ပန်းချီသန်းဌေးမောင် – အောက်တိုဘာ ပန်းသီးယိုထိုးပွဲတော်

October 7, 2014

ပန်းချီသန်းဌေးမောင် – အောက်တိုဘာ ပန်းသီးယိုထိုးပွဲတော်
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၄ (သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

မနေ့က အောက်တိုဘာ၎ရက်နေ့ …  ဝက်စ်ဗာဂျီးနီယားက၊ ဘာလင်တန်ဆိုတဲ့မြို့လေးကိုရောက်သွားပါတယ်။

Apple Harvest Festival တဲ့ နှစ်စဉ်ကျင်းပခဲ့တာ၄၁နှစ် ရှိခဲ့ပါပြီ။ ဒီပွဲတော်ကို ဘာလင်တန်လူငယ်ထိမ်းသိမ်းစောင်ရှောက်ရေးဌာနတခုက ဦးစီး ကျင်းပတယ်လို့သိရတယ်။ ပြီးခဲ့တဲ့တပတ်လုံး ခူးဆွတ်ခဲ့သမျှ ပန်းသီးတွေကိုစေတနာ့ဝန်ထမ်းလုပ်အားပေးသူတွေနဲ့ ယိုထိုးပွဲတွေတပျော်တပါး ဝိုင်းဝန်းလုပ်ဆောင်ကြပြီး ဒီစနေတနင်္ဂနွေနှစ်ရက်မှာတော့ပွဲတော်ကျင်းပတယ်။ တပတ်လုံးထိုးခဲ့တဲ့ပန်းသီးယိုတွေကိုရောင်းတယ်၊ ပွဲတော်ကရသမျှဝင်ငွေအားလုံးက လူငယ်စောင့်ရှောက်ရေးဌာနရန်ပုံငွေလို့ဆိုပါတယ်။

ဒီပွဲမှာပါဝင်လုပ်အားပေးမယ့်စေတနာဝန်ထမ်းမယ့်သူတွေဟာ အစားအသောက်နဲ့ပါတ်သက်တဲ့ သန့်ရှင်းရေးစတဲ့ စည်းကမ်းနည်းလမ်းများ သင်တန်းတက်ပြီးလက်မှတ်ရမှ ပါဝင်ခွင့်ရပါတယ်။ မြို့သေးသေးလေးဟာဧည့်သည်ထောင်ပေါင်းများစွာနဲ့ပြည့်နှက်စည်ကားနေတာပေါ့။

များပြားလှတဲ့ဧည့်သည်တွေရဲ့ကားတွေကလမ်းဘေးနေရာလွတ်မရှိ သတ်မှတ်ထားတဲ့ရပ်နားကွင်းတွေအားလုံးပြည့် သွားတာမို့ ပြန်အထွက်မှာကိုယ့်ကားကိုယ် မနဲကြီးရှာ ခက်ခက်ခဲခဲထုတ်ပြီးပြန်ခဲ့ရပေါ့။

ကင်းထောက်လူငယ်လေးတွေကလည်း ကားရပ်နားစခန်းတွေမှာ တာဝန်ယူကူညီနေကြလေရဲ့။

ကားတစီး၃ဒေါ်လာရပ်နားခနဲ့တင်ဒီပွဲဝင်ငွေကမသေးလှ။

မုန့်ဆိုင်တွေအအေးဆိုင်တွေမှာလည်း ဝန်ထမ်းအလုပ်သမားတွေက တယောက်လေးနာရီ အချိန်ပိုင်းဝင်ကူလုပ်အားပေးကြသတဲ့။

ရိုးရာလက်မှုအနုပညာပစ္စည်းအရောင်းဆိုင်တွေ၊ အဝတ်အထည်ဆိုင်တွေ၊ ရိုးရာလယ်သမားသုံးပစ္စည်းအရောင်းဆိုင်တွေ၊ ခေတ်မှီလယ်ယာသုံးပစ္စည်းအရောင်းဆိုင်တွေတော်တော်များပါတယ်။ လက်မှုဖန်ထည်၊ လက်မှုသံထည်အရောင်းဆိုင်တွေနဲ့ တမြို့လုံးအိမ်တိုင်းကလည်းပစ္စည်းအဟောင်းတွေ၊ ယာထွက်ခြံထွက်အသီးအနှံတွေ ထွက်ရောင်းကြတာဆိုတော့ Big flea market ကြီးပေါ့ ။

ထုံးစံအတိုင်းမပါမဖြစ်တေးဂီတစင်မြင့်ထက်မှာတော့ …

ကန်းထရီးကျေးလက်တေးသံတွေနဲ့ တရှိုက်မက်မက်ခံစားနားဆင်နေသူတွေနဲ့၊ ရွှေတိဂုံဘုရားထမနဲပွဲနဲ့ သံလျှင်ကျိုက်ခေါက်ဘုရားပွဲတွေကိုသတိရစရာပါ။

အခုပွဲတော်ကတော့ဘာသာရေး၊ အပျော်ပွဲတော်သက်သက်မဟုတ်ဘဲ ချစ်စရာ လူမှုဝန်ထမ်းရိုးရာပွဲတော်လေးပေါ့လေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဌေးမောင်, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)