ဖေသက်နီ – ပျောက်ကွယ်လုနီးနီး ဘာသာစကားတွေကို ဘာကြောင့် ကာကွယ်ကြရမလဲ

June 19, 2014

ပျောက်ကွယ်လုနီးနီး ဘာသာစကားတွေကို ဘာကြောင့် ကာကွယ်ကြရမလဲ
၊ ဇွန် ၁၉၊ ၂၀၁၄ (ဘာသာပြန်ဆောင်းပါး)

ရေချယ်လ် နူဝါး Rachel Nuwer က BBC Webpage မှာ ၂၀၁၄ ခုနှစ် ဇွန်လ (၆) ရက်နေ့ မှာရေးသားဖေါ်ပြထားပြီး မောင်ဖေသက်နီက မြန်မာဘာသာပြန်ပါတယ်။

ရေချယ်လ် နူဝါး Rachel Nuwer ဟာ သိပ္ပံဆိုင်ရာသတင်းစာဆရာတဦးဖြစ်ပြီး နယူးယောက်တိုင်း The New York Times ၊ အမေရိကန်သိပ္ပံစာစောင် Scientific American စာစဉ် နဲ့ စမစ်ဆိုနီယမ် စာစဉ် Smithsonian တွေမှာ သုတေသနဆောင်းပါး တွေ ရေးသားနေခဲ့သူဖြစ်ပါတယ်။ သူမဟာ နယူးယောက်မြို့ က ဘရွတ်ကလင်းရပ်ကွက်မှာ နေထိုင်လျက်ရှိပါတယ်။

ကျမတို့  အသုံးပြုနေကြတဲ့ ဘာသာစကားပေါင်း အများအပြားဟာ ပျောက်ကွယ်လုနီးပါးဖြစ်နေရပါတယ်လို့  ရေချယ်လ် နူဝါး Rachel Nuwer  က သုံးသပ်ရေးသားထားပါတယ်။ ကျမတို့ ဟာ ဝေါဟာရစကားလုံးတွေရဲ့ အဓိပ္ပါယ်တွေတင်မကပဲ အရေးအသား ဆုံးရှုံးမှုတွေကိုပါ ရင်ဆိုင်ရတော့ မလို ဖြစ်နေတယ်လို့  သူမက ထောက်ပြပြောဆိုလိုက်ပါတယ်။
မိရိုးဖလာဘာဘာသာစကားပေါင်း ၂၉ မျိုးရှိတဲ့ထဲက အခုဆိုရင် နောက်ဆုံးကျန်ရှိနေတဲ့ “နာဗာယို Navajo” လို့ ခေါ်တဲ့ အမေရိကန်ဒေသခံလူမျိုး ရဲ့ မိခင်ဘာသာစကားဟာ ဒုတိယကမ္ဘာစစ်ကြီးကာလအတွင်းမှာ သင်္ကေတတွေအဖြစ်နဲ့ အသုံးပြုခဲ့ကြပါတယ်လို့  ဥက္ကလာဟိုးမားမြို့ ဇာတိသား တွမ် ဘယ်လ့် Tom Belt က ပြောဆိုခဲ့ဖူးပါတယ်။ စစ်ကြီးလည်းပြီးရော ပျောက်ကွယ်သွားခဲ့ရတယ်လို့  စစ်မှတ်တမ်းတခုထဲ ဖတ်ခဲ့ရဖူးတယ်လို့ သူက ဆက်ပြောခဲ့ဖူးပါတယ်။ မူလတန်းစတက်ရတဲ့အချိန်အထိ အင်္ဂလိပ်ဘာသာစကားဆိုတာကို သူ မသိရှိခဲ့ရဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။ သူ့ အိမ်မှာဆို ရင် သူ့ ရိုးရာဘာသာစကားဖြစ်တဲ့ ချေရိုကီ Cherokee ကိုပဲ နေ့ စဉ်ပြောဆိုခဲ့ကြတယ်လို့ ပြောဆိုခဲ့ပါတယ်။

တွမ် ဘယ်လ့် ဟာ မြင်းတွေကိုစီးပြီးကြီးလာခဲ့သူပါ။ တက္ကသိုလ်ကဘွဲ့ ရပြီးတဲ့နောက်ပိုင်း သူဟာ “ရိုဒေအို Rodeo Circuit” ဆိုတဲ့ဆပ်ကပ်အဖွဲ့  မှာ အလုပ်လုပ်ပြီး အမေရိကန်အနှံ့ လှည့်လည်ဖျော်ဖြေခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်တုန်းက ကျောင်းမှာတွေ့ ဆုံခဲ့တဲ့ အမျိုးသမီးနဲ့  အကြောင်းပါခဲ့တယ်။ “အဲဒီနှစ်တွေအတွင်းမှာ သူမကို အဓိက စွဲလန်းသွားစေခဲ့တာက သူပါပဲတဲ့။ ဘာလို့ လဲဆိုတော့ သူဟာ ချေရိုကီ Cherokee ဘာသာစကားကိုပဲ အဲဒီအချိန်အထိ သုံးစွဲပြောဆိုနေခဲ့လို့ ပဲတဲ့။ သူမဆီကို အလည်သွားတွေ့ နိုင်ဖို့ အသွား၊ အပြန် လက်မှတ်တွေကို သူဟာဝယ်ယူ အသုံးပြုခဲ့ပါတယ်တဲ့။ ဒါပေမယ့် တရက်မှာတော့ အပြန်လက်မှတ်ကို လုံးဝအသုံးမပြုဖြစ်လိုက်ပါဘူး” လို့  သူက ပြန်ပြောပြခဲ့တယ်။

သူတို့ နှစ်ယောက် ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ သူ့ အမျိုးသမီးဟာ ချေရိုကီ ဘာသာစကားကို မပြောဆိုတတ်ပါဘူး။ အဲဒီတော့မှ သူဟာ သူ့  ကိုယ်သူ အမေရိကန်လူမျိုးတွေကြားမှာ လူနည်းစုသာဖြစ်တယ်ဆိုတာကို လက်ခံရလိုက်ပါတော့တယ်။ အဲဒီအချိန်လောက်တုန်းက ချေရိုကီ ဘာသာ စကားကို ပြောဆိုနိုင်တဲ့သူအရေအတွက် ၄၀၀ ပါတ်ဝန်းကျင်လောက်ပဲရှိနေပြီး သူတို့ တွေဟာ အမေရိကန်နိုင်ငံရဲ့ အရှေ့ ဖက်ခြမ်းမှာပဲ ကျန်ရှိနေပါ တော့တယ်။ အဲဒီ ဒေသဟာ သူတို့ ရဲ့ ဘူမိနက်ဿန်မူလနေရာအမှန်လို့ သူတို့ က သတ်မှတ်ထားခဲ့ကြတာပါ။ သူတို့ ရဲ့ ကလေးတွေကတော့ သူတို့  ရဲ့ မိခင်ဘာသာစကားကို အခုအချိန်မှာ ဘာသာစကားတခုအနေနဲ့ လေ့လာသင်ယူစရာမလိုတော့ပါဘူး။ “ကျနော်ကတော့ အရေးပေါ်လိုအပ်လာတဲ့ အချိန်မျိုးကျမှ သင်ယူဖို့ လိုအပ်တယ်လို့ ယုံကြည်လာခဲ့ရပါတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။ အဲဒါကြောင့် ချေရိုကီ ဘာသာစကားနဲ့ ပါတ်သက်ပြီး  တခုခုလုပ်မှဖြစ်တော့မယ်လို့ သူ စပြီးစဉ်းစားလာခဲ့ပါတော့တယ်။

ချေရိုကီ ဘာသာစကားဟာ အခုဆိုရင် အနည်းငယ်လောက်ပဲကျန်တော့တဲ့ ဘာသာစကားတွေထဲက တမျိုးဖြစ်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွား ရတော့မလိုမျိုး ဖြစ်နေပါပြီ။

လွန်ခဲ့တဲ့ ရာစုနှစ်တခုထဲမှာဆိုရင် သုံးလတာအချိန်ကာလလောက်ရှိတိုင်း ဒီ ကမ္ဘာ့ဘာသာစကားတွေထဲက စကား ၄၀၀ လောက်ဟာ ပျောက်ကွယ်သွားခဲ့ရပါတယ်။ အဲဒီလိုမျိုး ပျောက်ကွယ်သွားနေမယ်ဆိုရင် အခုလက်ရှိ ကမ္ဘာကြီးပေါ်မှာ ရှိနေသေးတဲ့ ဘာသာစကား ပေါင်း ၆ ၅၀၀ လောက်ထဲက ၅၀ % လောက်ဟာ ပျောက်ကွယ်သွားရနိုင်တယ်လို့  ဘာသာစကားသုတေသီပညာရှင်တွေက ခန့် မှန်းပြောဆိုနေကြ ပါတယ်။ (တချို့ ကတော့ ၉၀ % လောက်အထိ ပျောက်ကွယ်သွားနိုင်တယ်လို့  ခန့် မှန်းပြောဆိုနေကြပါတယ်)။ ဒီနေ့ ခေတ်ကြီးထဲမှာ လူသုံးအများ ဆုံး ဘာသာစကားဆယ်မျိုးလောက်ကိုသာ လူတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတယ်လို့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။ အဲဒီ တော့ ဘာသာစကားတွေ ပျောက်ကွယ်မသွားစေဖို့ ဘယ်လို ကာကွယ်တားဆီးနိုင်ကြမလဲ။ ဒါမှမဟုတ် ကမ္ဘာကြီးတခုလုံး တမျိုးထဲသော ဘာသာ စကားကို အသုံးပြုနိုင်မယ့် သက်ရှိသတ္တ၀ါတွေ ပေါ်ပေါက်လာကြဦးမည်လော။

 

ဒီနေ့ အချိန်မှာ ကမ္ဘာလူဦးရေရဲ့ ထက်ဝက်လောက်ဟာ ဘာသာစကား ၁၀ မျိုးလောက်ကိုပဲ အသုံးပြုနေကြပါတယ်။ (Thinkstock)

ဘာသာစကားအတော်များများဟာ ပျောက်ကွယ်သွားရတော့မယ့် အခြေအနေဆိုးကြီး ကြုံတွေ့ ရင်ဆိုင်နေရတာကို သိခဲ့ရတဲ့အချိန်ကစပြီး အန္တရာယ်အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ ဘာသာစကားတခုကို ညွှန်ပြထောက်ပြရဖို့ သိပ်ကိုခက်ခဲခဲ့ပါတယ်။ ဂျပန်နိုင်ငံက “အိုင်နု Ainu ” ဘာသာစကား၊ ချီလီနိုင်ငံက “ယာဂန် Yaghan” ဘာသာစကားတွေအပါအ၀င် ဘာသာစကားပေါင်း အနည်းဆုံး ၁၀၀ လောက်ဟာ ပျောက်ဆုံး သွားရတော့မယ့် အနေအထားမျိုးတွေနဲ့ ရင်ဆိုင်နေခဲ့ရတာပါ။ အဲဒီ့ ဘာသာစကားပြောဆိုနိုင်သူတွေကိုလည်း တွေ့ ရှိနိုင်ဖို့ သိပ်ကိုခက်ခဲနေပါပြီ။

ဥပမာတခုဆောင်ရရင် အလက်စကားဌာနေ တိုင်းရင်းသား အဲယာ့က် Eyak ဘာသာစကားကို ကောင်းကောင်းမွန်မွန်ပြောဆိုနိုင်တဲ့ ၁၉၁၈ ခုနှစ် မေလ ၁၄ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ Marie Smith Jones ဟာ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။ သူမ ကွယ်လွန်သွားတာနဲ့ အဲယာ့က် ဘာသာစကားဟာလည်း ပျောက်ကွယ်သွားရတော့မလို ဖြစ်နေခဲ့ပါတယ်။ အခုဆိုရင် အဲယာ့က် ဘာသာစကား ကို ပြောဆိုနိုင်သူ အနည်းအကျဉ်းလောက်ပဲ ကျန်ရှိနေပါတော့တယ်။ ကျန်တဲ့သူတွေကလည်း အသေအချာတတ်မြောက်တယ်လို့ ပြောဖို့ သိပ်ခက်ခဲ နေပါတော့တယ်လို့ အမေရိကန်နိုင်ငံ ပင်န်ဆယ်လ်ဗေးနီးယားမှာရှိတဲ့ ဆ၀ါ့သ်မိုး ကောလိပ် Swartmore College ကို ပူးတွဲထူထောင်ခဲ့သူနဲ့  “ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဘာသာစကားများလေ့လာရေးအဖွဲ့  Living Tongues Institute for Endangered Languages  ကို ထူထောင်ခဲ့သူ ဆ၀ါ့သ်မိုး ကောလိပ်ရဲ့ မဟာဘာသာဗေဒဌာနမှူးကြီးလည်းဖြစ်သူ ဒေးဗစ် ဟယ်ရီဆင် David Harrison က ပြောဆိုခဲ့ ပါတယ်။

လူဦးရေအနည်းအကျဉ်းလောက်ကသာ အသုံးပြုနိုင်ကြပေမယ့် တဦးနဲ့ တဦးပြောဆိုဆက်ဆံဖို့ မလွယ်ကူတဲ့အထိ အနေမနီးစပ်တာတွေကြောင့်နဲ့  ကိုလံဘီယာအနွယ် မက္ကဆီကန်ဘာသာစကားတမျိုးဖြစ်တဲ့ အာယာပါနဲကို Ayapaneco ဟာ အခုအချိန်မှာ ပြောဆိုနိုင်တဲ့ လူအရေအတွက် အတော့်ကိုနည်းပါးနေပါတယ်။ အခုလိုမျိုးအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် အဲဒီ့စကားကို ပြောနိုင်တဲ့သူ နည်းသည်ထက်နည်းလာပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားရတော့မယ့် အနေအထားဖြစ်နေပါပြီ။

ချီကာဂိုတက္ကသိုလ်က ဘာသာဗေဒပညာရှင် ဆာလီကိုကို မုဖ်ဝဲနဲ Salikoko Mufwene ဟာ ကွန်ဂိုဒီမိုကရက်တစ်ရီပတ်ဘလစ်နိုင်ငံမှာ ကီယန်ဆီ Kiyansi ဘာသာစကားကိုပြောဆိုတဲ့ လူမျိုးစုငယ်မှာ မွေးဖွားကြီးပြင်း ခဲ့သူဖြစ်ပါတယ်။ ကီယန်ဆီ ဘာသာစကားနဲ့ အနှစ် ၄၀ ကျော်ကြာ ရင်းနီးကျွမ်းဝင်ခဲ့ရတဲ့ ဆာလီကိုကို မုဖ်ဝဲနဲ ဟာ ဒီနေ့ အချိန်မှာ အဲဒီ့ဘာသာ စကားကို ပြောဆိုတတ်မြောက်တဲ့ လူနှစ်ဦးပဲကျန်ရှိတော့တဲ့အထဲက တဦးဖြစ်ပါတယ်။ မကြာသေးမီကာလက သူ့ ရဲ့ ဇာတိနိုင်ငံကို ခေတ္တအလည် သွားရောက်ခဲ့ချိန်မှာ သူနဲ့ အတူ ဘာသာစကားထပ်တူပြောနိုင်တဲ့သူ တယောက်မျှမရှိခဲ့ဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။ “ကီယန်ဆီ ဘာသာစကား ကို ပြောဆိုနိုင်တဲ့သူဆိုလို့ ကျနော် ဘယ်သူ့ ကိုမှ မတွေ့ ခဲ့ရဘူး။ ကျနော်ထင်ထားတာက ရှိတော့ရှိဦးမယ်လို့ ထင်ထားတာပါ။ ဘာသာစကားတွေ လုံးဝ ကွယ်ပျောက်သွားတာကို တွေ့ လိုက်ရတာပါ” လို့  သူက ပြောပြခဲ့ပါတယ်။

 

ဘာသာစကားတခုကိုပြောဆိုနိုင်တဲ့ နောက်ဆုံးပုဂ္ဂိုလ်တွေ အကွဲကွဲအပြားပြားဖြစ်သွားမယ်ဆိုရင် သူတို့ ရဲ့ဝေါဟာရသစ်တွေ နိဌိတန်သွားမှာပါ။ (Thinkstock)

လူတွေက အသုံးမပြုကြတော့ဘူးဆိုရင် ဘာသာစကားတွေဟာ တနေ့ နေ့ မှာ လုံးပါးပါးပြီး ကွယ်ပျောက်သွားကြရမှာက ဓမ္မတာပါပဲ။ ပျောက်ကွယ် သွားတဲ့နေရာမှာ လူမှုရေး၊ နိုင်ငံရေးနဲ့  စီးပွားရေးကိစ္စတွေက အစားထိုးဝင်ရောက်လာကြမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့  ဘာသာစကားတွေ ပျောက်ကွယ် သွားခဲ့ကြတာဖြစ်ပါတယ်။ လူအများအပြား အသုံးပြုနေခဲ့ကြတဲ့၊ အသုံးပြုနေကြဆဲ အင်္ဂလိပ်၊ မန်ဒရင်း (တရုတ်) စကားနဲ့ ဆွာဟီလီ (အာဖရိကတိုက် မှာ တန်ဇန်းနီးယား၊ ကင်ညာနဲ့  ယူဂန္ဓာနိုင်ငံဒေသခံတွေ အများဆုံးအသုံးပြုနေတဲ့ ဘာသာစကား၊ ဘာသာပြန်သူ့ မှတ်ချက်) တို့ လို ဘာသာစကား တွေအပါအ၀င် အလုပ်အတွက်အရေးကြီးတဲ့၊ ပညာရေးအတွက်အရေးကြီးတဲ့၊ အနာဂါတ်အတွက်အရေးကြီးတဲ့ ဘာသာစကားတချို့ ပဲ ဆက်လက် ရှင်သန်နေကြတော့မှာပါ။ တခါတရံ နိုင်ငံရွှေ့ ပြောင်းလာသူတွေအသိုင်းအ၀ိုင်းက မိဘတွေဟာ သူတို့ ရဲ့ ရင်သွေးကလေးငယ်တွေအတွက် သူတို့  မိခင်ဘာသာစကားကို သူတို့ ဘ၀တလျှောက်လုံး အသုံးပြုသွားနိုင်စေရေးအတွက် ဘယ်လိုလုပ်ကိုင်ပေးရမလဲလို့  စဉ်းစားလာကြရပါတော့တယ်။

လူမျိုးစုငယ်တွေဟာ သူတို့ ရဲ့ မိခင်ဘာသာစကားတွေကို အသုံးပြုကြသူတွေဟာ ဟိုး ပဝေသဏီကတည်းကပါပဲ။ အခု ၂၀ ရာစုနှစ်ထဲရောက်လာတဲ့ အခါကျမှ ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေ (ရက်အင်ဒီးယန်းလူမျိုးတွေ၊ ဘာသာပြန်သူ့ မှတ်ချက်) ကို စာသင် ကျောင်းတွေကို ပို့ လွှတ်ပြီး ပညာတွေကို သင်ကြားစေခဲ့တာဖြစ်ပါတယ်။ အဲဒီကျောင်းတွေဟာ အရင်က သူတို့ ရဲ့ မိခင်ဘာသာစကားတွေကို အသုံး မပြုဖို့ ကန့် သတ်ထားတဲ့အတွက် အရင်ကဆိုရင် ကျောင်းတွေကိုစေလွှတ်ပြီး ပညာမသင်ယူစေခဲ့ပါဘူး။ ဒီနေ့ ခေတ်မှာတော့ အမေရိကန်နိုင်ငံသား တွေထဲမှာ အင်္ဂလိပ်စကားပြောဆိုသူမဟုတ်သူတွေကိုပါ ထည့်သွင်းလာကြပါပြီ။ အထူးသဖြင့် စပိန်စကားပြောတဲ့ လက်တင်အနွယ်ဝင်တွေဖြစ်ကြ ပါတယ်။

အစွဲအလန်းကြီးသူတွေတချို့ ကတော့ ကမ္ဘ္ဘာကြီးပေါ်မှာ ရှိနေကြဆဲပါ။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကတရုတ်ဘာသာဗေဒပညာရှင်တယောက် ဟာ တရုတ်နိုင်ငံ “အွီဂါ Uighur” မှာ သူ့ မိခင်ဘာသာစကားနဲ့  စာသင်ကျောင်းတွေထူထောင်ဖို့ ကြိုးစားတဲ့အတွက် တရုတ်အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရ ပါတယ်။ အဲဒီလို အဖမ်းခံရပြီးတဲ့နောက်ပိုင်း သူနဲ့ ပါတ်သက်တဲ့ ဘာသတင်းအချက်အလက်တွေကိုမှ မရရှိခဲ့ပါဘူး။

လူမျိုးစုငယ်တွေ အသုံးပြုနေကြတဲ့ ဘာသာစကားတွေဟာ လူမျိုးကြီးဝင်တွေရဲ့ ဘာသာစကားအချို့ ရဲ့ လွှမ်းမိုးတာမျိုးတွေကို ဟိုးလွန်ခဲ့တဲ့ နှစ်တွေ အများကြီးကတည်းက ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ၂၀ ရာစုထဲကိုရောက်လာပြီဆိုတာနဲ့  ဒေသခံအမေရိကန်လူမျိုးတွေ (ရက်အင်ဒီးယန်းလူမျိုးတွေ၊ ဘာသာပြန်ဆိုသူ့ မှတ်ချက်) ရဲ့ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာ ပညာသင်ကြားခဲ့ကြတဲ့ သားသမီးတွေဟာ သူတို့ ရဲ့ မိခင်ဘာသာစကား တွေကို တခါတရံကျမှပဲ အသုံးပြုကြပါတော့တယ်။ ဒီနေ့ ခေတ်မှာ စပိန်စကားပြောဆိုပြီး အင်္ဂလိပ်စကား ပြောဆိုမှုမရှိတော့သူတွေနဲ့ အတူတကွ နေထိုင်လာ ကြရတဲ့အတွက် အင်္ဂလိပ်စကားပြောဆိုကြတဲ့ အမေရိကန်လူမျိုးအများစုဟာ အခက်အခဲတချို့ နဲ့ ကြုံတွေ့ လာကြရပါတယ်။ အဲဒီလိုမျိုး ဘာသာ စကားလွှမ်းမိုးတာတွေကို အကြီးအကျယ်ခံစားနေခဲ့ကြရတာပါ။

မနှစ်က သြဂုတ်လထဲမှာ တရုတ်နိုင်ငံရဲ့ “အွီဂါ Uighur” ဒေသမှာ “အွီဂါ” ဘာသာ စကားသင်တဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ဖို့ ကြိုးစားခဲ့တဲ့ ဘာသာဗေဒပညာရှင်တယောက်ဟာ တရုတ်အစိုးရရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ အဲဒီ့ အချိန်ကစပြီး သူ့ အကြောင်း ဘာမျှမကြားသိရတော့ပါဘူး။

ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဘာသာစကားများ

ယူနက်စကို United Nations Educational, Scientific and Cultural Organization (UNESCO) လို့ ခေါ်တဲ့ ကုလသမဂ္ဂ အဖွဲ့ ကြီးရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ အစည်းကြီးက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ကမ္ဘာပေါ်က ဘာသာစကားပေါင်း ၅၇၆ မျိုးတို့ ဟာ ပျောက်ကွယ်ရတော့မယ့်နီးပါး ဖြစ်နေရပြီလို့ သိရှိရပါတယ်။ နောက်ထပ်ဘာသာစကားပေါင်း ထောင်နဲ့ ချီ ပြီးတော့လည်း အန္တရာယ်ရင်ဆိုင်လာရနိုင် တယ်လို့ ခြိမ်းခြောက်မှုတွေရှိလာနေတယ်လို့ ဆက်ပြောထားပါတယ်။

ခြိမ်းခြောက်မှုရှိလာတဲ့ ဘာသာစကားအရေအတွက် အတော်များများဟာ အမေရိကားတိုက်ကဖြစ်တယ်လို့ ဆိုထားတာပါ။

“အမေရိကန်နဲ့ ကနေဒါက (လူနည်းစုတွေ အသုံးပြုနေကြတဲ့) ဘာသာစကားတွေ အားလုံးနီးပါးလောက်ဟာ ပျောက်ကွယ်သွားရတော့မယ့် အခြေ အနေတွေနဲ့ ကြုံတွေ့ နေရပါတယ်။ ယုတ်စွအဆုံး လက်ရှိအချိန်အထိ လူတွေထောင်နဲ့ ချီပြီး သုံးစွဲနေကြသေးတဲ့ ‘နာဗာယို Navajo’ ဆိုတဲ့ ဘာသာစကားဟာ တဖြည်ုးဖြည်းနဲ့  ပျောက်ကွယ်ရတော့မယ့် အနေအထားမျိုးနဲ့  ရင်ဆိုင်လာနေရပါပြီ။ ကလေးတွေဟာ သူတို့ ရဲ့ ရိုးရာဘာသာ စကားကို လေ့လာသင်ယူကြဖို့  အခြေအနေဟာ တဖြည်းဖြည်းကျဆင်းလာနေပါပြီ” လို့  အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ်ရဲ့ လက်တွေ့ အသုံးချ ဘာသာဗေဒ ပါမောက္ခတဦးဖြစ်တဲ့ ပီတာ အော်စတင် Peter Austin က ပြောကြားခဲ့ပါတယ်။ အဲဒီလိုအခြေအနေတွေကိုကြည့်ပြီး သုံးသပ်ကြည့် ရရင် လူဦးရေတဖြည်းဖြည်းတိုးများလာနေတဲ့ သြစတြေးလျနိုင်ငံဟာ ပျောက်ကွယ်လုနီးပါးဖြစ်လာနေတဲ့ ဘာသာစကားတွေအများဆုံးရှိတဲ့ နိုင်ငံဖြစ် တယ်လို့  လေ့လာသိရှိလာရပါတယ်။

ဥရောပတိုက်သားတွေ သြစတြေးလျတိုက်ကို စ ရောက်တုန်းက အဲဒီ့မှာ အဘော်ရီဂျင်း Aboriginal Languages လို့ ခေါ်တဲ့ သြစတြေးလျ တိုက်ဒေသခံ ဘာသာစကားတွေ ၃၀၀ လောက်ကို အသုံးပြုနေကြဆဲဖြစ်ပါတယ်။ အခုအချိန်မှာ ဘာသာစကား ၁၀၀ လောက်ဟာ ပျောက်ကွယ် သွားကြရပါပြီ။ သြစတြေးလျတိုက်မှာ ဆက်လက်ကျန်ရှိနေကြသေးတဲ့ ဘာသာစကားတွေရဲ့ ၉၅ % ဟာလည်း အင်အားချိနဲ့ လာကြရတယ်လို့ သိရှိ ရပါတယ်။ သြစတြေးလျတိုက်ရဲ့ ဒေသခံတွေရဲ့ မိသားစု ၃၀၀ လောက်ထဲက မိသားစုအနည်းငယ်လောက်သာ သူတို့ ရဲ့ ရင်သွေးတွေကို သူတို့ ရဲ့ မိရိုးဖလာဘာသာစကားတွေကို လက်ဆင့်ကမ်းသင်ကြးပြသပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

သြစတြေးလျနိုင်ငံမှာနေထိုင်ကြတဲ့ အဘော်ရီဂျင်း Aborigin လို့ ခေါ်တဲ့ သြစတြေးလျတိုက်ဒေသခံတွေရဲ့ ဘာသာစကားတွေထဲက ၁၀၀ ကျော်ဟာ  ဥရောပတိုက်သားတွေ သြစတြေးလျမှာ စတင်အခြေစိုက်လာစဉ်ကတည်းက တဖြည်းဖြည်းပျောက်ကွယ်လာကြရပါတယ်။

 

(Getty Images)

အခုလိုမျိုး ဆက်ပြီးပျောက်ကွယ်သွားနေမယ်ဆိုရင် ဘာသာစကားတခုကို ပြောဆိုအသုံးပြုနေကြသူတွေဟာ အုပ်စုတခုအနေနဲ့  ဟောဒီ့ ကမ္ဘာကြီး ပေါ်ကနေ ပျောက်ကွယ်သွားကြရတော့မယ့် အနေအထားတခုကို မုချရောက်ရှိလာရတော့မည်လော။

ဘာသာစကားတွေ ပျောက်ကွယ်သွားကြရမယ်ဆိုတာကို အချို့ သူတွေကတော့ လက်ခံကြမှာမဟုတ်ပါဘူး။ သက်ရှိသတ္တ၀ါတွေ မျိုးတုန်းပျောက် ကွယ်သွားသလိုမျိုး ဘာသာစကားတွေဟာလည်း သဘာဝတရားအရ တချိန်ချိန်မှာ ဟောဒီ့ ကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်ကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် စောဒကတက်ချင်သူတွေကတော့ ရှိနေကြပေလိမ့်မယ်။ “လူမှုရေးသိပ္ပံ ဂုရုကြီး ဒါဝင် ရဲ့ အယူဝါဒကို ဘယ်သူတွေက အလေးတစိုက်ရှိကြ လို့ လဲ။ ကျနော်တို့ ကတော့ သက်ရှိသတ္တ၀ါတွေရဲ့ မျိုးစိတ်သဘာဝပြောင်းလဲမှု Biodiversity ကို အလေးထားပြီး လေ့လာကြရမှာပါ။ (မျိုးစိတ် သဘာဝပြောင်းလဲမှု Biodiversity ဆိုတာ ကမ္ဘာကြီးပေါ်မှာ နေထိုင်ကျက်စားကြတဲ့ သက်ရှိသတ္တ၀ါတွေဟာ သဘာဝအရဖြစ်စေ၊ မျိုးဗီဇအရ ဖြစ်စေ၊ အမျိုးအစားပုံသဏ္ဍာန်အရဖြစ်စေ ပြောင်းလဲမှုရော အပြုအမူ၊ ဓလေ့စရိုက်ပြောင်းလဲမှုပါ အကျုံးဝင်တဲ့ ဖြစ်ထွန်းပြောင်းလဲမှုတမျိုးဖြစ်ပါတယ်။

ဥပမာ ပင်လယ်ရေကြမ်းပြင်မှာရှိကြတဲ့ ကျောက်ပန်းကျောက်နွယ်တွေနဲ့ တူတဲ့ ကျောက်တုံးတချို့ ဟာ အရင်နှစ်တွေတုန်းက သက်ရှိသတ္တ၀ါတွေဖြစ် ခဲ့ပြီး သဘာဝအရအသွင်ပြောင်းလဲလာခဲ့ကြတဲ့ အရာတွေကိုဆိုလိုတာပါ။ တနည်းဆိုရရင် အသွင်ပြောင်းသတ္တ၀ါတွေကိုဆိုလိုတာပါ။ ဘာသာပြန်သူ့  မှတ်ချက်) အဲဒီလို ဂရုစိုက်နိုင်မှသာ သက်ရှိလူသားတွေကို အကာအကွယ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ဂရုမစိုက်နိုင်ရင် သက်ရှိလူသားတွေ ဟာလည်း တခြားအရာတွေနည်းတူ ပျက်စီးဆုံးရှုံးသွားကြရမှာပါပဲ။ ဒါပေမယ့် မျိုးစိတ်သတ္တ၀ါတွေကို အကာအကွယ်ပေးဖို့ နဲ့ အသွင်ပြောင်းလဲလာမှု တွေအတွက် ကျနော်တို့ ဟာ ငွေကြေးအမြောက်အများကို အသုံးပြုရမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ လူသားတယောက်အနေနဲ့ လူသားတွေနဲ့ အမျိုး မတူပေမယ့် သတ္တ၀ါဖြစ်တာချင်းတူနေကြတဲ့ သတ္တ၀ါတွေကို အကာအကွယ်ပေးကြရမှာက လူသားတယောက်ရဲ့ တာဝန်မဟုတ်ပေလော” လို့  ယေးလ်တက္ကသိုလ်က မနုဿဗေဒပညာရှင်နဲ့ ဘာသာဗေဒပညာရှင်ဖြစ်တဲ့ မာ့(က်) တူရင် Mark Turin  က မေးခွန်းထုတ်ပြောဆိုခဲ့ပါတယ်။

ပိုပြီးရှင်းအောင်ပြောရရင် ဘာသာစကားတွေဟာ လူသားတွေရဲ့ အမွေအနှစ်တွေပါပဲ။ စာပေရေးသားမှုဟာလည်း ဒီနေ့ ခေတ်ကျနော်တို့ ဖြတ်သန်း နေထိုင်နေကြရတဲ့ ကျနော်တို့ ရဲ့ သမိုင်းပဲဖြစ်ပါတယ်။ (ကမ္ဘာပေါ်မှာ ရှိတဲ့ဘာသာစကားတွေထဲက သုံးပုံတပုံလောက်မှာပဲ အရေးအသားစနစ် ရှိကြပါတယ်) အဲဒါကြောင့် ဘာသာစကားဟာ တချို့ လူ့ အဖွဲ့ အစည်းတွေထဲမှာ သီချင်းတွေ၊ ပုံပြင်တွေနဲ့  ကဗျာတွေအဖြစ် ရှိနေကြရတာဖြစ်ပါ တယ်။ အင်္ဂလန်နိုင်ငံက အီလီယက် The Iliad ဆိုတဲ့ ရကန်ရှည်ကြီး၊ အိုဒက်ဆီ The Odyssey ဆိုတဲ့ ရကန်ရှည်ကြီးတွေဟာ အဲဒီလိုမျိုး ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ “ကျနော်တို့ မသိရှိကြရသေးတဲ့ ပျောက်ကွယ်သွားခဲ့ကြတဲ့ ရိုးရာတွေလည်း အများကြီးရှိနေနိုင်သေးသလို ဘာသာ စကားတွေလည်း ပျောက်ကွယ်သွားခဲ့တာတွေ ရှိနိုင်ပါတယ်။ ဘာလို့ လည်းဆိုတော့ ကျနော်တို့ က အရေးအသားနဲ့ မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ဘာသာစကားတွေလောက်ကိုပဲ လေ့လာနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။ ကျနော်တို့  မလေ့လာနိုင်သေးခင်က ပျောက်ကွယ်သွားတဲ့ ဘာသာစကားတွေ ရှိနေနိုင်တာပဲ မဟုတ်လား” လို့  လန်ဒန်တက္ကသိုလ်က လက်တွေ့ အသုံးချဘာသာဗေဒ ပါမောက္ခတဦးဖြစ်တဲ့ ပီတာ အော်စတင် Peter Austin က မေးခွန်းထုတ်ပြောဆိုခဲ့ဖူးပါတယ်။

 

အခုပြထားတဲ့ ဓါတ်ပုံထဲက ကြောင်ကလေးက သင့်ကို ဘာခံစားမှုတွေပေးသလဲ။ ချေရိုကီ ဘာသာစကားမှာတော့ ‘အူး-ကာ-ဟူး-ဆဒီ’ လို့  ခေါ်တဲ့ စိတ်ခံစားမှုကို ပေးတယ်။ (Thinkstock)

ဘာသာစကားတွေဟာ ယဉ်ကျေးမှုတခုလုံးနဲ့  သွယ်ဝိုက်တဲ့နည်းနဲ့  ပါတ်သက်ဆက်နွယ်နေကြပါတယ်။ ဥပမာပြရရင် “ချေရိုကီ” ဘာသာစကားမှာ ခွဲခွာကာနီးပြောဆိုကြတဲ့ ဂွတ်ဘိုင် လို့  အဓိပ္ပါယ်ရှိတဲ့ ဝေါဟာရ မရှိပေမယ့် “နောက်တကြိမ်မှာ ထပ်တွေ့ ကြတာပေါ့” ဆိုတဲ့ အဓိပ္ပါယ်ရှိတဲ့ ဝေါဟာရ ရှိနေပါတယ်။ အဲဒီလိုမျိုးပဲ သူ့ ဘာသာစကားမှာပဲ အဓိပ္ပါယ်ရှိတဲ့ “အူး-ကာ-ဟူး-ဆဒီ” လို စကားလုံးဝေါဟာရဟာ လူတိုင်းလူတိုင်းရဲ့ ပါးစပ်ဖျားမှာ အလွယ်တကူ ရှိနေကြတာပါ။ ကြောင်ငယ်လေးတွေကို အလွယ်တကူအစာကျွေးလို့ ရအောင် လူသားတွေရဲ့ သားချော့တေးတွေလို အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ “အဲဒီ့အရာအားလုံးဟာ ယဉ်ကျေးမှုတခုလုံးနဲ့  ပါတ်သက်ဆက်နွယ်နေတာတွေပါပဲ။ လူသားတဦးတယောက်ရဲ့ အပြုအမူ နဲ့ သူ့  စိတ်လှုပ်ရှားမှုတွေကို အင်္ဂလိပ်ဘာသာစကားနဲ့ ထပ်တူကျအောင် ဝေါဟာရဖလှယ်ဖို့ မဖြစ်နိုင်သလိုမျိုးပေါ့။ ကျနော်တို့ အသက်ရှင်ရပ်တည် နေသရွေ့ ကျနော်တို့ ယဉ်ကျေးမှုတွေဟာလည်း ရပ်တည်နိုင်နေမှာပါ။ အဲဒီလိုနဲ့ ကျနော်တို့ မှာ ဘာသာစကားဆိုတာတွေ ဖန်တီးအသုံးပြုနေရတာ ဖြစ်ပါတယ်” လို့  ဥက္ကလာဟိုးမားမြို့ ဇာတိသား တွမ် ဘယ်လ့် Tom Belt က ပြောဆိုခဲ့ပါတယ်။

“အဲဒါကိုနားလည်ဖို့ ဆိုတာ အင်္ဂလိပ်စကားပြောသူတယောက်အတွက် သိပ်ကိုခက်ခဲပါတယ်။ ဒါပေမယ့် ကြိမ်ဖန်များစွာကြားလာရရင် သူတို့ ရဲ့ ဘာသာစကားဟာ ပျောက်ကွယ်သွားရတော့မယ်လို့ သူတို့ သိရှိသွားကြမှာပါ။ လူတွေအပေါ်မှာလည်း မူတည်ပါတယ်” လို့  ချီကာဂိုတက္ကသိုလ်ရဲ့ ဘာသာဗေဒပညာရှင် လဲန်နိုရ် ဂရင်းနိုဘယ်လ် Lenore Grenoble က ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဉာဏ်ပညာ ရင့်သန်မှု

သဘာဝ ရေ၊ မြေ ထိန်းသိမ်းစောင့်ရှောက်မှုအရေးကိစ္စဟာ ဒီကမ္ဘာပေါ်မှာ ရပ်တည်နေကြတဲ့ မျိုးစိတ်သဘာဝပြောင်းလဲမှုတွေအတွက် အငြင်းပွားရ မယ့် နောက်ထပ်အကြောင်းရပ်တခု ဖြစ်ပါတယ်။ သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှုမရှိခြင်းကြောင့် သက်ရှိလူသားတွေအပါအ၀င် ဘာသာစကားအစရှိတဲ့ တခြားအကြောင်းကိစ္စတွေကိုလည်း ယိုယွင်းပျက်စီးလာစေနိုင်ပါတယ်။ လူအတော်များများက လူတွေရဲ့ ကိုယ်ခန္ဓာကြီးထွား ဖွ့ံဖြိုးမှုအတွက် လိုအပ်တဲ့ အသိဉာဏ်ဗဟုသုတတွေ ပထ၀ီ၊ ဇီဝဗေဒ၊ သင်္ချာ၊ ရေကြောင်းသွားလာနိုင်မှု၊ နက္ခတ္တဗေဒ၊ ဆေးဝါးဗေဒ၊ ရုက္ခဗေဒ၊ ဘူမိ ဗေဒစတဲ့ တခြားပညာရပ်တွေနဲ့ လည်းပါတ်သက်ဆက်နွယ်နေပါတယ်။

“ချေရိုကီ” ဘာသာစကားအရေးမှာတော့ နှစ်ပေါင်းထောင်ချီပြီးသုံးစွဲခဲ့တာ၊ အမေရိကားတိုက်ထဲမှာ တည်ရှိနေတဲ့ အပါလာချိုင်းယားတောင်တန်း Appalachia Mountains ကြီးပေါ်မှာနေထိုင်လာခဲ့ကြတဲ့ ဒေသခံ အမေရိကန်လူမျိုး (ရက်အင်ဒီးယန်း Red Indian လူမျိုး၊ ဘာသာပြန်သူရဲ့ မှတ်ချက်) တွေ အသုံးပြုနေခဲ့တာ နှစ်ပေါင်းထောင်ချီရှိနေပါပြီ။    “ချေရိုကီ” ဘာသာစကားသုံးစွဲသူတွေဟာ “ဘယ်ရီ” သီးတွေကိုစိုက်ပျိုး ရပ်တည်နေထိုင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

ဘယ်ရီပင်ရဲ့ ပင်စည်၊ သူ့ အကိုင်းအခက်၊ သူ့ အရွက်နဲ့ သူ့ အပင်မှာဖြစ်ထွန်းတဲ့ မှိုခြောက်ပန်းခြောက်တွေကို ရောင်းဝယ်ဖေါက်ကားပြီး ဘ၀ရပ်တည်ခဲ့ကြပါတယ်။ နောက်ပြီး အမည်နာမ တိတိကျကျ သတ်မှတ်ထားတာမရှိသေးတဲ့ အဲဒီ့အပင်ထွက် ပစ္စည်းတွေနဲ့ လည်း ဘ၀ရပ်တည်နေခဲ့ကြတာပါ။ တချို့ ပစ္စည်းတွေဟာ အဆိပ်ရှိတဲ့အတွက် အသုံးပြုမှုမရှိကြပါဘူး။ တချို့ လူတွေက ရိုးရာဆေးဝါးထုတ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။

“ဘယ်ယဉ်ကျေးမှုကမှ သူ့ ဖာသာ မရပ်တည်နိုင်သလို ချေရိုကီ လူမျိုးတွေလည်း အဲဒီအတိုင်းပါဘဲ။ အဲဒါကြောင့် အင်မတန် ထူးချွန်မှုဆိုတာ ဘယ်လူ့ အဖွဲ့ အစည်းကနေ ဘယ်လို စတင်လာခဲ့သလဲဆိုတာ ကျနော်တို့ မလေ့လာ၊ မသိရှိကြသေးပါဘူး။ သိထားခဲ့တာက ဘာသာစကားတွေ ပျောက်ကွယ်သွားရင် ကျနော်တို့ ရဲ့ ရှေး ခေတ်တုန်းက သိရှိထားခဲ့တဲ့ အသိပညာတွေကို ဆုံးရှုံးသွားရတော့မယ်ဆိုတာပါ” လို့  အမေရိကန်နိုင်ငံ ပင်န်ဆယ်လ်ဗေးနီးယားပြည်နယ်မှာရှိတဲ့ ဆ၀ါ့သ်မိုး ကောလိပ် Swartmore College ကို ပူးတွဲထူထောင်ခဲ့သူနဲ့  “ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဘာသာစကားများလေ့လာရေးအဖွဲ့  Living Tongues Institute for Endangered Languages  ကို ထူထောင်ခဲ့သူ ဆ၀ါ့သ်မိုး ကောလိပ်ရဲ့ မဟာဘာသာဗေဒ ဌာနမှူး ကြီးလည်းဖြစ်သူ ဒေးဗစ် ဟယ်ရီဆင် David Harrison က ပြောဆိုခဲ့ပါတယ်။

ဘာသာစကားတွေမှာ အလွန်အင်မတန်အရေးကြီးတဲ့ ဗဟုသုတတွေပါရှိပါတယ်။ ဥပမာ ဘယ်ရီးသီးအမျိုးအစားထဲပါတဲ့ သစ်သီးဝလံတွေထဲက ဘယ်ဟာတွေမှာ အဆိပ်ဓါတ်ပါရှိသလဲဆိုတဲ့ သစ်သီးဝလံနာမည်တွေပါပဲ။ (Thinkstock)

အားလုံးကိုချုံပြောရရင် ဘာသာစကားတွေဟာ ဟောဒီ့ သတ္တလောကကြီးကို အလှဆင်ပေးနေသူတွေပါပဲလို့ ပြောရင် ၀ိဝါဒကွဲပြားနိုင်စရာ မရှိပါဘူး။ ဒီနေ့ ခေတ်သက်ရှိ သတ္တ၀ါတွေဟာ ဦးနှောက်နဲ့ အသိဉာဏ်ဗေဒ၊ စိတ္တဗေဒပညာရပ်တွေနဲ့ ဘာသာဗေဒဘာသာရပ်တွေဟာ ဒီကိစ္စနဲ့ ပါတ်သက်ပြီး တော့ အထောက်အပံ့၊ အကူအညီတွေ အများကြီးပေးနိုင်နေကြပါပြီ။ “အမျိုးမျိုးအဖုံဖုံကွဲပြားနေကြတဲ့ ဘာသာစကားတွေဟာ သက်ရှိသတ္တ၀ါတွေရဲ့ တွေးပုံခေါ်ပုံနဲ့ ပြဿနာဖြေရှင်းပုံတွေအတွက် အများကြီးအထောက်အပံ့ပြုနိုင်ခဲ့ကြပါတယ်” လို့  အမေရိကန်နိုင်ငံ ပင်န်ဆယ်လ်ဗေးနီးယားမှာရှိတဲ့ ဆ၀ါ့သ်မိုး ကောလိပ် Swartmore College ကို ပူးတွဲထူထောင်ခဲ့သူနဲ့  “ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဘာသာစကားများလေ့လာရေးအဖွဲ့  Living Tongues Institute for Endangered Languages  ကို ထူထောင်ခဲ့သူ ဆ၀ါ့သ်မိုး ကောလိပ်ရဲ့ မဟာဘာသာဗေဒ ဌာနမှူး ကြီးလည်းဖြစ်သူ ဒေးဗစ် ဟယ်ရီဆင် David Harrison က ပြောဆိုခဲ့ပါတယ်။

စကားလုံးတလုံးရဲ့ နောက်ကနေပြောင်းလဲထည့်ပေးရတဲ့ နောက်ဆက်လို့ ခေါ်တဲ့ ကြိယာနောက်ဆက်၊ နာမ်နောက်ဆက်တွေကနေ နောက်ဆက် တွေကိုဖြုတ်ချလိုက်ပြီး “အပေါ်သို့ ” တက်နဲ့  “အောက်သို့ ဆင်း”  ထဲက ‘သို့ ’ ကိုဖြုတ်ချလိုက်ရင် ဘာမှ အဓိပ္ပါယ်မရှိတော့သလိုမျိုးနဲ့  “ရေစုန်ကိုစုန် ဆင်း” နဲ့  “ရေဆန်ကိုဆန်တက်” ဆိုတဲ့ထဲက ‘ကို’  ဆိုတာလိုမျိုး အသုံးအနှုန်းတွေကို ဆိုလိုချင်တာပါ။ အဲဒီလိုမျိုးနေရာတွေမှာ ကမ္ဘာပေါ်မှာ အင်္ဂလိပ်စကားလုံးတွေထက်ပိုမို တိကျတဲ့ ဘာသာစကားမျိုး မရှိသေးတာကို သိရှိလာရပါတယ်။ “ဘာသာစကားတွေက ဝေါဟာရတလုံးကို အဓိပ္ပါယ် အကောက်မှားရင် စာလုံးပေါင်းပါ မှားယွင်းသွားနိုင်ပါတယ်။ ဘာသာစကားတခုမှာ အခက်ခဲဆုံးအပိုင်းက သဒ္ဒါဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားရဲ့ သဒ္ဒါ ထက် တခြားဘာသာစကားတွေရဲ့ သဒ္ဒါကလည်း ပိုမများရင်တောင် အများအပြားရှိနေကြပါတယ်” လို့ တူရင် Turin က ပြောဆိုခဲ့ပါတယ်။

ဘာသာစကားတွေ အစိတ်စိတ်အမွှာမွှာဖြစ်နေမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း

ဘာသာစကားတွေ အကွဲကွဲအပြားပြားဖြစ်နေမှု အစိတ်စိတ်အမွှာမွှာဖြစ်နေမှုနဲ့ ပျောက်ကွယ်ဆုံးရှုံးမှုအပိုင်းမှာတော့ အကြောင်းပြချက် အမျိုးမျိုး၊ အဖုံဖုံရှိကြပါတယ်။ အဘိဓာန်တွေ အများအပြားအသုံးတွင်ကျယ်နေမှုကလည်း ဘာသာစကားတွေ ပျောက်ကွယ်ဆုံးရှုံးစေတဲ့ အချက်တချက် ဖြစ်ပါတယ်။ အဘိဓာန်တွေဆိုတဲ့ထဲမှာ သမိုင်းအချက်အလက်တွေ၊ ရိုးရာအစဉ်အလာတွေနဲ့  နှုတ်တိုက်အာဂုံဆောင်လာခဲ့တဲ့ ပုံပြင်တွေ၊ ဇာတ်လမ်း တွေလည်း အကျုံးဝင်ပါတယ်။ “သမိုင်းအထောက်အထားခိုင်လုံမယ်ဆိုရင် ဘာသာစကားတွေအားလျော့လာနေတာကို ဆက်ပြီးတောင့်ခံထားနိုင်ဖို့  ဖန်တီးသွားနိုင်မှာပါ” လို့  Turin က ပြောဆိုခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြောဆိုသုံးစွဲနေသူတွေဟာ ဘာသာစကားတွေအားလျော့လာနေတာကို တောင့်ခံနေပြီး မပျောက်ကွယ်စေဖို့ တနည်းတဖုံ ဖန်တီး ပေးနိုင်သူတွေ ဖြစ်ကြပါတယ်။ “ဘာသာစကားတွေကို ဗဟုသုတဘဏ်တိုက်ကြီး တခုလိုဖြစ်ဖို့ ပြင်ဆင်ရမယ်” လို့  ချီကာဂိုတက္ကသိုလ်က ဘာသာ ဗေဒပညာရှင် ဆာလီကိုကို မုဖ်ဝဲနဲ Salikoko Mufwene  က ပြောဆိုခဲ့ပါတယ်။

ပျောက်ကွယ်ဆုံးရှုံးသွားတော့မယ့် သူ့ မိခင်ဘာသာစကားကို ဆာလီကိုကို မုဖ်ဝဲနဲက လေ့လာပြီးတော့မှ ပြောဆိုခဲ့တာပါ။ ဥက္ကလာဟိုးမားမြို့  ဇာတိသား တွမ်ဘယ်လ့် Tom Belt ရော ချေရိုကီ Cherokee ဘာသာစကားကို ပြောဆိုသုံးစွဲနေသူတွေကပါ အဲဒီ့ ဘာသာစကားကို မပျောက်ပျက်၊ မဆုံးရှုံးစေရေးအတွက် တတ်နိုင်သရွေ့ လုပ်အားပေးအနေနဲ့ ဝင်ရောက်ကူညီနေကြပါပြီ။ ဒေသဆိုင်ရာကျောင်းတွေမှာ ကလေးတွေ အတွက် လူနည်းစုဝင်တွေအတွက် သူတို့ ရဲ့ မိခင်ဘာသာစကားသင်တန်းတွေ ဖွင့်လှစ်ပေးပြီး သိပ္ပံပညာရပ်တွေ၊ သင်္ချာဘာသာရပ်တွေနဲ့ အတူ ချေရိုကီ ဘာသာစကားသင်တန်းတွေကိုပါ သင်ကြားပေးနေပြီ ဖြစ်ပါတယ်။ ချေရိုကီ ဘာသာစကားဟာ အခုဆိုရင် ဒေသဆိုင်ရာ တက္ကသိုလ်မှာရော တခြားကျောင်းတွေမှာပါ သင်ကြားပြသပေးနေပါပြီ။

(Thinkstock)

“အမေရိကန်အရှေ့ ပိုင်းမှာနေထိုင်ကြတဲ့ ချေရိုကီ ဘာသာစကားပြောဆိုသူတွေဟာ အခုဆိုရင် အဲဒီ့ဘာသာစကားနဲ့  ပြန်လည်ပြုစုပျိုးထောင်ရေး အစီအစဉ်တွေကို လုပ်ကိုင်နိုင်လာနေကြပါပြီ။ ဒါပေမယ့် အဲဒီလို လုပ်ကိုင်နိုင်လာတဲ့အကြောင်းကိုတော့ ဘယ်သူမှပြောကြဆိုကြ မရှိကြပါဘူး” လို့  ၀စ္စကွန်ဆင် Wisconsin ပြည်နယ် မီလ်ဝေါ်လ်ကီ Milwaukee မြို့ မှာရှိတဲ့ ၀စ္စကွန်ဆင်တက္ကသိုလ် University of Wisconsin မှာ မနုဿဗေဒ ပညာရှင်ဖြစ်တဲ့ ဘားနတ်ဒ် ပါလေ Bernard Perley က ပြောကြားခဲ့ပါတယ်။

ဟောဒီ့ ကမ္ဘာကြီးပေါ်မှာ အားပျော့ခဲ့ရာကနေ ပြန်လည်အားကောင်းလာနိုင်မယ့် ဘာသာစကား အတော်များများရှိနေကြပါတယ်။ ၁၉၆၀ ခုနှစ် နှောင်းပိုင်းနှစ်တွေအတွင်း အမေရိကန်နိုင်ငံရဲ့ အနောက်အလယ်ပိုင်းဒေသမှာနေထိုင်ကြတဲ့ ဒေသခံတွေရဲ့ “မိုင်ယာမီ Miami (Myaamia)” စကားမိသားစု အုပ်စုထဲက အာလ်ဂွန်ကီယန် Algonquian ဘာသာစကားမိသားစုဝင် တခုဖြစ်တဲ့ ဘာသာစကားဟာ အာလ်ဂျစ် Algic ဘာသာစကား ပြောဆိုသုံးနှုန်သူတွေ ကွယ်လွန်သွားပြီးနောက်ပိုင်း အဲဒီ့ ဘာသာစကားလည်း ပျောက်ကွယ်သွားခဲ့ရပါတယ်။

[မိုင်ယာမီ Miami (Myaamia) ဘာသာစကားဟာ အမေရိကန်နိုင်ငံရဲ့ အနောက်အလယ်ပိုင်းပြည်နယ်တွေဖြစ်ကြတဲ့ အီလီနွိုင်းပြည်နယ် Illinois ၊ မစ်ဆိုရီပြည်နယ် Missouri ၊ အင်ဒီယားနားပြည်နယ် Indiana ၊ အိုဟိုင်းယိုးပြည်နယ် Ohio တွေနဲ့ ဥက္ကလာဟိုးမားပြည်နယ် Oklahoma ထဲက တချို့ နေရာတွေမှာ အရင်တချိန်က ပြောဆိုသုံးစွဲခဲ့ကြတဲ့ ဘာသာစကား၊ သာသာပြန်သူရဲ့မှတ်ချက်။]

မိုင်ယာမီလူမျိုးတွေကို စိတ်ဝင်စားတဲ့ လူပုဂ္ဂိုလ်တဦးရဲ့ ကျေးဇူးကြောင့် အိုဟိုင်ယိုးပြည်နယ်မှာရှိတဲ့ ‘မိုင်ယာမီ တက္ကသိုလ်၊ အိုဟိုင်းယိုး Miami University in Ohio’ မှာ အခု ဆိုရင် မိုင်ယာမီဘာသာစကားကို သင်ကြားပေးနေပါပြီ။ “မိုင်ယာမီလူမျိုးစုပညာရှင်တွေ ဘာမှားသွားလို့ လဲလို့  မိုင်ယာမီအရေးကျွမ်းကျင်သူတွေက မေးခွန်းထုတ်ကြတော့ ‘အခုလောလော လတ်လတ်မှာ မိုင်ယာမီဘာသာစကားဟာ ခေတ္တအနားယူနေတာပါ’ မကြာခင် ပြန်လည်နိုးထလာပါလိမ့်မယ် ကျနော်တို့ လှုပ်နှိုးလိုက်ရင် ပြန်နိုးလာမှာပါ” လို့ မနုဿဗေဒ ပညာရှင်ဖြစ်တဲ့ ဘားနတ်ဒ် ပါလေ Bernard Perley က ပြောကြားခဲ့ပါတယ်။

နည်းပညာအထောက်အကူ

ဒီနေ့ ခေတ်လူသားတွေ အသုံးပြုနေကြတဲ့ ခေတ်မီနည်းပညာတွေက အထောက်အပံ့တွေအများကြီး ပေးနေခဲ့ပါတယ်။ “ဒီနေ့ ခေတ်မှာ လူတွေ ပြောဆိုသုံးနှုန်းနေကြတဲ့ ဘာသာစကားတွေကိုကြည့်ရင် ဟိုး အရင်ခေတ်တွေတုန်းက ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ကျနော်တို့ ပြန်လည် လေ့လာလို့ ရပါတယ်” လို့ Turin က ပြောဆိုခဲ့ပါတယ်။

ဥပမာပြရရင် ဒီနေ့ ခေတ်ကွန်ပျူတာဆော့ဖ်ဝဲတွေမှာ ချေရိုကီ ဘာသာစကားကို အသုံးပြု လို့ ရနေပါပြီ။ ချေရိုကီ သာမကပဲ တခြားဘာသာစကားတွေရဲ့ အက္ခရာ ၈၅ လုံးကို ထည့်သွင်းအသုံးပြုလို့ ရနေပါပြီ။ ၀က်ဘ်ဆိုဒ်အတော်များများဟာ ဘာသာစကားတွေကို လက်ခံအသုံးပြုလို့ ရနေပါပြီ။ ဘာသာစကားတမျိုးထဲသုံးတာထက် ဘာသာစကားအများအပြားသုံးစွဲတဲ့ ဒေသတွေမှာဆိုရင် မီဒီယာကိရိယာတွေ ပိုမို အသုံးပြုလာနိုင်တာမျိုးတွေ၊ “ဟိမ၀န္တာဒေသရဲ့ ဒီဂျစ်တယ် စီမံကိန်း Digital Himalayas project” တွေ၊ “ဒိုင်ယာရီ ဘလော့ဂ် Diyari blog” တွေ၊ “မြောက်ဝန်ရိုးစွန်းရှိ အာတိတ်ဒေသ ဆက်လက်ရှင်သန်စေရေး စီမံကိန်း Arctic Languages Vitality project” တွေနဲ့  အသံစနစ်နဲ့ ထုတ်လွှင့်တဲ့ စီမံကိန်းတွေ Enduring Voices project ကို အသုံးပြုလာနိုင်တာ တွေ့ မြင်လာရပါတယ်။

ဒီနေ့ ခေတ်မှာ မွေးဖွားလာခဲ့ကြတဲ့ ချေရိုကီ ဘာသာစကားကို အသုံးပြုနေကြတဲ့ အမေရိကန် အင်ဒီးယန်းတွေရဲ့ အရှေ့ ပိုင်းဂီတသံအဖွဲ့  Eastern Band အဖွဲ့ ထဲမှာ ဆက်နွယ်နေကြသူတွေရဲ့ သားသမီးတွေဟာ အဲဒီ့ ချေရိုကီ ဘာသာစကားကို ၁၉၉၁ ခုနှစ်က မြောက်ကယ်ရိုလိုင်းနားပြည်နယ် မှာ နေထိုင်ကြတဲ့ အင်ဒီးယန်းတွေထက် ပိုပြီးပြောဆိုနိုင်တာကို တွေ့ ရှိရပါတယ်။ ဥက္ကလာဟိုးမားမြို့  ဇာတိသား တွမ် ဘယ်လ့် ရော သူ့ လိုမျိုးပဲ အဲဒီ့ဘာသာစကားပြောဆိုသုံးနှုန်းနေကြသူတွေရောပါ သူတို့ ရဲ့ ဘာသာစကားပျောက်ကွယ်သွားမှာမျိုးကို မလိုလားကြပါဘူး။ နောက်ထပ် လူ့  ယဉ်ကျေးမှုအသစ်တခု ထပ်မံပေါ်ပေါက်လာတဲ့အထိ၊ လူတွေအများအပြား အသုံးပြုလာကြတဲ့အထိ သူတို့ ရဲ့ မိရိုးဖလာဘာသာစကားကို ဆက်လက် တည်မြဲနေစေချင်ကြမှာက ဓမ္မတာပါပဲ။ “ဒီလိုပဲ ပြောင်းလဲလာရမယ်လို့  ဒို့  ကောင်းကောင်းသိထားခဲ့တာပဲ။ သတ်မှတ်ထားတဲအခြေအနေရောက်ရင် မိနစ်၊ စက္ကန့် တောင်မခြားပဲ ပြောင်းလဲရမှာပါ” လို့ တွမ် ဘယ်လ့်နဲ့  အတွေးအခေါ်အယူအဆတူတဲ့ သူ့ ထက်အသက်အရွယ်ပိုကြီးတဲ့ လူတယောက် က သူ့ ရိုးရာအယူအဆကို ပြောပြခဲ့ပါတယ်။

ရေချယ်လ် နူဝါး Rachel Nuwer က ဘီဘီစီ ၀က်ဘ်ဆိုဒ် BBC Webpage မှာ ၂၀၁၄ ခုနှစ် ဇွန်လ (၆) ရက်နေ့ မှာရေးသားဖေါ်ပြထားပြီး မောင်ဖေသက်နီက မြန်မာဘာသာပြန်ပါတယ်။

Last Place on Earth | 6 June 2014
Languages: Why we must save dying tongues
http://www.bbc.com/future/story/20140606-why-we-must-save-dying-languages


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အတွေးအမြင်, လောကဓာတ်ခန်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်