ဟန်သစ်နိုင် – ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ကျန်းမာရေးအသိပညာပေးခြင်းပြုလုပ်

October 11, 2014

ဟန်သစ်နိုင် – ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ကျန်းမာရေးအသိပညာပေးခြင်းပြုလုပ်
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၄

အောက်တိုဘာ ၉ရက်တွင်  BYSI  မိန်းမဝတ်အင်္ကျီကုမ္မဏီနှင့် ရွှေရောင်နှင်းဆီ ရင်သားကင်ဆာ ဖောင်ဒေးရှင်းတို့  ပူးပေါင်းပြီး ရန်ကုန်မြို့ Junction Square တွင် အမျိုးသမီးများအတွက် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများနှင့် အမျိုးသမီးဖက်ရှင်ဝတ်များကို တွဲဖက်ကျင်းပပြုလုပ်ခဲ့သည်။  မော်ဒယ်လ်များမှ ဖက်ရှင်ဝတ်စုံများကို ဝတ်စားဆင်ယင်ပြီးပြသခဲ့သည်။

ကမ္ဘာ့နိုင်ငံများတွင် အမျိုးသမီးရင်သားကင်ဆာ သတိပြုမိရေး အထိမ်းအမှတ်နေ့ ကို အောက်တိုဘာလတွင် ပြုလုပ်လေ့ရှိသည့်အတွက် မြန်မာနိုင်ငံတွင်လည်း ရင်သားကင်ဆာနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာများပြုလုပ်ကြောင်း၊ အမျိုးသမီးရင်သားကင်ဆာသည် ကမ္ဘာတဝှမ်းလုံးတွင် အဖြစ်များနေသည့်အတွက် မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများ စောစောစီးစီးသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် လှုံ့ဆော်အသိပေးကြောင်း၊ အမျိုးသမီးများ အဝလွန်လျှင် ရင်သားကင်ဆာဖြစ်တတ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုများကို တနေ့ နာရီဝက်လုပ်ဆောင်ပေးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း၊ လုံလောက်စွာ ကာကွယ်မှုမရှိသေးသော်လည်း ဖြစ်နိုင်ခြေများကို လျော့ချခြင်းဖြင့် ကာကွယ်နိုင်ကြောင်း ကင်ဆာအထူးကုဆရာဝန် ရွေရောင်နှင်းဆီဖောင်ဒေးရှင်း ဥကဌဒေါ်ရင်ရင်ထွန်းမှ ပြောသည်။

ဆက်လက်ပြီး  “အဓိကက ရွှေရောင်နှင်းဆီဖောင်ဒေးရှင်းအနေနဲ့ ကျန်းမာရေး ပညာပေးတွေ ပြုလုပ်ပါတယ်၊ စစ်ဆေးတွေ့ရှိချက်အရ ပြန်ကောင်းလာနိုင်သော ကင်ဆာလူနာများကို ငွေကြေးချို့တဲ့လျှင် လိုအပ်သော ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ပေးပါတယ်” ဟုပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, ဓာတ်ပုံသတင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်