းကွာ…၊ မင်းတော့ ငွေရွှင်နေမှာပေါ့”

“မရွှင်ပါဘူးဆရာအော်ရယ်..၊ လူကြီးတွေ ခဏခဏလာလို့ အလုပ်ရှုပ်နေတာပါ”

ခက်သေးရွာတွင်ကား လူကြီးများ လာပြီဆိုလျှင် ဘယ်နေရာဖြစ်ဖြစ် အလုပ်ပိုကြသည်မှာ ထုံးစံပင်ဖြစ်သည်။ ယခုလည်း ယုန်ကန်ဆေးရုံကြီး တွင်လည်း ထို့အတူပင် ဖြစ်ပုံရသည်။

“ဘာတွေများ ပိုပြီး ရှုပ်တာလည်းကွာ…”

“လူကြီးတွေလာလို့ ဆေးရုံမှာ လူနာတွေအတွက် အိပ်ယာစွပ်တွေ ခေါင်းအုံးတွေ လုပ်ပေးရတယ်တယ်လေ”

“မင်းကကွာ ဒါလေးများ ပြောနေရသေးတယ်”

“ဟာ ဆရာအော်ကလည်း ပြီးတော့ အဲဒါတွေ ပြန်သိမ်းရတာ လျှော်ဖွတ်ရသေးတယ်လေ”

ဖွတ်ကလေးက အီစလံဝေနေပုံရသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

“မင်းလည်း နာမည်နဲ့လိုက်သွားအောင် ဖွတ်လိုက်ရတာပေါ့…၊ ဟုတ်တယ်မဟုတ်လား ဖွတ်ကလေး…”

“ဆရာအော်ကလည်း အရေးထဲမှ နောက်နေပြန်ပြီဗျာ…”

“ဒါနဲ့ ဒီရွာမှာ လူကြီးလာမှလုပ်တာ ထုံးစံမဟုတ်ဘူးလား…၊ တို့ခက်သေးရွာမှာ နေရာတကာ ခေါက်ရိုးကျိုးလို့ ပြတ်တောင်ပြတ်ထွက်တော့မဲ့ ဟာကိုများကွာ…”

“လူကြီးတွေလာမှ လူနာတွေက  ခေါင်းအုန်းတွေ အိပ်ယာခင်းတွေနဲ့ ဖြစ်ကုန်တာလား…”

“အုပ်ကြီးကတော့ လူကြီးတွေလာတာကို လေးစားတဲ့အနေနဲ့ ခေါင်းအုံးတွေ အိပ်ယာခင်းတွေနဲ့ ဧည့်ခံ…. အဲ…ကြည့်ကောင်းအောင် လုပ် တာပါတဲ့”

“ဟေ့ကောင်ဖွတ်ကလေး အဲဒါဆိုရင်လည်း လူကြီးတွေကို နေ့တိုင်းလေးစားရင် မကောင်းဘူးလား…။ ရွာလူကြီးတွေကို ဆေးရုံကို နေ့တိုင်း လာခိုင်းရင် ကောင်းမှာပေါ့ကွ”

အီကြာအော်က ရွဲ့၍ပြောလိုက်သောအခါ ဖွတ်ကလေးခမျာ ခေါင်းပု၍သာ နေရတော့သည်..။

“မိဘ ကြည်သူညား ခင်ညာ” ဆိုသည့် ရွာလူကြီး ဘပြောင်၏ တညာညာသံကိုကြားလျှင် အီကြာအော် အော့ချင် အန်ချင်သလို ဖြစ်လာရသည်။ ဘပြောင်တစ်ယောက် ခက်သေးရွာသမဒဂျီးလုပ်ကာစ ရွာအတွက်တော့ ကောင်းပြီဟု လက်ခုပ်တီးသူများတွင် အီကြာ အော်တစ်ယောက်လည်း ပါခဲ့သည်။ အားရပါးရ လက်ခုပ်တီးမိ၍ လက်တွေတောင် ကျိန်းကုန်သည်။ ထူးမခြားနားသီချင်းကြီးကို အားရပါးရ တီးခဲ့သည့်လက်ခုပ်များကို အခုတော့ ကိုယ့်ဖာသာ အားတောင်နာမိသည်။ “ရှင်တို့ …ရမ်းပီးတီးမနေနဲ့ စောင့်ကြည့်ဦးလေ” ဟုဆိုသော ဒေါ်အွန်နေးကိုတောင် စိတ်ထဲမှ နေ၍ အသာလေး “မင်းမသိပါဘူးကွာ”ဟု အတွန့်တက်မိခဲ့သေးသည်။

“မှန်လေစွ အွန်အွန်ရေ”…ဟု အခုတော့ စိတ်ထဲမှ ကြိတ်၍ ၀န်ခံမိသည်။

“ဒါနဲ့ မင်းက တပွတ်ပွတ်နဲ့ ဘာတွေများပွတ်နေရတာလည်း ဖွတ်ကလေးရဲ့”

အီကြာအော်က သူ့ဆီရောက်ကတည်းက သေချာ စကားမပြောပဲ မိုဘိုင်းလ်ဖုန်းကိုသာ သဲကြီးမဲကြီး အားရပါးရ ပွတ်နေသော ဖွတ်က လေးကို ကြည့်မရသဖြင့် လှောင်၍ပြောလိုက်သည်။ ခေတ်ကာလ လူငယ်များကား ခက်ကို ခက်သည်။ လူလူချင်းတွေ့လျှင်တောင် မျက်နှာ ချင်းဆိုင် စကားကောင်းကောင်းမပြောနိုင်ကြတော့ပဲ အချိန်နှင့်အမျှ စမတ်ဖုန်းကို ပွတ်ကြရသည်မှာ အမော။ အိမ်မှာနေလည်းပွတ်၊ ကျောင်းတက်လည်းပွတ်၊ ထမင်းစားလည်းပွတ်၊ လက်ဘက်ရည်ဆိုင်ထိုင်လည်းပွတ်၊ အိပ်ယာဝင်လည်းပွတ်၊ အိပ်ယာထလည်းပွတ် တပွတ်ပွတ် လုပ်ကြလေသည်။

“မင်းကိုတော့ကွာ ဖွတ်ကလေးကနေ ပွတ်ကလေးလို့ပဲ နာမည်ပေးလိုက်တော့မယ်။ ပွတ်ကို ပွတ်လွန်းအားကြီးတယ်”

ခက်သေးရွာသားပီပီ နာမည်အပေးတော်သော အီကြာအော်က ခြိမ်းခြောက်လိုက်မှ ဖွတ်ကလေးတစ်ယောက် အပွတ်ရပ်သွားလေတော့ သည်။

“အရေးကြီးလို့ပါ ဆရာအော်ရဲ့”

“ဘာတွေများ အရေးကြီးနေတာလဲကွ”

“မင်းတို့ ခေတ်လူငယ်တွေတော့ကွာ…. တစ်ပွတ်ပွတ်နဲ့ စမတ်ဖုန်းတွေကို အဖြစ်သည်းလိုက်ကြတာ အဲဒါကြောင့် ခိုနီတို့တတွေ အလုပ်ဖြစ် နေကြတာပေါ့ကွ”

ကိုခိုနီ၏ စူပါမားကက်တွင်ကား ဆင်းမ်ကဓ်များ စဆတ်ကဒ်များရောင်းပြီး တော်တော် အလုပ်ဖြစ်နေသည်။ မကြာခဏပျက်၍သော်၎င်း၊ ခေတ်မှီချင်ကာ အကြွားပို၍သော်၎င်း ဖုန်းများကို လိုလို မလိုလို လဲကြသည်မှာ အပြိုင်အဆိုင် ဖြစ်သည်။ ခက်သေးရွာသားတိုင်းသာ အီကြာအော်လိုသာ ဆိုရင်တော့ ခိုနီတို့ မွဲပေါက်ဟု တွေးမိသည်။ အီကြာအော်တစ်ယောက် ဖုန်းတစ်လုံး ၂၅ သိန်းခေတ်ကတည်းက ၀ယ်ထားသော မိုဘိုင်းဖုန်း အကြီးကြီးကို ယခုထက်ထိကိုင်သဖြင့် တစ်နေ့က ဆိုက်ကားစီးရင်း ဆိုင်ကားသမားက အီကြာအော်၏ မိုဘိုင်း ဖုန်းကြီးကို “ဘာကြီးလည်းဗျ..” ဟု အမေးခံရသည်။ အီကြာအော်က ပစ္စည်းဆိုတာ တစ်သက်လုံး ရိုရိုသေသေသုံး မပျက်မချင်းသုံး ဟူ သော အဖွားဖြစ်သူ၏ စကားကို ယနေ့အထိ မြေ၀ယ်မကျ နားထောင်သည်။

“ဆရာ့ကိုပြဖို့ ဒေါင်းထားတာ..”

ဖွတ်ကလေးက သူ့ဆရာအီကြာအော်၏ အကြိုက်ကိုသိသဖြင့် သူဒေါင်းထားသော နီနီခင်ဂျော်၏ “အင်းလေးမှာ ရွာတဲ့မိုး” သီချင်း ဗွီဒီယိုကို ဖွင့်ပြလိုက်လေသည်။

အီကြာအော်လည်း နေပူပူ ချွေးတလုံးလုံးဖြစ်နေသည်ကို မေ့သွားပြီး သံစဉ်ကြောဝယ် မျောနေလေတော့သည်။

“အင်းလေးမှာ…..ရွာတဲ့မိုးရယ်
အင်းလေးမှာ……ရွာတဲ့မိုးရယ်……”
အသံသေးအသံကြောင်ဖြင့် အားရပါးရ အပြတ်လိုက်ဟဲနေချိန်တွင် ဒေါ်အွန်မေး ရောက်လာပြီး

“ကိုအော်… ရှင်ကလေးတွေနဲ့တုပြီး သူငယ်ပြန်နေတာလား…၊ ကိုယ့်အသက်ကိုယ်မှ အားမနာ”

ဖီလင်အပြတ်တက်နေသော အီကြာအော်ကား အရေးကောင်း ဒိန်ဒေါင်းဖျက်သည်သကဲ့သို့ ဖီလင်အောက်သွားလေတော့သည်။

“ရှင်…….မဲပေါက်ထားတဲ့  ၁၅၀၀ တန် ဖုန်းဆင်းကဒ်သွားထုတ်ဦးလေ။ ပြီးရင် ကိုခိုနီ့ဆိုင်မှာ ရတဲ့ဈေးနဲ့သာ ပြန်ရောင်းခဲ့တော့။ သူ့ဆိုင်က ဈေးရတယ်ပြောတယ်။ တော်ကြာ ဖုန်းကဒ်တွေ အလကားပေးရင် ရောင်းမရ ဖြစ်နေဦးမယ်။ ဆန်ဘိုးလေး ဘာလေးရတာပေါ့”

ဒေါ်အွန်မေးပြောမှ အီကြာအော်လည်း ရပေါက်ရှိသေးသည်ကို သတိရပြီး ၀မ်းသာသွားသည်။

“အေး….မင်းပြောတာ ဟုတ်သားပဲ။ ငါ တောင် ဖုန်းကဒ်ပေါက်ထားတာ မေ့နေတယ်”

ဒီလိုတော့လည်း သမဒဂျီးကို လက်ခုပ်တီးရသည်မှာ နည်းနည်းတော့ နာရကျိုးနပ်ပါလားဟု တွေးလိုက်သည်။ ခက်သေးရွာသား အများ စုကဲ့သို့ပင် မည်မျှပင် မကျေနပ်သည်ဖြစ်စေ ရပေါက်ကလေးနည်းနည်းကိုသာ ကြည့်ပြီး ၀မ်းသာအားရ ဖြစ်သွားလေတော့သည်။ ဘယ် လောက် မြတ်နိုင်သလည်းဟု စိတ်ထဲမှ အကြမ်းဖျင်းတွက်ကြည့်ပြီး အီကြာအော်တစ်ယောက် ကျေနပ်သွားမိသည်။

“အေးပါကွာ…၊ ငါ… သွားထုတ်လိုက်ပါ့မယ်” ဟုဆိုကာ အီကြာအော်တစ်ယောက် ထီးတစ်ချောင်းကိုဆောင်းလျှက် ကိုခိုနီ၏ စူပါမာကက် ဘက်သို့ တပည့်ကျော် ဖွတ်ကလေးကို အချက်ပြကာ သုတ်ခြေတင်၍ ထွက်ခွာသွားလေတော့သတည်း။ ။

သဗ္ဗေသတ္တာကမ္မသကာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ, အီကြာအော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်