မောင်ဝံသ – မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး လက်ထက် စာနယ်ဇင်း လုပ်ကိုင်ခြင်း (၁)

August 13, 2014

 

ပြည်သူ့ခေတ်ဂျာနယ် အတွဲ – ၄၊ အမှတ် – ၂၀၈ ဆရာ စာတမ်းကို ဘာသာပြန်ဆိုထားခြင်း …

 Photo: ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၂၀၈ ဆရာမောင်ဝံသ 
စာတမ်းကို ဘာသာပြန်ဆိုထားခြင်း ...

မြန်မာနိုင်ငံတွင်
စာပေစိစစ်ရေး လက်ထက် စာနယ်ဇင်း လုပ်ကိုင်ခြင်း 
(ဖော်ပြပါ စာတမ်းသည် ဆရာမောင်ဝံသ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ
၁၀ ရက်နေ့က အမေရိက ပြည်ထောင်စု ၀ါရှင်တန်မြို့ရှိ  National Endowment for Democracy 
(NED) တွင် ဖတ်ကြားသော Writing Between the Lines: Practicing Journalism under 
Censorship in Burma စာတမ်းကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ 
-အယ်ဒီတာ) 

စစ်တပ်ထိန်းချုပ်တဲ့ အာဏာရှင်စနစ်အတွင်းမှာ စာနယ်ဇင်း သမား တစ်ယောက်ရဲ့ ဘ၀အကြောင်း ဒီကနေ့ ပြောခွင့်ရတာ ကျွန်တော့်အဖို့ အခွင့်အရေးကြီး  တစ်ရပ်ပါပဲ။ ပရိသတ် စိတ်မပျက်ရအောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစား ပါမယ်။ ကံမကောင်း အကြောင်းမလှစွာပဲ ကျွန်တော် ပြောမယ့် အကြောင်းအရာက ထိရှလွယ်တဲ့ အထိမခံ ကြွေပန်းကန်လို အကြောင်းအရာမျိုး ဖြစ်နေလေတော့ အခုလို အကြားအမြင် ပြည့်ဝတဲ့ ပရိသတ်ရှေ့မှာမှပဲ ဒီအကြောင်းကို လွတ်လွတ်လပ်လပ် ပြောလို့ရမှာပါ။ ဒါ ကျွန်တော့်အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်မှာပါ။ ဒီတော့ ပရိသတ်ရဲ့ ဝေဖန်စကားတွေ၊ မေးခွန်းတွေကို ကျွန်တော် အများကြီး မျှော်လင့်ထားပါတယ်။
 မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတစ်ယောက်ရဲ့ ဘ၀ဟာ လက်ဝှေ့ လေ့ကျင့်ထိုးနေရတာနဲ့ တူပါတယ်။ ကိုယ့်ရဲ့ လွတ်လပ်မှု ဒါမှမဟုတ် ကိုယ် ပေးချင်တဲ့ သတင်း စကား ခိုင်မာမှုကို အလျှော့မပေးဘဲ ဆင်ဆာဘုတ် (စာပေ စိစစ်ရေး)ကို အရှောင်အတိမ်း လုပ်ဖို့ အစဉ်အမြဲ ကြိုးစား အားထုတ်နေရတာပါ။ စာနယ်ဇင်းသမားအဖြစ် နှစ်ပေါင်း ၄၀ ကာလ အတွင်း အဲဒီလုပ်ငန်းမှာ အတွေ့အကြုံရှိခဲ့ပြီ ဖြစ်လို့ ဒီအတွေ့အကြုံတွေကို မြန်မာနိုင်ငံက တခြား စာရေးဆရာတွေကိုရော၊ မီဒီယာကို အစိုးရက အပြင်းအထန် ထိန်းချုပ်တဲ့ တခြားနိုင်ငံတွေက စာရေးဆရာတွေကိုပါ မျှဝေချင်ပါတယ်။ ကျွန်တော့်လို လူသိများ ထင်ရှားတဲ့ အစိုးရ ဆန့်ကျင်ရေး စာနယ်ဇင်းသမားတွေကို စာပေ စိစစ်ရေးအဖွဲ့က ဘယ်ပုံဘယ်နည်းနဲ့ရယ်၊ ဘာကြောင့်ရယ် ဆက်ပြီး ရေးသား ထုတ်ဝေခွင့်ပြုနေသလဲ ဆိုတာကို နားလည် သဘောပေါက်ဖို့ မကြာခဏ ကြိုးစားနေရတဲ့ မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာသူတွေအတွက် ကျွန်တော့်ရဲ့ လေ့လာ သုံးသပ်ချက်တွေက လမ်းဩန် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
 ဒါကြောင့် စာပေစိစစ်ရေးဌာန၊ အတွေ့အကြုံရင့်တဲ့ မြန်မာစာဖတ်ပရိသတ်များနဲ့ ကျွန်တော်တို့ စာရေးဆရာတွေ ကြားက အရှိန်အဟုန် တွန်းအားကို ကျွန်တော် ရှင်းပြပါရစေ။ စာရေးဆရာတွေ ဆိုတာလည်း သူတို့ ပေးချင်တဲ့ သတင်း စကားကို လူထုဆီ ရောက်အောင် ပို့တတ်ကြတဲ့သူတွေပါ။ ဒီလို သုံးပွင့်ဆိုင် အခြေအနေဟာ မြန်မာပြည်အတွက် သီးခြား ဖြစ်နေပေမယ်လို့ တခြား ပွင့်လင်းမှုမရှိ ပိတ်လှောင် နေတဲ့ လူ့အဖွဲ့အစည်းတွေက စာနယ်ဇင်းသမားတွေ အတွက်လည်း ဒီအခြေအနေက သင်ခန်းစာတွေ ပေးနိုင်မှာ ပါ။ မြန်မာနိုင်ငံက စာနယ်ဇင်း အကြောင်း ကျွန်တော် မိတ်ဆက်ပေးပါမယ်။ ပြီးတော့ ဆင်ဆာ (စာပေစိစစ်ရေး)၊ စာဖတ်ပရိသတ်တွေနဲ့ စာရေးဆရာတွေ အကြောင်း ဆက်ပြောပါမယ်။ အဲဒီနောက် နိဂုံးကောက်ချက်တွေနဲ့ အကြံဉဏ်တွေ ပေးပါမယ်။ 
 နောက်ခံ သမိုင်းလေးနဲ့ စပါရစေ။

နိဒါန်း
လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိန်္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ၀န်းရံထားတဲ့ ကြားမှာ တည်ရှိပါတယ်။ ဒီနိုင်ငံမှာ စွမ်းအင်သိုက်တွေ ရှိပါတယ်။ မိုင်ထောင်ပေါင်း များစွာ ရှိတဲ့ ကမ်းရိုးတန်းနဲ့ ရှည်လျားတဲ့ နယ်နိမိတ်မျဉ်း လည်း ရှိပါတယ်။ အဲဒါကြောင့် မဟာဗျူဟာ အရ (အနည်းဆုံး တော့ အိမ်နီးချင်းနိုင်ငံတွေ အတွက်) အရေးပါနေပါတယ်။ ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ ကာလကလွဲရင် မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၁၀၀၀ ကျော် လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိခဲ့တာပါ။ ၁၉၄၈ ခုနှစ်မှာ ဗြိတိသျှအုပ်စိုးမှု ချုပ်ငြိမ်း သွားတဲ့အခါ မြန်မာနိုင်ငံကို ရွေးချယ် တင်မြှောက်ခံ အရပ်သား အစိုးရအဖွဲ့က ဆယ်စုနှစ် တစ်ခုလောက် အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ စစ်အာဏာရှင် အဆက်ဆက်တို့ရဲ့ သားကောင်ဘ၀ ရောက်ခဲ့ပါတော့တယ်။ အခု မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အကူးအပြောင်းဟာ တဖြည်းဖြည်းနဲ့ အရပ်သား ဒီမိုကရေစီအုပ်ချုပ်ရေးဆီ ပြန်ပြီး ဦးတည်မလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမဲ့ မှန်းကြည့်လို့ ရတဲ့ အနာဂတ်မှာတော့ စစ်တပ်က ပုံစံတစ်မျိုးမဟုတ် တစ်မျိုးနဲ့ အသာစီး ရယူ ကြီးစိုးထားတဲ့ အစိုးရနဲ့ နိုင်ငံအဖြစ် ဆက်ရှိနေပါလိမ့်မယ်။
 ဆင်ဆာလုပ် ပိတ်ဆို့ ဖြတ်တောက်တာဟာ ၁၉၆၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ရဲ့ အမှတ် လက်္ခဏာ ဖြစ်ခဲ့ပါတယ်။ အများပြည်သူဆိုင်ရာ သတင်း အချက်အလက်တွေကို ထိန်းချုပ်ဖို့ရယ် စစ်ဘက် အုပ်ချုပ်မှု ကို ၀ါဒဖြန့်ဖို့ရယ် ဒီလိုလုပ်တာပါ။ မြန်မာ စစ်အစိုးရ ဟာ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ တခြား မီဒီယာတွေကို လက်ဝါးကြီး အုပ် ချုပ်ကိုင်ပါတယ်။ စစ်အစိုးရကို ဆန့်ကျင်တဲ့ အမြင် သဘောထားတွေကို ခွင့်မပြုပါဘူး။ ဘာသာရေး တရားပွဲတွေ တောင် ပိတ်ပင်ခဲ့ပါတယ်။
 တားမြစ် ပိတ်ပင်ထားတဲ့ အကြောင်းအရာတွေထဲမှာ  - ဆင်းရဲမွဲတေတာ၊ အလုပ်လက်မဲ့ဖြစ်တာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးတို့ နိမ့်ကျတဲ့အကြောင်း ဝေဖန် ရေးသားတာ၊
- မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးမှာ တရုတ်ရဲ့ လွှမ်းမိုးမှု၊ ဒါမှမဟုတ် အထက်မြန်မာပြည် မြို့ကြီးတွေမှာ တရုတ်လူဦးရေ တိုးနေတာတွေကို ဝေဖန် ရေးသားတာ၊
- အစိုးရကို ဆန့်ကျင်တဲ့ ဘယ်လို နိုင်ငံရေး လှုပ်ရှားမှုမျိုးကို မဆို ရေးသား ဖော်ပြတာ စတဲ့ အချက်တွေ ပါပါတယ်။
 အစိုးရ ထိန်းချုပ်ထားတဲ့ မီဒီယာအပြင် ပုဂ်္ဂလိကပိုင် လစဉ် မဂ်္ဂဇင်းတွေနဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေလည်း ရှိပါတယ်။ အဲဒါတွေထဲက တချို့ဟာ အစိုးရကို ထောက်ခံတဲ့ စာစောင်တွေ ဖြစ်ပေမယ့် အများစုကတော့ လွတ်လပ် အမှီခိုကင်းပါတယ်။ ပုဂ်္ဂလိကပိုင် အပျော်ဖတ်နဲ့ အားကစား ဂျာနယ်တွေလည်း ရှိပါတယ်။ ထုတ်ဝေတဲ့ စာအုပ်စာစောင် မှန်သမျှတော့ အစိုးရရဲ့ တင်းကျပ်တဲ့ ဆင်ဆာ စစ်ဆေး ဖြတ်တောက်တာကို ခံကြရတာချည်းပါ။ ဆောင်းပါးတွေ၊ ၀တ်္ထုတွေ၊ ကာတွန်းတွေ၊ အဖုံးဒီဇိုင်း အပြင်အဆင်တို့အပြင် သရုပ်ဖော်ပုံတွေတောင်မှ ပုံမှန် ပိတ်ဆို့ ဖြတ်တောက်တာ ခံကြရပါတယ်။ ဥပမာဆိုပါတော့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မျက်နှာဖုံးတင်မိလို့ သတင်းဂျာနယ်တချို့ တစ်ပတ် နှစ်ပတ် ထုတ်ဝေခွင့် အပိတ်ခံရတာမျိုး ရှိပါတယ်။
 အဲဒီလို သဲကြီးမဲကြီး ဆင်ဆာဖြတ်တောက် ပိတ်ဆို့တဲ့ ကြားကပဲ တချို့ စာနယ်ဇင်းသမားတွေက ဆင်ဆာ အဖြတ်အတောက် လွတ်အောင် ကျော်လွှားနိုင်ခဲ့ကြတယ်။ သူတို့က သူတို့ ပြောချင်တာကို လှည့်ပတ်သွယ်ဝိုက်ပြီး ဖော်ထုတ်ကြတယ်။ မြန်မာပြည်သူတွေကလည်း အဲဒီလို “မရေးဘဲ ပြောထားတဲ့ စကားဝှက်တွေ” ကို နားလည် သဘောပေါက်လာကြတယ်။ ဒီပညာတတ်လာကြတယ်။ စာရေးဆရာတွေက ထပ်တူပြု ဥပမာတွေ၊ စောင်းပါးရိပ်ခြည် ရေးတာတွေ၊ တင်စား ခိုင်းနှိုင်း ရေးတာမျိုးတွေနဲ့ ရေးဖို့ အခွင့်အရေး ရလာကြတယ်။ ပြီးတော့ စာပေစိစစ်ရေး လက်က လွတ်မယ့် တခြား ရေးနည်းတွေနဲ့လည်း သူတို့ တင်ပြချင်တာကို တင်ပြခွင့် ရလာကြတယ်။ ဒီလို ရေးတဲ့ ရေးနည်းက တစ်ခါတလေ မြန်မာလူမျိုးတွေရဲ့ သမိုင်းရေးရာ တွေ အတော်ကလေး မှတ်မိနေဖို့ လိုပါတယ်။ ပြီးတော့ တခြား နိုင်ငံတွေက အဖြစ်အပျက်တွေနဲ့ မြန်မာနိုင်ငံက အဖြစ်အပျက်တွေ တူညီတာကို ကွက်ကွက်ကွင်းကွင်း ခိုင်းနှိုင်း တင်ပြတတ်ဖို့လည်း လိုပါတယ်။
 ဒီလို စကားဝှက်ဖော်ရေးနည်း ထင်ရှားတဲ့ ဥပမာ တစ်ခု ပေးရရင် ဒေါ်အောင်ဆန်းစုကြည် မကြာသေးခင်က အကျယ်ချုပ်ကနေ လွတ်လာစဉ် အတောအတွင်း အားကစားဂျာနယ်တစ်စောင်ဖြစ်တဲ့ First Eleven က ဘောလုံးပွဲရလဒ်သတင်းတွေ ခေါင်းစဉ် တပ်ရာမှာ ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ သတင်းကို အဓိပ်္ပာယ် ကောက်ယူနိုင်အောင် စကားလုံး ရွေးချယ် သုံးခဲ့တာကို ဥပမာ ပေးရမှာပါ။ 'Sunderland Freeze Chelsea', 'United Stunned by Villa', 'Arsenal Advance to Grab Their Hope' ဆိုပြီး တပ်ထားတဲ့ ခေါင်းစဉ်တွေထဲက စာလုံးတွေ ကောက်ပြီး တွဲလိုက်ရင် 'Su Free United & Advance to Grab The Hope.'  ဆိုပြီး ထွက်လာတယ်။ ဒါကို အာဏာပိုင်တွေ စကားဝှက် ဖော်လို့ရသွားတဲ့အခါ ဂျာနယ်ကို ထုတ်ဝေခွင့် နှစ်ပတ် ရပ်ဆိုင်းခဲ့ပါတယ်။

ဆင်ဆာများ (စာပေစိစစ်ရေး)
မြန်မာနိုင်ငံမှာ ဆင်ဆာ စိစစ်ရေး လက်အောက်မှာ စာနယ်ဇင်းလုပ်ငန်း လက်တွေ့ အကောင်အထည်ဖော်ဖို့ အဖွဲ့သုံးဖွဲ့ ပူးပေါင်း ဆောင်ရွက်သွားရပါတယ်။ ဒီသုံးဖွဲ့က လိမ်္မာပါးနပ်တဲ့ စာရေးဆရာတွေ၊ အတွေ့အကြုံရင့်ကျက်တဲ့ စာဖတ်ပရိသတ်တွေနဲ့ စာပေစိစစ်ရေး (ဆင်ဆာ)လုပ်သူတွေ ပါပဲ။ စာပေစိစစ်ရေးလုပ်သူတွေ ကိုယ်တိုင်ကလည်း စာဖတ်ပရိသတ်ပါပဲ။ ဒီသုံးဖွဲ့ကို နောက်ပြန်သွားတဲ့အနေနဲ့ ကြည့်ရင် စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ရေးဌာနက စပြောရမှာ ဖြစ်ပါတယ်။ ဒီဌာနကို ပထမက ပြည်ထဲရေး ၀န်ကြီးဌာန အောက်က ဌာနခွဲတစ်ခုအဖြစ်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက် ရောက်သွားပါပြီ။ စာပေစိစစ်ရေး ဌာနကို ကျွန်တော်တို့က ရယ်စရာအဖြစ် နောက်ပြောင်ပြီး “စာပေကင်ပေတိုင်”လို့ ခေါ်ကြပါတယ်။ စာပေ လျှို့ဝှက် ထောက်လှမ်းရေးပေါ့။ ကင်ပေတိုင်ဆိုတဲ့ စကားလုံးက ဂျပန်စကားလုံးဖြစ်ပြီး လျှို့ဝှက် ပုလိပ်ကို ခေါ်တာပါ။ ၁၉၄၂ ခုကနေ ၁၉၄၅ ခုနှစ် ကာလ ဂျပန်ခေတ်မှာ မြန်မာလူမျိုးတွေ ကြောက်ခဲ့ရတဲ့ ပုလိပ်အဖွဲ့ ပေါ့။ အခု စာပေစိစစ်ရေးရုံးဟာ ဟိုတုန်းက ဂျပန် ကင်ပေ တိုင်ရုံး ဖြစ်နေတာလည်း ရယ်ရမလို ပြုံးရမလိုပါပဲ။
 ထုတ်ဝေသမျှ စာအုပ်စာတမ်းတွေ အားလုံးကို ပုံမနှိပ်မီမှာ ခွင့်ပြုချက်ရဖို့ စာပေ စိစစ်ရေးကို တင်ပြ အစစ်ဆေးခံဖို့ လိုပါတယ်။ စာပေစိစစ်ရေးက စာရေးဆရာ တွေ၊ ကဗျာဆရာတွေနဲ့ သတင်းစာဆရာတွေကို အမျိုးအစား သုံးမျိုး ခွဲထားပါတယ်။ စစ်ထောက်လှမ်းရေးနဲ့ အထူး စုံစမ်း စစ်ဆေးရေးက အစီရင်ခံစာတွေအပေါ် မူတည်ပြီး                       “အဖြူ”၊ “အညို”၊ “အနက်” ဆိုပြီး ခွဲထားတာပါ။ “အဖြူစာရင်း”မှာ ပါသူတွေကို စာပေစိစစ်ရေးက သိပ် မစိစစ်ပါဘူး။ သူတို့က အတော်ကလေး လွတ်လွတ်လပ်လပ် ရေးသား နိုင်ကြပါတယ်။ တကယ်လို့ သူတို့ အဓိပ်္ပာယ်ဝှက် လှည့်ပတ် ရေးတာ လွန်သွားပြီဆိုရင်တော့ သူတို့ဟာ “အညိုစာရင်း”အဖြစ် အဆင့်နှိမ့် သတ်မှတ်ခံကြရပါတယ်။ “အညိုစာရင်း”ထဲ ပါသူတွေဟာ ရေးသားထုတ်ဝေခွင့် အပိတ်ခံရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ရေးသမျှ တစ်ပိုဒ်ချင်း တစ်ပုဒ် ချင်းကို အသေအချာ ဖတ်ရှု စိစစ်တာ ခံရပါတယ်။ အမည်း စာရင်းဝင်သူတွေကိုတော့ ရေးသားထုတ်ဝေခွင့် လုံးဝမပေး ပါဘူး။ သူတို့ ထောင်မကျတာ ကံကောင်းတယ်လို့ မှတ်ရမှာပါ။
 ကျွန်တော်ရယ်၊ ကျွန်တော် ထုတ်ဝေတဲ့ “အတွေးအမြင်” မဂ်္ဂဇင်းနဲ့ “ပြည်သူ့ခေတ်” အပတ်စဉ် ဂျာနယ်တို့ရယ်ကို အညိုရောင်စာရင်းထဲ သွင်းထားပါတယ်။ ဒါကြောင့် စာပေ စိစစ်ရေးမှူးတွေက ကျွန်တော်တို့အပေါ် သံသယနဲ့ ဆက်ဆံပါတယ်။ ကျွန်တော်တို့ စာတွေထဲ မြှုပ်ထားတဲ့ သတင်းစကားတွေ ရှိလေမလား ဆိုပြီး အသေအချာ ရှာပါတယ်။ “ပြည်သူ့ခေတ်”ကို ကျွန်တော် မနှစ်ကမှစပြီး “ဖွင့်လှစ်”ခဲ့တာဖြစ်ပြီး နှစ်အတော်ကြာ ထုတ်ဝေလာခဲ့တဲ့ ကျွန်တော့်မဂ်္ဂဇင်း “အတွေးအမြင်”မှာ အယ်ဒီတာအဖြစ် ကျွန်တော့်နာမည် မဖော်ပြသေးပေမယ့် တခြား အညိုရောင် စာရေးဆရာတွေနဲ့အတူ မဂ်္ဂဇင်းမှာ ကျွန်တော် ပုံမှန် ရေးလာခဲ့ပါတယ်                              

(ဆက်လက် ဖော်ပြပါမည်)

 

 မောင်ဝံသ –  မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး လက်ထက် စာနယ်ဇင်း လုပ်ကိုင်ခြင်း (၁)

(ဖော်ပြပါ စာတမ်းသည် ဆရာမောင်ဝံသ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အမေရိက ပြည်ထောင်စု ၀ါရှင်တန်မြို့ရှိ National Endowment for Democracy  (NED) တွင် ဖတ်ကြားသော Writing Between the Lines: Practicing Journalism under  Censorship in Burma စာတမ်းကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။
-အယ်ဒီတာ၊ ပြည်သူ့ခေတ်)

စစ်တပ်ထိန်းချုပ်တဲ့ အာဏာရှင်စနစ်အတွင်းမှာ စာနယ်ဇင်း သမား တစ်ယောက်ရဲ့ ဘ၀အကြောင်း ဒီကနေ့ ပြောခွင့်ရတာ ကျွန်တော့်အဖို့ အခွင့်အရေးကြီး တစ်ရပ်ပါပဲ။ ပရိသတ် စိတ်မပျက်ရအောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစား ပါမယ်။ ကံမကောင်း အကြောင်းမလှစွာပဲ ကျွန်တော် ပြောမယ့် အကြောင်းအရာက ထိရှလွယ်တဲ့ အထိမခံ ကြွေပန်းကန်လို အကြောင်းအရာမျိုး ဖြစ်နေလေတော့ အခုလို အကြားအမြင် ပြည့်ဝတဲ့ ပရိသတ်ရှေ့မှာမှပဲ ဒီအကြောင်းကို လွတ်လွတ်လပ်လပ် ပြောလို့ရမှာပါ။ ဒါ ကျွန်တော့်အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်မှာပါ။ ဒီတော့ ပရိသတ်ရဲ့ ဝေဖန်စကားတွေ၊ မေးခွန်းတွေကို ကျွန်တော် အများကြီး မျှော်လင့်ထားပါတယ်။

မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတစ်ယောက်ရဲ့ ဘ၀ဟာ လက်ဝှေ့ လေ့ကျင့်ထိုးနေရတာနဲ့ တူပါတယ်။ ကိုယ့်ရဲ့ လွတ်လပ်မှု ဒါမှမဟုတ် ကိုယ် ပေးချင်တဲ့ သတင်း စကား ခိုင်မာမှုကို အလျှော့မပေးဘဲ ဆင်ဆာဘုတ် (စာပေ စိစစ်ရေး)ကို အရှောင်အတိမ်း လုပ်ဖို့ အစဉ်အမြဲ ကြိုးစား အားထုတ်နေရတာပါ။ စာနယ်ဇင်းသမားအဖြစ် နှစ်ပေါင်း ၄၀ ကာလ အတွင်း အဲဒီလုပ်ငန်းမှာ အတွေ့အကြုံရှိခဲ့ပြီ ဖြစ်လို့ ဒီအတွေ့အကြုံတွေကို မြန်မာနိုင်ငံက တခြား စာရေးဆရာတွေကိုရော၊ မီဒီယာကို အစိုးရက အပြင်းအထန် ထိန်းချုပ်တဲ့ တခြားနိုင်ငံတွေက စာရေးဆရာတွေကိုပါ မျှဝေချင်ပါတယ်။ ကျွန်တော့်လို လူသိများ ထင်ရှားတဲ့ အစိုးရ ဆန့်ကျင်ရေး စာနယ်ဇင်းသမားတွေကို စာပေ စိစစ်ရေးအဖွဲ့က ဘယ်ပုံဘယ်နည်းနဲ့ရယ်၊ ဘာကြောင့်ရယ် ဆက်ပြီး ရေးသား ထုတ်ဝေခွင့်ပြုနေသလဲ ဆိုတာကို နားလည် သဘောပေါက်ဖို့ မကြာခဏ ကြိုးစားနေရတဲ့ မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာသူတွေအတွက် ကျွန်တော့်ရဲ့ လေ့လာ သုံးသပ်ချက်တွေက လမ်းဩန် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် စာပေစိစစ်ရေးဌာန၊ အတွေ့အကြုံရင့်တဲ့ မြန်မာစာဖတ်ပရိသတ်များနဲ့ ကျွန်တော်တို့ စာရေးဆရာတွေ ကြားက အရှိန်အဟုန် တွန်းအားကို ကျွန်တော် ရှင်းပြပါရစေ။ စာရေးဆရာတွေ ဆိုတာလည်း သူတို့ ပေးချင်တဲ့ သတင်း စကားကို လူထုဆီ ရောက်အောင် ပို့တတ်ကြတဲ့သူတွေပါ။ ဒီလို သုံးပွင့်ဆိုင် အခြေအနေဟာ မြန်မာပြည်အတွက် သီးခြား ဖြစ်နေပေမယ်လို့ တခြား ပွင့်လင်းမှုမရှိ ပိတ်လှောင် နေတဲ့ လူ့အဖွဲ့အစည်းတွေက စာနယ်ဇင်းသမားတွေ အတွက်လည်း ဒီအခြေအနေက သင်ခန်းစာတွေ ပေးနိုင်မှာ ပါ။ မြန်မာနိုင်ငံက စာနယ်ဇင်း အကြောင်း ကျွန်တော် မိတ်ဆက်ပေးပါမယ်။ ပြီးတော့ ဆင်ဆာ (စာပေစိစစ်ရေး)၊ စာဖတ်ပရိသတ်တွေနဲ့ စာရေးဆရာတွေ အကြောင်း ဆက်ပြောပါမယ်။ အဲဒီနောက် နိဂုံးကောက်ချက်တွေနဲ့ အကြံဉဏ်တွေ ပေးပါမယ်။

နောက်ခံ သမိုင်းလေးနဲ့ စပါရစေ။

နိဒါန်း

လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိန်္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ၀န်းရံထားတဲ့ ကြားမှာ တည်ရှိပါတယ်။ ဒီနိုင်ငံမှာ စွမ်းအင်သိုက်တွေ ရှိပါတယ်။ မိုင်ထောင်ပေါင်း များစွာ ရှိတဲ့ ကမ်းရိုးတန်းနဲ့ ရှည်လျားတဲ့ နယ်နိမိတ်မျဉ်း လည်း ရှိပါတယ်။ အဲဒါကြောင့် မဟာဗျူဟာ အရ (အနည်းဆုံး တော့ အိမ်နီးချင်းနိုင်ငံတွေ အတွက်) အရေးပါနေပါတယ်။ ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ ကာလကလွဲရင် မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၁၀၀၀ ကျော် လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိခဲ့တာပါ။ ၁၉၄၈ ခုနှစ်မှာ ဗြိတိသျှအုပ်စိုးမှု ချုပ်ငြိမ်း သွားတဲ့အခါ မြန်မာနိုင်ငံကို ရွေးချယ် တင်မြှောက်ခံ အရပ်သား အစိုးရအဖွဲ့က ဆယ်စုနှစ် တစ်ခုလောက် အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ စစ်အာဏာရှင် အဆက်ဆက်တို့ရဲ့ သားကောင်ဘ၀ ရောက်ခဲ့ပါတော့တယ်။ အခု မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အကူးအပြောင်းဟာ တဖြည်းဖြည်းနဲ့ အရပ်သား ဒီမိုကရေစီအုပ်ချုပ်ရေးဆီ ပြန်ပြီး ဦးတည်မလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမဲ့ မှန်းကြည့်လို့ ရတဲ့ အနာဂတ်မှာတော့ စစ်တပ်က ပုံစံတစ်မျိုးမဟုတ် တစ်မျိုးနဲ့ အသာစီး ရယူ ကြီးစိုးထားတဲ့ အစိုးရနဲ့ နိုင်ငံအဖြစ် ဆက်ရှိနေပါလိမ့်မယ်။

ဆင်ဆာလုပ် ပိတ်ဆို့ ဖြတ်တောက်တာဟာ ၁၉၆၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ရဲ့ အမှတ် လက်္ခဏာ ဖြစ်ခဲ့ပါတယ်။ အများပြည်သူဆိုင်ရာ သတင်း အချက်အလက်တွေကို ထိန်းချုပ်ဖို့ရယ် စစ်ဘက် အုပ်ချုပ်မှု ကို ၀ါဒဖြန့်ဖို့ရယ် ဒီလိုလုပ်တာပါ။ မြန်မာ စစ်အစိုးရ ဟာ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ တခြား မီဒီယာတွေကို လက်ဝါးကြီး အုပ် ချုပ်ကိုင်ပါတယ်။ စစ်အစိုးရကို ဆန့်ကျင်တဲ့ အမြင် သဘောထားတွေကို ခွင့်မပြုပါဘူး။ ဘာသာရေး တရားပွဲတွေ တောင် ပိတ်ပင်ခဲ့ပါတယ်။
တားမြစ် ပိတ်ပင်ထားတဲ့ အကြောင်းအရာတွေထဲမှာ

– ဆင်းရဲမွဲတေတာ၊ အလုပ်လက်မဲ့ဖြစ်တာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးတို့ နိမ့်ကျတဲ့အကြောင်း ဝေဖန် ရေးသားတာ၊

– မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးမှာ တရုတ်ရဲ့ လွှမ်းမိုးမှု၊ ဒါမှမဟုတ် အထက်မြန်မာပြည် မြို့ကြီးတွေမှာ တရုတ်လူဦးရေ တိုးနေတာတွေကို ဝေဖန် ရေးသားတာ၊

– အစိုးရကို ဆန့်ကျင်တဲ့ ဘယ်လို နိုင်ငံရေး လှုပ်ရှားမှုမျိုးကို မဆို ရေးသား ဖော်ပြတာ စတဲ့ အချက်တွေ ပါပါတယ်။

အစိုးရ ထိန်းချုပ်ထားတဲ့ မီဒီယာအပြင် ပုဂ်္ဂလိကပိုင် လစဉ် မဂ်္ဂဇင်းတွေနဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေလည်း ရှိပါတယ်။ အဲဒါတွေထဲက တချို့ဟာ အစိုးရကို ထောက်ခံတဲ့ စာစောင်တွေ ဖြစ်ပေမယ့် အများစုကတော့ လွတ်လပ် အမှီခိုကင်းပါတယ်။ ပုဂ်္ဂလိကပိုင် အပျော်ဖတ်နဲ့ အားကစား ဂျာနယ်တွေလည်း ရှိပါတယ်။ ထုတ်ဝေတဲ့ စာအုပ်စာစောင် မှန်သမျှတော့ အစိုးရရဲ့ တင်းကျပ်တဲ့ ဆင်ဆာ စစ်ဆေး ဖြတ်တောက်တာကို ခံကြရတာချည်းပါ။ ဆောင်းပါးတွေ၊ ၀တ်္ထုတွေ၊ ကာတွန်းတွေ၊ အဖုံးဒီဇိုင်း အပြင်အဆင်တို့အပြင် သရုပ်ဖော်ပုံတွေတောင်မှ ပုံမှန် ပိတ်ဆို့ ဖြတ်တောက်တာ ခံကြရပါတယ်။ ဥပမာဆိုပါတော့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မျက်နှာဖုံးတင်မိလို့ သတင်းဂျာနယ်တချို့ တစ်ပတ် နှစ်ပတ် ထုတ်ဝေခွင့် အပိတ်ခံရတာမျိုး ရှိပါတယ်။

အဲဒီလို သဲကြီးမဲကြီး ဆင်ဆာဖြတ်တောက် ပိတ်ဆို့တဲ့ ကြားကပဲ တချို့ စာနယ်ဇင်းသမားတွေက ဆင်ဆာ အဖြတ်အတောက် လွတ်အောင် ကျော်လွှားနိုင်ခဲ့ကြတယ်။ သူတို့က သူတို့ ပြောချင်တာကို လှည့်ပတ်သွယ်ဝိုက်ပြီး ဖော်ထုတ်ကြတယ်။ မြန်မာပြည်သူတွေကလည်း အဲဒီလို “မရေးဘဲ ပြောထားတဲ့ စကားဝှက်တွေ” ကို နားလည် သဘောပေါက်လာကြတယ်။ ဒီပညာတတ်လာကြတယ်။ စာရေးဆရာတွေက ထပ်တူပြု ဥပမာတွေ၊ စောင်းပါးရိပ်ခြည် ရေးတာတွေ၊ တင်စား ခိုင်းနှိုင်း ရေးတာမျိုးတွေနဲ့ ရေးဖို့ အခွင့်အရေး ရလာကြတယ်။ ပြီးတော့ စာပေစိစစ်ရေး လက်က လွတ်မယ့် တခြား ရေးနည်းတွေနဲ့လည်း သူတို့ တင်ပြချင်တာကို တင်ပြခွင့် ရလာကြတယ်။

ဒီလို ရေးတဲ့ ရေးနည်းက တစ်ခါတလေ မြန်မာလူမျိုးတွေရဲ့ သမိုင်းရေးရာ တွေ အတော်ကလေး မှတ်မိနေဖို့ လိုပါတယ်။ ပြီးတော့ တခြား နိုင်ငံတွေက အဖြစ်အပျက်တွေနဲ့ မြန်မာနိုင်ငံက အဖြစ်အပျက်တွေ တူညီတာကို ကွက်ကွက်ကွင်းကွင်း ခိုင်းနှိုင်း တင်ပြတတ်ဖို့လည်း လိုပါတယ်။

ဒီလို စကားဝှက်ဖော်ရေးနည်း ထင်ရှားတဲ့ ဥပမာ တစ်ခု ပေးရရင် ဒေါ်အောင်ဆန်းစုကြည် မကြာသေးခင်က အကျယ်ချုပ်ကနေ လွတ်လာစဉ် အတောအတွင်း အားကစားဂျာနယ်တစ်စောင်ဖြစ်တဲ့ First Eleven က ဘောလုံးပွဲရလဒ်သတင်းတွေ ခေါင်းစဉ် တပ်ရာမှာ ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ သတင်းကို အဓိပ်္ပာယ် ကောက်ယူနိုင်အောင် စကားလုံး ရွေးချယ် သုံးခဲ့တာကို ဥပမာ ပေးရမှာပါ။ ‘Sunderland Freeze Chelsea’, ‘United Stunned by Villa’, ‘Arsenal Advance to Grab Their Hope’ ဆိုပြီး တပ်ထားတဲ့ ခေါင်းစဉ်တွေထဲက စာလုံးတွေ ကောက်ပြီး တွဲလိုက်ရင် ‘Su Free United & Advance to Grab The Hope.’ ဆိုပြီး ထွက်လာတယ်။ ဒါကို အာဏာပိုင်တွေ စကားဝှက် ဖော်လို့ရသွားတဲ့အခါ ဂျာနယ်ကို ထုတ်ဝေခွင့် နှစ်ပတ် ရပ်ဆိုင်းခဲ့ပါတယ်။

ဆင်ဆာများ (စာပေစိစစ်ရေး)

မြန်မာနိုင်ငံမှာ ဆင်ဆာ စိစစ်ရေး လက်အောက်မှာ စာနယ်ဇင်းလုပ်ငန်း လက်တွေ့ အကောင်အထည်ဖော်ဖို့ အဖွဲ့သုံးဖွဲ့ ပူးပေါင်း ဆောင်ရွက်သွားရပါတယ်။ ဒီသုံးဖွဲ့က လိမ်္မာပါးနပ်တဲ့ စာရေးဆရာတွေ၊ အတွေ့အကြုံရင့်ကျက်တဲ့ စာဖတ်ပရိသတ်တွေနဲ့ စာပေစိစစ်ရေး (ဆင်ဆာ)လုပ်သူတွေ ပါပဲ။ စာပေစိစစ်ရေးလုပ်သူတွေ ကိုယ်တိုင်ကလည်း စာဖတ်ပရိသတ်ပါပဲ။ ဒီသုံးဖွဲ့ကို နောက်ပြန်သွားတဲ့အနေနဲ့ ကြည့်ရင် စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ရေးဌာနက စပြောရမှာ ဖြစ်ပါတယ်။ ဒီဌာနကို ပထမက ပြည်ထဲရေး ၀န်ကြီးဌာန အောက်က ဌာနခွဲတစ်ခုအဖြစ်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက် ရောက်သွားပါပြီ။ စာပေစိစစ်ရေး ဌာနကို ကျွန်တော်တို့က ရယ်စရာအဖြစ် နောက်ပြောင်ပြီး “စာပေကင်ပေတိုင်”လို့ ခေါ်ကြပါတယ်။ စာပေ လျှို့ဝှက် ထောက်လှမ်းရေးပေါ့။ ကင်ပေတိုင်ဆိုတဲ့ စကားလုံးက ဂျပန်စကားလုံးဖြစ်ပြီး လျှို့ဝှက် ပုလိပ်ကို ခေါ်တာပါ။ ၁၉၄၂ ခုကနေ ၁၉၄၅ ခုနှစ် ကာလ ဂျပန်ခေတ်မှာ မြန်မာလူမျိုးတွေ ကြောက်ခဲ့ရတဲ့ ပုလိပ်အဖွဲ့ ပေါ့။ အခု စာပေစိစစ်ရေးရုံးဟာ ဟိုတုန်းက ဂျပန် ကင်ပေ တိုင်ရုံး ဖြစ်နေတာလည်း ရယ်ရမလို ပြုံးရမလိုပါပဲ။

ထုတ်ဝေသမျှ စာအုပ်စာတမ်းတွေ အားလုံးကို ပုံမနှိပ်မီမှာ ခွင့်ပြုချက်ရဖို့ စာပေ စိစစ်ရေးကို တင်ပြ အစစ်ဆေးခံဖို့ လိုပါတယ်။ စာပေစိစစ်ရေးက စာရေးဆရာ တွေ၊ ကဗျာဆရာတွေနဲ့ သတင်းစာဆရာတွေကို အမျိုးအစား သုံးမျိုး ခွဲထားပါတယ်။ စစ်ထောက်လှမ်းရေးနဲ့ အထူး စုံစမ်း စစ်ဆေးရေးက အစီရင်ခံစာတွေအပေါ် မူတည်ပြီး “အဖြူ”၊ “အညို”၊ “အနက်” ဆိုပြီး ခွဲထားတာပါ။ “အဖြူစာရင်း”မှာ ပါသူတွေကို စာပေစိစစ်ရေးက သိပ် မစိစစ်ပါဘူး။ သူတို့က အတော်ကလေး လွတ်လွတ်လပ်လပ် ရေးသား နိုင်ကြပါတယ်။ တကယ်လို့ သူတို့ အဓိပ်္ပာယ်ဝှက် လှည့်ပတ် ရေးတာ လွန်သွားပြီဆိုရင်တော့ သူတို့ဟာ “အညိုစာရင်း”အဖြစ် အဆင့်နှိမ့် သတ်မှတ်ခံကြရပါတယ်။ “အညိုစာရင်း”ထဲ ပါသူတွေဟာ ရေးသားထုတ်ဝေခွင့် အပိတ်ခံရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ရေးသမျှ တစ်ပိုဒ်ချင်း တစ်ပုဒ် ချင်းကို အသေအချာ ဖတ်ရှု စိစစ်တာ ခံရပါတယ်။ အမည်း စာရင်းဝင်သူတွေကိုတော့ ရေးသားထုတ်ဝေခွင့် လုံးဝမပေး ပါဘူး။ သူတို့ ထောင်မကျတာ ကံကောင်းတယ်လို့ မှတ်ရမှာပါ။

ကျွန်တော်ရယ်၊ ကျွန်တော် ထုတ်ဝေတဲ့ “အတွေးအမြင်” မဂ်္ဂဇင်းနဲ့ “ပြည်သူ့ခေတ်” အပတ်စဉ် ဂျာနယ်တို့ရယ်ကို အညိုရောင်စာရင်းထဲ သွင်းထားပါတယ်။ ဒါကြောင့် စာပေ စိစစ်ရေးမှူးတွေက ကျွန်တော်တို့အပေါ် သံသယနဲ့ ဆက်ဆံပါတယ်။ ကျွန်တော်တို့ စာတွေထဲ မြှုပ်ထားတဲ့ သတင်းစကားတွေ ရှိလေမလား ဆိုပြီး အသေအချာ ရှာပါတယ်။ “ပြည်သူ့ခေတ်”ကို ကျွန်တော် မနှစ်ကမှစပြီး “ဖွင့်လှစ်”ခဲ့တာဖြစ်ပြီး နှစ်အတော်ကြာ ထုတ်ဝေလာခဲ့တဲ့ ကျွန်တော့်မဂ်္ဂဇင်း “အတွေးအမြင်”မှာ အယ်ဒီတာအဖြစ် ကျွန်တော့်နာမည် မဖော်ပြသေးပေမယ့် တခြား အညိုရောင် စာရေးဆရာတွေနဲ့အတူ မဂ်္ဂဇင်းမှာ ကျွန်တော် ပုံမှန် ရေးလာခဲ့ပါတယ်

(ဆက်လက် ဖော်ပြပါမည်)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်