သက်ခိုင် – မဟာပညာတတ်အစိုးရ၊ ပါရဂူဘွဲ့ရှင်နှင့် ကျောင်းစောင့်

April 28, 2014

မဟာပညာတတ်အစိုးရ၊ ပါရဂူဘွဲ့ရှင်နှင့် ကျောင်းစောင့်

သက်ခိုင်
ဧပြီ ၂၈၊ ၂၀၁၄
 
 


ယနေ့ခတ်မြန်မာနိုင်ငံတွင် လွန်စွာစိတ်မကောင်းစရာတွေ ရှိနေသည်ကား ဆုတ်ယုတ်မှုကို ဦးတည်နေပြီဟု ဆိုရမလိုပင်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးသာမက အဘက်ဘက် ယိုယွင်းပျက်စီးမှုတွေက ပညာတန်ဘိုးကိုပင် မထီမဲ့မြင် ပြုမှုလာချေတော့သည်။

နိုင်ငံရေးဆိုသည်မှာ နိုင်ငံသားတိုင်း၏ အရေးအရာဟု နိုင်ငံရေးပညာရှင်အများစုက လက်ခံထားကြသည်၊ ဟုတ်သည် နိုင်ငံသား အသီးသီး၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် နိုင်ငံရေးသည် လူတိုင်းနှင့်ဆက်စပ် ပတ်သက်နေပေသည်။ ပါဝင်ရမည်၊ ပတ်သက်ရမည်၊ ပြုပြင်ရမည်၊ ပြောင်လဲရမည်သာဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးကတော့ လူတန်းစားတရပ်ရပ် သို့မဟုတ် အခွင့်ထူးခံလူတချို့ကသာ ချယ်လှယ်ကြိုးကိုင်ခြင်းကို ပြည်သူတရပ်လုံး ခံစားနေရသည်။

အလားတူ စီးပွားရေးကဏ္ဍတွင်လည်း တိုင်းပြည်ကို ခေတ်အဆက်ဆက် မတော်မတရား အုပ်စိုးခဲ့သူတို့နှင့် ပတ်သက်ဆက်နွယ်ရာ စီးပွားရေးခရိုနီ (Crony) အပေါင်းအဖော်တစုကသာ ထင်တိုင်းကြဲ၍ တိုင်းပြည်၏ အရင်းအမြစ် သယံဇာတများကို ထင်သလို စိတ်ကြိုက် ကိုယ်ကျိုးရှာခွင့် ရခဲ့သည်။ အကျိုးဆက်ကတော့ ယခုပွင့်လင်း လာနေပါသည်ဆိုသော စစ်ဗိုလ်တမတ်သား ပါလီမန်တုခေတ်တွင်ပင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတို့ ခြေချခွင့် မရတော့လောက်အောင်ပင် မရွှေ့မပြောင်းနိုင်သောပစ္စည်းဟု ဆိုအပ်သော မြေကွက်များသည်ပင် အာဏာပိုင် အသစ်တို့ စီမံခန့်ခွဲလို့ မရတော့လောက်အောင် ရှားပါးသွားခဲ့ပြီဖြစ်သည်။

လူမှုရေးဘက်တွင်တော့ ပြောစရာကုန်လောက်အောင်ပင် ရှိတော့မည်။ စောင့်လေမျိုးနွယ်ဆိုသည့် ရှေးရိုးစဉ်လာ စကားဆိုသည်မှာ တခေတ်တခါက ယုံတမ်းစကားကဲ့သို့ပင် ဝေဝါးသွားခဲ့ရလေပြီ။ ဤခေတ်ကြီးထဲတွင် မတော်မတရား လုပ်အား အမြတ်ထုတ်၊ ခေါင်းပုံဖြတ်မှုတွေကြောင့် အမျိုးကောင်းသမီးငယ်များတောင်မှ မဝရေစာစားကာ တိုင်းတပါးအရင်းရှင်တို့၏ စက်ရုံအလုပ်ရုံများတွင် အသက်ရှင်ဖို့ ရုန်းကန်လှုပ်ရှားနေရသဖြင့် မိမိအမျိုးအဆွေကို စောင့်ရှောက်ကူညီဖို့ဆိုသည့် တခါတုန်းက ထုံးတမ်းစဉ်လာကို ယောင်ရွေ့မှပင် စဉ်းစားနေအား မရှိတော့ချေ။

ဤသို့ အဘက်ဘက်မှ ယိုယွင်းပျက်စီးနေရသည့် မြန်မာ့လူ့ဘောင်လောကကြီးကို မည်သို့မည်ပုံ မြှင့်တင်ပံ့ပိုးရမည်ကို ညာဏ်ရည်မြင့်မြင့် စဉ်းစားဆုံးဖြတ် လုပ်ကိုင်ကြရမည့်အစား ယခုတဖန်လာပြန်ချေပြီ ပညာရေးကို ပေါတိပေါချာ တန်ဘိုးသတ်မှတ်မှုတွေက ကမ္ဘာက ရယ်သွမ်းသွေးတော့မည်ဖြစ်သည်။

ဆိုလိုသည်မှာ ဧပြီလ(၄)ရက်နေ့ထုတ် သတင်းစာပါ မူလတန်းပြ နေ့စားလပေး ဆရာ၊ ဆရာမအလုပ်အတွက် အလုပ်ခေါ်စာပင်ဖြစ်သည်။ အဆိုပါကြေညာချက်တွင် နေ့စားလပေး ဆရာ၊ ဆရာမရာထူးအတွက် လျှောက်ခွင့်ရှိသည့် ပညာအရည်အချင်းတွင် “ပါရဂူ” ဘွဲ့ (Ph.Dဘွဲ့)ရရှိထားသူများကိုပါ နင်တို့နဲ့ဒါပဲတန်တယ်၊ အလုပ်လိုချင်လျှောက်ထား ဆိုသည့်စော်ကားမော်ကား ကြေညာချက်ပင်ဖြစ်သည်။

ဆိုတော့ ပြောစရာကတော့ ရှိလာပြီဖြစ်သည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟုခေါ်ဆိုသော အနှီ အာဏာပိုင်တို့၏ ပညာရေးအပေါ် အကဲဖြတ်ချက်များကို ကျနော်တို့ ပြန်စဉ်းစားရတော့မည်ဖြစ်သည်။ ထိုသူများသည် အမှန်တကယ်ကော တိုင်းပြည်၏ ပညာတတ်များကို ထိုက်သင့်သည့် နေရာ၊ ရာထူးပေးအပ်ကာ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် လုပ်ကိုင်ချင်သောဆန္ဒ အမှန်ရှိပါ၏လော။ မရှိ၍ ဤသို့ ရုပ်ပျက်ဆင်းပျက် ပေါက်တတ်ကရ လျှောက်ပြော လျှောက်ရေး လုပ်ခြင်းဟုသာ ပြောဆိုရတော့မည်၊ ထို့အပြင် အဆိုပါပုဂ္ဂိုလ်များ ကိုယ်တိုင်ကကော ပညာရေးအဆင့်အတန်း အသီးသီးကို မည်သို့တန်ဘိုးထား လေ့လာလိုက်စားရမည်ကို နားလည်ပါ၏လော၊ ရှိကောင်းရှိနိုင်ပါမည် သို့ရာတွင် ကမ္ဘာ့ဗဟုသုတ မဲ့ ၍ဟုသာ ဆိုရတော့မည်။

ငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ်ကစ၍ မိခင်မှစကာ ဆရာ၊ ဆရာမများထံမှ ပညာသင်သားတို့သည် လေ့လာနာယူ လိုက်နာကျင့်ကြံခဲ့ကြရသည်မှာ အမှန်ပြောကြေးဆိုလျှင် သေဆုံးသည်အထိ လေ့လာသင်ယူ နေရမည်သာဖြစ်သည်။ စာဖတ်ခြင်းဆိုသည်ကိုကပင် သင်ယူနေခြင်းသာဖြစ်သည်။ လူတိုင်းအရာအားလုံးကို အကုန်မသိနိုင်၊ ထို့အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအတွက် သက်ဆိုင်ရာ ပညာရှင်များက ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အဆင်မြင့်ဆုံးသော ဘွဲ့ဒီကရီတွေအထိ စာသင်သားများအား ပေးအပ်ချီးမြှောက်ကာ အရည်အသွေး မြှင့်တင်နေကြခြင်းဖြစ်သည်။

အလွယ်ပြောရမည်ဆိုလျှင် ပညာရေးတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှစကာ အဆင်မြင့်ပညာဖြစ်သော (Advanced education) တွင် ရိုးရိုးဘွဲ့၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ဟုခေါ်သော ပညာရှင်အဆင့် ချီးမြှောက်ခြင်းတို့ တိုင်းနိုင်ငံအသီးသီးတွင် ရှိကြသည်၊ ထို့အတွက် မဟာပညာတတ်အစိုးရမှ ခေါ်ဆိုသော နေ့စားလပေး ဆရာဆရာမရာထူးသည် မြန်မာပညာတတ်များကို ချီးမြှောက်သော အံ့မခန်းဟာသ တခုဟုပင်ပြောရတော့မည် ဖြစ်သည်။

လွန်ခဲ့သော (၂)နှစ်ခန့်က အရှေ့တောင်အာရှနိုင်ငံတခုလည်းဖြစ် ဖွံ့ဖြိုးစနိုင်ငံ(developing country) တခုလည်းဖြစ်သော ထိုင်းနိုင်ငံ၏ ပညာရေး ရည်မှန်းချက်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတခု ပြုလုပ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် သတင်းတပုဒ်ဖတ်ခဲ့ရဖူးသည်။ အဆိုပါရည်မှန်းချက်မှာ သူတို့နိုင်ငံတွင် လာမည့်သက္ကရာဇ် (၂၀၂၅)၌ ပါရဂူဘွဲ့ ရရှိပြီးသူပေါင်း (၁၅၀၀၀)ခန့် အနည်းဆုံးရှိအောင် ပညာရေးကို အစွမ်းကုန်တိုးမြှင့် ကူညီထောက်ပံ့သွားမည် ဆိုတာဖြစ်သည်။ ကြည်နူးရပေစွ။ သို့ရာတွင် အဆိုပါ ပါရဂူဘွဲ့ရ ဆိုသူများမှာလည်း သာမာန်ညောင်ည ပေါပါပဲပဲ ဤဘွဲ့ကို ရယူဖို့ရန် မဖြစ်နိုင်ချေ။ အမှန်တကယ် နိုင်ငံတကာက ပညာရှင် ပရော်ဖက်ဆာ၊ ပါမောက္ခကြီးများကိုယ်တိုင်က လက်ခံမှာသာ ပေးအပ်ချီးမြှင့်မည့် ပါရဂူဘွဲ့ဖြစ်သည်။ ထို့ကြောင့်နိုင်ငံတကာအလယ်တွင် ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက် ပုဂံရောက်ရောက်ဆိုသည့် မောင်ရင်ငတေ လိုမျိုး လုပ်၍မရ၊ မဟုတ်ခဲ့လျှင် ပျက်ရယ်ပြုခံရမည်သာဖြစ်သည်။

ဆိုတော့ ပါရဂူဘွဲ့ဆိုသည်ကကော နိုင်ငံတကာအလယ်တွင် ပေါချောင်ကောင်း ရလွယ်ပါ၏လား၊ ပြောရတော့မည် လုံးဝမဟုတ်ပါ၊ မိမိရေးသားလာသော စာတမ်း၊ စာစုများကို မိမိပါမောက္ခက အကြိမ်ကြိမ် ဆွဲယူလွှင့်ပစ်တာကို မျက်ရည်ကျခံ ကြိုးစားကာ ကျားကုတ်ကျားခဲ လေ့လာသင်ယူရခြင်းမှ ရရှိလာနိုင်သည့် ပညာအဆင့်အတန်း တခုဖြစ်သည်။ ထို့အပြင် အဆိုပါပညာအဆင့်အတန်းအတွက် တက္ကသိုလ်တခုခုမှ ဒုတိယဒီကရီဖြစ်သော မဟာဘွဲ့တခုခု ရရှိပြီးသူများသာ ယေဘူယျအားဖြင့် ဆက်လက်ပြုစုလေ့လာခွင့်ရသော ဘွဲ့ဒီကရီသာဖြစ်သည်။ ဤနေရာတွင်တော့ ထူးချွန်ပြောင်မြောက်သူများကို တခုတ်တရ ချီးကျူးပေးအပ်သည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များကိုတော့ ထည့်သွင်းမဆွေးနွေးလိုပေ။ ဆိုတော့ စာသင်သားတဦးအနေဖြင့် မူကြိုဘဝမှစကာ နောင်အနှစ်(၂၀)ခန့်အနည်းဆုံး ပညာသင်ကြားမှုကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည့် ထူးချွန်သူများသာ ဤနေရာအဆင့်အတန်းကို ဆွတ်ခူးကြရပေသည်။ ဤအတွက် နှစ်ပေါင်းများစွာ ကုန်ကျခဲ့ရသည့် ငွေကြေးကုန်ကျမှုကိုတော့ မိမိတို့ဘာသာ စဉ်းစားတွက်ချက်စေလိုသည်။

ဤသို့ရင်းနှီးလာခဲ့ရသော ပညာအဆင့်အတန်းတခုကို မိမိတို့နိုင်ငံ အာဏာပိုင်တချို့က ဤသို့ဤပုံ အကဲဖြတ်ခဲ့ခြင်းကတော့ လွန်စွာရုပ်ဆိုးလှပေသည်။ ယခုပေးမည့် လစာသည် သိရှိရသော သတင်း၊ အချက်အလက်များအရ တနေ့လျှင် (၂၇၀၀)ကျပ်(၂ဒေါ်လာကျော်) ဖြစ်ပြီး၊ ကျောင်းပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေလို နေ့မျိုးတွေအတွက် အကျိုးခံစားခွင့် မရှိသလို၊ တလမှာရက်(၂၀)အတွက် (၅၄,၀၀၀ကျပ်)ကို ရရှိကာ၊ ယခင်ရှားပါးစားရိတ်ခေါ်သည့် ယခုပေါကြွယ်စရိတ်(၃၀,၀၀၀ကျပ်)ကိုမှု ခံစားခွင့်တွင် မပါဝင်ဟုသိရ၏။ ဆိုတော့ တလလျှင် ကျပ်ငွေ(၆၀,၀၀၀)ဝန်းကျင် (ဒေါ်လာ၃၀ခန့်) ဖြင့် မိမိအပင်ပန်း အဆင်းရဲခံကာ လေ့လာဆည်းပူးခဲ့ရသည့် ပညာ၏တန်ဘိုးကို အကဲဖြတ်ခံလိုက်ရခြင်းသာဖြစ်သည်။

ကမ္ဘာလောကကိုနားလည်အောင် မကြိုးစား၊ မကြိုးစား၍ နားမလည်၊ နားမလည်၍ မသိ၊ မသိ၍ ပေါက်တတ်ကရ ပြောဆိုတတ်ခြင်းသည် လူ့ဘောင်လောကအတွက် အဆိပ်အတောက် ဖြစ်စေသည်။ မဟာပညာတတ် အစိုးရမင်းများ သတိချပ်စေချင်သည်။ တခုတော့ အသိပေးချင်ပါသည်။ နိုင်ငံတကာတွင် ယခုအခါပညာရေးကို ရင်းနှီးမြုပ်နှံမှုတခု (investment) အဖြစ် တက်လှမ်းဆောင်ရွက်နေကြပြီဖြစ်သည်။ ပညာသင်သားတယောက် ပါရဂူဘွဲ့ရဖို့အတွက် အရင်းအနှီးသည် တက္ကသိုလ်အပေါ်လိုက်၍ ဖွံ့ဖြိုးစတိုင်းပြည်တခုတွင် ကျပ်ငွေသန်း၃၀ (ဒေါ်လာ၃သောင်း)ခန့် အနည်းဆုံးကုန်ကျပြီး ဖွံ့ဖြိုးပြီးတိုင်းပြည်တခုတွင်မူ ယခုထက်ပိုမိုကုန်ကျလေ့ရှိသည်။ ထို့သို့သော အရင်အနှီးများကြောင့် အဆိုပါပါရဂူဘွဲ့ရများအား ပြန်လည်ချီးမြှောက်သော နိုင်ငံတကာစံချိန်လစာသည် အနည်းဆုံးတလလျှင် ကျပ်ငွေသိန်း၂၀(ဒေါ်လာ၂၀၀၀) ထက်မနည်း ပေးအပ်ရပေသည်။ ဤသို့နှိုင်းယှဉ်ကြည့်လျှင် ၃-၄နှစ်ခန့် ကုန်ကျခံကာ ပညာလေ့လာဆည်းပူးခဲ့ရသည့် ပါရဂူတန်းကျောင်းသားတယောက်၏ ပညာရေး ကုန်ကျစားရိတ် အတွက် ရရှိမည့် မြန်မာပြည်၏ ပြန်လည်ချီးမြှောက်မှုက တနှစ်လျှင် ကျပ်ငွေ၈သိန်း (ဒေါ်လာ ၅၀၀) မကျော်သည့် အကဲဖြတ်တန်ဘိုးပင် ဖြစ်တော့သည်။

ဆက်စပ်၍ ပြောဆိုရမည်ဆိုလျှင် မြန်မာနိုင်ငံ၏ အခြေခံပညာကျောင်းများကို ထိန်းသိမ်းစောင့်ရှောက်ရသော ကျောင်းအစောင့်၏ လစာနှုန်းထားမှာ (၅၅၀၀၀-၆၀၀၀၀ကျပ်)၊ ပေါကြွယ်စရိတ် (၃၀၀၀၀ကျပ်)အပါအ၀င် စုစုပေါင်း (အနည်းဆုံး ၈၅၀၀၀ကျပ်) ရရှိကာ၊ နွေရာသီပိတ်ရက်ကိုပါ ခံစားခွင့်ရရှိလေ့ရှိသည်။ ထို့အတွက် ပညာ အရည်အချင်းကတော့ ရေးတတ်၊ ဖတ်တတ်လျှင်ရ၏ဟုဆိုသည်။ ဤသို့ဆိုလျှင် အနှစ်(၂၀-၂၅)နီးပါး ငွေကုန်ခံ အချိန်ကုန်ခံ၊ အပင်ပန်းအဆင်းရဲခံကာ ပါရဂူဘွဲ့ယူကာ အဆိုပါချီးမြှင့်ငွေကို ကျေနပ်လက်ခံမည်လား၊ သို့မဟုတ် မူလတန်းအဆင့်သာသာ ကျောင်းတက်ကာ ကာယဗလအားကိုးဖြင့် ကျောင်းအစောင့်အရှောက်သာ လုပ်မည်လား ကျနော်တို့၏ မြန်မာပါရဂူများအတွက် မေးခွန်းထုတ်ရတော့ပေမည်။

မှတ်မိတာတခုတော့ ပြောချင်သည်။ နိုင်ငံတကာက ပညာရှင်တွေ၊ အာဏာပိုင်တွေနှင့်ဆုံတိုင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလေ့ရှိသည်၊ မြန်မာပြည်အနာဂတ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ပညာရေးကို ရင်းနှီးမြုပ်နှံရမည်တဲ့။ အဆိုပါစကားက နိုင်ငံတကာ တက္ကသိုလ်အသီးသီးက သူမ၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်များကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ အတော်များများ ရယူလက်ခံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်အပေါ်ထားရှိသည့် စေတနာစကားပင်။ သို့အတွက် တိုင်းပြည်အနာဂတ်ကို ကောင်းမွန်စေလိုလျှင် ကျနော်တို့အနေဖြင့် မှန်ကန်သော ပညာရေးရင်နှီးမြုပ်နှံမှုကို ထဲထဲဝင်ဝင်ပြုလုပ်ဖို့လိုသည်။

တခုတော့ တိတိပပ ပြောဆိုလိုသည်။ တိုင်းပြည်ကို မချစ်လျှင်နေပါ မနှစ်ဖို့တော့လိုသည်။ ငါတို့ခေတ်တုန်းက မင်းတို့လောက် အခွင့်အလန်းတွေ မရခဲ့ဖူးဘူး၊ မင်းတို့ဒီလောက်ရတာ တော်ရောပေါ့ဟု စည်းလွတ်ဝါးလွတ်တော့ မပြောပါနှင့်၊ ယခုခေတ်လူငယ်တွေဟာ ခင်ဗျားတို့ဖျက်ခဲ့တဲ့ တိုင်းပြည်ကို ပြန်လည်လူရာသွင်းရမှာဖြစ်လို့ မသိ၊ မတတ်လျှင် အသာနေပါ၊ ပညာရေးကိုတော့ မစော်ကားပါနှင့်ဟု ပြောလိုသည်။

သက်ခိုင်
(၁၃း၅၈) နာရီ
(၂၆.၄.၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

6 Responses to သက်ခိုင် – မဟာပညာတတ်အစိုးရ၊ ပါရဂူဘွဲ့ရှင်နှင့် ကျောင်းစောင့်

  1. Soe myint on April 28, 2014 at 10:30 am

    ကောင်း လိုက် တဲ့ ဆောင်း ပါး။ ပ ညာ တန် ဖိုး နား မ လည် တဲ့ နလ ဘိန် တုံး လူ. အ န် ဓ များ ကြောင့် မြန် မာ ပြည် သူ အ များ ဆင်း ရဲ တွင်း နက် ခဲ့ ရ သ လို နိုင် ငံ တ ကာ အ လယ် မှာ မျက် နှာ ငယ် ကြ ရ ပါ တယ်။

  2. Hla Myint on April 28, 2014 at 1:01 pm

    ဒေါ်စုက ဘွဲနင်းသဘင်ကိုစစ်တော့ တက္ကသိုလ်ကျောင်းရဲ့အမှတ်တံဆိပ် (LOGO )ရဲ့အဓိပ္ပါယ်က ဘါလဲလို့ ပါ/ချုပ်ကိုမေးတော့ပါချုပ်ကမဖြေနှိုင်ဘူးတဲ့ဗျာ..။အဲဒါသာကြည့်ပါတော့ ဆရာရေ့..။

  3. catwoman on April 28, 2014 at 8:50 pm

    there are teachers in other countries who teaches elementary school with a Phd because early education is very imp but I m sure they make more than 2 $ per day. we need to change the education system and it s very imp.
    it s a good article. no disrespect to u win tin but I think there are way too many articles on hime recently. we need a break.
    we need to encourage students to participate. burmese people are not assertive b/c they had never been told or encouraged to speak up or express their opinions in school. everything is about memorizing and we are supposed to be afraid of the teacher and we cant question. i hated history b/c it s so boring and everything is about memorizing. they should make it more interesting.

  4. Ba Gyi Aung on April 28, 2014 at 9:25 pm

    It shows the state of education in Burma. It shows how low the standard of the system of education has come to.

  5. Htwe on April 29, 2014 at 9:03 am

    They just tried to insult our educated people as they have no brains, and hearts.
    Thanks for the all good points article. With Kind Regards.

  6. ko ko maung on April 29, 2014 at 1:47 pm

    That means Burmese Gov didn’t understand how to educate their people to re-build the country but they really understand well how to destroy the mental.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်