ပျောက်ဆုံးနေသည့် အလွတ်သတင်းထောက် ကိုပါကြီး တပ်မတော်စစ်စခန်းတွင် သေဆုံးဟု သတင်းများ ထွက်

October 24, 2014

  ပျောက်ဆုံးနေသည့် အလွတ်သတင်းထောက် ကိုပါကြီး တပ်မတော်စစ်စခန်းတွင် သေဆုံးဟု သတင်းများ ထွက်

မိုးမခအထောက်တော်၊ အောက်တိုဘာ ၂၄၊ ၂၀၁၄

စက်တင်ဘာ ၂၉ ရက်နေ့က အလွတ်သတင်းထောက်နှင့် သုံးရောင်ခြယ် လူငယ်အဖွဲ့ဝင်တဦးဖြစ်ခဲ့သူ ကိုပါကြီးသည် မြန်မာစစ်တပ်နှင့်ဒီကေဘီအေ တပ်တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲသတင်းကို
ရယူပြီးအပြန် ကျိုက်မရောမြို့ နယ် ရန်မျိုးအောင်ရပ်ကွက် စက်လမ်းဝတွင် နယ်ထိန်းရဲ၏ ဖမ်းဆီးမှုကိုခံရပြီး မြို့ မရဲစခန်းမှတဆင့် ခမရ (၂၀၈) တပ်သို့ လွှဲပြောင်းပေးလိုက်ရာမှ ပျောက်ဆုံးနေခဲ့ရာ ယမန်နေ့က ဖမ်းဆီးထားသည့် မြန်မာစစ်တပ်စခန်းမှာ သေဆုံးခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာသည်။ အဆိုပါသတင်းကို ကျိုက်မရောမြို့နယ် လုံခြုံရေးအာဏာပိုင်တွေက ပြောသည်ဟု မော်လမြိုင်မှ လာသည့် သတင်းထောက်တဦးက ဆိုသည်။

ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေစဉ်အတွင်း ကိုပါကြီး အလွတ်သတင်းထောက်ဟုတ်မဟုတ်ကို မည်သည့်သတင်းဌာနကမှ အတည်ပြု ခြင်း၊ ထုတ်ပြန်ခြင်း မရှိခဲ့ကြဟုလည်း သိရသည်။ သို့သော်လည်း တရားဥပဒေဘောင်အတွင်းမှာ နေထိုင် လုပ်ကိုင်နေသူ နိုင်ငံသားတဦးကို ဖမ်းဆီးပြီး ဥပဒေမဲ့ ရိုက်နှက်စစ်ဆေးခဲ့တာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်ဖြစ်သည်ဟု သတင်းသမားတဦးက ၎င်း၏ သဘောထားကို ပြောကြားသည်။ 

(ဓာတ်ပုံ – ဖေ့စ်ဘွတ် အင်တာနက်မှ ကူးယူသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

3 Responses to ပျောက်ဆုံးနေသည့် အလွတ်သတင်းထောက် ကိုပါကြီး တပ်မတော်စစ်စခန်းတွင် သေဆုံးဟု သတင်းများ ထွက်

  1. Ba Ba Gyi on October 24, 2014 at 3:21 am

    ကျုပ်တို့ငယ်ငယ်က နေရာတကာမှာ “အစိုးရ ရှိသေးရဲ့လား။ မြိတ်မပို ဘယ်မှာလဲ” ဆိုတဲ့ပိုစတာတွေမြင်ခဲ့ရတယ်။

    အခုလဲ နေရာတကာမှာ “အစိုးရ ရှိသေးရဲ့လား။ ကိုပါကြီးဘယ်မှာလဲ” ဆိုတဲ့ပိုစတာတွေ ကပ်ကြပါလား။

  2. Than Win on October 24, 2014 at 9:31 am

    ဒီအဖြစ်အပျက်ဟာ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်မှာ သာမန်ပြည်သူမဆိုထားနဲ့ ရဟန်းသံဃာတော်အပါအ၀င်နိုင်ငံသားတိုင်းရဲ့ဘ၀ဟာ ဘယ်သူ့ ရဲ့ဘ၀မှမလုံခြုံဘူးဆို ညွှန်ပြနေတာပါဘဲ။

  3. obasa on October 24, 2014 at 6:28 pm

    စစ်တပ်ရှိရာ စစ်တလင်းပါ- လွှတ်တော်ထဲက အမတ်တွေ စစ်တပ်ကိုယ်စားလှယ်တွေအောက်မှာ သေနေတာကြည့်ရင်- သတင်းထယူတဲ့ ကိုပါ သေမှာပေါ့-

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)