ဆောင်းယွန်းလ – “တချို့က”

April 23, 2014


“တချို့က”

ဆောင်းယွန်းလ၊ ဧပြီ ၂၃၊ ၂၀၁၄

တချို့က

နာမည်ဆိုးတွေနဲ့ပေါ့

ကိုယ့်အတွက်

တချို့ကို သတ်ခဲ့ကြတယ်….

တချို့က

တချိ့အတွက်

တချို့ကို သတ်ခဲ့ကြတယ်

နာမည်မကောင်းခဲ့ကြပါဘူး….

တချို့က

နာမည်ပျက်ရုံသက်သက်ပါပဲ

ကိုယ့်အတွက်

ကိုယ့်ကိုယ်ကို သတ်ခဲ့ကြတယ်….

တချို့က

တစုံတယောက်အတွက်

တစုံတယောက်ကို သတ်ခဲ့ကြတယ်

သမိုင်းမှတ်တမ်းမှတ်ရာမှာ

သူတို့အတွက်

ကဗ္မည်းတင်စရာ နေရာမရှိခဲ့ကြပါဘူး….

တချို့က

ကိုယ့်အတွက်

တစုံတယောက်ကို သတ်ခဲ့ကြတယ်

နာမည်ပျက်လူဆိုးဘွဲ့ကို ခံယူကြရင်းပေါ့..

တချို့ထဲက

တချို့ကတော့

အားလုံးအတွက်

ကိုယ့်အသက်ကို စတေးရင်း

ထောင်ဆိုတဲ့ အမှောင်ကိုရိုက်ချိုးလို့

အလင်းရောင်ကို

ဥယျာဉ်မှူး ပန်းပျိုးသလိုမျိုး ပျိုးပေးခဲ့ကြတယ်…

တချို့ထဲက

တချို့ရဲ့

ကွယ်လွန်ခြင်း တဖက်ကမ်း

ကောင်းကင်မြို့တော် လမ်းမှာ

သူတို့နာမည်တွေ

မွှေးတဲ့ပန်းတွေနဲ့အပြိုင် ဝေခဲ့ကြတယ်…

တချို့ထဲက တချို့

သူတို့…ဘယ်တော့မှ မကြွေခဲ့ကြဘူး

သူတို့….ဘယ်တော့မှ မသေခဲ့ကြဘူး…။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:U Win Tin, ကဗျာ, ဦးဝင်းတင်, ဆောင်းယွန်းလ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments