ဆောင်းယွန်းလ -“ မိအေး ဘယ်နှစ်ခါနာခဲ့မှန်း မသိတော့ဘူး”

October 30, 2014

 

ဆောင်းယွန်းလ -“ မိအေး ဘယ်နှစ်ခါနာခဲ့မှန်း မသိတော့ဘူး”

(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၄

အသက်ကို

ဘာဖက်နဲ့ ထုပ်ထားပြီး

ဘယ်ပြည်ဖြစ်နဲ့ လုပ်ထားရမှာလဲ..

ပြည်တွင်းဖြစ် အသက်မှာ

စပယ်ယာပတ် နှစ်စုံစီလောက်တော့လိုတယ်…

တရားကို

ဘယ်နတ်က စောင့်ခဲ့တာတဲ့လဲ..

ဘယ်ဘုရားကို လက်ဝဲရစ်ပတ်ပြီး

ဘယ်ဘုရားမှာ လက်ယာရစ်ပတ်ရမှာလဲ…

မပြောင်းပါဘူးလို့ ပြောနေတာတောင်မှ

ပြောင်းနိုးနိုး တရေးနိုးချင်သူတွေနဲ့….

မကောင်းပါဘူးလို့ သိနေတာတောင်မှ

ကောင်းနိုးနိုး ခေါင်းထိုးပြီး

ပန်းအလျော်တောင်းဖို့ ချောင်းနေသူတွေနဲ့…

တည့်တည့်ကို ဒဲ့ထိမှသိမယ်ဆိုရင်

ဘယ်နှစ်ခါ အခါခါနာပြီးပြီလဲဆိုတာ

မိအေးကိုသာ မေးကြည့်လိုက်ကြပါတော့…

အဆိုးဆုံးကတော့

ကျားရဲကို ခွေးအတွေဝင်ဆွဲတဲ့ကိစ္စပါပဲ..

အမှန်မြင်တဲ့ ငါ့မျက်လုံးတွေကို

ဒီကနေ့ပဲ

ငါ့လက်တွေနဲ့ အဆုံးစီရင်ပစ်လိုက်မိပြီ..။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, ဆောင်းယွန်းလ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်