မောင်စွမ်းရည် – အာဏာရှင်သမိုင်း

October 8, 2014

မောင်စွမ်းရည် – အာဏာရှင်သမိုင်း
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄

အာဏာရှင်ဟာ
အာဏာရဲ့အရှင်
အာဏာကို ရှင်သန်
လျင်မြန် ကြီးထွားစေတယ်။

အာဏာတွေထွားပြီး ပွားစည်း
အာဏာတွေ အားကြီးလာရင်
မီးလူပူပြီး၊ မီးလိုလောင်ပြီး
ရေလိုလွှမ်းတတ်တယ်။
မီးလိုလောင်ပြီး ကျွမ်းတဲ့အခါ
ပြာကျန်မယ်။
ကျန်ပြာကို ရေမျှောတော့
ရေမျှောပြီး ပျော် ပျောက်
နောက်ထပ် ဘာမျှ မကျန်။

နာမည်ဆိုးပဲ ကျန်မယ်။

လောဘ ဒေါသကြီးသူ။
မောဟ မာနကြီးသူ
အာဃာတကြီး ဒေါသဖက်သမို့၊ လောဘအမျက်
ရက်စက်ယုတ်မာသဘောက်
ကောက်ကျစ်စဉ်းလဲ
အမြဲပူလောင်မဆုံး၊ မိုက်လုံးကြီးသူ။
မီးခိုးမဆုံး၊ မိုးမဆုံးဘဲ မဲတဲ့နာမည်
မှောင်တိုက်ဆီ ပျံ့လွင့်ပျောက်ကွယ်
ငြိတွယ်မရှိ။ တရိရိတငွေ့ငွေ့
မေ့လိုက် မုန်းလိုက်ကြပြီ။
မိုက်မိသမျှ မဲ
သမိုင်းထဲမှာ
ညစ်မွဲမွဲ အခိုးအငွေ့သာ။

မောင်စွမ်းရည် (သြဂုတ် ၂၁၊ ၂၀၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Swan Yi, ကဗျာ

One Response to မောင်စွမ်းရည် – အာဏာရှင်သမိုင်း

  1. Mar Ga on October 8, 2014 at 12:07 pm

    ဆရာကြီးကို လွမ်းလိုက်တာ
    ဘယ်ရောက်နေလဲမသိ

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်