ပုတက်စီစဉ်တဲ့ ရွှေတိဂုံက အဇာတသတ်ဇာတ် ကာတွန်းပြပွဲ

October 8, 2014

 

ပုတက်စီစဉ်တဲ့ ရွှေတိဂုံက အဇာတသတ်ဇာတ် ကာတွန်းပြပွဲ

ဟန်သစ်နိုင်၊ အောက်တိုဘာ ၇၊ ၂၀၁၄

Putet World Mobile Application မှ စီစဉ်ကျင်းပသော သာမညဖလအခါတော်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) အထိမ်းအမှတ် အဇာတသတ်ဇာတ် ကာတွန်းရုပ်ပြပြပွဲကို ရွှေတိဂုံစေတီတော် အောင်မြေအနီး ချမ်းသာကြီးတန်ဆောင်းတွင် အောက်တိုဘာလ(၇)ရက်နေ့မှ စတင်ပြီး ဖွင့်လှစ်ပြသမည်ဖြစ်ပါသည်။

သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့အထိမ်းအမှတ် အဇာတသတ်ဇာတ်နှင့် တန်ဆောင်မုန်းလအကြောင်း သိမှတ်ဖွယ်ရာများကို ကားချပ်စုစုပေါင်း (၆၇)ချပ်ဖြင့် ပြသသွားမည်ဖြစ်သည်။ အဇာတသတ်ဇာတ်ကို အရှင်သုဘောဂ မှ စုစည်းရေးသားပြီး ပန်းချီမြင့်အိုတူး \ ဒီရဲဂျာမှ ပန်းချီလက်ရာဖြင့် သံဝေဂရဖွယ် ရေးဆွဲပူဇော်ထားခြင်းဖြစ်ပါသည်။

 

ပြသထားမည့် အဇာတသတ်ဇာတ်ကို ဖုန်းထဲတွင် Putet World Mobile Application အခမဲ့ကဏ္ဍမှ အခမဲ့ဖတ်ရှုနိုင်ရန် လည်း လှူဒါန်းသွားမည်ဖြစ်သည်။ အခြားကာတွန်းများ ဖတ်ရှုနိုင်ရန်အတွက် ဖုန်းဘေ(လ်)ထဲကနေ လစဉ်ဖတ်ရှုခကောက်ခံသော်လည်း မဟာဗုဒ္ဓဝင်ကာတွန်းနှင့် အချို့ဇာတ်တော်များကို အခမဲ့ဖတ်ရှုနိုင်ရန် စီစဉ်လှူဒါန်းထားသည်။

 

“ကျွန်တော်တို့ အရင်အခေါက်တွေကတော့ မဟာဗုဒ္ဓဝင်ပြပွဲ ရွှေတိဂုံစေတီတော်ကြီးမှာ ပြသခဲ့တာ (၂) ကြိမ်ရှိပါပြီ။ ဒီတခါတော့ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ကို ရည်မှန်းပြီး အဇာတသတ်ဇာတ်ကို ပြသဖို့စီစဉ်ဖြစ်ခဲ့တာပါ။ အဇာတသတ်ဇာတ်တော်အပြင် သီတင်းကျွတ် မီးထွန်းပွဲတော်ဖြစ်ပေါ်လာပုံနဲ့ တန်ဆောင်မုန်းလမှာရှိတဲ့ ပွဲတော်တွေအကြောင်းကိုပါ ဗဟုသုတရဖွယ် ပြသထားမှာပါ။ ရည်ရွယ်ချက်ကတော့ မြတ်စွာဘုရားတရားတော်လာဇာတ်များကို လူကြီး၊ ကလေးအားလုံး စိတ်ဝင်စားအောင် ပုတက်ဒီဇိုင်းအဖွဲ့မှ ရောင်စုံကာတွန်းရုပ်ပြပုံတွေအဖြစ် စီစဉ်ပြုလုပ်ထားပြီးတော့ အခုခေတ်နဲ့ လျော်ညီအောင် ဖုန်းတွေ၊ သင်ပုန်းကွန်ပြူတာတွေပေါ်မှာ အလွယ်တကူဖတ်နိုင်၊ ဖြန့်ဝေနိုင်အောင် စီစဉ်တာပါ။ အင်တာနက်ကနေ ဖြန့်တာဆိုတော့ စာအုပ်နဲ့လိုမဟုတ်ဘဲ ထုတ်လုပ်စရိတ်တွေသက်သာပြီး များများဖြန့်ပေးနိုင်ပါတယ်။ နိုင်ငံခြားရောက်နေတဲ့  ဗုဒ္ဓဘာသာ မြန်မာတွေအတွက်လည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့ Putet World Mobile Application မှာ ဗုဒ္ဓဝင်နဲ့ အခြားဇာတ်တော်အချို့ကို အခမဲ့ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်” လို့ Putet Comics ရဲ့ Managing Director ကိုအောင်ချစ်ခင်မှ ပြောပြသည်။

 

အဇာတသတ်ဇာတ် ကာတွန်းရုပ်ပြ ပြပွဲကို အောက်တိုဘာလ(၇) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အထိ ရွှေတိဂုံစေတီတော်တွင် ဖွင့်လှစ်ပြသထားမည်ဖြစ်သည်။

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, ဓာတ်ပုံသတင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်