အရေးယူဆောင်ရွက်ခြင်း မရှိသော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း နှင့် ရှေ့အနာဂတ်

May 22, 2014

အရေးယူဆောင်ရွက်ခြင်း မရှိသော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း နှင့် ရှေ့အနာဂတ်

ဆက်သွယ်ရေးဝန်ထမ်းတဦး၊ မေ ၂၂၊ ၂၀၁၄ (မိုးမခထံပေးစာကဏ္ဍ)

 

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း BSC ဌာန ၀န်ထမ်းအချို့  နှင့် အပြင် ဆက်သွယ်ရေး ၀န်ဆောင်မှု့ ကုမ္ပဏီများဖြစ်ကြသော Asia Mega Link, ELite တို့မှ ၀န်ထမ်းများ ပူးပေါင်းပြီး ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူခြင်း လုပ်ငန်းများအား အကျိုးတူ ဆောင်ရွက်ပြီး ၄င်းဝန်ထမ်းအချို့ မှ တာဝါတိုင်များအား သတ်မှတ် စံချိန်စံညွန်းများနှင့် အညီ ဆောက်လုပ်ခြင်း မရှိပဲ ၄င်းတို့ ကိုယ်ကျိုးအတွက် တာဝါတိုင် တစ်ခု ဆောက်လုပ်ခြင်းမှ ငွေကျပ် သိန်း ၂၀ မှ သိန်း ၃၀ ၀န်းကျင် အထိ ရယူလုပ်ဆောင်လျက်ရှိသည် ဟုကြားသိနေရပါသည်။

ထို့အပြင် ဆက်သွယ်ရေး ၀န်ကြီး လက်အောက်ရှိ တာဝန်ရှိသူများဖြစ်ကြသော CE,EE,AE နှင့် ၀န်ကြီး PSO များ မှ လည်း ဆက်သွယ်ရေးလုပ်ငန်းနှင့်MEC တို့မှ တာဝါတိုင် ခွဲတမ်းများချပေး ခြင်းများ ကို အကျိုးတူ လုပ်ဆောင်လျက်ရှိနေသည်ဟုကြားနေရပါသည်။

လက်ရှိအချိန်အထိ ဆက်သွယ်ရေး ကွန်ရက်များ သိသိသာသာ ပြောင်းလဲ ကောင်းမွန်လာခြင်းမရှိပဲ ဖုန်းခေါ်ဆိုမှု ခက်ခဲခြင်း၊ အင်တာနက်သုံးစွဲမှု နှေးကွေးခြင်း များဖြစ်ပေါ်လျက်ရှိနေပါသည်။

ထို့အပြင် မြန်မာ့ ဆက်သွယ်ရေး  ရန်ကုန် OCS ဌာန မှလည်း သက်တမ်းလွန် Prepaid   SIM Card များကို အခကြေးငွေယူပြီး လိုင်းပြန်ဖွင့်ပေးနေသည့် အတွင်း သတင်းများလည်း ကြားနေရပါသည်။ လာဘ်ပေးလာဘ်ယူမှုများ လည်း ယနေ့အထိတိုင် ရှိနေဆဲဖြစ်ပြီး ၀န်ဆောင်မှု ကြန့်ကြာ ညံ့ဖြင်းခြင်းများကလည်း မြန်မာ့ဆက်သွယ်ရေးအတွက် ကြီးမားသည့် ပြသာနာတစ်ရပ်ပင်ဖြစ်သည်။

အထက်လူကြီးများ အနေဖြင့်လည်း အရေးယူဆောင်ရွက်မှု မရှိသလောက် အားနည်းခြင်း၊ ကပ်ဖား၊ ရပ်ဖား၊ စားဖား၊ ပေါင်းဖား သမားများကိုသာ ဦးစားပေး နေရာပေးခြင်းများရှိနေခြင်း များက မကြာမီ အချိန်တွင် နိုင်ငံခြား အော်ပရေတာများ နှင့် ယှဉ်ပြိုင်ရတော့ မည်ဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။မြန်မာ့ဆက်သွယ်ရေး မှ ၀န်ထမ်းများ ယခုပုံစံအတိုင်းသာ ဆက်လက်ပြုမူ လုပ်ဆောင်သွားပါက၊ ဂျပန် ကုမ္ပဏီများနှင့်ပူးပေါင်းသည် ဆိုသော်ငြား၊ မူပြောင်းသော်လည်း လူမပြောင်း ဆိုသောကြောင့် ထူးမခြားနားသာ ဖြစ်လာဦီးမည်ဖြစ်ပေတော့သည်။

 

ဆက်သွယ်ရေး ၀န်ထမ်းတစ်ဦး

(Photo Credit – YOZZO.com )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မိုးမခကို ပေးတဲ့စာ

2 Responses to အရေးယူဆောင်ရွက်ခြင်း မရှိသော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း နှင့် ရှေ့အနာဂတ်

  1. ဦးစံရှား on May 28, 2014 at 12:02 pm

    Expired ဖုန်းတွေ အခကြေးငွေယူပြီး လိုင်းပြန်ဖွင့်ပေးနေသည့် ရန်ကုန် OCS ဌာန မှ အောင်ကျော်သက် နှင့် ဇနီးများ

  2. ဦးစံရှား on May 28, 2014 at 12:13 pm

    တာဝါတိုင်တွေကတော့ သူ့ခွဲတမ်းနဲ့သူ…လုပ်စားနေကြတာပါပဲ ။ လုပ်ပိုင်ခွင့်ရှိထားတဲ့သူတွေပေါ့ ၀န်ကြီး PSO တွေ၊ ဆက်သွယ်ရေး စီမံကိန်းဌာန၊ CE ခင်မောင်ထွန်း လည်း နောက်ကွယ်ကပေါ့၊ ကျန်တာ CE လက်အောက်က မျှဝေမျှစား EE တွေ AE တွေ ပေါ့

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်