မော်ကွန်းဝင် အာဇာနည်သီချင်းများ

July 15, 2014

မော်ကွန်းဝင် အာဇာနည်သီချင်းများ

မိုးမခ ဇူလိုင် ၃၊ ၂၀၁၁

(မိုးမခပြန်လည်ဆန်းသစ်ခြင်း)

 

အမျိုးကိုချစ်၊ နိုင်ငံကိုချစ်၊ တိုင်းပြည်နဲ့လူမျိုးအပေါ်ချစ်ကြတဲ့ မိုးမခပရိသတ်အတွက် ရှားပါးပျောက်ကွယ်လု အာ ဇာနည်သီချင်းများထဲမှ သီချင်းရေးဆရာ ရန်နိုင်ဆွေ ရေးစပ်သီကုံးခဲ့ပြီး အဆိုတော် မေလှမြိုင် သီဆိုထားတဲ့ ”အာဇာနည်နေ့ မမေ့သင့်ပေ” သီချင်းအား မိုးမခပရိတ်သတ်ကြီး ခံစားနားဆင်နိုင်စေရန် ပြန်လည်တင်ဆက် လိုက်ရပါသည်။

…. …. ….

အာဇာနည်နေ့ မမေ့သင့်ပေ

ရေးစပ်သီကုံးသူ – ရန်နိုင်ဆွေ
သီဆိုသူ – မေလှမြိုင်

 

{မှတ်မိသေးတော့သလေ x x x သတ္တိသွေးတွေ မွေးထုတ်ခဲ့ပေ x x x (တို့ဗိုလ်ချုပ်အောင်ဆန်းလေ x x x)၂
(ရာဇ၀င်သမိုင်းတခေတ် ဆန်းသစ်လာပေ) ၄ (တို့ပြည်)၂ (တို့မြေ)၂ တို့ရဲ့အခြေတွေ တည်ဆောက်ခဲ့ရပေ x x x နားမျက်စေ့တွေ ဖွင့် လှစ်ခဲ့ပေ x x x လွတ်လပ်တဲ့ x x ထွဋ်မြတ်စံဌာနေ x x x} ၂

(ကမ္ဘာ x x x တ၀ှမ်း x x x မလေ x x x ဗမာတွေတစခန်း လျှမ်းနိုင်ခဲ့ပေ x x x ဗိုလ်ချုပ်အောင်ဆန်း မဆုတ်တမ်း x x x သူလမ်းညွှန်တာတွေ)၂
ကမ္ဘာတည်သရွေ့ x x x အာဇာနည်နေ့ကြိုဖင့် မမေ့သင့်ပါသလေ x x x ယနေ့ခေတ် မြန်မာတွေ x x သြော် မမေ့သင့်ပါပေ x x x
ဗမာ့သားကောင်းဇာနည်တွေ x x x ဗိုလ်ချုပ်အောင်ဆန်းလို ထွန်းပေါက်ကြပါစေ x x x x အောင်သပြေ ညောင်ရေ သွန်းလောင်းပဏ္ဍာခြွေ

{မှတ်မိသေးတော့သလေ x x x သတ္တိသွေးတွေ မွေးထုတ်ခဲ့ပေ x x x (တို့ဗိုလ်ချုပ်အောင်ဆန်းလေ x x x)၂
(ရာဇ၀င်သမိုင်းတခေတ် ဆန်းသစ်လာပေ) ၄ (တို့ပြည်)၂ (တို့မြေ)၂ တို့ရဲ့အခြေတွေ တည်ဆောက်ခဲ့ရပေ x x x နားမျက်စေ့တွေ ဖွင့်လှစ်ခဲ့ပေ x x x လွတ်လပ်တဲ့ x x ထွဋ်မြတ်စံဌာနေ x x x} ၂

 

အာဇာနည်များ ခြွေသည့်စကား

ရေးစပ်သီကုံးသူ – အမည်မသိ
သီဆိုသူ – ၀င်းဦး

(အာဇာနည် ညီဂုဏ်ထု ဖော်ကျူးအမွှန်းတင် xxx ကျေးဇူးဂုဏ်အင် xxx ဆင်ခြင်တွေးရှုမြင် xxx ဇာနည်ဘွား မြန်မာပြည်သား သန်ထွားဖို့အရေးလျှင် xxx အာဇာနည်မိန့်ခြွေဒီစကား ဦးထိပ်ပန်ဆင် xxxx) ၂

တောင်ပေါ်မြေပြန့် မြိုင်ပသန့် ၀ဋ္ဌာဘွေတခွင် xxxx တိုင်းရင်းသား တို့ညီကိုတွေအစုံအလင် xxxx စည်းလုံးညီညာ ပြည်သာဖို့အရေး
တွေးဆမျှော်မြင် xxx ပြည်တွင်းပြည်ပအန္တရာယ် ရန်စွယ်မှန်သမျှလျှင် xxx ပူးပေါင်း၍ တို့နှိမ်နင်းသုတ်သင် xxxx

လူသားကောင်းကျိုး မျှော်ကိုးကာအစဉ် xxx အသက်ကိုပင် ပဓာနမထား ကြိုးစားလို့ပင် xxxx အာဇာနည်ဘွဲ့အမည်မော်ကွန်းတွင် xx ပြည်သာယာရေး ရှေ့ရှုဆင်ခြင် xxx စုပေါင်းအများ ကြိုးစားကြစို့ထာဝစဉ် xxx

(အစအဆုံး ပြန်ဆို)

 

ညီညွတ်ရေးသည် အဓိက
ရေးစပ်သီကုံးသူ – အမည်မသိ

သီဆိုသူ – ၀င်းဦး၊ မာမာအေး

…. ….. ….
(ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ x x x x ညီအောင်ပြုထား ရိုင်းပင်းသမျှပေ x x x x (အမျိုးသားခေါင်းဆောင်ကြီးတွေ)၂ အခါခါညွှန်း စကားဆိုထားပါသလေ x x x )၂

(ညီညွတ်ရေးသာ အဓိကအခြေ xxx လူမျိုးဘာသာမခွဲခြားပေ)၂ တမျိုးသားလုံး ညီညွတ်ကြစို့လေ x x x တမျိုးသားလုံး ဆန္ဒပြုစို့လေxxx အေးအတူ ပူအတူ ညီတူပေ xxx အဓိကပန်းတိုင် မလဲမယိုင်စေဖို့အခြေ xxxx ကြိုးစားကြ တို့တတွေ တို့တတွေ x x x

(အစအဆုံးပြန်ဆို)

 

သတိရပါသည်
ေ ရေးစပ်သီကုံးသူ – မောင်မောင်သီ
သံစဉ် စန္ဒယားလှထွတ်
သီဆိုသူ – ၀င်းဦး

(အာဇာနည်နေ့ xxx တမြေ့မြေ့ သတိရနေ x x သတိရသည်နှင့်အမျှလေ အသိက ညီရင်းတမျှဆွေ တိုင်းရင်းသားလူမျိုးစုတွေ x x x
ဥမကွဲသိုက်မပျက် ခရီးဆက်လက်နှင်မလေ x x x)၂

ဗိုလ်ချုပ်အောင်ဆန်း မှာတမ်းများခြွေ xx တပ်မတော်နဲ့ပြည်သူ xx တပြေးတည်းညီတူနေ xxx တိုင်းပြည်ထူထောင်ရေး xx လုပ်ငန်းများ အထွေထွေ တွဲယှဉ်မကွာပေ မနှေးအစဉ်သာပေ xxx ရင်ကြားစေ့အောင် ဆောင်ရွက်နိုင်စေ ညီနောင်တစုမှာလေ x x x

ကျရောက်သမျှတာဝန်တွေ xx မသွေတမ်းပေ xxx မခိုမကပ် လိုအပ်သမျှတွေ ဖြည့်တင်းလို့လေ xxx သွေးစည်းခြင်းရဲ့ ရလဒ်အဖြေ လွတ်လပ်ခြင်းမှာ တို့ရာရဲအမွေ xxx ဒီအမွေ ဒီအနှစ် တစက်မျှ အထိမခံပေ xxx (အန္တရာယ်ရန်စွယ်ဟူသမျှတွေ)၂ သိုင်းသိုင်းဝန်းဝန်း ရိုင်းပင်းကာ တွန်းလှန်ဖြိုဖျက် တခဲနက် အောင်မြင်စေ xxx
(အစအဆုံးပြန်ဆို)

 

 အလေးပြုပါသည်
သီဆိုသူ – မေလှမြိုင်
ရေးစပ်သီကုံးသူ – ဂီတာတင်အုံး

(နှစ်လဌာနီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ x x x ယနေ့ဖြင့် သတိ တရားထားဖို့ အခြေ x x x အများပြည်သူတွေ အများပြည်သူတွေ x x x အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ x x x အေ လးပြုပါမယ်လေ x x x )၂

စနစ်အနေပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းက ဖြေသော်မပြေ x x x လွမ်း … မျက်ရည် မြေခပြီမို့ တွေးတသသ ဆွေးစမရွှင်ပေ x x x ရွှေရင်ဆူ ကဲ ကြေကွဲဝမ်းနည်းရပုံတွေ ယနေ့ထက်တိုင် အခြေ မမေ့ရက်နိုင်ပါလေ x x x

အာဇာနည်ခေါင်းဆောင်ကြီးတွေ x x x

အာဇာနည်ခေါင်းဆောင်ကြီးတွေ x x x

ကောင်းရာသုဂတိရောက်ရှိကြပြီလေ x x x

တေးကဗျာ အနုစာခွေရေးကာ တေးပြု x x x အလေးပြုပါတယ်လေ x x x

 

ပြည်သူ့မျက်ရည်
ရေးစပ်သီကုံးသူ – အမည်မသိ
သီဆိုသူ – စိန်ပါတီ

(ဗမာပြည်လွတ်လပ်အတွက်သာ x x x အသက်ပင်လှူကာ ဇဗ္ဗူမှာ x x x
သနားစရာ တို့ဗိုလ်ချုပ်ကြီး ဦးဆောင်ဆန်းနဲ့ တိုင်းပြည်ဝန်ကြီးများတို့ x x သွားလေရှာ x x x သွားလေရှာ x x x)၂

ကြမာညှိုးနွမ်းလို့ ရေတိမ်နစ်သွားတာ အသည်းပြင်မှာ စွဲနေတာ x x x
ပြည်သူမျက်ရည်စီးလို့လာ အပြီးမသက်နိုင်ဘူး ရဟန်းရှင်လူ သူငှာ

ကရုဏာသက်ကာ x x x တို့အလံ တ၀က်သာ ထူရရှာ x x x
(အစအဆုံး ပြန်ဆို)

 

မမေ့အပ်သော ၁၉ ဇူလိုင်
ရေးစပ်သီကုံးသူ – စန္ဒယား အောင်ခင်
သီဆိုသူ – မာမာအေး

(၁၉၄၇ ခုကယ်တွင် ချိန်နရီ ဆယ်ရီညောင်းမှာ xxx ထပ်လောင်းအစွန်းထွက် ထက်ဝက်ကျိုးကာနေ xxxx

(တမျိုးသားလုံးညှိုးခြုံးနေ)၂ xxx (၁၉ ဇူလိုင် မမေ့နိုင်ပေ)၂ xxx ထိုနေ့ xx ထိုရက် xxx ထိုမနက်က ဖြစ်ရပ်ပေ)၂

တောင်မြောက်ဝဲယာ xxx ကိုးဌာနမှာ xxx အုံ့ပျမှိုင်းမှိုင်း လျှပ်ပန်းလျှပ်နွယ်ခွေ xxxx xxxx မျှော် xxx မျှော်ကာရှု xxx ၀ါဝါနုထွေးရယ်မှ ရေးရေးငယ်မမြင်ပေ xxx (တမိုးလုံးညှိုးခြုံးမှောင်ဝေေ၀)၂

(လွတ်လပ်ရေးအတွက် တကွက် ကြံမ္မာပေ xxx အထွဋ်အမြတ်ပေးခဲ့ အသက်ခန္ဓ္ဒာကြွေ လွတ်လပ်ရေးအတွက် တကွေ့ကြမ္မာဖန်လာပေ xxx

(သြော်.. ဆန်ကောလောက်မှ ဇောက် (စောက်) မနက်တဲ့ ပက်စက်အကြံတွေ xxx ပက်ပက်စက်စက်အကြံတွေ သွေးစိမ်းရှင်ရှင်ပွက်အောင် ဒင်းတို့ရက်စက်နိုင်အားပေ xxx မြေလည်းအပျံ့ မိုးအနှံ့သို့လေ xxx တို့တတွေ အပူလုံးကြွ xxx ယူကြုံးမရ ခြုံးချ စိုမျက်ရည်)၂

ခေါင်းဆောင်ကြီးတွေ xxx တို့ခေါင်းဆောင်ကြီးတွေ xxx သူတို့အသွေးအသား အရေးမထားနိုင်ပေ xxxx

အများအတွက်ရှေ့ဆောင် မမေ့နိုင်အောင် တာဝန်တွေလည်းကျေ xxx ခေါင်းဆောင်ကြီးတွေရဲ့ စုစည်းခန္ဒာကြွေရှာပေပြီလေxxxx

သည်အဖြစ်အရေး xx စေ့စေ့တွေးပြန်တော့ xx တနေ့မှ မေ့မရနိုင်သမို့ xx အလေးထားက လေးစားမှုပြနေ xxx (ပြည်ထွဋ်ဇာနည်တွေ)၂ xxx

တို့တတွေ ခုဘ၀ ပြုသမျှ ကုသလတွေအဖို့ပေ xxx အမျှပေးဝေ xxx အမျှ အမျှ ပေးဝေ xxxx ကောင်းရာသုဂတိ လားပါစေ xxxx ကောင်းရာသုဂတိလားပါစေ…။)၂

 

– နားဆင်ရန် –


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Radio Program, မှတ်စုမှတ်တမ်း, ပြန်လည်ဆန်းသစ်ခြင်း

2 Responses to မော်ကွန်းဝင် အာဇာနည်သီချင်းများ

  1. Thein Win on July 17, 2014 at 10:58 am

    Thanks a lot. i have no words to descrive my thanks.

  2. u awbatha on July 19, 2014 at 9:35 am

    Alay phu par thee, in song of May Hla Myaing, Hnit La Naryi is, not Hnit La Htarni becareful it !

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်