ကာတွန်းဝင်းအောင် – အာဏာရှင် ကောင်းမှု

June 1, 2014

 

အာဏာရှင် ကောင်းမှု 

(သူ့ဖေစ်ဘွတ်ကနေ ကူးပါတယ်)၊ ဇွန် ၁၊ ၂၀၁၄

ကျနော့်ကို အတွေးခေါင်တယ်ပြောပြော တယူသန်တယ်ပဲဆိုဆို အာဏာ ရှင်မင်းဆိုးမင်းညစ်တွေတည်တဲ့ ဘုရားတွေကို ဖူးလေ့မရှိဘူး ။

ပုဂံကို ရောက်ရင် သီဟသူတည်တဲ့ ဓမ္မရံ ကြီးကို ကျနော်မဖူးဘူး။ နောက်ပြီး ဦးနေဝင်းတည်တဲ့ မဟာဝိဇိယ ဆို ရင် ဖူးဖို့နေနေသာသာ ပရဝုဏ်ထဲ တောင် မရောက်ဖူးဘူး ။ ဘာဖြစ်လို့ လည်းဆိုတော့ ဘာသာသာသနာ ကို ကြည်ညိုသဒ္ဒါစိတ်နဲ့ ပြန့်ပွား အောင် တည်တံ့အောင် စိတ်ကော င်း နှလုံးကောင်းနဲ့ တည်ခဲ့တာမ ဟုတ်ဘူးလို့ ယုံကြည်လို့ပါ ။ သူတို့ အာဏာတည်မြဲရေးအတွက် ယတြာချေတဲ့သဘော ဘုရားတ ကာ ကျေင်းတကာအဖြစ် နံမည် ကောင်းယူပြီး သမိုင်းမှာ သာသနာ ပြုမင်းအဖြစ်တွင်စေချင်တဲ့သဘော အမှားတွေကို သာသာရေးနဲ့ ဖုံးကွယ်ချင်တဲ့သဘောလိုပဲ ကျနော်မြင်တယ်။

ကျနော်အဓိက ပြောချင်တာက မန္တလေးက ကျနော့်အမေရောက်နေတယ် အမေက မင်းဓမ္မကုန်းတော်မှာရှိတဲ့ လာဘမုနိကျောက်တော်ကြီးဘုရား ဖူးချင်လို့ ကျနော့်ကို လိုက်ပို့ခိုင်း တယ် ။ (ဒီဘုရားက အားလုံးသိတဲ့ အတိုင်း) အာဏာရှင်ကြီးဦးသန်းရွှေ တည်ခဲ့တဲ့ဘုရားပါ။ ဒီတော့ ကျနော် က လိုက်မပို့ချင်ဘူး ဒါပေမယ့် အမေက ဒီဘုရားဆင်းတုကြီးကို မန္တလေးမှာထုနေတုန်းက စကျင် ကျောက် အကြမ်းထည်ကြီးပဲ တွေ့ ဖူးတာ ဘုရားကြီးပြီးသွားမှ မဖူးရ သေးဘူး ဖူးချင်တယ် ဆိုတော့ ကျနော်လည်းမနေသာတော့ဘူး ဒါနဲ့အမေ့ကို လိုက်ပို့ဖြစ်ပါတယ် ။

လာဘမုနိကျောက်တော်ကြီးဘုရား ရောက်တော့ ဘုရားကိုသေသေခြာ ခြာ မဖူးတွေ့ခဲ့ရပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ ကျောက်ဆင်းထုရုပ်ပွား တော်ကြီးကို လေးဘက်လေးတန် မှန်သားထူထူကြီးတွေနဲ့ ပိတ်ကာ ထားလို့ပါပဲ ။ မှန်တွေက အလင်းပြန် နေတော့ ဘုရားဖူးတွေ ရှင်းရှင်း လင်းလင်း ကြည်ညိုလို့မရတဲ့အပြင် လွတ်လွတ်လပ်လပ်လည်း ဖူးမြော် ခွင့်မရပါဘူး။  ဘာကြောင့် ဒီလိုလုပ် ထားသလဲဆိုတာ ကျနော်စဉ်းစား လို့မရဘူး။  ဒီဆင်းတုတော်ကြီးကို မချီပြီး ခိုးသွားလို့ရတာလည်းမ ဟုတ် ရွှေပွတ်မှာစိုးရအောင် ရွှေ ဆင်းထုလည်းမဟုတ် ပြီတော့ ဘုရားလုံခြုံရေးတွေလည်းရှိနေတာ ပဲ ။

ဘုရားကြီးကိုကြည့်ပြီး ကာတွန်း ဆရာပီပီ ကာတွန်းတွေး တွေးပြီး ပြုံးမိတယ် ။ အာဏာရှင်တည်တဲ့ ဘုရားဖြစ်ရတာလည်း မစားသာပါ လား ။ ဘုရားဖြစ်တာတောင် အကျဉ်းချခံနေရတယ်လို့ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

2 Responses to ကာတွန်းဝင်းအောင် – အာဏာရှင် ကောင်းမှု

  1. Ba Ba Gyi on June 1, 2014 at 8:47 pm

    ပုဂံကို ရောက်ရင် သီဟသူတည်တဲ့ ဓမ္မရံ ကြီး ကို ကျနော်မဖူးဘူး။

    “သီဟသူတည်တဲ့ ဓမ္မရံ ကြီး” ဆိုတာမှားနေပါတယ်။ ဓမ္မရံ ကြီး တည်သူဟာ အဖေအလောင်းစည်သူနဲ့အစ်ကိုမင်းရှင်စောကိုသတ်တဲ့ ကုလားကျမင်းဘွဲ့ရ နရသူပါ။

  2. than sein on June 1, 2014 at 9:41 pm

    ကျွန်တော်လဲထိုနည်းလည်းကောင်း၊ထိုနည်းလည်းကောင်း၊ နှစ်ကာလတွေလဲညောင်းခဲ့ချေပေါ့၊ မဟာဝိဇယကြီး ကစလို့ပေါ့။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)