အောင်ဒင် – မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အဝေးကြည့် အနီးကြည့် စာအုပ်ထွက်ပြီ
မိုးမခစာအုပ်စင်၊ နိုဝင်ဘာ ၂၊ ၂၀၁၃
ရန်ကုန်မြို့မှာ ပြည်သူ့ခေတ်ထုတ်ဝေတဲ့ ပြည်သူ့ခေတ် အပတ်စဉ် ဂျာနယ်မှာ အခန်းဆက်ဆောင်းပါးတွေအဖြစ် ဖော်ပြခဲ့ပြီး၊ မိုးမခကလည်း ထပ်ဆင့်ကူးယူဖော်ပြခဲ့တဲ့ အောင်ဒင်ရဲ့ မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်ကို အဝေးကြည့် အနီးကြည့် ဆောင်းပါးစုစည်းချက် စာအုပ် မြန်မာပြည်တွင်းမှာ အောက်တိုဘာ လကုန်က စတင်ထုတ်ဝေ ဖြန့်ချိပြီ ဖြစ်ပါတယ်။
ခေတ်ပြတိုက် စာအုပ်တိုက်က ထုတ်ဝေပြီး၊ စာမျက်နှာ ၂၇၈ မျက်နှာ၊ အုပ်ရေ ၁၀၀၀၊ တန်ဖိုး ၂၅၀၀ ကျပ်ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ ပုံနှိပ်စာအုပ်အဖြစ် ရယူသိမ်းဆည်းလိုသူများအတွက် စာအုပ်ဖိုးသတ်မှတ် ထုတ်ဝေတယ် ဆိုပေမယ့် အင်တာနက်ပရိသတ်များ၊ မြန်မာကျပ်ငွေနဲ့ မြန်မာစာအုပ်ဆိုင်မှာ သွားရောက် မ၀ယ်နိုင်သူများ၊ အီးဗားရှင်းအဖြစ် ရယူ ဖတ်ရှုလိုသူများအတွက် စာရေးသူ ကိုအောင်ဒင်က သူ့စာအုပ်ကို အီးဘုတ်အဖြစ် အခမဲ့ ရယူခွင့် ပြုလိုက်ပါတယ်။
သည်နေရာကနေ အီးဘုတ်ကို အခမဲ့ ရယူပါ။ မိုးမခစာအုပ်ဆိုင်မှာလည်း အခမဲ့ ဒေါင်းလုပ် ရယူနိုင်တဲ့အပြင် စာအုပ်မှတ်တမ်းအဖြစ် ရှိနေစေဖို့ မိုးမခရဲ့ Amazon Kindle Book Store မှာတော့ အနည်းဆုံးဈေးအဖြစ် ၂.၉၉ ဒေါ်လာနဲ့ တင်ဆက်ထားမှာ ဖြစ်ပါတယ်။
သည်နေရာတွေမှာ ရယူပါ။
style=” margin: 12px auto 6px auto; font-family: Helvetica,Arial,Sans-serif; font-style: normal; font-variant: normal; font-weight: normal; font-size: 14px; line-height: normal; font-size-adjust: none; font-stretch: normal; -x-system-font: none; display: block;”>
style=”text-decoration: underline;” >Aung Din – Burmese Regime’s Parliament – Perspective by style=”text-decoration: underline;” >Moe Ma Ka
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Like this:
Like Loading...
Related
No tags for this post.
Related posts
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, အောင်ဒင်
Recent Comments