အာကာထက် – စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်လိုလျှင်

July 21, 2014

အာကာထက် – စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်လိုလျှင်
ဇူလိုင် ၂၁၊ ၂၀၁၄
 
 Photot Reuters

ကျနော်ရဲ့ တော်လှန်ရေးဆေးမှူးဘ၀ဖြင့် တိုင်းရင်းသားသွေးချင်းဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က အတွေ့အကြုံများကိုရေးသားခြင်းဖြစ်ပါတယ်။ မြန်မာပြည်မှာ စစ်အာဏာရှင် အဆက်ဆက်တို့ရဲ့ ယုတ်မာမှုကြောင့် လူမျိုးရေးမုန်းတီးမှု၊ နာကျည်းမှု ယုံကြည်မှုတွေ ကင်းမဲ့မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ တွေ့ကြုံခဲ့တာတွေ အမျိုးမျိုးရှိခဲ့ပေမယ့် အချိန်ကာလအားဖြင့်သော်လည်းကောင်း၊ ငှက်ဖျားရောဂါကို အကြိမ်ကြိမ်ခံစားခဲ့ရခြင်းတို့ကြောင့်လည်းကောင်း မှတ်ဉာဏ်ပိုင်းဆိုင်ရာ တွေလျော့နည်းခဲ့သော်လည်း မဖြစ်မနေကြိုး စားပြီးရေး လိုက်ရပါသည်။ ကျနော် ဒီဆောင်းပါးကိုရေးရခြင်းမှာ ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်နေသည့်ကာလဖြစ်သည့်အတွက်၊ မိမိဖြတ်သန်းခဲ့ဘူးသော လက်နက်ကိုင်တော်လှန် ရေးမှ အတွေ့အကြုံများကို ငြိမ်းချမ်းရေးအတွက် တဖက်တလမ်းကနေ အထောက်ကူပြုနိုင်ဘို့ ရည်ရွယ်ရေးသားခြင်းသာဖြစ်ပါသည်။

မြန်မာ့ငြိမ်းချမ်းရေးကို အပြောတွေနှင့်ဘယ်တော့မှမဖြစ်နိုင်ပါ။ တိုင်းရင်းသားတွေ ရင်ဘတ်ထဲမှ ခံစားနာကျည်းချက်များကို ကုစားပေးနိုင်မှ တနည်းအားဖြင့် လူများစုဗမာတွေမှ အနစ်နာခံပြီး လက်တွေ့လုပ်ဆောင်ပြမှသာလျှင် စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး တနည်းအားဖြင့် စစ်မှန်သည့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ကျနော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ပြည်တွင်းစစ် (သို့မဟုတ်) တိုင်းရင်းသားများအနေဖြင့် သူတို့အတွက် ရပိုင်ခွင့်နှင့် ခုခံတော်လှန်စစ်ဆိုသည်တို့မှာ တပါတည်းကပ်လျှက်သား ဖြစ်နေသည်ကို မည်သို့မှငြင်းမရပါ။

ထိုပြည်တွင်းစစ်လောင်မီးနှင့်အတူ ဖျက်ဘို့ရန်ခက်ခဲသည့် အဆိုးရွားဆုံးပြသနာမှာ ထိခိုက်နာကျင်ရသူများတိုင်း စိတ်အတွင်းမှနာကျည်းမှု ကနေပေါက်ဖွားလာသည့် လူမျိုးရေးမုန်းတီးမှုဆိုသည့်အရာပင် ဖြစ်ပါသည်။

ထိုအချက်ကို စာရေးသူအနေဖြင့် တိုင်းရင်းသားနယ်မြေသို့ တောခိုခဲ့ခြင်းမရှိပါက  မည်သို့မှ သိနိုင်မည်မဟုတ်သလို တိုင်းရင်းသားပြည်သူ တွေအပေါ်ကိုလည်း မည်သို့မှနားလည်ပေးနိုင်မည် မဟုတ်ပါ။ ယ္ခင်သတင်းစာများက ၀ါဒဖြန့်သကဲ့သို့ သောင်းကျန်းသူလက်တဆုပ် စာဆို သည့်အသိသာ ရှိပါသည်။

သိုသော် ထိုကဲ့သို့နှစ်ပေါင်းများစွာ လူမျိုးရေးမုန်းတီးသည့်စိတ်များသည် ရှစ်လေးလုံးအရေးတော်ပုံမှ ပေါက်ဖွားလာသည့်တော်လှန်ရေးသမားများ သိုမဟုတ် လက်နက်ကိုင်နယ်မြေသို့ရောက်ရှိလာသည့် ကျောင်းသားလူငယ်များမှ ဇွဲသတ္တိ စိတ်ဓါတ် စာနာနားလည်မှုတို့ဖြင့် နှစ်ပေါင်း ၂၀ ကျော်မှ ယနေ့အထိ တိုင်းရင်းသားတွေနှင့်အတူ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့မှုကြောင့် လူမျိုးရေးမုန်းတီမှုများ (၀ါ) ဗမာဆို မုန်း သည့်စိတ်ဓါတ်များ အလွန်နည်းပါးသွားခဲ့ပြီး လူမျိုးကိုမုန်းခြင်းမဟုတ် စစ်အာဏာရှင်စနစ်သည်သာ မုန်းရမည့်အရာဆို သည့်အမြင်ကို မျိုး စေ့ချနိုင်ခဲ့ကြပါသည်။

ထိုအထဲတွင် ကျနော်အနေဖြင့် သဲတပွင့် မြူတမှုန်အဆင့်လောက် ပါဝင်လုပ်ဆောင်ခဲ့ဘူးပါသည်။

မိမိအနေဖြင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင် (ရန်ကုန်တိုင်း) မှ ရဲဘော်တဦးဖြစ်ပြီး ကျနော်တို့ပါတီအား ၁၉၉၀ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် မတရားအသင်းအဖြစ်သတ်မှတ်ခံရသဖြင့် မြေပေါ်နိုင်ငံရေးကိုကျောခိုင်းပြီး လက်နက်ကိုင်နယ်မြေ ကေအင်ယူဒေသ ရောက်ရှိခဲ့ရပါသည်။ ထို့နောက် ပါတီမှ ဆေးသင်တန်းသို့တက်ရောက်ရန်စေလွှတ်သဖြင့် ဆေးသင်တန်းကို တက်ရောက်အောင်မြင်ခဲ့ပါ သည်။ ထိုဆေးသင်တန်းသည် ကျနော့်အတွက် အတွေ့ကြုံအသစ်များမွေးဖွားရာကို စတင်လိုက်သည့်နေရာဖြစ်ပါတော့သည်။ အဘယ် ကြောင့်ဆိုသော် သင်တန်းတွင် ကရင်၊ ကယား၊ ၀၊ လားဟူ၊ ရခိုင်၊ မွန်၊ ဗမာ စသည်ဖြင့် လူမျိုးစုံပါဝင်သည့် သင်တန်းဖြစ်ပြီး ထိုသူတို့နှင့် လက်ရည်တပြင်တည်း အတူစား အတူကင်းစောင့်ရင်း သူတို့ရဲ့ခံစားချက်များကို စတင်ရင်နှီးခွင့်ရခဲ့ပါသည်။ သူတို့အားလုံး တူညီသည့် ခံစားချက်မှာ ဗမာလူမျိုး ကိုမုန်းသည့်အချက်သည် အတူတူဖြစ်နေသည်ကို ကျနော်စတင်သိလိုက်ရပေတော့သည်။ တချို့ဆိုလျှင် ဗမာစ ကားကို တတ်သော်လည်း မပြောပါ။ တချို့နယ်မြေတွေမှာဆို ဗမာစာ ဗမာစကားကိုလုံးဝ မပြောရ၊ မသင်ရသည်အထိအောင်ဖြစ်နေသည်ကို ၀မ်းနည်းစွာ သိလိုက်ရပါသည်။ ကျနော်တို့ တော်တော် စိတ်ထိခိုက်ပါသည်။ တချို့မိဘတွေဆိုရင် သူတို့ခလေးငိုသည်ကိုပင် အငို တိတ် စေရန် ပြောဆိုရာတွင်ပင် ဟိုမှာဗမာတွေလာနေပြီဟုပြောမှ ခလေးက တိတ်သွားသည်အထိအောင်ဖြစ်သည်ဟု သိရပါသည်။ (ဘာကြောင့် ဒီလောက်အထိအောင်ဖြစ်သွားရသည်ကိုတော့ ယနေ့ငြိမ်းချမ်းရေး တည်ဆောက်နေသည့်ကာဖြစ်နေသည့်အတွက် ကျနော် ထည့် မရေး တော့ပါ) စသိသိချင်း ကျနော်စိတ်မှာ ဒေါသထွက်မိပါသည်။ (နောက်ပိုင်း ကျနော်ကိုယ်တိုင်ပင် ပြည်သူအကြားမှာနေထိုင်လှည့်သည့်အခါသူတို့ဘာကြောင့်မုန်းသည်ကို သိလိုက်ရပါသည်) ကျနော်တို့ ရှင်းပြပါသည်။ လူမျိုးကို မမုန်းပါနဲ့။ စစ်အာဏာရှင်စနစ်ကိုသာ မုန်းပါ။ ကျ နော်တို့တိုင်းပြည် အစစအရာရာ ဖျက်စီးနေတာ စစ်အာဏာရှင်စနစ်သာဖြစ်တယ်။ ကျနော်တို့လည်း အဲဒီစစ်အာဏာရှင်ကိုမုန်ုးလို့ အခုလို လက်နက်ကိုင်ပြီး မင်းတို့နဲအတူတိုက်ဖို့ ထွက်လာတာပါ။ ဗမာကိုတိုက်တဲ့ဗမာတွေဖြစ်တယ်ပေါ့။ သူတို့အနေဖြင့် နားလည်သလိုလို နဲ့တ ကယ်တမ်းတော့ ကျနော်သိပါသည်။ မယုံကြည်ပါ။ ကျနော်တို့် ဘယ်လိုလုပ်ကြမလဲ။ ဒီလိုနှစ်ပေါင်းများစွာ ဖြစ်ပေါ်နေရတဲ့ မုန်းတီးစိတ်တွေ ကို  ဖြေပျောက်အောင်လုပ်ဖို့အတွက် ကျနော်တို့ အသီးသီးမှာ သမိုင်းပေးတာဝန်ရှိလာသည်ဟု ခံယူမိပါတော့သည်။ ကျနော် ဆေးသင် တန်းကိုအောင်မြင်စွာပြီးဆုံးပြီးနောက်တွင် ကျနော်အနေဖြင့် ဘ၀သစ်တခု (သို့မဟုတ်) ကျနော်လုပ်ချင်သော ယုံကြည်မှုပြန်လည် တည် ဆောက်မှု တဦးနှင့်တဦး တည်ရှိနေသည့် လူမျိုးရေးမုန်းတီးမှုများကို ဖြေလျော့ပေးနိုင်ရန် အခွင့်အလမ်းရှိလာခြင်းကြောင့်ပင်ဖြစ်သည်။

ကျနော် သင်တန်းဆင်းပြီး ကေအင်ယူဌာနချုပ် မာနယ်ပလောရှိ မိခင်ပါတီတွင် ပြန်လည်တာဝန်ဆောင်နေရင်း တရက်တွင် ပါတီဥက္ကဌ ရဲဘော်မြင့်ဇော် (ကျဆုံး) မှ ကျနော့်ကို တာဝန်ပေးရန်အတွက် ခေါ်ယူတွေ့ဆုံခဲ့ပါသည်။ တာဝန်မှာ ထိုစဉ်က ကေအင်ယူ တပ်မဟာ  (၅)ဖာပွန်ခရိုင်နှင့်မျက်နှာချင်းဆိုင်ရှိ ထိုင်းဘက်ခြမ်း သံလွင်ဖြစ်ကမ်းနဘေးတွင် သံတောင်၊ လိပ်သိုလ်ဘက်မှ ထွက်ပြေးလာသည့် စစ်ဘေး သင့်ပြည်သူများ ထောင်နဲ့ချီရောက်နေတယ်။ သူတို့မှာ မိမိတို့အိုးအိမ်များကိုစွန့်ခွာခဲ့ပြီး မြန်မာပြည်တွင်းမှ ထိုင်းနိုင်ငံအတွင်းသို့ မိုင်ပေါင်းများ စွာခြေလျှင်ဖြင့်လာခဲ့ကြရပေရာ နေစရာ၊ စားစရာ ကျန်းမာရေးစသည့် အခက်အခဲအများနှင့်ကြုံနေရပြီး အထူးသဖြင့် ခလေးသူငယ်များ သက်ကြီးရွယ်အိုများမှာ ပိုပြီးဒုက္ခရောက်ပါသည်။ ကျန်းမာရေးမှူး မလုံလောက်သည့်အတွက် မင်းတို့သွားရောက်ကူညီရမည်ဟု တာဝန်ပေး အပ်ပါသည်။ ကျနော် အတိုင်းမသိ ၀မ်းသာပါသည်။ ကျနော်တတ်ထားသည့်ပညာဖြင့် တကယ့်လက်တွေ့ပြည်သူအကျိုးကို လုပ်ဆောင် ပေးရမည်ဖြစ်တော့ပေသည်။

နောက်နေ့တွင် ကျနောတို့လိုအပ်သည်များကို ယူဆောင်ပြီး ထိုဒေသမှ တာဝန်ရှိသူနှင့်အတူ ဥက္ကဌ ကိုမြင့်ဇော်ကိုတိုင် ကျနော်တို့်ကို လိုက် လံပြီးပို့ဆောင်ပေးရင်း ထိုဒေသမှ တာဝန်ယူအုပ်ချုပ်နေသည့် (ကလလတ) ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦးမှ ဒုဥက္ကဦး ထွန်းကျော်အပြင် တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးရင်း ကျနော်တို့လုပ်ရမည့် လုပ်ငန်းစဉ်များကို ရှင်းပြပါသည်။

ကျနော်တို့စတင်တွေ့လိုက်ရသည်မှာ နေစရာသည် ဖြစ်သလို မြေပြင်တွင်တိုင်စိုက်ပြီး အမိုးအကာကိုလည်း ရရာသစ်ရွက်များ မိုးကာစ များဖြင့်သာ ကာရံထားပြီး ရေဆိုလျှင်လည်း တောင်ပေါ်မှကျလာသည့်ရေကိုသာလျှင်သောက်သုံးကြရသည်။ သုံးရေအတွက်ကို သံလွင် မြစ်ထဲသို့ နေပူပူတွင်ဆင်းခပ်ပြီး ကုန်းပေါ်သို့ ပင်ပန်းကြီးစွာသယ်ဆောင်ပြီး သုံးရသည့်အခြေနေဖြစ်ပါသည်။ အင်မတန်ကို စိတ်မကောင်း စရာအခြေများပင်။ အဓိကပြဿနာမှာ ကျန်းမာရေးပင်ဖြစ်သည်။ လူပေါင်း ၃၀ ကျော်လောက် အစုလိုက်အပြုံလိုက် ၀မ်းကိုက် ရောဂါ ခံစားနေရသည်ကို ကျနော်တို့တွေ့ရှိလိုက်ပါသည်။ အန္ထရာယ်အလွန်ကြီးပါသည်။ နွေခေါင်ခေါင်တွင် ရေဓါတ်ခမ်းခြောက်ပြီး အသက် ဆုံးရှုံးနိုင်ပါသည်။ ထိုအခြေအနေကို စခန်းမှဆေးဝန်ထမ်းများနှင့် ကျနော်တို့ရှိဆေးဝါးများဖြင့် တတ်နိုင်သလောက် နေ့မနား ညမနား ကုသမှုပေးခြင်း၊ ကာကွယ်ရေးအစီအမံများလုပ်ပေးခြင်းကို ဆောင်ရွက်ပါတော့သည်။ တချို့ဆိုရင် ဆရာရယ် ကျနော်လေ ဓါတ်မီးသုံးထောင့်ထိုးကိုဖွင့်ပြီး အိမ်သာမှာဘဲ ထိုင်နေလိုက်တယ်ဆိုသည့်လူနာများပင် မနည်းပါ။ ရက်သတ္တ  ၂ ပတ်ကျော်ခန့်အကြာတွင် တော်တော် လေး ပျောက်ကင်းသက်လာကြသည်ကိုတွေ့ရပြီး သူတို့အားလုံး အသက်အန္ထရာယ်ဘေးမှ လွတ်ကင်းကြပါပြီ။ ဆေးကုသမှုရဲ့ အပေါ် တွင်ရော ကျနောတို့အပေါ်တွင်ပါ ယုံကြည်စပြုလာကြပါသည်။ ယ္ခင်ဆေးကုသရာတွင် ဆေးခန်း၊ ဆေးရုံသို့မလာပါ။ ဆေးဆရာကိုသာ လာခေါ်ပြီး အိမ်တွင် ကုသပေးရသည်။ ကျနော်တို့်အတွက် စည်းကမ်းတော့မဟုတ်ပါ။ တကယ်မလာနိုင်သူကို လာခေါ်ပါက လိုက်လံ ကြည့်ပေးရသည်။ ပြီးမှ ဆေးရုံဆေးခန်းသို့သာ ခေါ်ဆောင် ကုပေးရသည်။ သို့သော်ကျနော်တို့ မတတ်နိုင်ပါ။ သူတို့မှာ ကျန်းမာရေးအသိ နည်းသည်ဟုသာယူဆပြီး ကျနော်တို့လိုက်လံကုသပေးရင်း ဆေးရုံဆေးခန်းသို့လာရန်သာ စည်းရုံးကြရပါတော့သည်။

နောက်ပိုင်းတော့သူတို့ဆေးရုံသို့ လာရမှန်းသိနေကြပါသည်။ နေမကောင်းရင် ဆေးရုံဆေးခန်းသို့လာရမည်ဆိုသည့်အသိတခုရဖို့ပင် စတင်တည်ဆောက်ခဲ့ရပါသည်။ ကျနော်တို့ အောင်မြင်ပါသည်။ ထိုဒေသတွင် လူမျိုးစုံပါသည်။ ကယန်း၊ ကယော၊ ပဒေါင်၊ ရှမ်း၊ ကရင်၊ ကရင်နီ၊ လီရှော၊ တို့ဖြစ်ပါသည်။ အများစုမှာ ရိုမန်ကက်သလစ်နှင့် ခရစ်ယန်ဘာသာဝင်များဖြစ်ပါသည်။ ကျနော်တို့မှာ မိမိတိုင်းရင်းသားလူမျိုးတွေအတွက် မိမိတတ်သည့်ဘက်ကနေတာဝန် ထမ်းဆောင်ရသည့်အတွက်စိတ်မှာ ၀မ်းသာပီတီဖြစ်ကိုခံစားရင်း မိမိတိုကိုယ်တိုင်ပင် ကုတင်ပေါ်တွင် လဲခဲ့ရသည့်အကြိမ်လည်းမနည်းပါ။ ငှက်ဖျားထိချင်းပင်ဖြစ်သည် ထိုဒေသ ငှက်ဖျားမှာ အရှေ့တောင်အာရှတွင် အကြမ်းဆုံး သတ်မှတ်ထား ပါသည်။ စကားပုံရှိပါသည်။ တောင်ဝှေးလဲပါက ဖိုးသူတော်ထူနိုင်သည်။ ဖိုးသူတော်လဲပါက တောင်ဝှေးမထူနိုင်သည့် ဘ၀ ပင်ဖြစ်ပါသည်။

ထိုအခြေနေများကိုဖြတ်သန်းရင်းဆေးဝါးများမလုံလောက်သည့်ပြသနာနှင့်ရင်ဆိုင်ရပေတော့သည်။ အန်ဂျီအိုမှပေးသော်လည်း လိုအပ် ချက်များရှိနေသည်ဖြစ်ရာ ကျနော်စွန့်စားရပါသည်။ မိမိတွင် မည်သည့်လက်မှတ်အထောက်အထားများမရှိသော်လည်း ကျနော် ထိုင်း နိုင်ငံကိုဝင်ရောက်ပြီး ခရီးအလွန်ကွာဝေးသော မဲဆောက်မြို့ရှိ ကျနော့်သင်တန်းဆရာမ ဒေါက်တာစင်သီယာမောင် ဆီကိုသွားရ မည်ဖြစ်သည်။ ကျနော်ဆုံးဖြတ်လိုက်ပါသည်။ စွန့်စားရမည် ဖြစ်သည်။ စခန်းမှတာဝန်ရှိသူတဦးမှ လမ်းစရိတ်ရှာပြီး ကျနော်တို့် ထွက်ခဲ့ပါ သည်။ ဖြစ်ချင်ရာဖြစ် နောက်မှရင်ဆိုင်မည်ဖြစ်သည်။ ကျနော်တို့ပြည်သူအတွက် ကျနော်တို့မှာ တာဝန်ရှိသည်။ အခက်အခဲများစွာ ကို ကားလမ်း ရေလမ်း တောလမ်းတွေဖြတ်ပြီး ကျနော်တို့ မဲဆောက်ရောက်ပါသည်။ ဆရာမဒေါက်တာစင်သီယာမောင်နှင့် ဆရာ ဒေါက် တာကျော်သက်ဦးတိုအား အခြေနေကိုရှင်းပြရာ သူတို့ကလဲ အားတက်သရော ဆေးဝါးအကူညီများနှင့် သူတို့ ကိုယ်တိုင်လိုက်လံခဲ့ပြီး အား ပေးခဲ့ကြသဖြင့် ကျနော်တို့ ၀မ်းသာမဆုံးတော့ပါ။ ထိုဒေသတွင် နေ့စဉ် ငှက်ဖျား၊ ၀မ်းရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ ဆီးလမ်း ကြောင်း ရောဂါနှင့် သာမန်ထိခိုက်ဒါဏ်ရာ၊ သားဖွားခြင်းဆိုင်ရာပြဿနာများကို ၁ နှစ်ကျော် ကုသပေးရင်း တဖက်မှလည်း မိမိတတ်ထားသည့်ပညာများအားမျှဝေပြီး ဆေးသင်တန်းများ ထပ်ဆင့်ပေးခြင်း၊ စာသင်ပေးခြင်း ထူးချွန်သည့်သင်တန်းသားများအား မဲဆောက်မြို့သို့ပို့ ဆောင်ပြီး အဆင့်မြင့်သင်တန်းများတက်စေခြင်းကိုလုပ်ဆောင်ပေးနိုင်ခဲ့ကြပါသည်။ ဆေးမှူးများ မလုံလောက်သဖြင့် ကျောင်းသား တပ်မ တော်မှ ဆေးမှူးရဲဘော်များလည်း လာရောက်ပြီး ကူညီပံ့ပိုးပေးကြပါသည်။

ထိုအခြေနေတွင် ကျနော်တို့မှာ ဗမာလူငယ်များဖြစ်ပါသည်။ သူတို့တွေမှာ ဗမာဟုယူဆထားသည့်သူများမှ သူတို့နေရာဒေသ၊ အိုးအိမ်များ ကိုဖျက်စီးခဲ့သဖြင့် ဗမာကို သေအောင်မုန်းနေသည့်ကာလလေးတွင်ပင် ကျနော်တို့သူတိုအား စေတနာအပြည့်၊ အနစ်နာခံမှုအပြည်ြ့ဖင့် လုပ်ဆောင်ပေးခဲ့မှုကြောင့် ကျနော်တို့ကို သူတို့မမုန်းပါ။ ဆက်ဆံရာတွင်လည်း ယ္ခင်လိုမဟုတ်ပါ။ တလေးတစား ဆက်ဆံလာကြပါသည်။ ကျနော်တို့ အကြံပေးသည်များကိုလည်း လက်ခံလာကြပါသည်။ သူတို့စိတ်ထဲမှ ထွက်ပေါ်လာသည့်စကားတခွန်းကို ကျနော် ဘယ်တော့မှ မမေ့ပါ။ ဆရာတို့က ဟိုဗမာတွေနှင့် မတူဘူးနော်တဲ့။ ကျနော်တို့ရှင်းပြပါသည်။ ကျနော်တို့က ၈၈ က နိုင်ငံရေးနဲ့ ထွက်လာတာပါ။ ကျနော်တို့်တိုင်းပြည်အခြေက ဒီလိုပါ။ ဗမာတွေအားလုံးက တိုင်းရင်းသားတွေကို မမုန်းပါဘူး။ ကျနော်တို့ဗမာတွေအားလုံးကိုလဲ မမုနုးပါနဲ့။ မုန်းရမှာက စစ်အာဏာရှင် စသည်ဖြင့် လူမျိုးရေးမုန်တည်းမှုအမြင်များကို လက်တွေ့ဘ၀နှင့်ပေါင်းစပ်ပြီး အချင်းချင်း ယုံကြည်မှုကိုတည် ဆောက်ခဲ့ရပေသည်။ ထိုဒေသတွင်ရောက်ရှိလာသော လူပေါင်းထောင်ကျော်ရှိ တိုင်းရင်းသားပေါင်းစုံစိတ်ထဲတွင် ကျနော်တို့ကို ဗမာ လို့မမြင်တော့ဘဲ သူတိုနဲ့အတူ တသားတည်းဖြစ်နေသည့်ဗမာများလို့ပင် ထင်မြင်သွားခဲ့ကြပါသည်။ ထိုပီတိကို ကျ နော်တို့ စားသုံးပါသည်။ ထိုသည်မှာ ကျနော်တို့လုပ်နိုင်သည့် အောက်ခြေလုပ်ငန်းများ ဖြစ်ခဲ့ပါသည်။ နောက်ပိုင်းတွင် သူတိုလည်း ငြိမ်းချမ်းရေးရပြီး သူတို့ ဒေသ အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။ သူတို့အနေဖြင့် ကျနော်တို့အား ချစ်ခင်လေးစားမှုကို အပြည့်အ၀ပေးကြပါသည်။ ယုံကြည် မှုအတွက်လည်း သေချာခိုင်မြဲနေခဲ့ကြပြီဖြစ်ပါသည်။ ကျနော်တို့အား သူတို့နဲ့ အတူလိုက်ပါ စေချင်ပါ သည်။ သို့သော်မဖြစ်နိုင်ပါ။ ကျနော်တို့ မှာတော့ တခြားနယ်တခုကို တော်လှန်ရေးတာဝန်ဖြင့် ဆက်လက်ထွက်ခွာကြရအုံးမည်ဖြစ်ပါသည်။

ကျနော်ဆိုလိုသည်မှာ ယနေ့အစိုးရသည် တိုင်းရင်းသားပြည်သူတွေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည်ကို ကျနော် ထောက်ခံအားပေးပါသည်။ သို့သော် တကယ်ငြိမ်းချမ်းစေချင်ရင် စစ်ပွဲတွေချက်ခြင်းရပ်ပါ။ တိုင်းရင်းသားတွေ အခွင့်အရေးကို နားလည်ပါ။ အဲဒီစစ်ပွဲတွေကြောင့် နာကျည်းချက်ဒဏ်ရာတွေက မြင့်မားစေတာပါ။ အစိုးရအနေဖြင့် နှုတ်ကတိတွေနဲ့သာ အချိန်မကုန်စေဘဲ ပြည်သူ လူထုရဲ့ခံစားချက်ကို သေချာနားလည်ပေးပါ။ ခံစားပေးပါ။ အပေါ်ယံခံစားမှုမျိုး မလုပ်စေလိုပါ။ ပြည်သူလူထုမှာ ကြားထဲက မြေဇာ ပင်ဘ၀၊ သူတို့အတွက် တကယ်ကို လုပ်ပေးမယ့်သူ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် နယ်မြေအေးချမ်းရေးကို တည်ဆောက်ပေးနိုင်သူကိုသူတို့ ယုံကြည်မှာဖြစ်သည်ကို ကျနော်တို့ဖြတ်သန်းခဲ့သည့် လက်တွေ့ဘ၀တွေက သက်သေပြနိုင်ပါသည်။ ထို့ကြောင့် တကယ့်ငြိမ်းချမ်းရေးကိုလိုချင်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလိုချင်ရင် အစိုးရအနေဖြင့် နှုတ်ကတိမှသည် လက်တွေ့ဘ၀သို့အရောက် စေတနာ၊ အနစ် နာတို့ဖြင့် လုပ်ဆောင်ပါမှ နောင်နှစ်ပေါင်း အတော်တော်ကြာကြာ တည်ဆောက်ရအုံးမည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။ တကယ့်ငြိမ်းချမ်းရေးအတွက် လူများစုများမှ လူနည်းစုတွေရဲ့ဘ၀ကို နားလည်စာနာပြီး အနစ်နာခံတည်ဆောက်မှသာလျှင် ငြိမ်းချမ်း နိုင်ပါမည်။ စာချုပ်စာတမ်းတွေထက် တကယ့်စေတနာသည်သာ ပိုမိုခိုင်မြဲမည့်ငြိမ်းချမ်းရေးလမ်းကို ရောက်မည်ဖြစ်ပါသည်။ စက္ကူကို တံ တွေးနှင့်ကပ်ထားသည့် ညီညွတ်ရေးမျိုးဖြင့်တော့ ဘယ်တော့မှ စစ်မှန်သည့်ငြိမ်းချမ်းရေးကို မရနိုင်ပါ။

အမိမြန်မာပြည် ငြိမ်းချမ်းပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

3 Responses to အာကာထက် – စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်လိုလျှင်

  1. Maung Tharmun on July 21, 2014 at 8:38 am

    အာကာထက် – အလွန်ကျေးဇူးတင်ပါသည်။ ယခုဆောင်းပါးကို စေတနာ၊မေတ္တာရှင် သဃာ၊ဘုန်းတော်ကြီးများ နယ်စပ်ဝန်ကြီးဌာနနှင့် ပူပေါင်းလုပ်ဆောင်၊ ပညာပေးနိုင်ပါစေဟုသာ မျှော်လင့်ဆုတောင်းပါသည်။

  2. 12111960 on July 21, 2014 at 9:49 am

    ကို အာကာထက် …
    ကျေးဇူးတင်ပါတယ်…နောက်ပိုင်းမှာ…အဖြစ်အပျက် တခုချင်းအလိုက် ..အကြောင်းအရာတခုချင်းအလိုက်…ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြသကဲ့ သို့  ရေးသားပေးစေလိုပါတယ်..အခု ဒီဆောင်းပါးက အစပထမ မို့ဆိုလိုချင်တဲ့  အချက်တွေ စုံပြုံနေတာ ပြသာနာတော့  မရှိပါ…အားပေး စောင့် မျှော်လျှက်…

  3. KGM on July 22, 2014 at 9:15 am

    *****တိုင်းရင်းသားတွေ ရင်ဘတ်ထဲမှ ခံစားနာကျည်းချက်များကို ကုစားပေးနိုင်မှ တနည်းအားဖြင့် လူများစုဗမာတွေမှ အနစ်နာခံပြီး လက်တွေ့လုပ်ဆောင်ပြမှသာလျှင် စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး တနည်းအားဖြင့် စစ်မှန်သည့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။*****
    အဲ့ဒီ့အချက်ကို ကျနော် တကယ်ပဲ သဘောကျမိပါတယ်။ မှန်တယ်လို့လဲ ယူဆပါတယ်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်