ထူးထူး (တောင်ငူ) – ရွှေ (သို့မဟုတ်) …..

July 14, 2014

ရွှေ (သို့မဟုတ်) …..

ဇူလိုင် ၁၄၊ ၂၀၁၄
 
 
 

စာရေးသူတစ်ယောက်ဒီတစ်ခေါက်ကျောင်းပိတ်ရက် (Semester 1 break)မှာရာသီဥတုကမျက်နှာသာမပေးလို့ အိမ်တွင်းပုန်းလုပ်နေရင်းကမ္ဘာ့ဖလားဘောလုံးပွဲရှိရင်ကြည့်၊ မရှိရင် စာဖတ်လိုက်၊ စာဖတ်ခန်းပြူတင်းပေါက်ကနေတဆင့်လောကကြီးကိုငေးကြည့်လိုက်လုပ်နေမိပါတော့တယ်။ ဒီလိုတွေးလိုက်၊ ဖတ်လိုက်၊ ငေးလိုက်လုပ်နေရင်းခေါင်းထဲမှာကိုယ်ဟာကိုယ်စဉ်းစားလို့မရတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုမှမျိုသိပ်ထားလို့မရတော့လို့စာရှုသူများကိုဖွင့်မေးပါရစေတော့…

ကမ္ဘာ့မြောက်ဝင်ရိုးစွန်းကလွဲလို့၊ ကျန်တဲ့နေရာတိုင်း (သို့) နိုင်ငံတိုင်းမှာ မြန်မာတွေ ရွှေ့ပြောင်း အခြေချနေထိုင်နေကြပြီလို့ စာရေးသူ ယုံကြည်မိပါတယ်။ ရောက်တဲ့ဒေသတိုင်းမှာမြန်မာနိုင်ငံသား (ရွှေ)တွေကိုသက်ဆိုင်ရာဒေသခံတွေ၊ အလုပ်ရှင်တွေ၊ လူမျိုးခြားအပေါင်း အသင်းတွေ၊ ဋ္ဌာနဆိုင်ရာတာဝန်ရှိသူတွေက ချစ်ခင်ကြတယ်။ ထိုသူတွေရဲ့စာရေးသူတို့လူမျိုးအပေါ်ပေးတဲ့တူညီတဲ့ မှတ်ချက် ကတော့ မြန်မာတွေကတော်တယ်၊ ဖြတ်ထိုးဥာဏ်ကောင်းတယ်၊ အကွက်မြင်တယ်၊ သင်ရလွယ်တယ်၊ရိုးသားတယ်တဲ့။

ဟုတ်ပါတယ်… စာရေးသူ မလေးရှားမှာနေစဉ်- မလေးရှားမှာစီးပွားရေးလုပ်နေတဲ့ မလေးတရုတ် လုပ်ငန်းရှင်တွေ၊ နိုင်ငံတကာကစီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာ(ရွှေ) တွေနဲ့တွဲအလုပ်လုပ်ဖူးရင် တော်ရုံတန်ရုံနဲ့ဒီ့ပြင့်လူမျိုးကိုသူတို့သဘောမတွေ့တော့ပါဘူး။ မလေးရှားက နာမည်ကြီး အိုင်းရစ်၊ ပြင်သစ်၊ ဂျာမန်၊ စပိန်နဲ့ အီတလီစားသောက်ဆိုင်တွေမှာ ငွေကိုင်အများစု (Cashiers) လည်း မြန်မာလူမျိုး၊ မီးဖိုထဲမှာ အစားအစာတွေကိုပြင်ဆင်ချက်ပြုတ်နေတာလည်းအများစုက မြန်မာတိုင်းရင်း သားတွေပါပဲ။ ဒီ့ပြင့် လူမျိုးတွေဟာ များသောအားဖြင့် မြန်မာတွေကို ဥာဏ်ရည်ဥဏ်သွေးမှာယှဉ်လို့ မရပါဘူး။ တစ်ချို့မြန်မာတွေဆိုရင် အလုပ်ရှင်ကယုံကြည်လို့ ဆိုင်သော့ပါအပ်ပြီး မျက်နှာလွှဲ ထားခြင်း ခံရတဲ့ ဆိုင်မန်နေဂျာ၊ လက်ထောက်မန်နေဂျာ၊ စာဖိုမှူး အစရှိတဲ့ ရာထူးတွေ တောင်ရနေကြပါပြီ။
+++

စာရေးသူတို့လူမျိုးကတကယ်တော်ပါတယ်။ ကျောင်းသားတွေကလည်းကျောင်းသားအလျှောက် သူတို့ကျောင်းတွေမှာအဆင့်ကောင်းကောင်းတွေရကြတယ်။ လုပ်ငန်းခွင်ဝင်တဲ့သူတွေလည်း သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာနာမည်ကောင်းရကြတယ်။ ဂုဏ်ယူစရာပေါ့ဗျာ။

ဒါပေမယ့်၊ ပြဿနာက မြန်မာလူမျိုးအများစုဟာ တစ်ဦးကောင်း၊တစ်ယောက်ကောင်းမှာသာတော် တာ၊ ထက်မြက်တာ- မြန်မာ- မြန်မာချင်းစုဖွဲ့ပြီးလုပ်ဟေ့ဆိုရင် ကိုရွှေမြန်မာတွေ သောင်ပြင်လွှတ်တဲ့ ဟင်္သာလေး တွေလိုပဲ။ အဲ့လို (၂)ယောက်ရှိရင် (၃) ဖွဲ့ကွဲတဲ့အစဉ်အလာဟာ ဘယ်ဘိုးတော်ဘုရား လက်ထက် ကတည်းကပါလာတဲ့ အမွှေဆိုးလဲမသိပါဘူးဗျာ။ ရောက်တဲ့နေရာတိုင်းမှာ အကွဲနဲ့အပြဲ ချည်းပါပဲ။
+++

စာရေးသူတို့ကျောင်းမှာဆိုရင် လုပ်ရတဲ့ Assingment တော်တော်များများဟာ Group Assingment တွေများတယ်။ အဲ့တော့အလုပ်ဖြစ်ဖို့ တစ်ယောက်နဲ့တစ်ယောက်ညှိရနှိုင်းရ၊ အပြန်အလှန်ဆွေးနွေးရ၊ တိုင်ပင်ရနဲ့။ တစ်ခါတစ်ခါလည်း ငြင်းရခုံရတွေတော့ရှိတာပေါ့။ ဒါပေမယ့်လည်း ဒီလိုမျိုး Group Assingment တွေလုပ်ရပါများလာတော့ အသားကျလာတယ်။ ပျော်လည်းပျော်လာတယ်။ Assingment ပြီးသွားလို့ တစ်ယောက်နဲ့တစ်ယောက်စုဖွဲ့၊တွေ့ဆုံ၊ဆွေးနွေးစရာ မလိုတော့ ပေမယ့်လည်း၊ တိုက်ဆိုင်တာလေးတွေရှိရင် တစ်ယောက်ကိုတစ်ယောက်ပြန်သတိရကြတယ်။ လမ်းမှာတွေ့ရင် တစ်ကယ့်ရဲဘော်ရဲဘက်တွေလိုပဲ ဖက်လဲတကင်းနှုတ်ဆက်ကြတယ်၊ တော်တော်နဲ့ ပြောစရာ စကားတွေလည်း မကုန်ကြဘူး။ သူနဲ့ကိုယ်နဲ့တကယ့်ကိုရင်းနှီးသွားကြတာ။ အံ့သြဖို့လည်းတော်တော် ကောင်းတယ်။

ဒါနဲ့စာရေးသူလည်း …. အော်ငါတို့မြန်မာတွေကမ္ဘာအနှံ့မှာ အခုလိုကွဲချည်းပဲကွဲ၊ ပြဲချည်းပဲ ပြဲနေတာတွေဟာ တို့နိုင်ငံရဲ့ပညာရေးစနစ်ကြောင့်များလားလို့တွေးနေမိပါတယ်။ ဒါပေမယ့် ဒါလည်း ရာနှုန်းပြည့်မမှန်သေးဘူးလို့ထင်တာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ စာရေးသူအခုထိမှတ်မိနေသေး တယ်၊ ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့သူငယ်တန်းမြန်မာဖတ်စာလေးကြောင့်ပါ…

“စားစရာ လာယူပါ။
ညီညီညာညာ လာပါ။
လုမယူရ။
အတူတူ စားပါ” တဲ့…

ဘယ်လောက်ကောင်းလိုက်သလဲဗျာ။ ဒီလောက်အနှစ်သာရရှိတဲ့စာတွေကို သင်ခဲ့ရပေမယ့် ဘာဖြစ်လို့ များစာရေးသူတို့လူမျိုးတွေ ကမ္ဘာ့အလည်မှာ ကွဲချင်တိုင်းကွဲနေကြတာလဲ၊ စဉ်းစားလို့ကိုမရပါဘူးဗျာ။

နောက်ထပ်မှတ်မိနေသေးတဲ့ သူငယ်တန်းမြန်မာဖတ်စာလေးကတော့ “စည်းလုံးညီညာ၊ အောင်ကြောင်းဖြာ၊ ၀မ်းသာ ဆင်နွှဲ၊ တို့အောင်ပွဲ”တဲ့….။

တွေးလေအသည်းနာဖို့ကောင်းလေဗျာ။ အစိုးရလုပ်တဲ့သူကစပြီး ဒီသူငယ်တန်းဖတ်စာတွေကို မေ့နေသလိုပဲ…

ဒါမှမဟုတ်၊ အဓိပ္ပါယ်ရှိတဲ့ စာတွေ၊ ကဗျာတွေရဲ့တန်ဖိုးကိုမသိနားမလည်ဘဲ၊ ရင်ဘတ်ထဲမရောက်ဘဲ၊ ကြက်တူရွှေး စာအံသလိုမျိုး နှုတ်တိုက်စာမေးပွဲအောင်ရုံအလွတ်ကျက်ခဲ့ကြလို့များလား …

ဒါမှမဟုတ်၊ စစ်အစိုးရရဲ့အမွှေဆိုး- ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်တွေကြီးစိုးသွားလို့လား….

သို့နည်းမဟုတ်၊ နေရာတကာလူတွင်ကျယ်- ဆရာကြီးဖြစ်ချင်တဲ့လူတွေ များလာလို့လား ….

မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးကုန်ကြလို့လား ….

နောက်တစ်နည်းပြောရရင်၊ သိပ်အရေးပါအရာရောက်ချင်တဲ့ လူကြီးဖြစ်ချင်တဲ့ (သို့) ၀မ်း(ONE) ရောဂါစွဲကပ်သူ တွေများလာလို့များလား….

မပြောတတ်တော့ပါဘူးဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)