မောင်ရင်ငတေ – ငါ့ရင်ထဲမှာ ဧရာဝတီ

April 11, 2014

ငါ့ရင်ထဲမှာ ဧရာဝတီ 
++++
ရို  င်းေ ရ စီး သံ (နှ စ်) 
မောင်ရင်ငတေ
ဧပြီ ၁၁၊ ၂၀၁၄

ဧရာဝတီရေ မနှစ်က ရိုင်းဆီကို ရောက်ခဲ့တုန်းက ရိုင်းရေစီးသံတွေ ကြားခဲ့ရတာကို ငါ အမှတ်မထင် ကောက်ခြစ်ထားမိလိုက်တဲ့ စာရွက် အပိုင်းအစလေး အသိမ်းလွန်သွားတာကနေ ဘယ်လိုမှရှာမရဖြစ်နေတာ မနေ့တနေ့ကမှပြန်တွေ့ပြီး မင်းကိုလွမ်းတဲ့ ရောဂါတွေ ပြန်ဖောက် လာတယ် ဆိုပါစို့ကွာ။ အဲဒါနဲ့ ဒီစာတွေ ဆက်ရေးဖြစ်တာဘဲ ဟေ့။ မင်း သည်းခံပြီးတော့ ဖတ်ပေးပါကွာ။ ပြောသာပြောရတာပါ။ မင်းက လည်း သည်းခံရလွန်းလို့ တကိုယ်လုံးမှာလည်း ဒဏ်ရာတွေဗလပွ ဖြစ်နေပြီလို့ ငါကြားပြီးပါပြီ။ သည်းခံတိုင်းလည်း မကောင်းဘူး ကိုယ့် လူရေ။

ရိုင်းနဲ့ မြို့ပြတည်ဆောက်မှု (ဓါတ်ပုံ မရငတ)

မြစ်ရယ် လူရယ် မြို့ဆိုတာက သမိုင်းတလျှောက်လုံး ဆက်စပ်နေတာကွ။ မြစ်ရှိရင် မြစ်နားအနီးမှာ လူနေမယ်။ လူနေရင် မြို့ဖြစ်လာတာဘဲ။ ပင်လယ်တွေနဲ့ သမုဒ္ဒရာတွေက မင်းတို့နဲ့စာရင် နည်းနည်းရိုင်းတော့ ငါတို့နဲ့ ဝေးတယ်ပေါ့ကွာ။ အဲဒီအကြောင်းတွေကိုတော့ နောင်မှ တိုက် ဆိုင်လာရင် ထည့်ပြောကြတာပေါ့။ ခုတော့ မင်းနဲ့ပတ်သက်တာတွေကိုဘဲ ငါအရင် ပြောချင်နေတာကွ။ ဟိုးအဝေးကသမိုင်းမှာ ပါခဲ့တာ တွေ ပြန်ဖတ်ကြည့်ရင် ရှင်းပါတယ်ကွာ။ ရိုင်းရဲ့ သမိုင်းနဲ့ မင်းရဲ့သမိုင်းကိုယှဉ်ပြီး ပြောကြကြေးဆိုရင် မင်းကလည်း ခပ်ညံ့ညံ့ကောင်မှ မဟုတ်တာကွနော့။ ငါ မင်းဘက်က ပုံပြီး လောင်းရဲပါတယ်ကွ။

မြစ် လူ မြို့ ပေါင်းပြီး သမိုင်းဆိုတာကိုရေးလိုက်ရင် ငါတော့ မင်းတို့က အဓိကလို့ ထင်မိတယ်။
မြစ်ကြီးပြီး အသုံးကျခဲ့ရင် သမိုင်းကြီးခဲ့တာ လက်တွေ့ပြနိုင်တာတွေ အများသား မဟုတ်လား။

ငါသိသလောက် ရောက်ခဲ့ဖူးသလောက်ကတော့ မြို့တွေဆိုတာ (ရွာတွေ အပါအဝင်ပေါ့ကွာ) မင်းတို့လို မြစ်တွေများ မရှိခဲ့ရင်တောင်မှ အင်းတွေ အိုင်တွေ ကန်တွေရဲ့ ဘေးနားမှာ သွားပြီး မြို့တည် ရွာတည်ကြရတာ မဟုတ်လား။ ဒီ အင်းအိုင်ကန်ဆိုတာကလည်း မင်းတို့ ကြောင့် ဖြစ်လာတာပေါ့၊ ရိုင်းရဲ့ ထူးခြားချက်မှာလည်း အဲ တခုပါတယ်ကွ၊ ရိုင်းကြောင့် Bodensee (Lake Constance) ဆိုတဲ့ ရေကန်ကြီး တကန် ဖြစ်လာခဲ့ပြီး အဲဒီရေကန်ကြီးကမှ တဆင့် ရိုင်းကဆက်စီးသွားခဲ့တာ မြောက်ပင်လယ်အထိကွ။ အဲဒီကန်ကြီးအကြောင်း မြောက် ပင်လယ်အကြောင်း နောင် တိုက်ဆိုင်လာရင် ထပ်ပြောကြတာပေါ့။

ရိုင်းနဲ့ မြို့ပြသမိုင်း (ဓါတ်ပုံ မရငတ)

ဒါကြောင့် သမိုင်းတွေကိုဖန်တီးခဲ့တာ မင်းတို့မြစ်တွေက အဓိကနေရာက ပါခဲ့တယ်လို့ ငါဆိုလိုတာမျိုးပါ။ မင်းတို့ကလည်း ရေနဲ့ ဖြစ်တည်ခဲ့ တာ၊ ရေကလည်း အရာရာမှာ အဓိကကျတာ မဟုတ်လား။ မင်းတို့က ရေပေါတယ် လေ၊ ရေ အသက် တမနက်ကနေ တဘဝဆိုပြီး ပြောင်းပြောရမယ့် ဇာတ်လမ်းအသစ်တွေလည်း မင်းတို့နဘေးမှာ ဖြစ်ခဲ့တာတွေ မင်းသိမှာပေါ့။ ရေသမိုင်းပေါ့ကွာ။ ရေရဲ့သမိုင်းမှာ ဇာတ် လိုက်ကတော့ တယောက်တည်း ဖြစ်ချင်ဖြစ်ပေမယ့် လူဆိုးတသိုက်က တဗိုလ်ကျ တဗိုလ်တက် စံနစ်ဘဲလေ။ မင်းလို ရှေ့မီ နောက်မီတဲ့ သိတဲ့သူမျိုးကို ငါပြောပြနေတာ ငါ တတ်လွန်းလို့ မဟုတ်ဘူးနော်။ မင်းရဲ့သမိုင်းကို ငါ လေးစားလွန်းလို့ပါကွာ။ ဂုဏ်ယူရမိလို့ပါ။ မာကို ပိုလိုတောင်မှ သူနေတဲ့ ဗင်းနစ်ဆိုတဲ့ ပင်လယ်ကမ်းစပ်ကနေ အဲဒီတုန်းက သတင်းကြီးနေတဲ့ ကူဗလိုင်ခန်းကြီးဆီကို တကူးတက သွားတွေ့ ခဲ့ရတုန်းက မင်းဆီတောင်မှလာပြီး တွေ့သွားခဲ့ရသေး တာဘဲကွာ။ အဲဒီရိုင်းဆိုတာ မာကိုပိုလိုရဲ့စာရင်းထဲမှာ မင်းလောက်တော့ အရေးမပါ ခဲ့ဘူးလို့ ငါထင်တယ်ကွာ။ မင်း သဘောတူရဲ့လား၊ ရိုင်းကို ငါစာရင်းမသွင်းတာ မဟုတ်ဘူးနော်။ သူ့ အရပ်မှာ သူ့ဇာတ်မှာတော့ သူလည်း မင်းလို မင်းသားကြီးဘဲလေကွာ။  ဒီမင်းသားကြီးတွေကို ရာဇဝင်ထဲမှာ မထားခဲ့ချင်သူတွေထဲမှာ ငါလည်းပါပါတယ် သူငယ်ချင်း။ ဥရောပမှာ တော့ ရိုင်းကို ငါအကြိုက်ဆုံးကွ၊ သူနဲ့ ခဏခဏ တွေ့ဖြစ်တယ်လေ။ ကြာတော့လည်း မင်းလို ရင်းနှီးလာကြတာပေါ့ကွာ။

 ရိုင်းနဲ့ မြို့ပြသမိုင်း (ဓါတ်ပုံ မရငတ)

ရိုင်းကမ်း တလျှောက်မှာလည်း မင်းလိုဘဲ မြို့ပိစိလေးတွေ ရွာသာသာတွေ များတာပါဘဲ။ တကယ်တမ်း အမြဲနေတဲ့သူတွေထက် လာလည် တဲ့သူက ပိုများတယ် မောင်ရင်ရေ။ အိမ်သာတော့လည်း ဧည့်လာတာ ဘယ်ဆန်းမလည်း နော့။ သူတို့ဆီလာတဲ့ ဧည့်သည်ဆိုတာက အရေအတွက် ကမြောက်ကချောက် မဟုတ်ဘူးနော်။ နှစ်စဉ် သန်းပေါင်းများစွာလာတာ။ သန်း ဆယ်ဂဏန်းကျော်မက လာတာ။ ဒီကလူ တွေကလည်း ငါနဲ့တွေ့တော့ မင်းနဲ့ငါ သူငယ်ချင်းမှန်း သိသွားကြတော့ မင်းကို မေးကြတယ်။ မင်းကို ဒီကမ္ဘာကလူတွေက မမေ့သေး ပါဘူးကွာ။ တော်တော်များများက သိနေကြတယ်။ မင်းရဲ့ မြစ်ဆုံကိစ္စကလည်း ဟိုးလေးတကျော်ကိုးကွ။ နာမည်ကြီးလာတယ်ဆိုပြီး မင်း ဘဝင်မမြင့်နဲ့အုံး။ အများစုကတော့ စိတ်မကောင်း ဖြစ်ကြတာပေါ့။ တချို့သူတွေတော့ သတိထားဟေ့။ သူတို့တွေက မင်းနာမည်ပြ ဂွင်ဖ န်ကြအုံးမှာ ဆရာရေ။ ဒီခေတ်လူတွေက ကြောက်စရာ အကောင်းသားကွ။

ငါတို့လို အဝေးက ငမွဲတွေကတော့ အားပေးရုံကလွဲလို့ ဘာတတ်နိုင်မှာလည်းကွာ။ အဲဒါတွေတွေးပြီး ငါမင်းဆီကို စာရေးချင်စိတ်တွေ ပိုများလာခဲ့တာ ကြာပါပြီ။ ခုမှဘဲ ချရေးနိုင်တော့တယ်ကွ။ ရိုင်း ရေစီးသံတွေကြားပြီး ရိုင်းအကြောင်းစဉ်းစားမိရင် မင်းအကြောင်းကလည်း အလိုလို ပါလာတာ ပေါ့။ ရိုင်းက မင်းလိုတော့ ငါတို့ တနိုင်ငံတည်းနဲ့ပတ်သက်နေတာ မဟုတ်ဘူးဆိုပါတော့။ ခြောက်နိုင်ငံက လူတွေ အ များကြီးနဲ့ ပတ်သက်နေတာကွ။ ဒါပေမယ့် သူတို့ ခြောက်နိုင်ငံ ဆိုတာကလည်း မင်းတို့ ငါတို့ဆီက ကချင်တို့ စစ်ကိုင်းတို့လောက်မှ မကျယ် တာတွေ ပါတယ်လေ။ သူတို့ရဲ့ စကားတွေလည်း မတူကြပါဘူးကွာ။ ပြဿနာတွေတော့ ရှိခဲ့ကြတာပေါ့။ သမိုင်းကြောင်းတလျှောက်လုံး သူတိုက် ကိုယ်တိုက် ဦးသူဆော်ခဲ့ကြတာ စစ်မဖြစ်ခဲ့တဲ့ နှစ်ရယ်လို့ မရှိပါဘူး။ ခုတော့ ဒီဘက် ငါတို့ခေတ်မှာ စစ်တိုက်ကြရတာ မောလာ ကြလို့ ထင်ပါရဲ့ကွာ။ အေးအေး ချမ်းချမ်းတော့ ရှိနေပါတယ်။ ဟိုးဘက် ဥရောပ အရှေ့ခြမ်းကတော့ မင်းသိတဲ့အတိုင်း အညိုရောင် နယ် မြေဖြစ်ဆဲမို့ ငါလည်း သိပ်မသွားဖြစ်ဖူး။ ငါတို့ကလည်း နေရာတကာ သွားသတိ စားသတိနဲ့ နေရတာ မဟုတ်လား။

ရိုင်းနဲ့ မြို့ပြသမိုင်း (ဓါတ်ပုံ မရငတ)

ရိုင်းက မင်းရဲ့တဝက်လောက်ဘဲ ရှည်တယ်ကွ။ ဆိုဒ်ကလည်း နည်းနည်းသေးတာပေါ့။ မင်းနဲ့မတူတာက သူက ပြောင်းပြန်စီးနေတာ။ တောင်ကနေ မြောက်ကိုစီးတာလေ။ မင်းကတော့ ပြောချင် ပြောမှာပေါ့။ မင်းတို့ မြစ်တွေက မြင့်ရာက နိမ့်ရာကိုဘဲ စီးတတ်တယ်ဆိုပြီး တော့ပေါ့။ မှန်ပါတယ်ကွာ။ တောင်က မြောက်ဖြစ်ဖြစ် မြောက်က တောင်ဖြစ်ဖြစ် အရှေ့က အနောက်ဖြစ်ဖြစ် အနောက်က အရှေ့ဖြစ်ဖြစ် မင်းတို့က မြင့်ရာက နိမ့်ရာကိုသာ စီးတာ။ ဒါပေမယ့် ငါတို့ထဲက တချို့ကတော့ မင်းတို့လို မဟုတ်ဘူးကွ။ နိမ့်ရာက ရသမျှ ရသမျှ ချူ ချင်ကြသူများလို့သာ လာသပေါ့။ ခေတ်ကြီးကလည်း မကောင်းပါဘူးကွာ။

ရိုင်းနဲ့ မြို့ပြကုန်သွယ်ရေး (ဓါတ်ပုံ မရငတ)

ရိုင်းက အသုံးလည်း သိပ်ဝင်သလို လှလည်းလှတယ်။ သူလည်း မင်းလိုဘဲ သိပ်လှတယ်။ အလှချင်းကတော့ ဘယ်တူနိုင်ပါ့မလဲ။ မင်းရဲ့ အလှက သဘာဝတွေ အများကြီးကျန်နေသေးတယ်။ သဘာဝအတိုင်းလှတာက ပိုပြီး ကျက်သရေရှိပါတယ်ကွာ။ ခေတ်မဆန်ချင်ပါနဲ့။ အရိုင်းဆန်တဲ့အလှတွေ ရိုင်းမှာ တချို့တဝက် ကျန်နေသေးပေမယ့် မင်းလောက်တော့ ဘဝမနာခဲ့တာမို့လား မသိဘူးကွ။ သိပ်ရင့်ကျက်တဲ့ ပုံမတွေ့ရဘူးလို့ ငါမြင်တယ်။ သူတို့ယဉ်ကျေးမှု သူတို့ပုံစံတွေက မင်းတို့ ငါတို့နဲ့တော့ ဘယ်တူနိုင်ပါ့မလည်းဆိုတာ ငါနားလည်ပါတယ်။ သူတို့ဟာ သမိုင်းတွေထဲမှာ ကျန်နေခဲ့တာမျိုးတော့ ဘယ်တော့မှ မတွေ့ရဘူးကွ။ သူတို့က ရိုင်းကို ကောင်းကောင်းအသုံးချခဲ့သလို ကောင်း ကောင်းလည်း ပြုစုထားလို့ ထင်တယ်ကွ။ ရိုင်းက ယဉ်ယဉ်လေးနဲ့ လှနေတာမျိုးပေါ့ကွာ။ ငါ ဒီလိုပြောလို့ မင်းစိတ်ထဲမှာ  ဆိုးမလား။ ဒေါသ မကြီးချင်ပါနဲ့ ကိုယ့်လူရေ။

ငါ ရိုင်းအနားကို ရောက်သွားတဲ့အခါတိုင်း မင်းကို သတိရလွန်းလို့ ဒီစာတွေကို ရေးဖြစ်တယ်ဆိုတာ မင်း သဘောပေါက်သင့်တယ်။ မင်း ရဲ့ရေစီးသံ ရိုင်းတာကို ငါအမြဲလွမ်းတတ်သလို မင်းရဲ့ရေစီးသံ ယဉ်တာကိုလည်း ငါအမြဲတမ်းတတတ် နေတာပါကွာ။ စိတ်မဆိုးပါနဲ့ ဧရာ ရယ်။

မင်းစိတ်ဆိုးရင် ငါကြောက်တယ်ကွ၊ မင်းတခါတခါမှာ ဒေါသတကြီး ဖြစ်တတ်တာကိုတော့ ဘယ်လို မေ့နိုင်ပါ့မလဲ။ အမှတ်ရတယ်ကွာ။ အဲဒီ အကြောင်းတွေကို ငါ့မှာ သေမတတ် ကြောက်ခဲ့ရတာ။ အဲဒီအကြောင်းလည်း နောက်မှဆက်ရေးမယ်ကွာ။ ဒီနေ့ ငါ ဒီစာကိုရေးနေတာ သိပ်မကြာသေးခင် ရိုင်းဆီကပြန်လာပြီး မင်းကိုသတိတရ ဆက်ရေးနေတာပေါ့။ ရိုင်း မင်းကို ဆုတောင်းပေးသလို မင်း ကျန်းမာပါစေလို့ ငါလည်း ဆုတောင်းပေး လိုက်ပါတယ်ကွာ။ ဒါဘဲကွာ။ နောက်တပတ်မှ ဆက်ရေးအုံးမယ်။ မင်းရဲ့ ငယ်ပေါင်း ဘော်ဒါကြီး …။

မင်းရဲ့ထာဝရ (မရငတ) …..

 

ဧရာဝတီ …. တည်ငြိမ်တဲ့ သူရဲ့ရေအလျှင် … (ဓါတ်ပုံ ဂူဂဲလ်)

အောက်ခြေမှတ်စု
{ရိုင်း = The Rhine river (Romansh: Rain; German: Rhein; French: Rhin; Dutch: Rijn) is a European river.}


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်