ကိုရာဇာ – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း

May 15, 2014

ဦးဝင်းတင်နဲ့ နေထိုင်ခြင်း
ကိုရာဇာ
မေ ၁၅၊ ၂၀၁၄
 

 

ဦးဝင်းတင်နဲ့ ဟီရိသြတပ္ပတရား (ဆရာမြသန်းတင့်)
အဘကိုလူငယ်တချို့က လက်ရှိပညာရေးချို့တဲ့မှုတွေကို ပြောရင်အဘက အလိုက်သင့်ပြုံးပြီးနား ထောင်နေတတ်ပါတယ်။ လက်ရှိ လူငယ်တွေ ဘွဲ့ရပညာမတတ်ကိစ္စ ကဗျာဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်) နဲ့ ရံဖန်ရံခါတွေ့ကြုံရင် ဆွေးနွေးတတ်ပါတယ်။ ကျနော့် ကိုပြောတာကတော့ … “မင်းတို့ကသာ ထင်လို့ပါ။ ငါတို့ခေတ်ကလည်းပညာရေးညံ့တာပဲကွ။ ကျွန်ပညာရေးတောင် ပြောသေးမဟုတ်လား။ အခုခေတ်ကတော့ စစ်ကျွန်ပညာရေးဆိုတော့ ပိုဆိုးတာပေါ့လေ။ ငါတို့လည်း တတ်ရုံပါ။ တခုရှိတာက အင်္ဂလိပ်လိုကျတော့ ငါတို့ခေတ်က သေချာသင်ရတာပေါ့။ ကျောင်းသားကနည်းတော့ ဆရာတွေကလည်း ဂရုစိုက်ကြတာပေါ့။ တစ်ခုရှိပါတယ်ကွာ ကျောင်းကသင်တာချည်းလုပ်နေလို့တော့ သိပ် ချွန်လာမယ်မထင်ဘူး ငါကတော့”

အဲ့သလိုပြောရင်းသားနဲ့ အဘ တက္ကသိုလ်ကျောင်းသားဘ၀ကို လွမ်းမောသွားဟန်တူပါတယ်။ တက္ကသိုလ်ကျောင်းသားဘ၀ သူငယ်ချင်း တွေဖြစ်တဲ့ ဆရာကြီးမင်းယုဝေ (အဘအခေါ် ကိုဝင်းမောင်) ဆရာကြီးမြသန်းတင့်တို့အကြောင်းတွေ ပြန်ပြောပြနေတတ်တယ်။ သူက ဆရာကြီးမင်းယုဝေကိုကြည့်ပြီး ကဗျာဆရာဆိုတာ သဘောပေါက်ခဲ့ကြောင်း အဲ့ဒါနဲ့ ကဗျာဆရာဘ၀ကိုမခံယူဘဲ သတင်းသမားအဖြစ်နဲ့ သာ သူရှင်သန်နေထိုင်သွားရမှာကို သဘောပေါက်သွားတယ်ဆိုတဲ့အကြောင်း စကားကောင်းနေပြန်ရော။ ဆရာမြသန်းတင့်နဲ့ သူကတော့ အဆောင်တစ်ခုတည်းနေ ရင်း ကျောင်းတက်လာကြောင်း ပြောပြတတ်တယ်။ အဘက အဲ့သလိုပြောနေရင်းက ရုတ်တရက်စကား လမ်းေ ကြာင်းပြောင်းသွားတယ်။

“ငါကိုမြသန်းကို တောင်းပန်ဖူးတယ်ကွ…..”

စကားကအဆက်စပ်မဲ့နေတော့ကျနော်တောင် ယောင်ကြောင်အ၊ စကားဆက်မရဖြစ်သွား သေး။အဘကဆက်ပြောပါတယ်။

“ငါနဲ့ ကိုမြသန်းကသူငယ်ချင်းအရင်းကွာ။ သူနဲ့ငါနဲ့က အတန်းတွေ ဘာတွေ တက်ချင်မှလည်း တက်တာ။ ဟိုသွား ဒီငေး သူရေးတာ ငါ့ပေး ငါရေးတာ သူဖတ်ဆိုသလိုကို ရင်းတာ။ မဂ္ဂဇင်းတွေ ဘာတွေလည်း ကဗျာသွားပို့ကြပေါ့ကွာ။ သူရော ငါရော ရွှေဘိုဆောင်နေတာ။ အဲ့မှာကတည်းက ငါဓာတ်ပုံရိုက်တယ်။ ငါ့အခန်းကို အမှောင်ခန်းလုပ် ဖလင်ထုတ်ကြည့်တယ်။ သူကတော့ စာပဲရေးနေတာပဲ။ တချိန်လုံး အဲ့သလို ပေါင်းလာခဲ့ကြတာကွ”

အဘပြောနေတဲ့အထဲမှာ အဘနဲ့ဆရာမြတို့ ဘယ်လိုဖြစ်လို့ ဘာကြောင့်တောင်းပန်ရတယ်ဆိုတာ ပါမလာဘူးဗျာ။ ကျနော်လည်း အဘ စကားကောင်း လမ်းကြောင်းမပြောင်းစေချင်လို့ ပေတေပြီး နားသင့်ရုံစွင့်နေတာပေါ့ဗျာ။

တသခြင်းတွေနဲ့ အေးအေးသက်သာပြောနေတဲ့ အဘ စကားဆက်ပါတယ်။

“အဲ့လိုနေလာရင်း ကျောင်းပြီးတယ်ပေါ့ကွာ။ ကျောင်းပြီးတော့ သိပ်မကြာဘူး ငါကလည်း စာပေဗိမ္မာန်မှာ ၀င်လုပ်တယ်။ သူနဲ့လည်း နည်း နည်းအနေဝေးသွားတယ်ဆိုပါတော့။ အဲ့ဒီတုန်းမှာ စာအုပ်တစ် အုပ်ထွက်လာတယ်။ ကိုမြသန်းနာမည်နဲ့ပေါ့ကွာ။ မြသန်းတင့်မဟုတ်သေး ဘူး။ စာအုပ်ပါးကလေးပဲ။ ပထမပိုင်းစာအုပ်က ရုရှစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းရေးတဲ့ စစ်နဲ့ငြိမ်းချမ်းရေးကွ။ အဲ့ဒီမှာ ငါဘယ်လို စဉ်းစား သဘောထားမိသဲဆိုတော့ သြော်…ကိုမြသန်းဟာ ၀ီရိယအကျိုးကို ခံစားရပါ့လား။ ငါနဲ့သူ တစ်ကျောင်းတည်းတက်လာတာ အင်္ဂလိပ်စာလည်းသူနဲ့ အတူတတ်တယ်။ ဗမာစာလည်း သူတတ်သလောက် ငါလည်းတတ်တယ်။ အခုတော့ သူက၀ီရိယရှိလို့ စာအုပ်က လေး ဘာသာပြန်ထုတ်တယ်စဉ်းစားမိသွား စိတ်ကထားမိသွားတယ်ကွာ”

ပြီးတော့ အဲ့ဒီစာအုပ်ကို ဖတ်ဖူးသလားကျနော့်မေးတယ်။ ကျနော်ဖတ်ဖူးတယ်ပြန်ပြောတော့ သူ အတော်လေး ကျေနပ်ဟန်တူသွားပါတယ်။ ဒီစာအုပ်ထဲကဇာတ်ကောင်တွေ အကြောင်းကျနော့်ကို ရှင်းပြနေသေးတယ်။ အဘ ဆရာမြကို ဘယ်လိုတောင်းပန်ရတာလည်းမေးတော့မှခုနင်စကားဖြတ် ပြန်ဆက်ပေးလိုက်ရတော့တာပါ။

“ခုနကမင်းကိုပြောတာ စာအုပ်ပထမပိုင်းထွက်လာတာနော်။ အေး…အေးဒီလိုနေရင်းသား နောက်လနောက်လတွေမှာလည်း စစ်နဲ့ငြိမ်း ချမ်းရေး စာအုပ်တွဲတွေ ဟောတစ်အုပ်…ဟောတစ်အုပ်ထွက်လာတော့မှ ငါလည်းမျက်လုံးပြူးသွားတော့တယ်။ ငါတော့ ကိုမြသန်းကိုစော်ကားမိသလိုဖြစ်သွားပြီ။ ဒီလူဟာ ၀ီရိယအကျိုးခံစားရတာမဟုတ်ဘူး။ ဒီလူဟာ အလုပ်တကယ်လုပ်တဲ့ လူတော်တစ်ယောက် ငါက ဒီလို အလုပ်လုပ်တဲ့လူတစ်ယောက်ကို ပစ်မှားမိသလိုဖြစ်သွားပြီကွာ။ ပြောရရင်တော့ ကိုမြသန်း မျက်နှာမြင်ယောင်တိုင်း ငါမျက်နှာပူတယ်။ တစ်နေ့ကျတော့ ငါမနေနိုင်တော့ စမ်းချောင်းနေတဲ့ ကိုမြသန်း အိမ်သွားပြီး ကိုမြသန်းရေခင်ဗျားကို ကျနော် တောင်းပန်စရာရှိလို့လာတယ်ဗျာ ဆိုတော့ သူကဟာ….. ဘာတွေပြောနေတာတုန်း။ ခင်ဗျား ကျနော့်အပေါ် ဘာမှကျူးလွန်မထားတာကြီးကို ကျနော်က ဘာဗွေယူ နေလို့ တောင်းပန်ရမတုန်း။ ခင်ဗျားမှာ ကျနော့်အပေါ် တစ်စုံတရာ ကျူးလွန်ထားရင်တောင် ကျနော့်မှာ ဘယ်လိုမှမနေပါဘူးဆိုပြီး ပြန်ပြောတယ်။ ငါကခုနကလိုပေါ့ကွာ ခင်ဗျားစာအုပ်ကလေးထွက်တုန်း ကျနော်က အလုပ်မလုပ်ပဲ အလုပ်လုပ်တဲ့ လူတော်တစ်ယောက်အပေါ် အဲ့ဒီ လိုစိတ်ထားပြစ်မှားမိတာ ခွင့်လွှတ်ပါဆိုတော့ သူကရယ်တယ်။ သူပြန်ပြောတာရှိတယ်။ ကိုဝင်းတင် ဒါခင်ဗျား ဘယ်သူ့ကိုမှမပြောဖူးပဲ ခင်ဗျားပြောမှသာကြားဖူးတာပါ။ ခင်ဗျားအတော်ရိုးတဲ့လူ။ ဒီကိစ္စတောင်းပန်စရာမလိုဘူးပြန်ပြောတယ်။ ငါကတော့ ကျနော် ဘယ်သူ့ကိုမှ တော့ ဒီအကြောင်းမပြောပါဘူး။ ကျနော့်စိတ်မှာဖြစ်တာလေးကို ကျနော်လိပ်ပြာမလုံဖြစ်တာပါ။ ခင်ဗျားအပြစ်လွှတ်တယ်ဆိုရင်ဖြင့် ဟန်ကျပါပြီဆိုပြီး ငါလည်းပြန်လာခဲ့တော့တယ်”

ကျနော်ပါးစပ်အဟောင်းသား ငေးသွားမိတယ်။ ဟီရိသြတပ္ပတရားဆိုတာဘာလဲ။ မိမိလိပ်ပြာဟာဘာလည်း၊ သူတော်ကောင်း တရား ဆိုတာဘာလဲဆိုတာ အဘစကားနားထောင်ပြီးပြီးချင်းပဲ သံဝေဂတရားပွားများမိပါတယ်။ ကျနော်တို့လို တောမရောက် တောင်မဖြစ် ကောင်တွေသာ မာန်တက်နေကြတာဗျ။ သူတော်ကောင်းများဟာ နှိမ့်ချခြင်းတရား လက်ကိုင်ထားပြီး ကိုယ့်လိပ်ပြာကိုယ်လုံအောင် ဆောင် ယောင်သွားကြတာလား …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုရာဇာ, လူများ၊ ရုပ်ပုံလွှာများ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်