ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ (တောင်စွန်း) – သံသေရွှေ

June 25, 2014

သံသေရွှေ

 ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ (တောင်စွန်း)၊ ဇွန် ၂၅၊ ၂၀၁၄

အမေရိကန်နိုင်ငံ၊ မေရီလင်းပြည်နယ်၊ ဘော်လ်တီမိုးမြို့မှာရှိတဲ့ ဝေဇယန္တာကျောင်းကိုရောက်ခိုက် ညီမောင် ဒေါက်တာ အရှင်သြသဓသာရက သူ့ရဲ့ ရွှေရတု ၀ိဇာတမင်္ဂလာ အထိမ်းအမှတ်အဖြစ် စာတစ်အုပ် ထုတ်မှာမို့ စာတစ်ပုဒ်လောက်ရေးပေးဖို့ တိုက်တွန်းပါတယ်။

သူက လိုအပ်တဲ့ အကြောင်းအရာ အချက်အလက်အတွက် ကြည့်လိုက ကြည့်ဖို့ဆိုပြီး MA, Ph.D., ဘွဲ့အတွက် ပြုလုပ်တဲ့ ဂုဏ၀ိသိဋ္ဌ ပူဇော်ပွဲမှာ ဆရာသမားများ မြွက်ကြားခဲ့တဲ့ သြ၀ါဒများ အပါအ၀င် အထိမ်း အမှတ် စာအုပ်နဲ့ စာရွက်စာတမ်းတချို့ကို ပေးရင်း ပါးစပ်ကလဲ

“ဆရာတော် – – – ကိုယ့်ညီတွေဆိုပြီး မြှောက်ပင့်ရေးသားဖို့  မဟုတ်ပါဘူးဘုရား၊ ဆရာတော်အာရုံပေါ်သလို၊ ဆန္ဒရှိသလို ရေးသားပေးပါ။ တပည့်တော် Ph.D ဂုဏပူဇာပွဲတုန်းက မစိုးရိမ်ဆရာတော် မြွက်ကြားတဲ့ သြ၀ါဒမှာ ဆိုယင် ဂုဏထောမနာ ဆိုတာထက် အပြစ်အနာအဆာတွေကို ထုတ်ဖေါ်မြွက်ကြား ဆုံးမသွားတာတွေပ။ဲ တပည့်တော်ကတော့ “အပြစ်မြင်တိုင်း၊ ၀မ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့”။ ဆိုတဲ့ အတိုင်း ကိုယ့်အပေါ်အကျိုးလိုလားတဲ့ သြ၀ါဒ အမြုတေပဲ ဆိုပြီး ဂုဏ်ယူဝမ်းမြောက်စွာပဲ စာအုပ်ရိုက်ပြီး ဓမ္မဒါနပြုခဲ့ပါတယ်။  အခုလဲ ဆရာတော် ကြိုက်သလိုသာရေး၊ တပည့်တော်ကတော့ “ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ” အဖြစ် ကျေနပ်ပါတယ်”။ တဲ့

အတော် လောကဓံထုသား တေသား ရနေတဲ့ သံမဏိနှလုံးသားကလာတဲ့ စကားပါပဲ။

သူပေးတဲ့ စာအုပ် စာတမ်းများထည်းက သူညွှန်းတဲ့ မစိုးရိမ်ဆရာတော် (ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ) ရဲ့သြ၀ါဒကို ဖတ်ကြည့်ပြီးတဲ့အခါမှာတော့ အစဉ်အလာပြောစမှတ်အဖြစ် ကြားဖူးခဲ့တဲ့ ပုဂံခေတ်က ၀ိဇ္ဇဓိုရ် ရှင်အဇ္ဇဂေါနဆိုတာကို သွားသတိရလိုက်ပါတယ်။

ရှင်အဇ္ဇဂေါနရဲ့ ဓာတ်လုံးက သံရိုင်းတုန်းကို နည်းအဆင့်အဆင့်၊ မီးအဆင့်ဆင့်တွေနဲ့ ထိုးခဲ့ပြီး ရွှေကြွေး ရမယ့် အဆင့်မှာ ရွှေတွေထည့်ထည့်ပြီး ကြွေးလာလိုက်တာ တိုင်းပြည်မှာ ရှိတဲ့ ရွှေတွေ အတော်ကုန်လှပြီတဲ့။

“ဒီဓာတ်လုံးကိစ္စပြီးမြောက်သွားယင် သံသေရွှေအဖြစ်နဲ့ သူနဲ့ ထိလိုက်ရင် သံတိုသံစ သတ္ထုမှန်သမျှ ရွှေဖြစ်ပြီး ပုဂံပြည်ကြီးကိုတောင် ရွှေတံတိုင်းခတ်နိုင်သွားမယ်” ဆိုတော့ ရှင်ဘုရင်ကလဲ မျှော်လင့်တကြီးနဲ့ ပြည်သူတွေပိုင်တဲ့ ရွှေတွေအကုန်ကြွေးလို့မှ ကိစ္စမပြီးသေးရင် သူ့ဘဏ္ဍာတိုက်မှာရှိတဲ့ ရွှေတွေကိုပါ ယူကြွေး ဆိုပြီး ခွင့်ပြုလိုက်တယ်။ ဓာတ်လုံးကကြွေးသမျှရွှေတွေကိုသာ အကုန်စားသွားတယ် ဘာသိဒ္ဓိမှ ပြီးမလာဘူးတ့။ဲ

ဖြစ်ပုံကတော့ ဓာတ်လုံးကို နောက်ဆုံးအဆင့်အဖြစ်နဲ့ ခံရည်လောင်းရာမှာ စာအညွှန်းက ”ချေးရည် ထည်းမှာ လောင်း” ဆိုတာကို ဒါတော့ အလွန်ညစ်ကြေးလွန်းတယ်၊ ချေးရည် မဖြစ်နိုင်ဘူး။ ချဉ်ရည်ပဲ ဖြစ်မယ် ဆိုပြီး ရှောက်၊ သံပုရာ၊ မကျီး စတဲ့ ချဉ်ရည်တွေထည်းကိုချည်း လောင်းနေတာတဲ့။ အကြိမ်ကြိမ်လောင်းပေမ့၊ဲ ရွှေရောင်လဲ မတောက်၊ သိဒ္ဓိလဲမပေါက် ဆိုသလိုဖြစ်နေတိုင်း “ ရွှေကြွေးတာ လိုနေသေးလို့ပဲ” ဆိုပြီး

အထပ်ထပ်ကြွေးလိုက်တာလဲ ဘုရင့်ဘဏ္ဍာတိုက်မှာ ရှိသမျှရွှေတွေသာ ကုန်သွားတယ် ဓာတ်လုံးက ဘာမှ ထူးခြားမလာဘူး။ ဘုရင်ကိုမက်လုံးပေးထားတဲ့ သတ္ထုမှန်သမျှ ရွှေဖြစ်နိုင်တဲ့ သိဒ္ဓိကလဲ မပြီး၊ တိုင်းပြည်မှာ ရှိပြီးသား ရွှေတွေကလဲ ကုန်သွားပြီဆိုတော့ ရှင်ဘုရင်က အမြက်ရှပြီး ရှင်အဇ္ဇဂေါနကို နောက်နောင် အဂ္ဂိရတ် မထိုးနိုင်အောင် မျက်လုံးနှစ်ဖက်ကို ဖောက်ပစ်စေပါသတဲ့။

ရှင်အဇ္ဇဂေါနကလဲ ဓာတ်လုံးအပေါ်မှာ စိတ်နာပြီး “ ဒီလောက်တောင် ရှိလှတဲ့ ဓာတ်လုံး နောက်တခါ ကိုင်မကြည့်နိုင်အောင် ကုဋီ (အိမ်သာ) ထည်း သွားပစ်လိုက်ကွာ” ဆိုပြီး သူ့တပည့်ကို အမိန့်ပေးလိုက်လို့ ကုဋီထည်းလဲ ပစ်ချလိုက်ရော – လား — လား အဲဒီကျတော့မှ ဓာတ်လုံးက အရောင်အ၀ါတွေထွက်လာပြီး  ကုဋီတခုလုံး ထိန်ထိန်ကိုလင်းသွားတော့တာတဲ့။

အားလုံးက တအံ့တသြနဲ့ ဒီအကြောင်း အော်ဟစ်ပြောဆိုသံကြားတော့မှ ရှင်အဇ္ဇဂေါနက ဓာတ်လုံးကို ပြန်ဆည်ယူခိုင်းတယ်။ ပြီးတော့မှ မပုပ်မသိုးသေးတဲ့ အသေကောင် တမျိုးမျိုးဆီက မျက်လုံး နှစ်လုံး သွားရှာခိုင်းပြီး အဖေါက်ခံထားရတဲ့ သူ့မျက်လုံးထည်းကိုထည့်၊ ဓာတ်လုံးနဲ့တို့လိုက်တာ မျက်စေ့နှစ်ကွင်း အလင်းပြန်ရသွားတယ်။ ဒါပေမဲ့ ရှာလို့ရလာတဲ့မျက်လုံးတွေက ဆိတ်မျက်လုံးတစ်ခု၊ နွားမျက်လုံး တစ်ခုဖြစ်နေ

လို့ မျက်လုံးအစုံကလဲ တစ်ဖက်ကျဉ်း တစ်ဖက်ကျယ်နဲ့ဖြစ်ပြီး သူ့အမည်လဲ ရှင်အဇ္ဇဂေါနလို့ တွင်သွားတော့ သတဲ့။

ဒဏ္ဍာရီ ပြောစမှတ်တွေဖြစ်လို့ ပုဂံပြည်ကြီး ရွှေလမ်းခင်း၊ ရွှေတံတိုင်းကာတာတွေရော လုပ်ခဲ့သလား – မလုပ်ခဲ့ဘူးလားဆိုတဲ့အကြောင်းတော့ ဆက်မတွေးကြပါနဲ့တော့။ တကယ်ဖြစ်ရပ်မို့ အဲဒီလို ရွှေတွေခင်းခ့ဖဲူး တယ်ဆိုရင် ဘနဖူး သိုက်တူးဖို့ ၀န်မလေးကြသူတွေ လက်ထက်မှာ ပုဂံပြည်ကြီးထပ်ပျက်ပြီး လှည်းဝန်ရိုးသံ တွေပါ ဆိတ်သုဉ်းသွားရင်ဒုက္ခ။

ဒီဒဏ္ဍာရီထည်းမှာ မိမိအတွေးပေါက်နေမိတာကတော့ “ချေးရည်နဲ့ ချဉ်ရည် အယူအဆမှားပြီး လောင်း နေတဲ့အတွက် လမ်းဆုံးမရောက်၊ သိဒ္ဓိမမြောက်တဲ့ ဓာတ်လုံးဟာ ကုဋီတွင်းထည်း ပစ်ချခံလိုက်ရတော့မှ အရောင်တွေ တောက်၊ သိဒ္ဓိတွေမြောက်သွားတယ်” ဆိုတဲ့အချက်ကိုပါပဲ။

အရှင်သြသဓရဲ့ နှစ်ငါးဆယ်ဘ၀ခရီးကို ကြည့်လိုက်မယ်ဆိုယင် ပထမဦးဆုံး မိဘနှစ်ပါးတို့က သံရိုင်းတုန်းလေး အဖြစ်မွေးဖွားလိုက်တာပါ။ (၆) နှစ်သားအရွယ်မှာ မိဘနှစ်ပါးက ရွှေဒါးကျရွာ သိမ်တော်ဦးကျောင်းဆရာတော် ဦးမာနိတထံမှာ ပို့အပ်ပြီး မီးစကျင့်လိုက်တာ (၁၀)နှစ်သား အရွယ်ရောက်တော့ သံရိုင်းတုန်း အဆင့်ကနေ သာမဏေအဖြစ်နဲ့ ဓာတ်လုံးပုံစံ စပေါ်လာပါတယ်။

အဲဒီနောက် မုံရွာမြို့၊ သထုံဝံသကျောင်းတိုက်မှာ ပညာဆက်လက်ဆည်းပူးရင်း အသက် (၂၀) ပြည့်တဲ့ အခါမှာတော့ သထုံဝံသဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ကို ဥပစ္ဇျာယ်ပြုပြီး ရဟန်းတော်ဆိုတဲ့ အဆင့်နဲ့ ဓာတ်လုံး အတော်လေး မီးဝလာတယ်။ အဂ္ဂိရတ်စကားနဲ့ ပြောရရင်တော့ မီးထိုးခံအဆင့်လောက်ပါပဲ။ မလတော့ မစင်ကြယ်လှသေးဘူးပေါ့။

ပထမကြီးတန်း အောင်မြင်ပြီးလို့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ထံပို့အပ်လိုက်တဲ့အခါမှာတော့ ဆရာတော်ရဲ့(အဂ္ဂိရတ် စကားနဲ့ ပြောရရင်) မီးပေးမီးယူနဲ့ မီးပြင်းထိုးပြီး ပြုပြင်ပေးလိုက်တဲ့အခါ “ သာသနဓဇ ဓမ္မာစရိယ” ဆိုတဲ့ဘွဲ့ရတဲ့အထိ အရောင်အလင်း အတော်တက်လာပါတယ်။ ဒါတောင် မစိုးရိမ်တိုက်သစ်ဆရာတော်ရဲ့ ဖနောက်ပေါက်ချက်၊ နွားငေါက်ချက်များနဲ့ အတော်လေး မီးပြင်းတိုက်တာကောင်းခဲ့လို့ပဲ ဖြစ်မယ်ထင်ပါရဲ့။

မစိုးရိမ်ဆရာတော့်အာဘော်အတိုင်းပြောရရင်တော့ အရောင်ထွက်တာက နဲနဲ မလအညစ်အကြေး တက်တာကခပ်များများ – အဆင့်ပဲရောက်သေးလို့ “မလကင်း၊ အလင်းတောက်၊ သိဒ္ဓမြောက်” ဆိုတဲ့ အဆင့်တော့ မရောက်လှသေးဘူး။ မစိုးရိမ်တိုက်သစ်ရဲ့ စာချဘုန်းကြီးလေး အဆင့်လောက်မှာပဲ မထင်မရှား ရဟန်းတပါးပါ။

အဲ ၁၉၉၀ – ခုနှစ်လောက်မှာတော့ သူတို့စကားအတိုင်းပြောရရင် အမှောင်ခေတ်က အလင်းခေတ်ကို ဖော်ဆောင်ဖို့ ကျိုးစားမှု၊ မစိုးရိမ်တိုက်သစ်ဆရာတော်ရဲ့ သြ၀ါဒစကား အတိုင်းပြောရရင်တော့ ဗောဓိပင်အပျိုး ကောင်းမှုကြောင့် ပေါင်ကျိုးတဲ့အဖြစ်နဲ့ ကြုံရပါတယ်။

ဆရာတော်မိန့်ကြားတဲ့ “ဗောဓိပင်ပျိုး၍ ပေါင်ကျိုးသော အဖြစ်” ဆိုတာ သုဂတိလူ့ဘုံဆိုတဲ့ စံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မစင်တွင်းထက် ဘက်ပေါင်းစုံဆိုးဝါးယုတ်ညံ့တဲ့ ရွံရှာ စက်ဆုတ်စရာအကောင်းဆုံး နေရာပါပဲ။ အရိုင်းဆုံး၊ အကြမ်းဆုံး ပညာပေးစခန်းဆိုလား၊ မဆိပ်ငြိမ်တောရ ဆိုလား၊ မော်စကိုဆိုလား၊ နာမည် ဆိုး အမျိုးမျိုးနဲ့ကျော်ကြားတဲ့ နေရာပါ။ ရှင်းရှင်းပြောရရင်တော့ အကျဉ်းထောင်ပေါ့။

အံ့သြဖို့တော့ ကောင်းတယ်၊ အရှင်သြသဓကို ဒီနေရာဆိုးမှာ ခြောက်လလောက် ပစ်ချလိုက်တာဟာ ရှင်အဇ္ဇဂေါဏရဲ့ ဓာတ်လုံးကို ကုဋီထဲ ပစ်ချလိုက်တယ်ဆိုတာထက်တောင် ပိုပြီး အံ့သြဖို့ကောင်းတယ် ဆိုရမလားပဲ။ ဒီနေရာဆိုးက လွတ်မြောက်လာတဲ့နောက်ပိုင်းမှာ- ဆရာတော် ဦးမဟောသဓပဏ္ဍိတက တဆင့် သီတဂူဆရာတော်ဘုရားထံရောက်၊ သီတဂူဆရာတော်ရဲ့ ဆုံးမကူညီ ပို့အပ်မှု အရ အိန္ဒိယကို ပညာသင် ရောက်ပြီးတဲ့အခါမှာတော့ MA, Ph.D.,ဒေါက်တာ အရှင်သြသဓအဖြစ်နဲ့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ် အဆင့်အထိ ရောင်လက်၊ ဂုဏ်မြောက်၊ သိဒ္ဓိတွေပေါက်လာတဲ့ တကယ့်သံသေရွှေဖြစ် သွားတော့တာပါပဲ။

ဟုတ်တော့ဟုတ်တယ်၊ ၀ဋ်ကြွေးရဲ့ အတုန့်အလှည့်ပဲဆိုရမလား ခေတ်ဘေးရဲ့ အတုန့်အလှည့်ပဲ ဆိုရမလား မပြောတတ်ဘူး။ ဒီနေရာကို ပစ်ချခံရပြီး လွတ်မြောက်လာတဲ့ ရဟန်းရှင်လူမှန်သမျှ အနည်းနဲ့အများ ဆိုသလို အရောင်အ၀ါတွေ သိဒ္ဓိတွေတက်လာကြတာကတော့ မြန်မာနိုင်ငံမှာလက်တွေ့ပဲ။ အတော် များများကတော့ အရောင်မထွက်လာပဲ အသက်ထွက်သွားကြတာလဲ မနည်းပေဲ ပါ့လေ။

မစိုးရိမ်တိုက်သစ်ဆရာတော် ပြောတဲ့ ဗောဓိပင်အပျိုးကောင်းလို့ ဆိုတဲ့စကားက ကိုယ်ကျိုးအတွက် ကိုယ့်ရဲ့လောဘ ဒေါသ အလျောက် တကယ့်ပြစ်မှုနဲ့ ဒီနေရာကို ရောက်ကြသူမျိုးမဟုတ်ဘဲ။ နိုင်ငံအကျိုး၊ သာသနာအကျိုးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်တာကို အပြစ်ရှာပြီး ဒီနေရာ အပို့ခံရသူများကို ရည်ညွှန်း တာပါ။ ဒီနေရာ ပစ်ချခံရတိုင်း ဓာတ်လုံးတွေလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါကြောင့်လဲ ဒီနေရာက ပြန်လည်လွတ်မြောက်လာသူတွေမှာ အရောင်လက်လာသူတွေရှိသလို ဘ၀ပျက်သွားသူတွေလဲ ရှိနေပါတယ်။ တစ်ချို့ဓာတ်လုံး စစ်စစ်ဖြစ်ပေမဲ့ အခိုးအငွေ့အဖြစ်နဲ့ ပျောက်ကွယ်သွားရ တာမျိုးလဲ ရှိပါတယ်။ အဂ္ဂိရတ်စကားနဲ့ ပြောရရင်တော့ အရောင်တက်ပြီး အသက်ရှင်နေသူများက အရှင်ထွက်၊ အခိုးအငွေ့အဖြစ်နဲ့ ပျောက်ကွယ်သွားရသူများက အသေထွက်လို့ ဆိုရမှာပေါ့။

အင်း – – – စဉ်းစားကြည့်ရင်တော့ ဒေါက်တာအရှင်သြသဓတို့လို အရှင်ထွက်အဖြစ်နဲ့ အရောင်တောက် သိဒ္ဓိပေါက်တဲ့ သံသေရွှေဓာတ်လုံးတွေလဲ မနည်းတော့ ကျန်ပါသေးတယ်။  ပုဂံပြည်က ရှင်အဇ္ဇဂေါနရဲ့ သံသေရွှေဓာတ်လုံးကတော့ သူနဲ့တို့ထိမိသမျှ သတ္ထုတွေကို ရွှေဖြစ်သွားစေတယ်လို့ ဆိုပါတယ်။ အခုမြန်မာပြည်မှာ ရှိနေတဲ့ သံသေရွှေ ဓာတ်လုံးများကတော့ တခြားသတ္ထုတေနွ့ဲ ထိတွေ့မှု ရှိရဲ့လား၊ ထိတို့မိတဲ့ သတ္ထုများကိုရော ရွှေအဖြစ်ရောက်စေကြရဲ့ လား ဆိုတာကတော့ ပြန်လည်သုံးသပ်ရမှာပါ။ သတ္ထုတိုင်း ရွှေဖြစ်ကြပြီဆိုရင်တော့ မြန်မာပြည်ကြီးဟာ တကယ့်ကိုမှ ရွှေနိုင်ငံ ကြီးဖြစ်လာမှာ မလွဲပါဘူး။

အဲ – – – အခု – – ဒေါက်တာအရှင်သြသဓကတော့ သံသေရွှေဖြစ်ခဲ့ရုံမက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မှာ ဒုတိယပါမောက္ခချုပ်အဖြစ်တာဝန်ယူစဉ်မှာ သူနဲ့ထိတွေ့ခဲ့တဲ့ သတ္ထုကလေးများကိုလဲ MA, Ph.D., ဆိုတ့ဘဲ့ွဲ ရောင်တွေ လက်စေခဲ့တာလဲ ခုနှစ်ပါး ရှစ်ပါးထက်မနည်း ရှိခဲ့ပြီတဲ့။

အမေရိကန်နိုင်ငံ တက္ကဆက် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းနဲ့ မေရီလင်းပြည်နယ် ဘော်လတီမိုးမြို့က ဆရာတော် ဦးမဟောသဓပဏ္ဍိတတည်ထောင်ထားတဲ့ ဝေဇယန္တာကျောင်းမှာ ဆရာတော် ဦးဣန္ဒာစာရနဲ့ အတူနေထိုင်စဉ်မှာလဲ ရောက်လာတဲ့ ဒကာ ဒကာမတွေ၊ လေ့လာမေးမြန်းလိုကြတဲ့ တခြားဘာသာဝင်တွေကို မြတ်ဗုဒ္ဓရဲ့ သစ္စာဓမ္မနဲ့ လင်းလက်အေးမြစေခဲ့တာ —

မိမိရောက်ရှိနေတဲ့ ရက်ပိုင်းအတွင်းမှာပဲ မေရီလင်းပြည်နယ် Strayer University မှာ ဘာသာပေါင်းစုံ ကျောင်းသားများတက်ရောက်တဲ့ ဘာသာကြီးလေးခုတို့ရဲ့ ဓမ္မအနှစ်ချုပ်နှီးနှောဖလှယ်ပွဲမှာ ဘာသာဝင်လေးမျိုး လုံးကျောင်းသားများရဲ့ နှစ်ချိုက်တုန့်ပြန်မှု့ကို ရခဲ့လို့ ပါမောက္ခချုပ်ရဲ့ Certificate of Appreciation ဂုဏ်ပြုလွှာ ပေးအပ်ခြင်း ခံရတာကို မိမိကိုယ်တိုင်တွေ့မြင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာရဟန်းတော်များနဲ့ ဗုဒ္ဓသာသနာတော်ရဲ ဂုဏ်ရောင်ကို ကမ္ဘာက သိထွန်းပြောင်ဖို့ မရပ်မနား ကမ္ဘာ့လှည့်ပြီး ကြိုးစားဆောင်ရွက်နေတဲ့အတကွ် မိမိတို့ကိုယ်တိုင်က လေးစားရတဲ့ သူ့ရဲ့ကျေးဇူးရှင် သီတဂူဆရာတော် ဘဒ္ဒန္တဥာဏိဿရနဲ့ မိမိတို့ နယူးယောက်မြို့ ဘရုတ်ကလင်မှာရှိတဲ့ လောကချမ်းသာ (ဘာဂင်) ကျောင်းမှာ တွေ့ဆုံခဲ့စဉ်က သီတဂူ ဆရာတော် မိန့်ကြားခဲ့တဲ့ စကား အမြုတေ တစ်ခုကို မိမိလေးလေးစားစား မှတ်သားထားခဲ့ဖူးတယ်။

“တပည့်တော်က ခရီးသွားတယ်ဆိုရင် ရောက်ဖူးတယ်ရှိရုံသွားနေသူတွေကို ဘာမှ မချီးကျူးလိုဘူး ခရီးသွားတယ် ဆိုတာ ခြေရာထင်အောင်သွားမှ သဘောကျတယ်၊ အရှင်ဘုရားက ဒီအမေရိကန်မှာ ပဌာန်းသင်တန်းလေးတွေပို့ချပေးနေတာ အတော်လေး ထိရောက်တယ် ကြားရလို့ သာဓုခေါ်ပါတယ်”တဲ့။  အခု သီတဂူဆရာတော်ရဲ့ တပည့် တစ်ပါးဖြစ်တဲ့ ဒေါက်တာအရှင်သြသဓလဲ ဆရာကောင်းတပည့်ပီသစွာပဲ ဆရာတော်သဘောကျလောက်အောင် MA, Ph.D ဆိုတဲ့ ခြေရာတွေ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ဒုတိယ ပါမောက္ခချုပ်ဆိုတဲ့ခြေရာသာမက ရန်ကုန်အနီးက မှော်ဘီမြို့မှာလဲ “မဟောသဓပဏ္ဍိတ” ဆိုတဲ့ ကျောင်းတိုက်ကြီးကို တည်ထောင်ပြီး တိုင်းရင်းသားစုံ သာမဏေလေးများမေွး မြူပြီး ဆန္ဒရှိရာ လောကီ လောကုတ္တရာပညာရေးများ ပြီးမြောက်အောင် သင်ကြားပေးဖို့ စီမံကိန်းကြီးတစ်ခုကိုလဲ စတင်နေပြီဆိုတာ

သိရတဲ့အတွက် နှစ်ငါးဆယ်ဆိုတဲ့ ရွှေသက်တန်းအတွင်းမှာ ရွှေခြေရာတွေ အတော်လေးထင်အောင် ခရီးသွားခဲ့ပေသကိုး လို့ နှစ်ထောင်းအားရ သာဓုခေါ်မိပါတယ်။

သံသေရွှေရဲ့ ရွှေခရီးတစ်လျှောက် ထိတွေ့သမျှ အမျိုးကောင်းသား ရတနာများကို ရွှေဖြစ်အောင်ထိတို့ ပေးနိုင်ပါစေလို့ ဆန္ဒပြုရင်း ဒီမုဒိတာ စာပုဒ်ကို နိဂုမ်းချုပ်ပါရစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း), ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်