ဝိသေသ – သည်းခံခြင်းနှင့် အညံ့ခံခြင်း(ကျွန်ခံခြင်း)

September 23, 2014
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဝိသေသ – သည်းခံခြင်းနှင့် အညံ့ခံခြင်း(ကျွန်ခံခြင်း)

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၄

ကြပ်ကလဲကြပ်၊ ကြာကလည်းကြာ။ စိတ်ညစ်ဖွယ် လိုင်းကားကို လူထွေးစီးမိပြီ။ မြို့တွင်းမှ ဆင်ခြေဖုံးအရပ်သို့လည်း ရောက်ရော ဒရောသောပါး ဒလကြမ်း မောင်းပါလေတော့၏။ ကားပြိုင်မောင်းနေခြင်းဖြစ်သည်။ အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်ရ၏။ လူထွေးသည် ၁၉၉၆ လောက်က ဒိုင်နာယာဉ်တိမ်းမှောက်မှုတစ်ခုတွင် ပါဖူး၏။ ကံကောင်း၍ မသေခြင်းဖြစ်သည်။ နက်ဖြန်ဆိုတာကမှ ဝေးဦးမည်၊ သေခြင်းဆိုတာက (မတော်တဆမှုကြောင့်ဖြစ်စေ၊ အခြားသော အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ) နီးသွားနိုင်သည်။

မဒမ်လူထွေးက သူ့ခင်ပွန်းအား ငပွကြီးဝင်မလုပ်နဲ့ဟု အတန်တန်ပြောထားတဲ့ကြားက လူထွေးပြောမိပြီ။

‘ကားဆရာတို့ မှန်မှန်ပဲ မောင်းကြပါ။ အန္တရာယ်ဖြစ်နိုင်တယ်။ ပြိုင်မမောင်းပါနဲ့။’

ကားဒရိုင်ဘာရော၊ စပယ်ယာကပါ ကောင်းကောင်းကြား၏။ သို့သော် ဖုတ်လေသည့် ငပိ ရှိတယ်လို့ပင် မထင်။ အံ့သြစရာတော့ အကောင်းသား။ မှတ်တိုင်ကျော်ရပ်တာတို့၊ မှတ်တိုင်မရောက်မီ ရပ်တာတို့ကို ဖမ်းဆီးအရေးယူတာတွေ့ဖူးသည်။ ခရီးသည်တွေ ပိုးဆိုးပက်စက် မာလကီးယားသွားနိုင်သည့် ကားပြိုင်ပွဲတွေကို ဖမ်းဆီးအရေးယူတာ လူထွေးမတွေ့ဖူးပေ။ (ဗဟုသုတ နည်းတာလဲ ဖြစ်ကောင်းဖြစ်မည်။)

လူထွေးသည် မခံချိ မခံသာ ဖြစ်၍ နောက်တစ်ခေါက် ထပ်ပြောသည်။

‘ပြိုင်မမောင်းကြပါနဲ့ဗျာ။’

ဒုတိယအကြိမ် ပြောသောအခါ၌မူ ကားစပယ်ယာက လူထွေးကို စွေစောင်းစောင်း ရှုံ့မဲ့မဲ့ဖြင့် ကြည့်သည်။ သို့သော် ကားပြိုင်ပွဲကို ကျင်းပသည်မှာ မပြီးသေး။

တတိယအကြိမ် လူထွေး ပြောပြန်၏။

‘…အန္တရာယ် ဖြစ်နိုင်လို့ပါ…’

ကားစပယ်ယာက မနေနိုင်တော့။

‘ခင်ဗျားတစ်ယောက်ထဲပဲ ချီးပေါက်နေတာ၊ ကျန်တဲ့သူ ဘယ်သူမှ ဘာမှမပြောဘူးဗျ။’

အလွန်မှန်သောစကားပါပဲခင်ဗျား။ ဘယ်သူကမှ ဘာမှမပြော။ ယာဉ်မတော်တဆမှု တစ်ခုခုဖြစ်လျှင် လူထွေးတစ်ယောက်ထဲ ခံရမည်မဟုတ်၊ အခြားခရီးသည်တွေလဲ ခံရမည်သာ…။ လူတွေ ဘာဖြစ်ကုန်ပြီနည်း။ မိမိအသက်ဘေးကိစ္စကိုပင် ဘာမျှထည့်တွက်စရာ မလိုတော့ပြီလော။ ကားသမားတွေကို စိတ်ဆိုးတာထက်၊ ကျန်ခရီးသည်တွေကို လူထွေးစိတ်ဆိုးသလိုလို ဖြစ်လာသည်။

မဒမ်လူထွေး ဤကိစ္စကြားလျှင် ‘အစက တို့ မပြောလား’ ဟု လှောင်ရယ်နေပေလိမ့်ဦးမည်။

X     x    x

၂၀၁၂ သြဂုတ်လဆန်းပိုင်းလောက်က ဖြစ်သည်။

လူထွေး၏မိတ်ဆွေ Taxi ယာဉ်မောင်းတစ်ဦး ပြောပြသော အဖြစ်မှန်ပါ။

အလုံ သစ်တောလမ်းနှင့် ကျောင်းလမ်းထောင့်တွင် စိတ်ဝေဒနာရှင်တစ်ဦးသည် အထုပ်အပိုးများနှင့်တကွ ရောက်နေ၏။ ဟိုကြည့် ဒီကြည့်၊ ဟိုပြော ဒီပြောလုပ်နေရာမှ သူ့အထုပ်အပိုးတွေကို အောက်ချကာ မတော်မလျှော် လုပ်ပြနေတော့၏။ မလှမ်းမကမ်း စတိုးဆိုင်ရှိ မိန်းကလေးငယ်များကို လုပ်ပြနေရာ၊ မိန်းကလေးငယ်များ အထဲသို့ ၀င်ပြေးကြကုန်၏။ အနီးပတ်ဝန်းကျင်တွင် အရွယ်ရောက်လူငယ်၊ လူကြီး ယောက်ျားသားများ ၇ ဦးထက်မနည်း ရှိနေ၏။ လူကြီးတစ်ယောက်ကသာ ဝေဒနာရှင်နားသွား၍ ‘ဒီလို မလုပ်နဲ့’ ဟု သွားပြောသည်။
ဝေဒနာရှင်က ‘လုပ်တော့ ဘာဖြစ်လဲ’ ဟု အကျယ်ကြီး ပြန်အော်၏။ ထိုအခါ ထောင်ထောင်မောင်းမောင်း ထိုလူကြီးမှာ မျက်စိမျက်နှာပျက်၍ အခြားသို့ သုတ်ခြေတင်လေတော့၏။ အခြားသော အတောင်နှစ်ဆယ်ဝတ် ယောက်ျားသားများမှာ ဘာမျှဝင်မပြောရဲတော့။ ပုပုပျပ်ပျပ် ယာဉ်မောင်းသည် တုတ်တစ်ချောင်းကိုဆွဲ၍ အေးအေးဆေးဆေးသွားပြောသည်။

‘ကောင်းကောင်းပြောမယ်နော်၊ ထွက်သွားလိုက်တော့။ ဒါဘာလဲ သိတယ်နော်…’

ဝေဒနာရှင်လဲ တုတ်ကို ကြည့်၍ ဖြုံသွားဟန်တူသည်။ အထုပ်အပိုးများကို မ၍ ထွက်သွားသည်။ သို့သော် ၀ါးတစ်ရိုက်ပင် မရောက်မီ ပြန်လှည့်လာပြီးအော်သည်။

‘မသွားဘူးကွာ…ဘာဖြစ်လဲ’

ယာဉ်မောင်းလဲ ဝေဒနာရှင်ထံ တဟုန်ထိုးပြေး၍ ရိုက်တော့မလို လုပ်သည်။ ထိုအခါမှ ဝေဒနာရှင်လဲ ဖ၀ါးနှင့် တင်ပါး တသားထဲကျအောင် ပြေးလေတော့သည်။

အနီးအနားရှိ မိန်းကလေးများက ပြောတော့မှ ယာဉ်မောင်းလဲ အံ့သြသွားသည်။ ထိုစိတ်ဝေဒနာရှင်သည် ယခင်က ၂ ကြိမ် ၃ ကြိမ်မက ထိုသို့ မတော်တလျှော် လုပ်တတ်ရာ ပြောမည့်သူ မရှိခဲ့ပါတဲ့။ ကဲ – လူတွေ ဘာဖြစ်ကုန်ပြီနည်း။ သည်းခံခြင်းနှင့် အညံ့ခံခြင်း (ကျွန်ခံခြင်း)သည် ဘယ်လိုမှ မတူနိုင်ကြောင်း မေ့လျော့ကြကုန်ပြီလော။ အမျိုးကောင်းသမီးတို့ကို သမီးအရွယ်၊ နှမအရွယ် သဘောထား၍ စောင့်ရှောက်ကာကွယ်ရမည်မှန်း မသိကြတော့ပြီလော။

                                                                                               

အသံဗလံဆူညံမှုတွေက အမျိုးမျိုးအဖုံဖုံပင်ဖြစ်သည်။ ကားနှင့် အလှူခံသူတွေ၊ ဓမ္မာရုံတွေ၊ တရားခွေ CD ရောင်းသူတွေ…။
လူထွေးက သွားပြောမိတော့ ‘ငါတို့ကို မင်းက စော်ကားတာလား’ ဟု သူ့ကို မေးကြ၏။ မြတ်စွာဘုရား…။ လူထွေးက စော်ကားတာလား။ လူထွေးကို စော်ကားတာလား။ ရပ်ကွက်နေ လမ်းနေ တိုက်ခန်းတွဲနေ လူအများစုက ထိုဆူညံမှုတွေ မကြိုက်ကြောင်း လူထွေးကို ပြောတတ်ကြသည်။ သို့သော် တိုးတိုးကြိတ်ကြိတ်သာ…။ သူတို့ကိုယ်တိုင် ပြောဖို့ကျ ဝေးရော။ လူထွေး ကြားဖူးသည်။ ခပ်ညံ့ညံ့ ရွာသားတွေ အဖို့၊ ခပ်ညံ့ညံ့ သူကြီးပဲ ရလိမ့်မည်တဲ့။

တော်သော သူကြီးပင် ညံ့သောရွာမှာ မနေနိုင်ပါတဲ့။

ယခုအခါ အုပ်ချုပ်ရေးပိုင်း၊ ဥပဒေပြုရေးပိုင်းတို့တွင် အမြော်အမြင်ရှိသူတို့က ကောင်းမြတ်သော ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်ပေးနေကြပါသည်။ လူထွေးတို့ကလဲ ပါဝင်စရာရှိလျှင် ပါဝင်ဖို့လောက်တော့ စိတ်မ၀င်စားသင့်ပေဘူးလား။ ပြောစရာရှိလျှင် ပြောဖို့လောက်တော့ စိတ်မ၀င်စားသင့်ပေဘူးလား။

ဝိသေသ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်