လောအယ်စိုး – “ကိုပါကြီး” သို့မဟုတ် မမှိန်တဲ့ ကြယ်

October 26, 2014

 
လောအယ်စိုး – “ကိုပါကြီး” သို့မဟုတ် မမှိန်တဲ့ ကြယ်
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၄

ကိုပါကြီး သတင်းဆိုးကြောင့် ကျနော်တုန်လှုပ်ပြီး အထူးကြေကွဲမိပါတယ် ။ ဇနီးသည်မသန္တာနှင့်အတူ မိသားစုဝင်တွေ ဘယ်လောက်အထိ ၀မ်းနည်း နာကျင် နာကျည်းနေကြမယ် ဆိုတာ ကျနော် ခန့်မှန်းနိုင်ပါတယ်။

သူပုန်ရဲ့ လူပဲပြောပြော၊  နိုင်ငံရေးသမား တယောက်လို့ပဲ ပြောပြော၊  ဘယ်လိုပဲ တံဆိပ်တွေကပ်နေပါစေ … သတင်းထောက်တွေ ဆိုတာ စက်ရုပ်တွေ မဟုတ်ပါဘူး ခံစားချက်ရှိကြသူတွေဖြစ်ပြီး ခံယူချက်၊ အခြေခံမူ တခုစီတော့ ရှိကြသူတွေလို့ ကျနော်အပြည့်အ၀ ယုံကြည်ပါတယ်။

အာဏာရှင် စစ်ဘီလူးတွေက လူသတ်လက်နက်တွေကိုင်စွဲပြီး သူတို့တတွေရဲ့ အာဏာ၊ တန်ခိုး သွေးညှီနံ့ တွေကိုသာ ထင်ရှားစေကြတယ်။ ကျနော်တို့ သတင်းထောက်တွေက ကလောင်ကိုင်မယ် ၊ ကွန်ပြူတာကိုင်မယ် ၊ ကင်မရာကိုင်ပြီး အသံမဲ့နေသော အဖိနှိပ်ခံတွေအတွက် … သူတို့ဘယ်လိုဖိနှိပ်ခံနေရတယ် … ဆိုတဲ့ နင်းပြားဘ၀တွေကို ကမ္ဘာကြီးကသိရှိဖို့ ကိုယ်စား တိုက်ပွဲဝင်ပေးနေတဲ့သူတွေ ဖြစ်ပါတယ်။

ကျနော့်ရဲ့ ခံယူချက်တွေအပေါ် ကိုပါကြီးနားလည်ပြီး ထပ်တူခံစားပေးမယ်လို့ ကျနော်ယုံကြည်ပါတယ်။ သမိုင်းတခုကို အတူဖြတ်သန်းကြရင်း နေရာ၊ ဒေသ၊ ပုံသဏ္ဍာန်မတူသော စစ်မြေပြင်တိုက်ပွဲအသီးသီးမှာ ကျနော်တို့တတွေ တိုက်ပွဲဝင်ကြတယ်။

ကိုပါကြီး … ကျနော့်ကို အတ္တဆန်တယ်လို့ ပြောချင်ပြောပါ ။ ကျနော် တိုင်းပြည်ကနေ သို့မဟုတ် စစ်မြေပြင်တခုကနေ ရေခြားမြေခြားတနေရာကို ထွက်ခွာလာခဲ့ပါတယ်။ ကျနော်ထက် အသက်ကြီးသော ဖြတ်သန်းမှု့ ကြီးသော ကိုပါကြီးက အဲ့ဒီ စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ပါတယ်။

တဦးချင်းလူပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေက အသံတွေ အမျိုးမျိုးပေးပြီး ကင်ပွန်းတပ်နေပါစေ … ကိုပါကြီး … အစ်ကိုဟာ ကျနော့်အတွက် ပြည်သူဘက်ကရပ်တည်သော သတင်းထောက်ကြီးတဦးပါ ။ သမိုင်းမရိုင်းသွားခဲ့သော မြန်မာပြည်ရဲ့ သားကောင်းတဦးပါ။

ကျော်ကြားမှု့တွေနဲ့ ပြည်သူ့ဘက်ကရပ်တည်သူ ဆိုသူများက အခြေအနေတခုခုကြောင့် အကြောင်းတစုံတရာကြောင့် ကိုပါကြီးကျဆုံးသွားမှု့ အပေါ် နှာစေးနေကြပါစေ … သူတို့တတွေအပေါ် ခွင့်လွှတ်နားလည်ပေးလိုက်ပါလို့ ကျနော် နာကျင်ခြင်းများစွာနဲ့ မေတ္တာရပ်ခံပါရစေ။

အမိမြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာကြီးမှာတော့ စွန့်လွှတ်ရဲသူ ကိုပါကြီးကို ထိုက်ထိုက်တန်တန် နေရာပေးပါလိမ့်မယ်။ မုန်တိုင်းတွေကြားမှာ ကြယ်တွေ သတ္တိရှိစွာ လင်းလက်နေဆဲ လင်းလက်နေပါဦးမယ်။

ခေတ်အဆက်ဆက် သူရဲကောင်းအဖြစ် ပြည်သူနှလုံးအိမ်မှ အသိအမှတ်ပြုခြင်းခံရသူတွေ ဘယ်သောအခါမျှ မသေဆုံးပါ။ အစ်ကို ကိုပါကြီး မြန်မာ့သမိုင်းစာမျက်နှာတွင် ကွယ်လွန်သွားမည့်သူ တဦးမဟုတ်ပါ။

ဦးညွတ်လျှက် …

လောအယ်စိုး



၁၀.၂၅.၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Law Eh Soe, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments