မောင်ဝံသ – မြန်မာနိုင်ငံတွင် စာပေ စိစစ်ရေး လက်ထက် စာနယ်ဇင်း လုပ်ကိုင်ခြင်း (၂)

August 13, 2014

Photo: ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၅၊ အမှတ် - ၂၀၉ ဆရာမောင်ဝံသ
စာတမ်းကို ဘာသာပြန်ဆိုထားခြင်း ...

မြန်မာနိုင်ငံတွင် စာပေ စိစစ်ရေး လက်ထက် စာနယ်ဇင်း လုပ်ကိုင်ခြင်း 

ဖော်ပြပါ စာတမ်းသည် ဆရာမောင်ဝံသ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ
၁၀ ရက်နေ့က အမေရိက ပြည်ထောင်စု ၀ါရှင်တန်မြို့ရှိ National Endowment for Democracy  (NED) တွင် ဖတ်ကြားသော Writing Between  the Lines: Practicing Journalism under  Censorship in Burm စာတမ်းကို ဘာသာပြန်ဆို ထားခြင်း ဖြစ်ပါသည်။ 
(အယ်ဒီတာ) 

(ယခင်အပတ်မှ အဆက်)

စာပေစိစစ်ရေး ဌာနအတွင်းမှာလည်း စာပေစိစစ်ရေးမှူး တွေဟာ စိတ်ထားအမျိုးမျိုး၊ လူရည်လူသွေးအမျိုးမျိုးနဲ့ပါ။ တချို့ အငယ်တန်း စိစစ်ရေးမှူးတွေက ပြဿနာမပေါ်အောင် ဂရုစိုက်ကြတယ်။ ပြီးတော့ အလွယ်တကူ ကြောက်တတ် လန့်တတ်ကြတယ်။ သူတို့က ကလောင်နာမည်ကို ကြည့်မယ်၊ စာရေးဆရာရဲ့ အမျိုးအစားကို ကြည့်မယ်၊ ပြီးတော့ စာအုပ် စာစောင်ရဲ့ ဂုဏ်သတင်းကို ကြည့်မယ်။ သူတို့ဟာ အဓိပ်္ပာယ် ၀ှက်တွေကို သိလောက်အောင်၊ ရေးမထားတာတွေကို ဖော်နိုင်လောက်အောင် အတွေ့အကြုံက မရှိသေးဘူး။ ဒီတော့ သူတို့ စိတ်ထဲ ယနမကင်းဖြစ်ပြီဆိုရင် အဲဒီစာကို ဆင်ဆာဖြတ်၊ ဖြုတ်ပယ်လုပ်တော့တာပဲ။
 ဒါပေမဲ့ သူတို့ထက် ရာထူးကြီးတဲ့ စိစစ်ရေးမှူး တချို့ကတော့ နယ်ဘက် အရာထမ်းတွေ ဖြစ်ပြီးတော့ စာတွေ ဖတ်ရာမှာ ပိုပြီး အတွေ့အကြုံ ရင့်ကျက်ကြပါတယ်။ သူတို့ အများစုဟာ အသက် ၄၅ နဲ့ ၅၀ ကြား ရှိပြီး နအဖ လက်ထက် မြန်မာနိုင်ငံ ဗျူရိုကရေစီ ယန္တရားမှာ စတင် ကျင့်သုံးခဲ့တဲ့ အရပ်သား-စစ်သား ခွဲခြားတဲ့ စနစ်ကို မကျေနပ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ စာပေ စိစစ်ရေး ဌာနရဲ့ညွှန်ကြားရေးမှူး၊ ဒါမှမဟုတ် လက်ထောက် ဩန်ကြားရေးမှူး ရာထူးတွေ ရဖို့ မရှိသလို သူတို့ရဲ့ တက်လမ်းဟာလည်း ပိတ်နေပြီဆိုတာ သူတို့ သိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီရာထူးကြီးတွေ အားလုံးကို စစ်တပ်က လက်ဝါးကြီးအုပ်ထားတာကြောင့် ဖြစ်ပါတယ်။ ဒီရာထူးတွေကို ယူထားကြတဲ့ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးတွေဟာ သူတို့ ဩန်ကြားမှုအောက်မှာ သူတို့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်သား အရာရှိတွေထက် အတွေ့အကြုံ နည်းပါတယ်။
 စာပေ စိစစ်ရေးမှာ ရှိတဲ့ အရပ်သား အဆင့်မြင့် အရာရှိတွေဟာ စာမူတွေ ဖတ်ရာမှာ လျှို့ဝှက် အဓိပ္ပာယ် တွေကို နားလည်ကြပေမယ်လို့ တစ်ခါတလေမှာ သူတို့က အဓိပ္ပာယ်ဝှက်တွေ၊ သွယ်ဝိုက် ရေးသားထားတာတွေကို တမင်တကာပဲ မသိကျိုးကျွန်ပြုကြပါတယ်။ ဒီနည်းနဲ့ စာရေးသူရဲ့ သတင်းစကားဟာ စာဖတ်သူဆီ ရောက်ပါတယ်။ အထူးသဖြင့် စာရေးသူ ပေးတဲ့ သတင်းစကားက သိမ်မွေ့ မယ်၊ ပညာသားပါမယ်။ သူတို့ကလည်း သဘောကျတယ် ဆိုရင် အဲဒီလို လွှတ်ပေးလိုက်တာပါပဲ။ တကယ်တော့ ဒီလို စိစစ်ရေးမှူးတွေဟာလည်း စာဖတ်သူတွေပဲ ဖြစ်ကြပြီး တစ်စိတ်တစ်ပိုင်း အနေနဲ့ စာဖတ်သူ ပြည်သူတွေနဲ့ သွားတူနေတာလည်း ရှိလို့ပါ။ သူတို့ဟာ စစ်အစိုးရနဲ့ ပြည်သူတွေကြားက ကြားခံနယ်မြေမှာ လုပ်ကိုင် ဆောင်ရွက် နေကြတာ ဖြစ်ပါတယ်။
 ဒီအဖြစ်မျိုးရဲ့ ဂန္ထ၀င် နမူနာကတော့ ကဗျာဆရာကြီး ဆရာတင်မိုးရဲ့ အဖြစ်ကို ပြောရမှာပါ။ သူဟာ အင်န် အယ်လ်ဒီရဲ့ တတ်သိပညာရှင်အဖွဲ့ထဲက တစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသူပါ။ ဆရာတင်မိုး ထောင်ကျနေစဉ်မှာ သူ့သမီး မိုးချိုသင်းက သူ့အဖေကို ဘယ်လောက် သတိရတယ် ဆိုတဲ့ အကြောင်း ၀တ္ထုတိုတစ်ပုဒ် ရေးပါတယ်။ မိုးချိုသင်းရဲ့ ၀တ်္ထုတိုကို စာပေစိစစ်ရေးမှူးတွေက ခွင့်ပြုလိုက်တာကြောင့် လူကြိုက်များတဲ့ မဂ်္ဂဇင်းတစ်စောင်မှာ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလမှာ ပုံနှိပ် ဖော်ပြခဲ့ပါတယ်။ ဒီဝတ်္ထုတိုဟာ ဆရာတင်မိုးအကြောင်း ရေးထားတယ်ဆိုတာ စာပေ စိစစ်ရေးမှူးတွေ မသိဘူးဆိုတာ ဖြစ်နိုင်စရာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာတင်မိုးရဲ့ ကဗျာတွေဟာ မြန်မာ မိသားစုတွေနဲ့ အင်မတန် ရင်းနှီးနေတာ ဖြစ်လို့ပါ။ ဒါကြောင့် ဒီဝတ်္ထုတို အခုလို ခွင့်ပြုချက်ရတာဟာ ဆရာတင်မိုးရဲ့ ပရိသတ်ဖြစ်ပြီး သူ့မိသားစုအပေါ် စာနာကြတဲ့ စာပေ စိစစ်ရေးက တချို့ အရာရှိတွေထဲမှာ တိုးတိုးတိတ်တိတ် နားလည်မှု ရှိခဲ့ကြလို့ ပဲလို့ မြန်မာတွေ အများအပြားက ယုံကြည်ခဲ့ကြပါတယ်။

စာဖတ် ပရိသတ်
သုံးပွင့်ဆိုင်မှာ ဒုတိယ အစိတ်အပိုင်းကတော့ စာဖတ် ပရိသတ်ပါ။ စင်စစ်မတော့ စာဖတ်ပရိသတ်က အမျိုးအစား အများကြီး ရှိပါတယ်။ ဗမာလူမျိုး အများစုက အပျော်ဖတ် တွေနဲ့ အားကစားဂျာနယ်တွေကို ဖတ်ကြပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်၊ ဒီအကြောင်း အမျိုးမျိုးထဲမှာ ပုံနှိပ်စက္ကူ ရှားပါးတာနဲ့ ပို့ဆောင်ခ စရိတ်ကြီးတာလည်း ပါသပေါ့။ အဲဒါကြောင့် အပတ်စဉ် လစဉ်ထုတ် ဂျာနယ် မဂ်္ဂဇင်းတွေဟာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေလောက်သာ ရောက်ပြီး ကျေးလက်ဒေသတွေ အထိ မရောက်ပါဘူး။ ဒါကြောင့် ၀ါရင့် သမ္ဘာရင့် စာဖတ်ပရိသတ် အများစုဟာ မြို့နေ လူတန်းစားထဲက များပါတယ်။ ဒီထဲမှာ ကျောင်းသူ ကျောင်းသားတွေ၊ အမှုထမ်း အရာထမ်းတွေနဲ့ ပင်စင်စားတွေ ပါပါတယ်။
 ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ သာမန်ပြည်သူတွေဟာ စစ်အစိုးရကို စိတ်ကုန်နေကြပြီး မြန်မာနိုင်ငံတွင်းမှာ တကယ် စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းရေးကို တမ်းတ နေကြတာပါ။ အစိုးရရဲ့ မိုက်ကမ်းတဲ့ ကြွေးကြော်သံတွေ၊ ၀ါဒဖြန့်တာတွေဟာ သူတို့ရဲ့ အသိဉဏ်ကို စော်ကားတာလို့ မြင်ကြတယ်။ လက်ရှိ ဗိုလ်ချုပ်တွေ ၁၉၈၈ မှာ အာဏာ သိမ်းပြီးတဲ့အခါ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဆိုတဲ့ ကြွေးကြော်သံကို သုံးလာတယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကို စတင် တည်ထောင် စဉ်က မူလ ခံယူချက်ကို ပြောင်းပြန်လှန်လိုက်တာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို ပြည်သူ့သားများ အဖြစ် သတ်မှတ်ခဲ့တာပါ။ ၁၉၈၈ မတိုင်ခင် နှစ်လေးဆယ် ကျော်က တပ်မတော်ရဲ့ ဆောင်ပုဒ်ဟာ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဖြစ်ပါတယ်။
 ထုတ်ဝေသမျှ မြန်မာစာအုပ်၊ စာစောင်တွေ အားလုံးမှာ စစ်အစိုးရရဲ့ “ဒို့တာဝန် အရေးသုံးပါး” ဆိုတဲ့ဟာရယ်၊ ပြီးတော့ စစ်အစိုးရရဲ့ ကြွေးကြော်သံတွေ တသီတတန်းကို ထိပ်ဆုံး စာမျက်နှာမှာ ဖော်ပြရပါတယ်။ ဒို့တာဝန် အရေးသုံးပါးဆိုတာက ၁။ ပြည်ထောင်စု မပြိုကွဲရေး-ဒို့အရေး၊ ၂။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး- ဒို့အရေး၊ ၃။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး- ဒို့အရေး တို့ပဲ ဖြစ်ပါတယ်။ စာအုပ် အတော်များများက ဒီအမြင်ကတ်တဲ့ ကြွေးကြော်သံတွေကို ပထမ စာမျက်နှာ ဒါမှမဟုတ် ဒုတိယမျက်နှာအောက်ပိုင်းမှာ ခပ်လျှိုလျှို ထားဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ပထမစာမျက်နှာရဲ့ ထိပ်မှာ ပေါ်ပေါ်ထင်ထင် ထားရမယ်လို့ အမိန့်ထုတ်လိုက်တယ်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလမှာ မဩ်္တလေးက စာအုပ်ဆိုင် ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုသန်းဌေး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရပါတယ်။ သူ့အပြစ်က စာအုပ်တွေကို ၀ယ်သူတွေနဲ့ လက်လီဆိုင်တွေဆီ မရောင်းခင် မဖြန့်ခင်မှာ ကြွေးကြော်သံပါတဲ့ စာရွက်တွေကို ဆုတ်ဖြဲ ပစ်တဲ့ အပြစ်ပါ။
 စစ်အစိုးရကို ဆန့်ကျင်တဲ့ ပြည်သူတွေဟာ ပုဂ်္ဂလိက ဂျာနယ်တွေ မဂ်္ဂဇင်းတွေမှာပါတဲ့ ကွယ်ဝှက် အဓိပ်္ပာယ်တွေကို အလွယ်တကူ ကောက်ယူနိုင်ကြပါတယ်။ စာရေးဆရာတွေ ဆီက ကွယ်ဝှက် သတင်းစကားတွေကို ရှာတွေ့ပြီး သူတို့ ပျော်နေကြတာပါ။ တစ်ခါတလေ စာရေးဆရာတွေရဲ့ စကားလုံး တစ်လုံး၊ စာကြောင်း တစ်ကြောင်း၊ ကောက် ကြောင်း တစ်ခု မြင်တာနဲ့ သူတို့က စာရေးဆရာရဲ့ ရည်ရွယ် ချက် ကို ချက်ချင်း သဘောပေါက်တတ်ကြပါတယ်။ ဒီလို ရေးနည်းကို ကျွန်တော်တို့က “အရိပ်ပြ အကောင်ထင်” ရေးနည်းလို့ ခေါ်ပါတယ်။
 ဒါပေမဲ့ စာဖတ်သူအများစု၊ အထူးသဖြင့် လူငယ်တွေက အပျော်ဖတ် စာပေတွေနဲ့ အားကစားဂျာနယ်တွေ ဖတ်ဖို့ ပိုစိတ်သန်နေကြတာကို ကျွန်တော် ၀န်ခံရတာ စိတ်မကောင်း ပါဘူး။ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲတွေကို တရားမ၀င် လုပ်လိုက်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေကို ထိုးနှက် တိုက်ခိုက် တာတွေ အရှိန်မြှင့်လိုက်ကတည်းက သူတို့တွေ နိုင်ငံရေးကို စိတ်မ၀င်စားတော့ဘဲ ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ ရွှေဝါရောင် တော်လှန်ရေးလို လူအများ ပါဝင်တဲ့ ကန့်ကွက် ဆန်္ဒပြပွဲတွေ ဖြစ်လာတဲ့အခါမှာတော့ သူတို့ရဲ့ စိတ်ဝင်စားမှုက ချက်ချင်း ပြန်ပေါ်လာပြီး နိုင်ငံရေး အကြောင်းတွေ တစ်ခါ ပြန်ပြီး ပြောလာကြပြန်ရော။ အပတ်စဉ်ထုတ် နိုင်ငံရေး ဂျာနယ်ကို ထုတ်ရတဲ့ ကျွန်တော့် ရည်မှန်းချက်တွေထဲက တစ်ခုက လူငယ်တွေနဲ့ တခြား ပြည်သူတွေ နိုင်ငံရေး အသိ အားဖြည့်ပေးဖို့ပါ။ အဲဒါက နိုးကြားစေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

စာရေးဆရာတွေ
စာရေးဆရာတွေနဲ့ဆိုရင် သုံးပွင့်ဆိုင်က ပြီးပြည့်စုံသွားပါပြီ။ ဒါကို တင်ပြတဲ့နေရာမှာ သတင်းစာဆရာတစ်ယောက် အနေနဲ့ ကျွန်တော့်အတွေ့အကြုံရယ်၊ ကျွန်တော်ကိုယ်တိုင်ရဲ့ ဇာတ်ကြောင်းတွေရယ်နဲ့ တင်ပြပါမယ်။ မြန်မာနိုင်ငံမှာ သတင်းစာ ဆရာတွေ ဘယ်လို လုပ်ကိုင်ရတယ်ဆိုတာ ခင်ဗျားတို့ ရုပ်လုံးပေါ်အောင်ပါ။ ၁၉၆၀ ပြည့်လွန်နှစ်တွေက စပြီး “မောင်ဝံသ” ကလောင်အမည်နဲ့ ကျွန်တော် စာရေးခဲ့တယ်။ စစ်တပ်ကြီးစိုးတဲ့ ဆိုရှယ်လစ် အစိုးရ လက်ထက်မှာ ကျွန်တော်တို့ အယ်ဒီတာတွေ၊ သတင်း ထောက်တွေဟာ အစိုးရ၀န်ထမ်းတွေ ဖြစ်ပြီး ကျွန်တော်တို့ကို သတင်းစာ ပညာရှင်တွေအဖြစ်နဲ့ ဘယ်တော့မှ အရေးတယူ ဆက်ဆံခံခဲ့ရတာ မရှိဘူး။ စစ်တပ်က ခန့်ထားတဲ့ ပညာရှင် မဟုတ်သူတွေကို ကျွန်တော်တို့ အထက် ရာထူးတွေမှာ တာဝန်ပေးထားတယ်။ ဒါက သတင်းစာတိုက် အားလုံးမှာ ဖြစ်ပြီး အာဏာပိုင်တွေက ကျွန်တော်တို့ကို အမြဲမပြတ် ထိန်းချုပ်နေကြတာပါ။
 ဒါပေမဲ့ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ တစ်နိုင်ငံလုံး အုံကြွမှုကြီးက အားလုံးကို ပြောင်းလဲပစ်ပါတယ်။ အဲဒီ အချိန်မှာ ကျွန်တော်က ဗိုလ်တထောင် သတင်းစာမှာ လုပ်နေတာပါ။ နိုင်ငံကို အုပ်ချုပ်နေတဲ့ မြန်မာ့ဆိုရှယ်လစ် ပါတီရဲ့ တရားဝင် သတင်းစာ ဖြစ်ပါတယ်။ လမ်းပေါ် ဆန္ဒပြနေသူတွေကို ထောက်ခံတဲ့ သတင်းစာ သပိတ် ကော်မတီမှာ ကျွန်တော်က ခေါင်းဆောင်တစ်ယောက် ဖြစ်လာပါတယ်။ ကျွန်တော်တို့က ပြန်ကြားရေး ၀န်ကြီး ဌာနကို မနာခံတော့ဘဲ ပြည်သူတွေဘက် ပြောင်းလိုက် ကြတယ်။
၂၆ ရက်ကြာ ကျွန်တော်တို့ကိုယ်ပိုင် လွတ်လပ်တဲ့ သတင်းစာကို ဖန်တီးခဲ့ကြတယ်။ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး ကျွန်တော်တို့တွေ ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်မရှိ လူထုလှုပ်ရှားမှု ခေါင်းဆောင်အဖြစ် ထောက်ခံဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ကျွန်တော်တို့ရဲ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးပါ။ သပိတ် ကော်မတီရဲ့ ကွပ်ကဲမှု အောက်မှာ ရှိတဲ့ အားလုံးသော အစိုးရပိုင် သတင်းစာတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်ပြောင်တင်းတင်းပဲ ထောက်ခံ ရေးသားကြတယ်။ ၁၉၈၈ ခုနှစ်မှာ ဆိုရှယ်လစ် အစိုးရကို စစ်တပ်က ဖြုတ်ချလိုက်တဲ့အခါ ရှေ့ဆောင် သတင်းစာဆရာ နှစ်ဒါဇင်ကျော်ကို အတင်းအဓမ်္မ အငြိမ်းစား ယူခိုင်းခဲ့ပါတယ်။ အဲဒီစာရင်းမှာ ကျွန်တော်က ထိပ်ဆုံးက ပါပါတယ်။ 
 ကျွန်တော့်ကို အဓမ်္မ အငြိမ်းစား ယူခိုင်းခဲ့ပြီးတဲ့ နောက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ အဖွဲ့ဝင် အဖြစ် ကျွန်တော် ၀င်ခဲ့ပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်ဇာတိမြို့ မဲဆန်္ဒနယ် ကနေ အင်န်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အရွေးခံခဲ့ရပြီး ကျွန်တော့်ရဲ့ နိုင်ငံရေး သက်တမ်းတစ်လျှောက် ထောင်သုံးကြိမ် ကျခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ ကျွန်တော် ထောင်ကနေ ဒုတိယအကြိမ် လွတ်လာပြီးနောက်မှာ ရိုက်ထားတဲ့ ကျွန်တော့်ပုံပါ။ ကျွန်တော့်မိသားစုနဲ့အတူ အင်းစိန် ထောင်ဘူးဝမှာ ရိုက်ထားတာပါ။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်နဲ့ပဲ ရှိနေပါသေးတယ်။ နိုင်ငံရေး မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပြီး  ကျွန်တော် စာပေလောကထဲ ပြန်ဝင်ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ကျွန်တော့်ကို အမည်းစာရင်း (နာမည်ပျက် စာရင်း) သွင်းထားပြီး ဖြစ်တာကြောင့် ကျွန်တော်က တခြား ကလောင်နာမည်တွေနဲ့ လျှို့ဝှက်ပြီး စာတွေ ရေးရပါတယ်။ ၁၉၉၄ ခုနှစ်မှာ ကောင်းတာနှစ်ခု ဖြစ်ခဲ့တယ်။ စာပေစိစစ်ရေးဌာနက ကျွန်တော့်ကို  “အညိုရောင်စာရင်း” သွင်းလိုက်ပြီး ကျွန်တော် ဂျာနယ်သစ် တစ်စောင်ရဲ့ အယ်ဒီတာ ဖြစ်လာတာပါ။ ဒါပေမဲ့ ကျွန်တော် နာမည်ကတော့ အယ်ဒီတာအဖြစ် ဖော်ပြမခံရပါဘူး။ အကြောင်းက ကျွန်တော် အယ်ဒီတာ မလုပ်ရလို့ ပိတ်ပင် ခံထားရတုန်း ဖြစ်လို့ပါ။
 ၁၉၉၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ပထမဆုံး ပြန်လွတ်လာတဲ့အခါ ကျွန်တော် သူ့ဆီ ပြန်သွားခဲ့ပါတယ်။ ဒါပေမဲ့ ၉ လ အကြာမှာ ကျွန်တော် နောက်တစ်ကြိမ် အဖမ်းခံရပြီး ထောင် ၅ နှစ် ကျခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ကျွန်တော် ပြန်လွတ်လာပြီးတဲ့ နောက် နိုင်ငံရေး မလုပ်ဖို့ ပိတ်ပင်ခံထားရတဲ့အခါ ကျွန်တော်က စာနယ်ဇင်းလောက ပြန်ဝင်ပါတယ်။ တစ်နှစ် ကြာတော့ ကျွန်တော် စာပြန်ရေးခွင့်ရပါတယ်။ ကျွန်တော်ဟာ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ထက် ဂျာနယ်လစ် တစ်ယောက်အနေနဲ့ နိုင်ငံရေးအရ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုတာ သဘောပေါက်လာပါတယ်။ ကလောင် သွားဟာ တကယ်ပဲ ထက်ပါတယ် ဆိုတာလည်း သဘောပေါက်တယ်။ ပထမတော့ ကျွန်တော် စာရေးရတာ ကျပ်ကျပ်တည်းတည်း စောင့်ကြည့်ခံပြီး ရေးရတာပါ။ စာပေစိစစ်ရေးမှူးတွေက စာတစ်ကြောင်းချင်း အသေးစိတ် ဖတ်၊ လျှို့ဝှက် အနက်ရှာကြတယ်။ ဒါပေမဲ့ ကျွန်တော် ပေးချင်တဲ့ သတင်းစကားကို ရအောင် ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော့်မှာ စာဖတ်ပရိသတ်လည်း ပြန်ရလာခဲ့တယ်။
 ပြီးခဲ့တဲ့ ဇူလိုင်လက တခြား အယ်ဒီတာတွေနဲ့ အတူ ကျွန်တော့်ကိုယ်ပိုင် အပတ်စဉ်ဂျာနယ် “ပြည်သူ့ခေတ်” ကို စတင် “ဖွင့်လှစ်” လိုက်ပါတယ်။ အပတ်စဉ် ဂျာနယ်တွေဟာ မြန်မာနိုင်ငံမှာ လွတ်လပ်အမှီခိုကင်းတဲ့ သတင်းစာအတွက် အထူး အခွင့်အရေးပဲ။ စစ်အစိုးရက ၁၉၉၇ ခုနှစ်မှာ ဂျာနယ် ထုတ်ဝေခွင့်တွေ ပြန်ချပေးခဲ့တယ်။ ဖော်ပြကြတဲ့ အကြောင်း အရာတွေက ပထမတော့ ယဉ်ကျေးမှုနဲ့ စီးပွားရေး သတင်းတချို့ပါပဲ။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ နိုင်ငံတကာ  နိုင်ငံရေးနဲ့ တခြား အရေးပါ လေးနက်တဲ့ သတင်းတွေ စပြီး ဖော်ပြလာကြတယ်။ အပတ်စဉ် ဂျာနယ်တွေဟာ မြန်မာ့နိုင်ငံရေးကို ပွင့်ပွင့်လင်းလင်း ရေးလို့ မရသေးပေမယ့် ရအောင် ဘယ်လို ရေးရမယ်ဆိုတာ ကျွန်တော်တို့ အယ်ဒီတာတွေ၊ စာရေးဆရာတွေက သိကြပါတယ်။  “ပြည်သူ့ခေတ်” မှာ အပတ်စဉ် ဖော်ပြနေတဲ့ ကျွန်တော့် ကော်လံ (ကဏ္ဍ)တစ်ခု ရှိပါတယ်။ ကျွန်တော့် ပုံတူ ရုပ်ပြောင်နဲ့ “ပြောချင်လွန်းလို့” ခေါင်းစဉ်တပ်ပြီး ဖော်ပြထားတာပါ။ တကယ်တော့ ဒီဂျာနယ်ကို ကျွန်တော် ထုတ်တာ ပြောချင်လွန်းလို့ပါ။ ဒါပေမဲ့ ပြောရတာ တစ်ခါတလေတော့ ခက်ခဲတတ်ပါတယ်။                    

မောင်ဝံသ
(ဆက်လက် ဖော်ပြပါဦးမည်) 

ပြည်သူ့ခေတ်ဂျာနယ် အတွဲ – ၅၊ အမှတ် – ၂၀၉ ဆရာ စာတမ်းကို ဘာသာပြန်ဆိုထားခြင်း …

 မောင်ဝံသ – မြန်မာနိုင်ငံတွင် စာပေ စိစစ်ရေး လက်ထက် စာနယ်ဇင်း လုပ်ကိုင်ခြင်း  (၂)

ေ   ဖော်ပြပါ စာတမ်းသည် ဆရာမောင်ဝံသ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အမေရိက ပြည်ထောင်စု ၀ါရှင်တန်မြို့ရှိ National Endowment for Democracy (NED) တွင် ဖတ်ကြားသော Writing Between the Lines: Practicing Journalism under Censorship in Burm စာတမ်းကို ဘာသာပြန်ဆို ထားခြင်း ဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments