မိုးမခပေးစာ – ဘုရားငွေနဲ့ ဆိုက်ကားဝယ်နင်းတဲ့ ရွှေပြည်သာက ဂေါပက

October 30, 2013

ဘုရားငွေနဲ့ ဆိုက်ကားဝယ်နင်းတဲ့ ရွှေပြည်သာက ဂေါပက
မိုးမခပေးစာ
အောက်တိုဘာ ၃၀၊ ၂၀၁၃


ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ၊ ( ဍ / ၁၈ ) ရပ်ကွက် တွင် တည်ထားသော၊ “ မဟာဗောဓိအောင်မြေ “ ဘုရား ၌ ၊ (ည/ ၁၁ )ရပ်ကွက်မှ့ရပ်ကွက်သံဃနာယကအဖွဲ့၏တာဝန်ပေးမှူ့ဖြင့်၊ ဘုရား ဂေါပကအဖြစ်၊ တာဝန်ယူဆောင်ရွက် လျက်ရှိသော၊ ဦးမြကွန်း သည်၊ ယခုနှစ်ဝါတွင်းသုံးလကာလအတွင်း၌၊ ပြုလုပ်ကျင်းပခဲ့သော၊ဥပုသ်သီလပွဲများနှင့်၊ အလှူအတန်းများမှ့ ၊ ၇ရှိကောက်ခံထားသော၊ အလှူငွေများအား၊ ယခုဝါတွင်းကာလကျော်လွန်၍၊ သက်ဆိုင်ရာ ၊အမှတ် (၁၈ )ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့၊ ပြန်လည်၍ ၊တင်ပြအစီရင်ခံသည့်အနေဖြင့်၊စာရင်းရှင်းတမ်းပြုလုပ်ရာတွင်၊ အခြားသော ၊ ရပ်ကွက်ဓမ္မာရုံများမှ့၊ဂေါပကလူကြီးများသည်ပြည့်စုံတိကျစွာဖြင့်၊အစီရင်ခံတင်ပြနိင်သော်လည်း၊အဆိုပါ ဦးမြကွန်းမှာစာရင်းရှင်းတမ်းအား တစ်စုံတစ်ရာမျှ၊တင်ပြရှင်းလင်းနိင်ခဲ့ခြင်းမရှိ့ခဲ့ပေ ။
ထို့အပြင် ဦးမြကွန်းသည်၊ “မဟာဗောဓိ အောင်မြေ “ ဘုရားဝင်းအတွင်း ၌၊မြေဖို့ရန်ဟူသောအကြောင်းပြချက်ဖြင့်၊ စွန့်ပစ်ပစ္စည်းမျိုးစုံထည့်ထားသော၊မြွေရေခွံအိတ်ကြီးများအား၊ ၊ ( ည /၁၁ ) ရပ်ကွက်သံဃနာယက၏ခွင့်ပြုချက်ဖြင့်ဆိုကာ၊ ဘုရားစေတီဝင်းအတွင်း၌ လျှေက်လမ်းသဖွယ်၊ခင်းကျင်းထားပါသည်။ ထို မြွေရေခွံ အိတ်ကြီး များအတွင်း တွင် ၊ပါဝင်သောပစ္စည်းများမှာ ဆေးရုံ၊ ဆေးခန်းများမှ့ စွန့်ပစ်ဆေးထိုးအပ်များ ၊အမျိုးသမီးသုံး အကျီင်္၊ လုံချည်အစုတ်အပြဲများနှင့် ၊ ရာဘာဖိနပ်အစုတ်များ ၊စသည့် ဟောင်းနွမ်းစုတ်ပြတ်သော အ၀တ်အထည်မျိုးစုံတို့ပါဝင်ကြသည့် ၊အတွက်သာသနာ့မြေလည်းဖြစ်ါ၊ ၀တ္တကမြေလည်းဖြစ်သော၊ ဘုရားစေတီမြေနေရာနှင့်မည်သို့မျှ မသင့်တော်၊ မအပ်စပ်သည့်အပြင်၊ အဆိုပါစွန့်ပစ်ပစ္စည်းမျိုးစုံပါဝင်သည့်အိတ်ကြီးများကြောင့်၊ ဘုရားစေတီအချို့မှာအက်ကွဲလာကြခြင်းရှိသဖြင့် ရပ်ကွက်နေပြည်သူများမှ့ အဆိုပါအိတ်ကြီးများအားပြန်လည်၍ ဖယ်ရှားပေးရန်၊ ဦးမြ ကွန်း နှင့် သက်ဆိုင်ရာရပ်ကွက်သံဃနာယကအဖွဲ့ထံသို့၊ အကြောင်းကြားတောင်းပန်ကြသော်လည်း၊ဘုရားဂေါပကဥက္ကဌဖြစ်သူ ဦးမြကွန်းနှင့်၊ ( ည / ၁၁ ) ရပ်ကွက်သံဃနာယကအဖွဲ့မှ့၊ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပေ ။ 
ထို့အပြင်အဆိုပါ ဦးမြကွန်းသည်၊ဘုရား ပိုင် အလှူငွေများမှ့ဆိုက်ကားတစ်စီးကိုဝယ်ယူထားပြီး၊ ယင်းဆိုက်ကားဖြင့်မိမိကိုယ်ကျိုးစီးပွါးရေးအတွက်၊တံမြက်စည်းများတင်ကာလှည့်လည်ရောင်းချလျက်ရှိပြီး၊ဘုရားတန်ဆောင်းမိုးရန်အတွက် လှူဒါန်းထားသော၊ အမိုးသွပ်ပြားများကို၊ယင်း၏နေအိမ်အမိုးများအဖြစ် အလွဲသုံးစားပြုလုပ်ကာ၊မိုးကာထားပါသည်။

ထိုကဲ့သို့ ဘုရားပိုင်အလှူငွေများ၊ ဘုရားပစ္စည်းများအားမိမိကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်လျှက်ရှိသော၊ဘုရားဂေါပကဥက္ကဌဖြစ်သည့် ဦးမြကွန်းအား သက်ဆိုင်ရာရပ်ကွက်သံဃနာယကအဖွဲ့မှ့လည်း ၊ အလိုတူအလိုပါအဖြစ် မသိကျိုးကျွံပြုကာ၊လျစ်လျူရှူ့ထားသည့်အတွက်၊ ဦးမြကွန်းနှင့်တကွ၊ ယင်းအား ,အားပေးအားမြှေက်အဖြစ်ပံ့ပိုးဆောင်ရွက်ပေးနေသည့် ( ည/ ၁၁ ) ရပ်ကွက်သံဃနာယကအဖွဲ့အားထိရောက်စွာဖြင့်၊တိတိကျကျစီစစ်ကာ အမြန်ဆုံးဖယ်ရှားအရေးယူပေးပါရန် နိင်ငံတော်သံဃနာယကအဖွဲ့ဝင်ဆရာတော်ကြီးများထံသို့၊တစ်ဆင့် ရိုသေလေးမြတ်စွာဖြင့်၊ ဂါရ၀တရားဦးထိပ်ထားလျက်အသိပေးတိုင်ကြားအပ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်