အရှင်ကုသလသာမိ (အတည်မဲ့) – ရိုးသားစွာ ထုတ်ဖော်ခြင်း

September 23, 2014

အရှင်ကုသလသာမိ (အတည်မဲ့) – ရိုးသားစွာ ထုတ်ဖော်ခြင်း

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၄

(၁)

တစ်ခါတုန်းက နေပယ်ဘုရင်ခံချုပ်ဖြစ်သူ အက်ဆုနမြို့စားကြီးဟာ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ကို အလည်အပတ်ရောက်ရှိလာပါတယ်။ သူရောက်လာချိန် သင်္ဘောဆိပ်ကမ်းမှာ သင်္ဘောကြီးတစ်စင်းလည်း ရှိနေတယ်။ အဲဒီသင်္ဘောကြီးပေါ်ကို သူ သွားရောက်လည်ပတ်ကြည့်ရှုတော့ သင်္ဘောကြီးရဲ့ ခပ်တက်တွေမှာ ကျွန်တွေ အသီးသီး ရှိနေကြတယ်။ ဒါနဲ့ မြို့စားကြီးဟာ ကျွန်တွေအနားကို သွားပြီး သူတို့အကြောင်းတွေကို မေးမြန်းကြည့်တယ်။
ကျွန်တွေက သူတို့ ဒီသင်္ဘောပေါ်ကို သူတို့ ရောက်လာရခြင်းဟာ မတရားကြောင်း၊ သူတို့ မပြုလုပ်တဲ့ အမှုကို တရားသူကြီးများက လာဘ်စားပြီး မတရားစွပ်စွဲ ဒဏ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ သင်္ဘောပေါ်မှာ အခုလို ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေရတဲ့ ပြစ်ဒဏ်ဟာ သူတို့နဲ့ မထိုက်တန်ကြောင်း … စသဖြင့် မြို့စားကြီးကို ပြောပြကြတယ်။
နောက်ဆုံး ကျွန်တစ်ယောက်ကတော့ အခြားကျွန်တွေလို မဟုတ်ဘဲ “မြို့စားကြီး … ကျွန်တော်မျိုးဟာ ဒီသင်္ဘောပေါ် ခပ်တက်ရတဲ့အလုပ်ကို လုပ်ရတာ ထိုက်တန်ပါတယ်၊ ကျွန်တော်မျိုး ပိုက်ဆံလိုချင်လို့ သူများ ပိုက်ဆံကို ခိုးယူမိပါတယ်၊ ကျွန်တော်အခုလို ခံစားနေရတာဟာ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါ”လို့ ပြောပြလိုက်တယ်။
ဒါနဲ့ မြို့စားကြီးဟာ သင်္ဘောပေါ်က အရာရှိကို “ဒီသင်္ဘောပေါ်က လူတွေဟာ အပြစ်ကင်းမဲ့တဲ့ လူတွေပဲ။ ဟောဒိလူကတော့ မသမာတဲ့သူ၊ သူခိုးပဲ။ သူ့ရဲ့ သူခိုးကျင့်တွေ သူများတွေကို ကူးစက်ကုန်လိမ့်မယ်။ ဒီတော့ ဒီသူခိုးကို သင်္ဘောပေါ်က ဆင်းခိုင်းလိုက်ပါ”လို့ ပြောပြီး သူခိုးကို လွတ်မြောက်ခွင့်ပေးလိုက်တယ်။
ဒီလိုနဲ့ သူခိုးက ကျွန်ဘဝကနေ လွတ်မြောက်သွားခဲ့ပါတယ်။

(၂)

ပုံပြင်လေး (တကယ်တော့ ရှေးရှေးက တကယ့်အဖြစ်အပျက်လို့ ဆိုပါတယ်)ကို ဖတ်ပြီးတော့ မေးခွန်းလေးတစ်ခု မေးဖြစ်တယ်။ သူ့ကိုယ်သူ သူခိုးလို့ ဝန်ခံသူကျတော့ ကျွန်ဘဝကနေ လွတ်မြောက်ခွင့်ရပြီး မတရားခံရတာပါလို့ လျှောက်တင်ကြတဲ့သူတွေကိုတော့ လွတ်မြောက်မှု အပေးမခံကြရဘူး။ ဘာကြောင့်လဲ …။
မြို့စားကြီး ပြောတဲ့အထဲမှာတော့ အကြောင်းပြချက်ပါပြီးသားပါ။ “ကျန်တဲ့ကျွန်တွေ သူခိုးကျင့် ကူးစက်ကုန်မှာစိုးလို့”တဲ့။ တကယ်တော့ ဒီအကြောင်းပြချက်မှာ ကွယ်ဝှက်နေတဲ့ လျှို့ဝှက်ချက်တွေများ ရှိနေဦးမလား …။

(၃)

လူတွေဟာ မှားတတ်ကြပါတယ်။ အမှားနဲ့ မကင်းတတ်ကြပါဘူး။ အလုပ်လုပ်သူတိုင်း အမှားဆိုတာ ရှိတတ်ကြတယ်။ အမှားအယွင်း တစ်ခါမှ မဖြစ်ဖူးတဲ့ အလုပ်သမားဆိုတာ ရှိပါသလား။ ကဲ … ဒါဆိုရင် အမှားကို ဂရုမပြုဘဲ မှားချင်တိုင်း မှားနေရတော့မလား။ အဲဒီလိုလည်း မဆိုနိုင်ပါဘူး။ ဒါဆိုရင် လူတိုင်း အမှားနဲ့မကင်းဘူးဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့စကားကို ဘာရည်ရွယ်ချက်နဲ့ ပြောဆိုနေကြတာလဲ။
အမှားအယွင်းကို လက်ခံတတ်ဖို့ပါ။ အမှားတွေကို ချစ်တတ်ဖို့ပါ။ အမှားတွေကို ခွင့်လွှတ်တတ်ဖို့ပါ။ အမှားအယွင်းကို လက်ခံ၊ ချစ်တတ်ပြီး ခွင့်လွှတ်လိုက်တာနဲ့ အမှန်ဆီကို ဦးတည်သွားတတ်ဖို့ပါ။

(၃)

ကလေးတစ်ယောက် လမ်းလျှောက်သင်ခါစက အကြိမ်ကြိမ် ချော်လဲခဲ့ပါလိမ့်မယ်။ တစ်ကြိမ် ချော်လဲတာနဲ့ “တော်ပါပြီ … ငါ လမ်းလျှောက်တတ်မှာ မဟုတ်တော့ပါဘူး”လို့ စိတ်ဓာတ်လျှော့ လမ်းလျှောက်ခြင်းကို စွန့်လွှတ်လိုက်တဲ့ ကလေးဆိုတာ ရှိပါသလား။ ကလေးတစ်ယောက် လမ်းလျှောက်သင်နေခြင်းကို လူကြီးများ လေ့လာသင်ယူမိလျှင် ဘဝအတွက် အဖိုးမဖြတ်နိုင်တဲ့ လမ်းညွှန်အားဆေးများ ဖြစ်လာပါလိမ့်မယ်။
ကလေးလေးများဟာ လဲကျတိုင်း တခစ်ခစ်နဲ့ ပျော်နေတတ်တယ်။ အလွန်တရာ အကျနာမှသာ ခဏတာ ငိုယိုတတ်ပါတယ်။ ပြီးလျှင် ဆက်လျှောက်တာပါပဲ။ ဒီလိုနဲ့ပဲ ကျွမ်းကျွမ်းကျင်ကျင် နိုင်နိုင်နင်းနင်း လမ်းလျှောက်လာတတ်ကြတာပါ။
ဘဝခရီးကြမ်းတွေမှာလဲ ဘာထူးမလဲ။ လူတိုင်းလူတိုင်း ခရီးအသစ်တွေ သွားရတယ်။ ခြေလှမ်းအသစ်တွေ လှမ်းရတယ်။ နယ်မြေအသစ်တွေမှာ စွန့်စားရတယ်။ အပြိုင်အဆိုင် အတိုက်အခိုက်တွေနဲ့ ကြုံရတယ်။ အဆင်းမှာ ခြေထိုးသူတွေလည်း ကြုံရမယ်။ ရေနစ်ချိန်မှာ ဝါးကူထိုးတာတွေလည်း ခံရမယ်။ ချောက်တွန်းတာတွေကြောင့် ဘဝခရီးလမ်း ကွေ့ကောက်တိမ်းချော်သွားတာတွေလည်း ကြုံရမယ်။ လောကဓံရဲ့ အတွန်းအထိုးတွေကြားမှာ ခေါင်းမဖော်နိုင်ခဲ့တဲ့ နေ့ရက်တွေ ရှိမယ်။ လမ်းလျှောက်ခါစ ကလေးလေးလို ချော်လဲချိန်မှာ တခစ်ခစ် ရွှင်မြူးတတ်ခဲ့ပါသလော။

(၄)

အမှားကျူးလွန်ခြင်းဆိုတာဟာ တိုးတက်ကြီးပြင်းလာခြင်းရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ လမ်းလျှောက်ခါစ ကလေးလေး ချော်လဲချိန်မှာလို အပြုံးများဖြင့် ပြန်လည်ထမြောက်ပြီး ဆက်လျှောက်တတ်ဖို့ လိုပါတယ်။

(၅)

ကျွန်သင်္ဘောပေါ်ကနေ လွတ်မြောက်ခွင့်ရတဲ့သူဟာ သူများပစ္စည်းကို ခိုးယူမိတယ်။ မှားသွားတယ်။ သူမှားတာကို ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး။ သူ့ထိုက်နဲ့သူ့ကံလို့ ပြောတယ်။ သူ့အမှားကို သူဝန်ခံတယ်။ အခြားကျွန်တွေဟာ ပြောလိုက်တော့ သူတို့ဟာ သူတော်ကောင်းတွေချည်းပဲ။ သူတစ်ပါးကြောင့်ဆိုပြီး လက်ညှိုးထိုးတယ်။ နောက်ဆုံးလွတ်မြောက်သွားသူဟာ ရိုးသားသူ၊ အမှားကို ဝန်ခံသူ၊ အမှားကျူးလွန်မိတဲ့ ကိုယ့်အဖြစ်ကို ခွင့်လွှတ်ပြီး ဘဝခရီးကို သစ်လွင်စွာ လျှောက်လှမ်းလိုသူတစ်ယောက် ဖြစ်တယ်။ မြို့စားကြီးဟာ သူ့ရဲ့ အမှားကို ဝန်ခံတတ်မှု၊ ရိုးသားမှုကို သဘောကျပြီး ကျွန်အဖြစ်ကနေ လွတ်မြောက်ခွင့်ပေးလိုက်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

(၆)

ဘဝမှာ လိပ်ပြာသန့်သန့်၊ တည်တည်ကြည်ကြည်နဲ့ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဆိုရင် အမှားအယွင်းများကို လက်ခံခြင်းနဲ့ ရိုးသားစွာ ထုတ်ဖော်ခြင်းဟာ မရှိမဖြစ် အရည်အသွေးများဖြစ်တယ်လို့ ဆိုရင် အပိုဆိုရာများ ကျနေမလားပဲ။    ။

ဝ၆၊ ဝ၉၊ ၂ဝ၁၄

Photo – Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်