ကိုရီးယားအာဇာနည်များအနီးက မြန်မာပြည်၏အာဇာနည်ဗိမာန် ပြင်ဆင်နေဆဲ

June 26, 2014

 

ကိုရီးယားအာဇာနည်များအနီးက မြန်မာပြည်၏အာဇာနည်ဗိမာန် ပြင်ဆင်နေဆဲ

ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခဓာတ်ပုံသတင်း၊ ဇွန် ၂၆၊ ၂၀၁၄

မကြာခင်က ဆောက်လုပ်ပြီးစီးသွားသော “ကိုရီးယားကအာဇာနည်များအထိမ်းအမှတ်”၏အနီးက မြန်မာပြည်၏ အာဇာနည်ဗိမာန်မှာ ယခုအချိန်အထိ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေဆဲဖြစ်သည်ကို တွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည်မှာ ယခုနှစ် ဇူလိုင်လ (၁၉) ရက်ဆိုလျှင် (၆၇ )နှစ်ပြည့်ခြဲ့ပီဖြစ်သည်။ ယခု လာမည့် ၁၉ဇူလိုင် အာဇာနည်နေ့အမီ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသည်။

ယခင် စစ်အစိုးရလက်ထက်က အာဇာနည်ကုန်းအနီးတွင် အညတရသူရဲကောင်းစစ်သည်ဗိမာန်ကို တည်ဆောက်ခဲ့ပြီး ဖွင့်လှစ်ထားရှိခဲ့သော်လည်း သမိုင်းဝင် အာဇာနည်ကုန်းအား အများပြည်သူတို့ လွတ်လပ်စွာ အလေးဂါရဝပြုနိုင်ခြင်း မရရှိခဲ့ပေ။ ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အများပြည်သူတို့ ချီတက်အလေးပြုမှုကိုလည်း စစ်အစိုးရက အကြမ်းဖက် နှိမ်နှင်း ဖမ်းဆီးခဲ့သည်မှ စပြီး အာဇာနည်နေ့ အခမ်းအနားများကို စစ်အစိုးရက ၎င်းတို့အား ဆန့်ကျင်မှု ဆူပူမှုတခုသဖွယ် အရေးယူမှုများ နှစ်စဉ်ပြုလုပ်ခဲ့သည်။

ယခုအစိုးရလက်ထက်တွင်  အာဇာနည်ကုန်းအား အများပြည်သူ ကြည့်ရှုနိုင်ရန် ၊အလေးပြုနိုင်ရန် တနင်္လာနေ့နှင်ြ့ပန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် ဖွင့်လှစ်ထားရှိသည်။ ယခင်ဖွင့်လှစ်ခါစက လူဝင်များပြားခဲ့သော်လည်း ယခုအချိန်တွင်တော့ တနေ့လျှင် ငါးယောက်၊ ဆယ်ယောက်ခန့်သာ လာရောက်လေ့လာသူသာရှိကြောင်း  ဝင်ကြေးကောက်ခံသူ စည်ပင်သာယာဌာန၏ ၀န်ထမ်အမျိုးသမီးက ပြောကြားခဲ့ပါသည် ။ စည်ပင်မှ ဝန်ထမ်းများနှင့် နေ့စားငါးထောင်ဖြင့် လုပ်ကိုင်နေသော အလုပ်သမားများက အာဇာနည်နေ့အတွက်  ပြင်ဆင်လုပ်ကိုင်နေသည်ကိုတွေ့ရပါသည်။

အာဇာနည်ကုန်း ကိုဝင်ရောက်လိုသူများအနေဖြင့် ဝင်ကြေးအနေဖြင့်လူကြီးတစ်ဦးလျှင် မြန်မာငွေ နှစ်ရာကျပ်အားပေးရမည်ဖြစ်ပြီး ကလေးတစ်ဦးလျှင် တစ်ရာကျပ်ပေးရကာ ကျောင်းသား၊သူများအနေဖြင့် ကျောင်းသားကဒ်ဖြင့် အခမဲ့ဝင်နိုင်ပါသည် ။နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ်သုံးထောင်ကောက်ယူ မည်ဖြစ်သည် ။ မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။  အာဇာနည်နေ့တွင်တော့ အခမဲ့ ဝင်ခွင့်ပြုသည်။

 

 မကြာခင်က ဆောက်လုပ်ပြီးစီးသွားသော “ကိုရီးယားကအာဇာနည်များအထိမ်းအမှတ်”

“နိုင်ငံခြားသားတွေလည်း အဝင်အထွက် နည်းပါတယ်။ အခုဆို ကိုရီးယားတွေက သူတို့အမှတ်တရလုပ်ထားတဲ့ဆီပဲသွားကြတယ်” ဟု စည်ပင်ဝန်ထမ်းတဦးက ထပ်လောင်းပြောကြားသည်။ နိုင်ငံတော်၏ အထင်ကရ မော်ကွန်းဝင် အထိမ်းအမှတ်ဗိမာန်များကို ပြည်သူများအား အခမဲ့ ၀င်ရောက်လည်ပတ်ခွင့် သွားလာခွင့်ရှိခြင်း၊ သက်ဆိုင်ရာက အစဉ်တစိုက် ပြုပြင်ထိန်းသိမ်းခြင်း၊ ဧည့်သည်များ လေ့လာသူများအတွက် အခါအားလျော်စွာ အစီအစဉ်များ ပြုလုပ်ခြင်း၊ ဖိတ်ခေါ်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်သင့်သည်ဟု အာဇာနည်ဗိမာန်သို့ လာရောက်လည်ပတ်သည့် ဧည့်သည်တဦးက မှတ်ချက်ပေးလိုက်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Yan Naung (Bo Ta Htaung), ဓာတ်ပုံသတင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်