အုန်းနိုင် – ဂန္ဒီခန်းမ ကြေညာစာတမ်း (၁)

June 25, 2014

ဂန္ဒီခန်းမ ကြေညာစာတမ်း (၁)
အုန်းနိုင်
ဇွန် ၂၅၊ ၂၀၁၄
 
 

● ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်မျိုး
နေ့ချင်းညချင်းအခြေအနေများထူးလိုထူးငြား၊ ရန်ကုန်ရွှေဂုံတိုင်ရုံးဘက် မပြတ်ဆက်သွယ် နေရပါတယ်။ တစ်ခါတစ်လေ ကိုယ်တိုင်သွား၊ သတင်းနားထောင်၊ ကိုယ်ပြောချင်တာလည်း နီးစပ်သူတွေနဲ့ ပြောကြရပါတယ်။ ၁၉၄၇ ခုနှစ် ဖဆပလက တိုင်းပြည်ပြုလွှတ်တော်အနိုင်ရတော့ ဂျူဗလီဟောမှာ ပဏာမအစည်းအဝေးခေါ်တာတွေကို  ဖတ်ရမှတ်ရပြီး  ဒီလိုလုပ်ရင် ကောင်းမယ်လို့ အကြံပြုတာတွေလည်းလုပ်ခဲ့ပါတယ်။

သက်ကြီးဝါရင့် နိုင်ငံရေးသမား ဟောင်းကြီးများကလည်း ဒါကို ထောက်ပြကြတယ်။ ဒီကြားထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက  အရေးကြီး တယ်ဆိုတော့ မြန်မာပြည်မှာ ပေါ်ခဲ့ဖူးတဲ့ဖွဲ့စည်းပုံအခြေခံနှစ်ခုကို ပြန်လည်လေ့လာကြတယ်..။ ၁၉၄၇ ခုနှစ် တိုင်းပြည်ပြုလွှတ်တော်က ဆွဲတဲ့ အခြေခံဥပဒေကတော့ ဥပဒေပညာရှင်တွေ လက်စွမ်းပြခဲ့လို့ ပြည်ထောင်စုစစ်စစ် အခြေခံဥပဒေမဖြစ်ခဲ့ပေမယ့် ဒီမိုကရေစီနဲ့ အတော်နီးစပ်တယ်။ ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အခြေခံဥပဒေကတော့ ဒီမိုကရေစီနဲ့ မနီးစပ်ပါ။ ဒါပေမယ့် အသစ်တစ်ခု ရေးဆွဲမယ့်အစား ယာယီအသုံးချဖို့   ဒီနှစ်ခုအနက်က တစ်ခုကို အတည်ပြုလိုက်ရင် နည်းနည်းမြန်ပြီး လွယ်မယ်..။ ကျနော့်  သဘောကတော့  ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံကို ယာယီအတည်ပြုလိုက် စေချင်တယ်။ အခုလက်ရှိ ရွေးကောက်ပွဲကလည်း ပြည်သူ့ လွှတ်တော်တစ်ခုအတွက် ရည်ရွယ် ရွေးကောက်ထား တော့ ဒီဖွဲ့စည်းပုံနဲ့ အဆင်ပြေမယ်..။ ဒီမိုကရေစီ ဆန့်ကျင်တာတွေတော့ နည်းနည်းပြင်ပေါ့၊ ဒါဆိုရင် စစ်တပ်က ပိုပြီး လိုက်လျောမယ့် သဘောများ ရှိမလားပေါ့လေ..။ အရေးကြီးတာက လွှတ်တော် ဖွဲ့စည်းဖြစ်ဖို့နဲ့ လွှတ်တော်ရဲ့ အာဏာစက် ပျံ့နှံ့ဖို့ပါ..။ ကျနော်တို့ တက္ကသိုလ်မှာ တကသရဲ့ဖွဲ့စည်းပုံဟာ အောက်စဖို့တက္ကသိုလ်ရဲ့ ဖွဲ့စည်းပုံကို နည်းနည်းပုံတူလုပ်ထားတာမို့ လူမှုဆက်ဆံရေး သက်သက်ပဲ…။ ဒါကိုပဲကိုင်ဆွဲပြီး တကသက နိုင်ငံလွတ်လပ်ရေး တိုက်ပွဲထဲဝင်ခဲ့တယ်။ ကျနော်တို့ ကျောင်းသားဘ၀မှာလည်း    ဒီဖွဲ့စည်း ပုံနဲ့ပဲ ပြည်သူ့ဒီမိုကရေစီ လွတ်မြောက်ရေးတိုက်ပွဲတွေ၊ ပြည်တွင်း ငြိမ်းချမ်းရေးတိုက်ပွဲတွေဝင်ခဲ့တာပါပဲ။ ဒါကြောင့် ကျနော်က  ၁၉၇၄  မဆလ ဖွဲ့ စည်းပုံနဲ့ပဲ  လွှတ်တော်ခေါ်ဖြစ်အောင် ကြိုးစားချင်ပါတယ်..။

ဒီလို ကျနော်တို့ အစုလိုက် ဆွေးနွေးပွဲကလေးတွေလုပ်ဖြစ်ပါတယ်…။ ကျနော့်   အယူအဆကို လူကြိုက် မများပါ..။ ၁၉၇၄ ခုနှစ် မဆလ ရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေက  လူမျိုးစုနဲ့  ပြည်နယ်တွေရဲ့  အခန်းကဏ္ဍကို  တိုင်းတွေနဲ့တဆင့်တည်း  လျှော့ချထားလို့  လူမျိုးစုတွေကလက် ခံနိုင်ဖွယ်မရှိလို့ ဆိုကြပါတယ်..။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံကို ပြန်ကိုင်တာက လူမျိုးစုတွေကပါ လက်ခံမယ်လို့ယူဆကြတဲ့  သူများပါတယ်။ ဒါကိုပဲ ဒီရက်အတွင်းမှာ ငြင်းကြ ခုန်ကြနဲ့ ရန်ကုန်မှာ အနေများခဲ့ပါတယ်။ ကြာတော့ ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ကျနော်လည်း  ၄၇ ခုနှစ် ဖွဲ့ စည်းပုံဘက် စိတ်ယိုင်သွား ပါတယ်..။

မြန်မာပြည်မှာ ၁၉၃၅ ခုနှစ် ကိုလိုနီခေတ်က အိန္ဒိယနဲ့ခွဲပြီး ပေါ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု..၊ ၁၉၄၇ ခုနှစ်မှာ တိုင်းပြည်ပြုလွှတ်တော်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုနဲ့   ၁၉၇၄ ခုနှစ်မှာ တော်လှန်ရေးကောင်စီက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရယ်လို့သုံးခုရှိခဲ့ပေမယ့် ကိုလိုနီခေတ် ဖွဲ့စည်းပုံကတော့ ကျနော်တို့ ထည့်တောင် မစဉ်းစားတော့ဘူး။ ၄၇ ခုနှစ်ဥပဒေနဲ့ ၇၄ ခုနှစ်ဥပဒေကိုသာ ထည့်စဉ်းစားကြတာပါ။

၄၇ ခုနှစ် အခြေခံဥပဒေ မှာက အခြေခံအားဖြင့် ပြည်ထောင်စုကိုဖွဲ့စည်းရာမှာ ပြည်မနဲ့ပြည်နယ် ငါးခု (ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်) အခြေခံပြီး ဆွဲခဲ့တယ်။ ပြည်နယ်ငါးခုရဲ့ အစိုးရ ဖွဲ့စည်းပုံ သီးခြားနဲ့ ပြည်မနဲ့ ပြည်နယ် ဘဏ္ဍာငွေ ခွဲဝေပုံ သီးသန့်ရှိခဲ့လို့ လူမျိုးစုများရဲ့ သီးခြားတည်ရှိမှုကို လက်ခံတဲ့ သဘောပါရှိပါတယ်။ ပြည်မဆိုတာနဲ့ ဗဟိုအစိုးရ တွဲထားတဲ့ ပြဿနာပဲရှိတယ်။ ပြည်ထောင်စုဘက် ပိုနွယ်တယ်။ ဥပဒေပညာရှင်တွေကတောင် ပြည်ထောင်စုဆန်သော တစ်ပြည်ထောင်စနစ် လို့ သတ်မှတ်ခဲ့ကြတယ်။

၁၉၇၄ ခုနှစ် ဥပဒေကတော့ ပြည်ထောင်စုကို ပြည်နယ်ခုနစ်ခု..၊ တိုင်းခုနစ်ခုနဲ့ ဖွဲ့စည်းထားပေမယ့် အမည်ခံ အားဖြင့်သာ လူမျိုးစုများကိုအသိအမှတ်ပြုထားပြီး တကယ် အုပ်ချုပ်ပုံကျတော့ ပြည်နယ်နဲ့တိုင်းတွေဟာ သီးခြား အစိုးရပုံသဏ္ဍာန်မဟုတ်ပဲ ကောင်စီပုံသဏ္ဍာန်နဲ့ ဗဟိုနိုင်ငံတော်ကောင်စီကို တာဝန်ခံရတာဖြစ်လို့ တစ်ပြည်ထောင်စနစ် စစ်စစ်ပဲလို့ ဥပဒေပညာရှင်တွေက သတ်မှတ်ခဲ့ကြတာပါ။

ဥပဒေ တစ်ခုချင်းစီကတော့ ချွတ်ယွင်းချက်တွေနဲ့ပါပဲ။ ပြင်ဆင်ချင်ရင်ပြင်လို့ရနိုင်ပါတယ်။ ပြီးတော့ အခုသုံးမှာကလည်းအမြဲစွဲကိုင်ထားဖို့ မဟုတ်ပဲ ယာယီ အာဏာလွှဲပြောင်းရုံ သက်သက်ပဲ။ ဘာအခြေခံဥပဒေမှမရှိပဲနဲ့တောင် အခု နဝတက အုပ်ချုပ်နေသေးတာပဲ။ ဒါပေမယ့် ရှစ်လေးလုံးကာလကတည်းက ၇၄ ခုနှစ် ဥပဒေကို လုံးဝကျောခိုင်းလိုက်ပြီး ကြယ် (၁၄) လုံး ခြံရံတဲ့ ပင်နယံအလံကိုတောင် စွန့်ပစ်ပြီး ကြယ်ငါးပွင့်အလံကို ပြန်ကိုင်ခဲ့တဲ့ အစဉ်အလာကြောင့် (၇၄) ဥပဒေကိုတော့ “ဘူးဆိုရင်ဖရုံမသီးချင်ကြတော့ပါ..” ။ ဒီသဘောရှိတဲ့သူက များပါတယ်။

ဇူလိုင်လ တတိယပတ်မှာတော့ ပဏာမညှိနှိုင်းပွဲလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကျပါတယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ် တွေဆီကို ဇူလိုင်(၂၀) ရက်နေ့စွဲနဲ့ ဖိတ်စာပို့တာပေမယ့် လက်ထဲတော့  အတော်နောက်ကျမှ ရောက်ပါတယ်..။ သိတာက စောသိပါတယ်..။ ၁၉၉၀ ပြည့်နှစ် ဇူလိုင် (၂၈) ရက်နေ့နဲ့ (၂၉) ရက်၊ နှစ်ရက်ကျင်းပမယ်။ (၂၇) ရက်နေ့မှာကတည်းကပြည်နယ်အလိုက်၊ တိုင်းအလိုက် အကြိုဆွေးနွေးပွဲတွေ လုပ်ဖို့အရောက်လာပါ။

ယူလာရမယ့် ကော်မရှင်ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာချက်တို့၊ကိုယ်ရေးရာဇဝင်တို့၊ မိမိတို့မြို့ရဲ့ အဆိုပြုချက် တို့ ဆိုတာတွေလည်းညွှန်ကြားထားပါတယ်။ အစည်းအဝေးရဲ့ တရားဝင်အမည်ကတော့“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုဦးစီးအဖွဲ့ဝင်များနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များ (ပထမ) အကြိမ် ပဏာမ ညှိနှိုင်းအစည်းအဝေး”…ပါတဲ့။ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဦးစီးခေါ်ခဲ့တဲ့.“ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံ” ဆိုတဲ့ အမည်နဲ့ တော့ ပဏာမဆိုတဲ့ စကားလုံးပဲတူပါတယ်။ ဒီ့အပြင် ဗိုလ်ချုပ်အောင်ဆန်းက တိုတိုနဲ့ထိထိမိမိရှိတဲ့စကားလုံးများကို ရွေးသုံးတတ်တယ်။ အခုအဖွဲ့ချုပ်ခေါင်းဆောင်များကတော့ အကြောင်းကြောင်းကြောင့်ဝေ့ကာဝိုက်ကာ ရှည်ရှည်ဝေးဝေး ရေးသားလေ့၊ အမည်ပေးလေ့ရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, အုန်းနိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်