NDF ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း နာရေး

May 24, 2014

NDF ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း နာရေး

ဟန်သစ်နိုင်
မေ ၂၃၊ ၂ဝ၁၄


အမျိုးသားဒီမိုကရေစီအင်အားစု
(NDF ပါတီ) ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း ဈာပနကို မေ ၂၃ ရက် နံနက်က ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ပြုလုပ်ခဲ့သည်။

ပါတီဝင်များနှင့်မိသားစုဝင်များ မိတ်ဆွေအပေါင်းအသင်းများက ဒေါက်တာသန်းငြိမ်း၏ နောက်ဆုံးခရီးသို့ တက်ရောက် ဂါရဝပြုခဲ့သည်ကို တွေ့ရသည်။
ဈာပနအစီအစဉ်တွင် NDFအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဒေါက်တာသန်းငြိမ်း အထ္ထုပ္ပတ္တိကိုဖတ်ကြားခဲ့ပြီး၊ NDFမှ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာဦးဝင်းနိုင်က ပါတီ၏ အမိန့်စာကို ဖတ်ကြားခဲ့သည်။

 

အဖ ဦးတင်ညွှန့်၊ အမိ ဒေါ်ခင်ညွှန့်တို့၏သား ဒေါက်တာသန်းငြိမ်းကို (..၁၉၃၈) ရက်နေ့က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ခနောင်အရှေ့ကျေးရွာတွင် မွေးဖွားသည်။

 

၁၉၅၄ တွင် ရန်ကုန်မြို့မ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး ရန်ကုန်ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကို ၁၉၆၃ခုနှစ်တွင် ရရှိခဲ့သည်။ တက္ကသိုလ်တက်နေစဉ်အတွင်း ကျောင်းသားလှုပ်ရှားမှုများနှင့် ရန်ကုန်ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။

တောင်ငူခရိုင်နှင့် မြင်းခြံခရိုင်တွင် အနာကြီးရောဂါတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ မြင်းခြံခရိုင်တွင် လက်ထောက်ဆရာဝန်အဖြစ်လည်းကောင်း၊ မြို့နယ်ဆရာဝန်အဖြစ် ယခင် ဟံသာဝတီခရိုင်တွင်လည်းကောင်း၊ တောင်ငူခရိုင်ကျောက်ကြီး၊ ဧရာဝတီတိုင်းရေကြည်နှင့် ရှမ်းပြည် ဖယ်ခုံမြို့နယ်တွင်လည်းကောင်း၊ ကုလသမဂ္ဂဝန်ထမ်းဆရာဝန်အဖြစ် သိရိလင်္ကာနိုင်ငံတွင်(၁၉၈၄၈၆အထိ) တာဝန်ယူခဲ့သည်။

 

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံတွင် ဦးဆောင်ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင် အပေးခံခဲ့ရသည်။ ထို့နောက် ကျောက်တန်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သို့ ပါတီဝင်တစ်ဦးအဖြစ် ဝင်ရောက်ခဲ့ပြီး မြို့နယ်ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မြေ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။

 

၁၉၉၆ခုနှစ်တွင် NLD ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီတွင် ဒုဥက္ကဌအဖြစ် တာဝန်ပေးခံရသည်။ ၁၉၉၇ခုနှစ်တွင် ဆေးခန်းဖွင့်သည့်ကိစ္စဖြင့် တရားစွဲခံရပြီး ဆမ လက်မှတ် သိမ်းဆည်းခံခဲ့ရသည်။ ၁၉၉၇ခုနှစ် အောက်တိုဘာလတွင် မရမ်းကုန်းမြို့နယ် NLD လူငယ်ဖွဲ့စည်းရေးကိစ္စ ဆောင်ရွက်မှုဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇နှစ် ချမှတ်ခံခဲ့ရသည်။ အင်းစိန်ထောင်၊ ပြည်ထောင်၊ ပေါင်းတည်ထောင်များတွင် နေခဲ့ရပြီး လွတ်ရက်စေ့သော်လည်း ပုဒ်မ ၁၀(က)ဖြင့် ထပ်မံ၍ တစ်နှစ်စီတိုးပြီး သုံးကြိမ်တိုင်တိုင် ဆက်လက်ချုပ်နှောင်ခံခဲ့ရသည်။ ၂၀၀၈ခုနှစ်၊ စက်တင်ဘာလတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

 

ထောင်မှလွတ်ပြီး NLDပါတီကို ထပ်မံမှတ်ပုံတင်ရန်နှင့် ရွေးကောက်ဝင်သင့်ကြောင်းကို ဦးဆောင် ဆွေးနွေးခဲ့သည်။

 

၂၀၁၀ ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် ဒီမိုကရေစီစနစ်သို့ သွားရောက်နိုင်ရန်အတွက် တရားဝင် နိုင်ငံရေးပါတီတစ်ခု တည်ရှိရန် လိုအပ်ခြင်းနှင့် မပြီးဆုံးသေးသော တာဝန်များကို ဆက်လက် ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကို ဇွန်လတွင် ထူထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ပါတီ တရားဝင်မှတ်ပုံတင်ကျပြီးနောက် ဗဟို အလုပ်မှုဆောင်ကော်မတီအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၂၀၁၂ခုနှစ်တွင် ကျန်းမာရေးအရ ပါတီခေါင်းဆောာင်တာဝန်ကို ပြောင်းလဲထမ်းဆောင်ခဲ့သည်။

 

ဒေါက်တာသန်းငြိမ်းသည် ထောင်ထဲတွင် အသည်းကင်ဆာရောဂါကို ရရှိခဲ့ပြီး ထိရောက်သောကုသမှုများ မခံခဲ့ရပါ။ ထောင်မှလွှတ်ပြီးနောက် စင်္ကာပူနှင့်အိန္ဒိယသို့ အကြိမ်ကြိမ် သွားရောက်ဆေးကုသခဲ့သည်။

 

ပင်လုံဆေးရုံတွင် တက်ရောက်နေစဉ် ၂၁..၂၀၁၄ရက်နေ့ မနက်ပိုင်းတွင် ပါတီတာဝန်ကို ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၆)နှစ်အရွယ် ရှိပြီ ဖြစ်သည်။

 

ဒေါက်တာသန်းငြိမ်းသည် နိုင်ငံရေးစာပေစာတမ်းများကို ရေးသားခဲ့ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းရှင်းတမ်းစာတမ်းမှာ ဒီမိုကရေစီအရေးမြင်ကွင်းတစ်ခု၏ မြင်းကွင်း တစ်ခုကို ပီပီသသ ဖော်ပြထားခြင်းဖြစ်သည်။

တောဆရာဝန်ဘဝ အတွေ့အကြုံစာအုပ်ကို ထုတ်ဝေခဲ့သည်။ အချိုးကျကိုယ်စားပြုမဲပေးစနစ် ပီအာ PRကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်ပြောကြားခဲ့သူလည်းဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, မှတ်စုမှတ်တမ်း, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်