ဒေါ်အောင်ဆန်းစုကြည်၏ လွိုင်ကော်မြို့တော် မိန့်ခွန်း

November 11, 2014

 ဒေါ်အောင်ဆန်းစုကြည်၏ လွိုင်ကော်မြို့တော် မိန့်ခွန်း
နိုဝင်ဘာ ၁၁၊ ၂၀၁၄

(နိုဝင်ဘာ ၈ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့တွင်ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း နှင့် ဓာတ်ပုံကို  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူ ဖော်ပြလိုက်ပါသည်)


ကျွန်မကို လာပြီးတော့ အားပေး ထောက်ခံတဲ့ပရိသတ်အားလုံးလည်း ကျန်းမာချမ်းသာကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
စောစောတုန်းက ဦးဝင်းမြင့်ပြောသွားတဲ့အထဲမှာ နောက် ဆုံးအပိုင်းလေးကို ကျွန်မက သဘောကျ ပါတယ်။ ဒီကယားပြည်နယ်ကို ရောက် ဖို့အတွက် အကွေ့အကောက်တွေ များ လွန်းလို့ ခရီးက ကြာနေတယ်။
ခရီးက ကြာတာ ကိစ္စ မရှိဘူး။ လမ်းမှာ အရမ်း မူးတာဘဲ။
အဲဒီတော့ ကျွန်မတို့ ဒီလူတွေ ခေါင်းမူးစေမယ့် ကွေ့ကောက်တဲ့လမ်း တွေ မသွားဘဲနဲ့ ဖြောင့်ဖြောင့်လေး သွား ကြစို့လို့ ကျွန်မတို့အားလုံး  အဓိဋ္ဌာန်ပြု ကြရအောင်။

ကယားပြည်နယ်ကို ရောက်တာ ကျွန်မရဲ့ တစ်သက်တာမှာ တတိယ အကြိမ်ဖြစ်ပါတယ်။
ပထမဦးဆုံးအကြိမ် ကတော့ ဒီနေ့ပြန်ပြီးတော့ စဉ်းစားနေ တာ နှစ်ကိုတောင် တိတိကျကျ ကျွန်မ မမှတ်မိဘူး။ လောပိတ စီမံ ကိန်းဖွင့်ပွဲနဲ့ ပတ်သက်လို့ ငယ်ငယ်တုန်း က ပထမဦးဆုံးအကြိမ် ရောက်ခဲ့ဖူးပါတယ်။
ဒုတိယအကြိမ်ကတော့ ၁၉၈၉ ခုနှစ်ပါ။ နောက်ပိုင်းကျတော့ ကျွန်မတို့ ကယားပြည်နယ်ကို လာဖို့အစီအစဉ်တွေ လုပ်ခဲ့ပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။
ဥပမာဆိုရင် ၂၀၀၃ က ကယားပြည် နယ်ကို မလာခင်မှာ နောက်တစ်ခါ တစ် ကြိမ် ကျွန်မ အကျယ်ချုပ်ဖမ်းခံရတာ ကြောင့် မလာဖြစ်ဘူး။
နောက် ဒီနှစ်စော စောပိုင်းကပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လည်း ကျွန်မတို့ ဒီကို လာဖို့ စီစဉ်ပါတယ်။
ဒါပေမဲ့ ရာသီဥတုအခြေအနေအရ၊ တခြားအလုပ်တွေအခြေအနေအရ အကြွေးလာဆပ်တာလို့ဘဲ ကျွန်မ ကတော့ စိတ်ထဲမှာ ခံယူပါတယ်။

ကျွန်မ လမ်းမှာ အကွေ့ကွေ့ အကောက်ကောက် တွေ များလွန်းလို့ ကားမူးတာကြောင့်မို့ လို့ လမ်းမှာ ထွက်ပြီးတော့ ကြိုဆိုတဲ့ ပြည်သူတွေအားလုံးကို ကျွန်မမနှုတ် ဆက်ဖြစ်တဲ့အတွက်ကိုလည်း ကျွန်မ တောင်းပန်ပါတယ်။
မနှုတ်ဆက်ချင်လို့ မဟုတ်ပါဘူး။   တော်တော် အခြေအနေကို ဆိုးနေလို့ မနှုတ်ဆက်ဖြစ်တာပါ။
ဒီလောက်တောင်မှ မူးနေတာတောင်မှ ကျွန်မက ကျွန်မတို့ တိုင်းရင်းသူလေး တွေ တယ်ချောပါလားဆိုပြီးတော့ အသိ အမှတ်ပြုမိပါတယ်။
ဒါပေမဲ့ အဲဒီလို ပြောခြင်းအားဖြင့် တိုင်းရင်းသားလေးတွေ မချောဘူးလို့ ပြောတာမဟုတ်ပါဘူး။
တိုင်းရင်းသူလေးတွေက ထူးထူးခြားခြား ချောတယ်လို့ ပြောချင်တာပါ။ ပြီးတော့ ကျွန်မတို့ရဲ့နိုင်ငံမှာ မတူညီတဲ့ အလှအပ တွေအများကြီးရှိပါတယ်။ ဒါကို ကျွန်မ တို့ တန်ဖိုးထားရမယ်။ တန်ဖိုးလည်း ထားခဲ့ပါတယ်။

ဒီက ပရိတ်သတ်တော် တော်များများထဲမှာ လူငယ်တွေတွေ့ရ ပါတယ်။ လူငယ်တွေတွေ့ရတဲ့အခါကျ တော့ ကျွန်မ အများကြီးဝမ်းသာတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီလူငယ်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို ထောက် ကူသွားရမယ့်ပုဂ်္ဂိုလ်တွေ။ အဲဒီတော့ လူငယ်တွေကို ကျွန်မပြောပြချင်တာ တစ်ခုရှိပါတယ်။
ဒါလူငယ်တွေပိုင်း ကတင်မကဘူး။ လူကြီးတွေပိုင်းက သိ ချင်မှလည်း သိမှာပါ။ ၁၉၈၈ ခုနှစ်နောက် ပိုင်းပေါ့နော်။
၁၉၉၀ ခုနှစ်နောက်ပိုင်း မှာတော့ ကျွန်မတို့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က အထွေထွေရွေးကောက်ပွဲ မှာ အောင်နိုင်ခဲ့တယ်။
ဒါပေမဲ့ ဒီအောင် နိုင်မှုကို အသိအမှတ်ပြုမခံခဲ့ရဘူး။ ၈၂ ရာခိုင်နှုန်းသောလွှတ်တော်နေရာတွေ မှာ ရွေးချယ်ခြင်းမခံရပေမယ့် ဒီရွေး ကောက်ပွဲရဲ့ ရလဒ်ကို အဲဒီတုန်းက အာ ဏာရှင်များက အသိအမှတ်မပြုခဲ့ဘူး။
အဖွဲ့ချုပ်ကနေပြီးတော့ ပြည်သူ့ရဲ့အကျိုး၊ တိုင်းပြည်ရဲ့အကျိုးကို ဆောင်ရွက်ခွင့် မရခဲ့ပါဘူး။

ကျွန်မ ခဏခဏပြောတယ် နော်။ ဒီမိုကရေစီမှာဆိုရင် ရှေ့ကလူတွေ က နောက်ကလူတွေကို သတိပြုပေး ရမယ်ဆိုတာ။
ကျွန်မတို့ အဲဒီအချိန်တုန်း ကဆိုရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နိုင်ပြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အတော့်ကို ဖိနှိပ်မှုတွေခံခဲ့ရပါတယ်။
တော်တော်ကို ကြမ်းတမ်းတဲ့ခရီးကို နှင် ခဲ့ရတယ်။ ဒီအချိန်အတွင်းမှာတောင်မှ ကျွန်မတို့က ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ မူကို ကျွန်မတို့ ခိုင်ခိုင်မာမာ ဆုပ် ကိုင်ခဲ့တယ်။
ဖက်ဒရယ်ဆိုတာ အဲဒီ အချိန်တုန်းကဆိုရင် ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို သုံးလို့ရှိရင်တောင်မှ ပြစ် မှုကျူးလွန်သကဲ့သို့ အာဏာပိုင်တွေက မလိုလားခဲ့တာဖြစ်ပါတယ်။

ဖက်ဒရယ် ဆိုတာဟာ ဒီနိုင်ငံကို၊ ဒီပြည်ထောင်စု ကို ကွဲပြားရေးကို ဦးတည်တဲ့စနစ်ဆိုပြီး တော့ အဲဒီလို ပြောနေကြပြီးတော့ ဘယ် နိုင်ငံရေးအဖွဲ့အစည်းကမှ ဖက်ဒရယ်ဆို တဲ့စကားလုံးကိုတောင်မှ မသုံးရဲနိုင် လောက်အောင် ခြိမ်းခြောက်ထားတာ ရှိပါတယ်။
ဒါပေမဲ့ ကျွန်မတို့ဘယ်တုန်း ကမှ ဒီဖက်ဒရယ်ဆိုတဲ့မူကိုလည်း လက် မလွှတ်ခဲ့ဘူး။ ဖက်ဒရယ်ဆိုတဲ့စကား လုံးကိုလည်း ကျွန်မတို့ဆက်ပြီးတော့ သုံးခဲ့တယ်။
ဒီလိုသုံးခဲ့ရတယ်ဆိုတဲ့ အကြောင်းကတော့  ကျွန်မတို့ပြည်သူ တွေ နားလည်စေချင်လို့။

ဒီနိုင်ငံဟာ ဘယ်လိုပုံစံနဲ့ စစ်မှန်တဲ့ဒီမိုကရေစီပြည် ထောင်စု ဖြစ်နိုင်သလဲဆိုတာ နားလည် စေချင်လို့ပါ။ အဲဒီတော့ ဖက်ဒရယ်ဆို တဲ့အဓိပ်္ပာယ် ကျွန်မတို့ရှင်းပြတယ်။
ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်အုပ်ချုပ်ရေး ဆိုတာ ရိုးရိုးလေးပါ။
ပြည်မနဲ့ ပြည်နယ် တွေကြားမှာ အာဏာကို ဖွဲ့စည်းပုံအခြေ ခံဥပဒေအရပြောရမယ်ဆိုရင် ဥပဒေ ဘောင်အတွင်းကနေပြီးတော့ ခွဲခြား ထားတဲ့စနစ်ပါဘဲ။
ဥပမာဆိုလို့ရှိရင် ပြည်နယ်တွေက ဘာလုပ်ပိုင်ခွင့်ရှိတယ်။ ပြည်မက ဘာလုပ်ပိုင်ခွင့်ရှိတယ်။
တချို့ လုပ်ပိုင်ခွင့်တွေက နှစ်နေရာစလုံးမှာ ပူးတွဲပြီးတော့ တာဝန်ယူတာရှိတယ် စသဖြင့်ပေါ့။
နောက် အဆုံးထိ ဘာပါရ မလဲဆိုရင် နောင်ခေတ်အရ ပေါ်လာတဲ့ ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သေသေချာချာ မသတ်မှတ်ထားတဲ့ ကိစ္စတွေပေါ်ပေါက်လာရင် ပြည်နယ် တွေကနေ တာဝန်ယူရမလား။ ပြည်မ ကနေ တာဝန်ယူရမလား။ ဘယ်လိုဆုံး ဖြတ်မယ်ဆိုတဲ့ဟာအထိ ဒီလိုဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ။
ခွဲထွက်ရေးနဲ့ဘာမှမဆိုင်ပါဘူး။

ဖက်ဒရယ်စနစ်မို့လို့ ခွဲထွက်သွားမယ်၊ ဖက်ဒရယ်စနစ်မို့လို့ ပြည်ထောင်စုပြိုကွဲ မယ်ဆိုတာလုံးဝ မဟုတ်ပါဘူး။
မဟုတ် တဲ့အပြင်မှာ က်္ဘာ့နိုင်ငံများရဲ့ အတွေ့ အကြုံ အရ ဘာတွေ့ခဲ့လဲဆိုတော့ စစ်မှန် တဲ့ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထူထောင်ထားတဲ့နိုင်ငံတွေထဲမှာဆိုရင် ခွဲထွက်ချင်တဲ့ စိတ်ဓာတ်က
အင်မတန် ပိုပြီးနည်းပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အားလုံးရဲ့ သဘောတူညီချက်အရ ရေ ဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အား လုံးဆိုတာတော့ တစ်ရာရာခိုင်နှုန်း မဟုတ်ဘူးပေါ့။
ဒါကတော့ ကျွန်မတို့ လည်း ကလေးလေးတွေမဟုတ်တော့ ဘူး။ ဒါပေမဲ့ ကလေးလေးတွေတောင် နားလည်နိုင်မှာပါ။ တစ်ရာရာခိုင်နှုန်း အားလုံးက သဘောတူညီနေတယ်ဆို တာတော့ မဖြစ်နိုင်ဘူး။
သို့သော် အများ စုက သဘောတူညီပြီးတော့ လက်ခံ ထားတဲ့စနစ်ဆိုရင် ခိုင်ခန့်မယ်၊ တည်မြဲ မယ်။ အများကကျေနပ်တယ်၊ အများက နေပြီးတော့ စွန့်လွှတ်သွားချင်တဲ့စိတ်၊ ခွဲသွားချင်တဲ့စိတ် မရှိဘူး။

ဖက်ဒရယ်စနစ်ဆိုတာ ကျွန်မတို့ရဲ့ ပြည် ထောင်စုကို ပိုပြီးတော့ တည်မြဲစေနိုင်တဲ့ စနစ်လို့ ကျွန်မတို့ပြောချင်ပါတယ်။
ဒီ ဖက်ဒရယ်စနစ်ကို တချိန်တခါတုန်းက ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က အဖွဲ့ဝင်များဟာ ထောင်အကျခံပြီး တော့တောင် သုံးခဲ့ရတဲ့ စကားလုံးဖြစ်ပါ တယ်။
သို့သော်ငြားလည်း ကျွန်မတို့ မယိမ်းမယိုင် ဖက်ဒရယ်စနစ်ဘက်က ရပ်တည်ခဲ့တယ်။ အခုနောက်ပိုင်းမှာ ကျတော့ ဖက်ဒရယ်ဆိုတာကတော့ အများက ပြောနေကြတဲ့စနစ်ပါ။
ပြော ရင် ထောင်တော့မကျတော့ဘူးလေ။
အဲဒီတော့ ဘာပဲပြောပြော အများကနေ ၀ိုင်းပြီးတော့ ဖက်ဒရယ်စနစ်ကိုထောက် ခံတယ်ဆိုတာဟာ ကျွန်မတို့နိုင်ငံ အတွက်အများကြီး ကောင်းပါတယ်။
ကျွန်မတို့ ပြည်ထောင်စုအတွက် အလား အလာကောင်းပါတယ်။

အခုဆိုရင် ကျွန်မ တို့ နိုင်ငံမှာ နိုင်ငံရေးပါတီတွေတော်တော် များများရှိပါတယ်။
နိုင်ငံရေးပါတီတွေ တော်တော်များများရှိတယ်ဆိုပေမယ့် လည်း အရင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ကာလတုန်းကလောက် မများသေးပါ ဘူး။ အခုဆိုရင် ခြောက်ဆယ်ကျော်၊ ခု နှစ်ဆယ်နီးပါးရှိတယ်။
အရင်တုန်းကဆို ရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအချိန် တုန်းကဆိုရင် တစ်ရာ့နှစ်ဆယ်ကျော် လို့ ကျွန်မမှတ်မိပါတယ်။ အဲဒီတော့ အဲဒီ လိုပါတီတွေအရင်တုန်းကတော်တော် များပါတယ်။
အခုလည်းပါတီတွေ အရင် တုန်းကလောက်မဟုတ်ပေမယ့် တစ် ၀က်လောက်တော့ရှိသေးတာပေါ့နော်။ အရင်ကထက်စာရင် ရှိတော့ရှိပါသေး တယ်။
အဲဒီတော့ ဒီပါတီတွေဒီလောက် တောင်မှများနေတဲ့အထဲမှာဆိုရင် ပူး ပေါင်းဆောင်ရွက်ချင်တဲ့ စိတ်ဓာတ်တွေ ရှိသလို၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြု ချင်တဲ့စိတ်ဓာတ်တွေလည်းရှိပါတယ်။
ဒါပေမဲ့ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ ကတော့ ကျွန်မတို့ ပြည်သူလူထု ခွဲခြား ပြီးတော့နေနိုင်တယ်လို့ ကျွန်မယုံကြည် ပါတယ်။

၁၉၉၀ ခုနှစ်တုန်းကဆိုရင် ဒီလောက်တောင်မှပါတီတွေများနေတာ တောင် မဲတွေပြန့်သွားပြီးတော့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်လိုဒီမိုကရေစီ ဘက်က မားမားမတ်မတ်ရပ်တည်တဲ့ ပါတီကြီးတစ်ခုဟာ  အောင်နိုင်မှာမဟုတ် ဘူးလို့ တွက်ခဲ့တဲ့ ပုဂိ္ဂုလ်တွေလည်းရှိပါ တယ်။
ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေက ဒီလိုတွက်ခဲ့တဲ့ ပုဂိ္ဂုလ်တွေထက်ပိုပြီး တော့ အသိအမြင်ရှိတယ်၊
ပိုပြီးတော့ ပညာဉဏ်နဲ့ သုံးသပ်နိုင်တယ်ဆိုတဲ့ အနေအထားရှိတယ်ဆိုတာ ကျွန်မတို့ မြင်ခဲ့ရတယ်။
မဲတွေ မကွဲသွားအောင် လို့ ပေးလိုက်လို့ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ပြည့်နှစ် တုန်းကအပြတ်အသတ်နိုင်ခဲ့တာဖြစ်ပါ တယ်။
နောင်လည်း ဒီလိုပဲဖြစ်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

ခုနကတုန်းက ဆိုရင် ဦးဝင်းမြင့်က ပီအာရ်ဆိုတဲ့ အချိုး မကျတဲ့အချိုးကျစနစ်ပေါ့နော်။အဲဒီ စနစ်နဲ့ ပတ်သက်လို့ ဘာလို့လက်မခံသင့် လဲဆိုပြီးတော့ ရှင်းပြသွားတယ်။
အဓိက ပြောရမယ်ဆိုရင်တော့ ဒီပီအာရ်စနစ်ကို လက်ခံလိုက်ခြင်း အားဖြင့် ပြည်သူတွေရဲ့ မဲတွေက ပြန့်သွားပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်နိုင် ကိန်းမရှိအောင်လို့များ
လုပ်သလားလို့ ကျွန်မတို့ က စဉ်းစားစရာဖြစ်နေပါတယ်။ ဒါကျွန်မ တို့ဒီလိုပဲ စဉ်းစားမိတယ်ဆိုတာ ရိုးရိုး သားသားတင်ပြမိတာပါ။ တခြား သူတွေ လည်းစဉ်းစားမိမှာဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်မတို့ကကျွန်မတို့ ပြည်သူ တွေကို အထင်မသေးပါဘူး။
ဘယ်လိုပဲ လုပ်လုပ် မဲမကွဲစေချင်ရင် မကွဲအောင် လုပ်နိုင်တဲ့ အရည်အချင်း၊ လုပ်ပိုင်ခွင့် ဟာ ပြည်သူတွေရဲ့ လက်ထဲမှာရှိပါတယ် လို့ ကျွန်မ ပြောချင်ပါတယ်။

ဒါကြောင့် ဘယ်လို စနစ်ပဲပေါ်လာပေါ်လာ ပြည်သူတွေဟာ မှန်မှန်ကန်ကန်နဲ့ လွတ်လွတ်လပ်လပ် မိမိတို့ရဲ့ ဆန်္ဒအရ မိမိတို့ရဲ့ ဆင်ခြင်တုံ တရားအရ မဲပေးနိုင်မယ်ဆိုရင် ကျွန်မ တို့ ဘာမှ ပူစရာမရှိပါဘူး။
တစ်ခုတော့ ကျွန်မပြည်သူတွေကို တိုက်တွန်းချင်ပါ တယ်။ ခုနက ဦးဝင်းမြင့် ရှင်းပြသွားတဲ့ အတိုင်းပဲ ကျွန်မတို့ အခုအချိန်မှာ ဆို ရင် ဒီစနစ်နဲ့ ပတ်သက်လို့ လွှတ်တော်ထဲ မှာ ဆွေးနွေးနေကြပါတယ်။
ပြောရမယ် ဆိုရင်တော့ ကျွန်မတို့အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကတော့ ဘာဖြစ်လို့ ဒီ နိုင်ငံအတွက် ပီအာရ်စနစ်ဟာ မသင့် တော်သလဲပေါ့နော်၊ အခုအချိန်မှာတော့ လုံးဝမသင့်တော်ပါဘူး။
နောင်ကာလ မှာ မသင့်တော်နိုင်ဘူးလို့ ကျွန်မ မဆိုလို ဘူး။ အခုအချိန်မှာ မသင့်တော်ဘူးလို့ ကျွန်မတို့က တင်ပြတာပါ။

အဲဒီတော့ ကျွန်မတို့ တင်ပြချက်တွေကို နားထောင် စေချင်ပါတယ်။ လေ့လာစေချင်ပါတယ်။
တစ်ဖက်က ဒီပီအာရ်စနစ်ကိုလိုလားတဲ့ ကိုယ်စားလှယ်များ၊ ပါတီများရဲ့ လိုလား ချက်၊ တင်ပြချက်တွေကိုလည်း လေ့လာ စေချင်ပါတယ်။ သုံးသပ်စေချင်ပါတယ်။
နောက်ပြီးမှာ ဘယ်သူကမှန်တယ်၊ ဘယ် သူက နိုင်ငံအပေါ်မှာ စေတနာထားတယ် ဆိုတာ ဆုံးဖြတ်ပါ။

တချို့ကပြောကြပါ တယ် အခုရွေးကောက်ပွဲစနစ်နဲ့ပဲ ပတ် သက်လို့ပဲဖြစ်ဖြစ်၊ဖွဲ့စည်းပုံ အခြေခံဥပ ဒေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်လွှတ်တော် ထဲမှာ
ကျွန်မတို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့်ဗဟိုလွှတ်တော်ထဲမှာ ပေါ့နော် ၄၆ နေရာပဲရှိပါတယ်။ ဒီလို ၄၆ နေရာပဲရှိတဲ့အဖွဲ့ဟာ ဘယ်လိုလုပ်နိုင် နိုင်မှာလဲ။
ဟုတ်ပါတယ် အရေအတွက် အားဖြင့် ကျွန်မတို့ဟာ အနိုင်ယူလို့ မရ ဘူးဆိုတာ ကျွန်မတို့သိပါတယ်။
သို့သော် ငြားလည်း ကျွန်မတို့ရဲ့ အင်အားက အဓိကအင်အားက လွှတ်တော်ထဲက အဓိက အင်အားမဟုတ်ပါဘူး။
လွှတ် တော်ပြင်ပက ပြည်သူလူထုတွေရဲ့ အင် အားပါ။

အခု လွှတ်တော်ရဲ့ ဆောင်ပုဒ်က ပြည်သူ့ဆန်္ဒ လွှတ်တော်ဆန္ဒ တဲ့၊ ပြည်သူ့ အသံ လွှတ်တော်အသံတဲ့ ဒီတော့ အခု ရွေးကောက်ပွဲစနစ်အသစ်နဲ့ ပတ်သက် လို့ ရွေးချယ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊
နောင် တစ်ပတ်နှစ်ပတ်လောက်အတွင်းစပြီး တော့ ဆွေးနွေးမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေးနှင့် ပတ် သက်လို့ပဲ ဖြစ်ဖြစ်၊ ပြည်သူတွေရဲ့ ဆန္ဒကို ဘယ်သူတွေက တကယ်ပဲတန်ဖိုး ထားသလဲ၊
ပြည်သူတွေရဲ့ အသံကို ဘယ် သူတွေက တစ်ကယ်ပဲ နားထောင်သလဲ ဆိုတာ ပြည်သူတွေအနေနဲ့ သေသေခြာ ခြာ လေ့လာကြပါ။
အဲဒီလိုလေ့လာပြီး မှ ဘယ်သူတွေဟာ တစ်ကယ် ပြည်သူ တွေကို တန်ဖိုးထားသလဲဆိုတဲ့ အဖြေကို သိမှာဖြစ်ပါတယ်။ ပြည်သူ့ရဲ့ဆန်္ဒကိုလျစ် လျူရှု့တဲ့၊ ပြည်သူ့ရဲ့အသံကို နားမထောင် ဘူးဆိုရင်
ပြည်သူကို တန်ဖိုးမထားဆိုတဲ့ အဓိပ်္ပါယ်ရောက်ပါ တယ်။
ပြည်သူကို တန်ဖိုးမထားတဲ့ ပုဂိ္ဂုလ်များအဖွဲ့အစည်းများဟာ ပြည်သူ့ အစိုးရလို့ဆိုတဲ့ ဒီမိုကရေစီ အစိုးရကို ဘယ်လိုလုပ်ထူထောင်ပေးနိုင်မှာလဲဆို တာကို  စဉ်းစားစေလိုပါတယ်။

တချို့က နိုင်ငံရေးကို အာဏာနဲ့ပဲတွဲပြီး တော့စဉ်းစားကြပါတယ်။ နိုင်ငံရေးဆို တာအာဏာရရှိရေးလို့ ဆိုကြပါတယ်။
နိုင်ငံရေးနဲ့ အာဏာဟာ လုံးဝခွဲလို့တော့ မရပါဘူး။ ဆက်စပ်မှုရှိတယ်ဆိုတာတော့ ငြင်းပယ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။
အခု ကျွန်မတို့ ဒီမိုကရေစီစနစ်မှာ ဘာကြောင့် အခုလိုရွေးကောက်ပွဲတွေ လုပ်နေရတာ လဲ၊ အဲဒါဟာ အာဏာနဲ့ဆိုင်ပါတယ်။
ဒါ ကျွန်မ ရှင်းရှင်းပြောရမယ်ဆိုရင် ရွေး ကောက်ပွဲတွေ လုပ်တယ်ဆိုတာ အစိုးရ ကို ရွေးတဲ့သဘောပဲ ပြည်သူတွေက အစိုးရအာဏာကို၊ အစိုးရ အုပ်ချုပ်ခွင့် အာဏာကိုဘယ်အဖွဲ့အစည်း၊  ဘယ် ပုဂိ္ဂုလ်တွေရဲ့ လက်ထဲကို အပ်နှင်းမလဲ ဆိုတာကို ဆုံးဖြတ်ခွင့်ပေးတယ်ဆိုတာ ဟာ ရွေးကောက်ပွဲပါ။

ဘာဖြစ်လို့ ဒီလို ရွေးကောက်ပွဲလုပ်ရလဲ ဒီမိုကရေစီ ဆို ရင် ပြည်သူ့ကအစိုးရပဲ ပြည်သူက အုပ်ချုပ် တဲ့စနစ်ပဲဆိုတော့ လက်တွေကျကျပြော မယ်ဆိုရင် ကျွန်မတို့နိုင်ငံမှာ သန်း ငါး ဆယ်ကျော်လို့ပဲထားလိုက်ပါတော့။
အရင်တုန်းကတော့ ခြောက်ဆယ် စွန်း စွန်းပေါ့၊ နောက်ပိုင်းကျတော့ ငါးဆယ် ကျော်လိုလိုဘာလိုလိုဆိုတော့ ကိစ္စ မရှိ ဘူးပေါ့နော်၊ ငါးဆယ်ကျော်ပဲဖြစ်ဖြစ်၊ ခြောက်ဆယ်ကျော်ပဲဖြစ်ဖြစ်၊
အဲဒီတော့ ဒီလို သန်းငါးဆယ်ကျော်၊ သန်းခြောက် ဆယ်က အားလုံးကနေပြီးတော့ ဘယ် လိုလုပ်အစိုးရလုပ်နိုင်မလဲ ရိုးရိုးပြောရ မယ်ဆိုရင်ရွာထဲကပေါ့နော်၊ ရွာတစ်ရွာ မှာဆိုရင် ရာဂဏန်းပဲရှိတယ်၊
ရွာသေး သေးလေး၊ ရွာသေးသေးလေးမှာ ရွာပွဲ တစ်ပွဲလုပ်မယ်ဆိုရင် အားလုံးကနေစု စည်းပြီးတော့ ဆုံးဖြတ်ချက်ချရတာ။ တစ်ယောက်တစ်မျိုးလုပ်နေလို့မရဘူး၊ အဲဒီဟာဆိုရင် ညှိနှိုင်းရတယ်၊ ဆွေးနွေး ရတယ်၊
တိုင်ပင်ရမယ်။ အဲဒီလိုပဲ ဆုံး ဖြတ်ချက်တွေ ချတဲ့အခါမှာ အားလုံးက နေပြီးတော့ တစ်ယောက်တစ်မျိုး လုပ် နေလို့မရဘူး။
ဒါကြောင့်မို့လို့ ရွာထဲမှာ ဆိုရင်တောင်မှ တစ်ရာနှစ်ရာလောက်ရှိ တဲ့ရွာတွေမှာ တစ်ရွာလုံးက ၀ိုင်းပြီးတော့ ဆုံးဖြတ်နိုင်ပေမယ့်ရွာကြီးတွေ၊ ထောင် ဂဏာန်းနဲ့ရှိတဲ့ရွာတွေကြတော့ အဲဒီလို လုပ်လို့မရတဲ့အခါကျတော့ ရွာထဲက ရှင်ရိုသေ၊ လူရိုသေပေါ့နော်၊ ရွာကနေပြီး တော့ရွေးထားတဲ့ လက်ခံတဲ့ လူတွေက နေပြီးတော့ စုပြီးတော့ ဆုံးဖြတ်ချက်တွေ ချတာတွေရှိမယ်လို့ ကျွန်မထင်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ ရွာသူရွာသား တွေက ယဉ်ပါးနေမှာဖြစ်ပါတယ်။
အဲဒါကတော့ ကျွန်မတို့ ရွာသူရွာ သားတွေက ယဉ်ပါးနေမှာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အခု ကျွန်မတို့ဒီမိုကရေစီ မှာလည်းဒီလိုပဲ ဒီသန်း ၅၀၊ ၆၀က ဒါ ကျွန်မ တို့ နိုင်ငံမှာပေါ့နော်။ တခြားနိုင်ငံမှာဆို သန်း ရာနဲ့၊ ထောင်နဲ့ချီပြီးရှိတဲ့နိုင်ငံတွေရှိ ပါတယ်။
အားလုံးကနေ၀ိုင်းပြီးတော့ အစိုးရအဖွဲ့မှာပါဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ဒါကြောင့်မို့လို့ ကိုယ်စားပြုဒီမိုကရေစီ။ ကိုယ်စားပြုဆိုတာ ကိုယ်စားလှယ်တွေ ရွေးပြီးတော့ ကိုယ်စားလှယ်တွေကနေ တစ်ဆင့် အုပ်ချုပ်တဲ့စနစ်၊ ပြည်သူက အုပ်ချုပ်တဲ့စနစ် ကျွန်မတို့ သွားရမှာဖြစ် ပါတယ်။
အဲဒီတော့ အရေးကြီးတာဟာ ဘယ်ပုဂ်္ဂိုလ်တွေ၊ ဘယ်ပါတီတွေက တ ကယ်ပဲပြည်သူကို ကိုယ်စားပြုမလဲဆို တာ အများကြီးအရေးကြီးပါတယ်။ အဲဒါ တွေကို ပြည်သူက သိဖို့လိုပါတယ်။
အဲဒါ ကို မျက်စိဒေါက်ထောက်ကြည့်ဖို့လိုပါ တယ်။
ဒီဟာကို မျက်စိဒေါက်ထောက် မကြည့်ဘဲနဲ့ မသိလို့များ ပါတီတွေ၊ ပုဂ်္ဂိုလ် တွေများ မှာပြီးမဲထည့်လိုက်ရင်တော့ ကိုယ့်မဲဟာ အလဟသဖြစ်သွားရုံတင် မကဘူး။ အလဟသဖြစ်သွားတာကမှ ကောင်းသေးတယ်။
ကိုယ့်အတွက် ပြန် ပြီးတော့ အ်္တရာယ်ဖြစ်မယ်ဆိုရင်တော့ အင်မတန်မှ စိုးရိမ်စရာဖြစ်ပါတယ်။
အဲဒီလိုဆိုရင် ပြည်သူ တွေရဲ့ အုပ်ချုပ်မှုဆိုတာဟာ အပြောသာ ဖြစ်ပြီးတော့ အမှန်တကယ်ထိရောက်မှု မရှိနိုင်သလို ဖြစ်သွားပါလိမ့်မယ်။

့ ကျွန်မတို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကရော ဘယ်လိုပဲပြောပြော ဆယ်စုနှစ်နဲ့ချီပြီးတော့၊ ပြည်သူရဲ့အင် အားကို အားကိုးပြီးတော့ ရပ်တည်ရှင် သန်ခဲ့ရတဲ့ပါတီပါ။
ဒါဟာ ကျွန်မတို့ စကား အရ ပြောတာမဟုတ်ပါဘူး။ အဖြစ်အရ ပြောတာပါ။ သိတဲ့လူတွေလည်း သိမယ်၊ မသိတဲ့ပုဂ်္ဂိုလ်တွေလည်းရှိမယ်။
ဒီဆယ် စုနှစ်အတွင်းမှာဆိုရင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဟာ ပါတီရုံးတွေတောင်မှ ဖွင့်လို့မရနိုင်တဲ့အထိ အာဏာပိုင်များရဲ့ ချုပ်ချယ်မှုကို ခံခဲ့ရပါတယ်။
နောက်ဆုံး မှာ တကယ်အလုပ်လုပ်နိုင်တဲ့ရုံးဆိုလို့ ရန်ကုန်က ဗဟိုဌာနတစ်ခုပဲကျန်တော့ ပါတယ်။
အဲဒီအခြေအနေမှာတောင်မှ ကျွန်မတို့ ဖြစ်အောင်ရပ်တည်နိုင်ခဲ့တယ်။
အဲဒီအခြေအနေတောင်မှ တစ်တိုင်းပြည် လုံးမှာ ကျွန်မတို့အဖွဲ့ချုပ်က ပြည်သူနဲ့ အဆက်မပြတ်အောင် ကြိုးစားပြီးတော့၊ ရုန်းကန်ပြီးတော့ ကျွန်မတို့လုပ်ခဲ့ပါတယ်။

အဲဒီတော့ ဒီလိုအခြေအနေမှာ ကျွန်မ တို့ကနေခဲ့ရလို့ ပြည်သူရဲ့အင်အားဟာ ဘယ်လောက်အဓိကကျလဲ၊ ဘယ်လောက် ပြည်သူရဲ့အင်အားဟာ အရေးပါလဲဆို တာ ကျွန်မတို့ မျက်ဝါးထင်ထင် တွေ့ခဲ့ ရလို့
ကျွန်မတို့ ပြည်သူရဲ့အင်အားကို အလေးထားပြီးတော့ တကယ်ကို အသိ အမှတ်ပြုတာဖြစ်ပါတယ်။ အဲတော့ ဒါ အပြန်အလှန်ပါပဲ။
ကိုယ်က ယုံကြည်မှ၊ ကိုယ့်ကိုလည်းပြန်ယုံကြည်မယ်၊ ကိုယ် က အားကိုးမှ၊ ကိုယ့်ကိုလည်းပြန်ပြီးတော့ အားကိုးမယ်။
ကျွန်မတို့ဟာ ပြည်သူကို ယုံကြည်ပါတယ်၊ ပြည်သူကိုအားကိုးပါ တယ်။ ပြည်သူကလည်း ကျွန်မတို့ကို ယုံကြည်လို့၊ အားကိုးလို့ ၁၉၉၀ပြည့်နှစ် တုန်းက မဲထည့်ခဲ့သလို ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲ၊
ဒါကတော့ ဒီမှာတော့ မပါဘူးပေါ့နော်။
ဒီဘက်မှာတော့ ကြား ဖြတ်ရွေးကောက်ပွဲ မကျင်းပသွားဘူး။
ဒါပေမဲ့လည်း ဒီနဲ့သိပ်မဝေးတဲ့ ကလော ဘက်မှာဆိုရင် ကျင်းပခဲ့ပါတယ်။ အဲဒီ မှာ ပြည်သူတွေက ကျွန်မတို့ကိုထောက် ခံတာဖြစ်ပါတယ်။

ဒီအချိန်မှာ ကျွန်မ အရေးကြီးတဲ့ ကိစ္စတစ်ခုတော့ အထူးသဖြင့် ကျွန်မ တိုင်းရင်းသားများနဲ့အတူ ဆွေးနွေးပြီး တော့ ညီညွတ်ရေးပြုလုပ်ချင်ပါတယ်။
အဲဒါဟာ ဘာလဲဆိုတော့ တချို့တွေက ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟာ ဗမာပါတီလို့ ဒီလိုပြောကြပါတယ်။ ပြောချင်တာက တိုင်းရင်းသားများကို ကိုယ်စားပြုတာမဟုတ်ပါဘူး။ အဲဒီလို ဆိုချင်တာပါ။
အဲဒီတော့ ကျွန်မကတော့ ရဲရဲတင်းတင်းပြောရဲပါတယ်။ ကျွန်မတို့ အဖွဲ့ချုပ်ရဲ့၊ ကျွန်မတို့ပါတီရဲ့သမိုင်းကို ပြန်ပြီးတော့ ကြည့်လိုက်ပါ။
ကျွန်မတို့ ဟာ တိုင်းရင်းသားတွေကို ကိုယ်စားပြု ခဲ့တဲ့ပါတီ ဟုတ်၊ မဟုတ်ကို ၁၉၉၀ပြည့် နှစ် ရွေးကောက်ပွဲတုန်းက ၀င်ပြိုင်ခဲ့တဲ့ ကျွန်မတို့ ကိုယ်စားလှယ်တွေကို ပြန်ကြည့် ပါ။
၂၀၁၂တုန်းကတော့ တိုင်းရင်းသားနယ် တွေမှာဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ မှာ မွန်ပြည်နယ်မှာ တစ်နေရာ၊ နောက် ပြီးတော့ ရှမ်းပြည်နယ်မှာ တစ်နေရာ၊
နောက်ပြီးတော့ ကချင်ပြည်နယ်မှာ သုံး နေရာလုပ်မယ်ဆိုပြီးတော့ ဖျက်သိမ်း လိုက်တယ်၊ မလုပ်ဖြစ်ဘူး။
နောက်ပြီး လားရှိုးမှာတစ်နေရာ၊ သုံးနေရာမှာ ကြား ဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ရပါ တယ်။ ဒီသုံးနေရာမှာ နှစ်နေရာမှာ ကျွန်မ တို့နိုင်ပါတယ်။
နောက် ကျွန်မတို့ကလည်း ဒေသခံတိုင်းရင်းသူတွေပဲ ကျွန်မတို့က ကိုယ်စားလှယ်တွေအဖြစ်နဲ့ ရွေးချယ် တင်မြှောက်တာပါ။
ဘယ်တော့မဆို ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ပါတီကို ပြည် ထောင်စုဖွားတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ပါတီလို့ပဲ ကျွန်မတို့သတ် မှတ်ပါတယ်။
အဲဒီတိုင်းရင်းသားတွေမှာ ဗမာပါတယ်ဆိုတာလည်း မမေ့ကြပါနဲ့ လို့ ကျွန်မ သတိပေးချင်ပါတယ်။

ဗမာတွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာ များနေသလားလို့ မေး ရင် ကျွန်မက ပြန်မေးမယ်။ မြန်မာတစ် နိုင်ငံလုံးမှာ ဗမာတွေက အများစုပဲ၊ အဖွဲ့ ချုပ်ထဲမှာလည်း အများစုပဲဖြစ်မှာပေါ့။
ဒါက သဘာဝကျတဲ့ကိစ္စပဲ။ ဘာမှ ဒါ လူ မျိုးစုစိတ်ဓာတ်နဲ့ဆိုင်တာမဟုတ်ပါဘူး။ အဲဒီတော့ ဒီလို ကျွန်မတို့နဲ့ တိုင်းရင်းသား တွေကြားမှာ စိတ်ဝမ်းကွဲအောင်ပြောတဲ့ အဆိုအမိန့်တွေကိုတော့ သတိပြုကြပါ၊
သတိထားကြပါ၊ ဆင်ခြင်ကြပါလို့ ကျွန်မ ပြောချင်ပါတယ်။

ကျွန်မတို့က ဘယ်တော့ မှ ဒီလိုစကားမျိုးမပြောပါဘူး။ ကျွန်မတို့ ရဲ့ပြည်နယ်တွေမှာဆိုရင် တိုင်းရင်းသား မျိုးစုံရှိပါတယ်။
အခုဒီမှာကျွန်မတို့လာပြီ ဆိုရင်လည်း ကရင်နီ၊ ကယား၊ ကရော စသဖြင့်ပေါ့နော် တစ်ခါတည်း အများ ကြီးရှိတယ်။
ဒါ သူတို့နဲ့ တွေ့လိုက်ရတာ ဒီခရီးတိုလေးမှာပေါ့နော် တိုင်းရင်းသား ပေါင်းမြောက်မြားစွာ။ ကျွန်မဘယ်တော့ မှ အဖွဲ့ချုပ်ကနေပြီးတော့ ဒီတိုင်းရင်း သားတွေကြားထဲမှာ
စိတ်ဝမ်းကွဲစေမယ့် စကား ဘယ်တော့မှမပြောဘူး။ ဘယ်ပါ တီကတော့ ဘယ်တိုင်းရင်းသားလူမျိုး ကိုပဲ ကိုယ်စားပြုတာ၊ ဘယ်ပါတီကတော့ ဘယ်တိုင်းရင်းသားလူမျိုးကို ကိုယ်စား ပြုတာမဟုတ်ဘူးဆိုတဲ့စကားမျိုး
ကျွန်မ တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်တော့မှမပြောဘူး။
အဲဒါဟာ ကျွန်မ တို့ တိုင်းရင်းသားတွေအကြားမှာ စိတ် ၀မ်းကွဲစေမယ့် အသုံးအနှုန်းတွေ၊ အပြော အဆိုတွေဖြစ်တယ်လို့ ကျွန်မတို့ သတ် မှတ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ကိုယ် တိုင်ကလည်း ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုတယ်၊ တိုင်းရင်းသားများ အားလုံးရဲ့အကျိုးကို တန်းတူရည်တူထား ပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတာ တော့ ကျွန်မ ရဲရဲတင်းတင်းကြီး အာမခံ နိုင်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ အင်မတန် မှ အရေးကြီးတဲ့အခြေအနေ ရောက်နေ ပါတယ်။ ၂၀၁၀တုန်းက အရင်တုန်းက တပ်မတော်အုပ်ချုပ်ရေးစနစ်ပေါ့နော်။
န၀တ၊ နအဖ။ နောက်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုတော့ အခုအစိုးရပေါ့ နော်။
အခုအစိုးရကို တချို့က ဒီမိုကရေစီ အစိုးရလို့ သတ်မှတ်ပါတယ်။
ကျွန်မက တော့ ရိုးရိုးပဲပြောရမယ်ဆိုရင် ဒီမိုကရေစီ စံနှုန်းစံထားကိုတော့ အပြည့်အ၀ရောက် ရှိသေးတဲ့၊ ရရှိသေးတဲ့အစိုးရတော့ မဟုတ် ပါဘူး။ ဒီမိုကရေစီအတွက် ကျွန်မတို့ကြိုး စားနေတဲ့ကာလပဲဖြစ်ပါတယ်။
အဲဒါ ကြောင့်မို့လို့ အင်မတန်မှ အရေးကြီးတဲ့ ကာလဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်သူ တွေက အဖြစ်ကိုအဖြစ်အတိုင်း မြင်နိုင် ရမယ်။ နောက်ပြီးတော့ သတ်္တိရှိရှိနဲ့ ပြတ် ပြတ်သားသား ဆုံးဖြတ်နိုင်ရမယ်။
ဒါမှ ကျွန်မတို့အားလုံးဟာ ဆက်ပြီးတော့ တကယ့်ပြည့်ဝတဲ့ဒီမိုကရေစီပြည်ထောင်စု ဆီကို ခရီးနှင်နိုင်မှာဖြစ်ပါတယ်။

အခု အချိန်မှာ ဒီမိုကရေစီက ဒီလောက်ပဲလား လို့ ထင်နေတဲ့လူတွေရှိတယ်။
ဒီလောက်ပဲ မဟုတ်ပါဘူး။ စစ်မှန်တဲ့ဒီမိုကရေစီဆို တာ ဒီလောက်ပဲမဟုတ်ပါဘူး။ ကျွန်မတို့ သွားရမယ့်လမ်းက ရှည်ပါသေးတယ်။
သို့သော်လည်း ကျွန်မတို့ တက်ညီလက် ညီနဲ့သွားရမယ်ဆိုရင်၊ လက်တွဲသွားမယ် ဆိုရင် ဒီခရီးကိုကျွန်မတို့ အောင်အောင် မြင်မြင် ကျော်လွှားနိုင်မှာပါ။

ကွေ့ကောက် ချင်တဲ့လူတွေရှိရင် နည်းနည်းတော့ကြာ သွားလိမ့်မယ်။ ကယားလိုနေရာကို တောင်တက်လမ်းတွေ ကွေ့ကောက်ပြီး တော့လာရတာ ပင်ပန်းရကျိုးနပ်ပါတယ်။
ဒီမိုကရေစီကိုလည်း ရောက်ဖို့က လမ်း မှာပင်ပန်းတယ်ဆိုရင် ရောက်သွားရင် တော့ ရောက်ရကျိုးပန်တယ်လို့ ပြောရ ပေမယ့် မလိုအပ်ဘဲနဲ့ ပြည်သူလူထုတွေ ပင်ပန်းအောင်
ကွေ့ကောက်တဲနည်းတွေ ကိုတော့ ရှောင်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်တဲ့အခါကျရင် အမြဲပဲ ပြည် သူတွေထဲက မေးခွန်းတွေကို ကျွန်မတို့ ဖိတ်ခေါ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ပြောသွားတဲ့အထဲမှာ ပြည်သူ တွေအနေနဲ့ ပရိသတ်ထဲက မရှင်းတာ တွေရှိရင်ရှိမယ်။
ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ ပြောသွားတဲ့အထဲမှာ ပြည်သူတွေအနေ နဲ့ မရှင်းတာတွေရှိရင်ရှိမယ်။
ဒါမှမဟုတ် အစကတည်းက ကျွန်မတို့အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့၊ ဒီမိုကရေစီ လုပ်ငန်းတွေနဲ့ပတ်သက်လို့ သိချင်တာ တွေရှိရင် ရှိမယ်။ အဲဒီတော့ အဲဒါတွေ ကို မေးလို့ရအောင်လို့
ကျွန်မတို့က မေး ခွန်းတွေဖိတ်ခေါ်ပါတယ်။

မေးခွန်းတွေ ဖိတ်ခေါ်တယ်ဆိုပေမယ့်လည်း ပရိတ် သတ်က ဒီလောက်များတဲ့အခါကျတော့ ကျွန်မပြောမယ်။
လွိုင်ကော်က ဒီ လောက်တောင် လူဦးရေများလား။ ဒါပေမဲ့ ကျွန်မကြုံလို့ ပြောရဦးမယ်။
ဒါ ဟုတ်တာမဟုတ်တာတော့ မသိဘူး နော်။ ပရိတ်သတ်က ကျွန်မထက်ပိုပြီး တော့ သိမှာပေါ့။
တချို့ဝန်ထမ်းတွေကို မလာရဘူးလို့အမိန့်ထုတ်ထားတယ်ဆို။ အဲဒါဟာလေ တရားဥပဒေနဲ့မကိုက်ညီ ဘူးနော်။ ဘယ်ဥပဒေမှမရှိဘူး။
ဘယ် ဥပဒေမှ ၀န်ထမ်းများဟာ ဒီလို တွေ့ဆုံ ပွဲတွေ၊ ဟောပြောပွဲတွေမတက်ရတဲ့ ဥပဒေမရှိပါဘူးဆိုတာ ကျွန်မပြောပါရ စေ။
အဲဒီတော့ ဒီလိုဥပဒေမရှိဘဲနဲ့ ၀န် ထမ်းများကို ဒီလို ဆွေးနွေးပွဲမျိုး မတက် ရဘူး၊ မသွားရဘူးလို့ပြောတဲ့လူတွေ ဟာ ဥပဒေမဲ့ ပြုလုပ်နေတာဖြစ်တယ်လို့ ကျွန်မပြောချင်ပါတယ်။

အခုရောက်လာ တဲ့ပရိတ်သတ်ထဲကပဲ ကျွန်မတို့နဲ့ တခြားကိစ္စတွေနဲ့ ပတ်သက်လို့မေးချင် တာရှိရင် မေးလို့ရအောင်လို့။
ကျွန်မတို့ အားလုံးကိုတော့ အခွင့်အရေးပေးလို့ မရတော့ မေးချင်တဲ့ပုဂ်္ဂိုလ်များ လက် ထောင်လို့ရှိရင် ပထမဦးဆုံး ၁၀ဦးကို ကျွန်မတို့ အခွင့်အရေးပေးပါတယ်။
၁၀ ဦး ဆိုတာက အထူးနော်။ ခါတိုင်းတုန်း ကတော့ ၈ဦးဘဲပေးတယ်။ ဒါပေမဲ့ ဒီမှာ က တိုင်းရင်းသားပေါင်းစုံလည်း ရှိနေလို့။
နောက် ပရိတ်သတ်ကလည်း တော်တော် များလို့။
ပြီးတော့လည်း ကျွန်မ အမူးခံ ပြီးတော့လည်း လာရတဲ့ခရီးစဉ်ဆိုတော့ လာရကျိုးနပ်အောင်လို့ ဆယ်ယောက် ကို မေးပိုင်ခွင့်ပေးပါမယ်။ အဲဒီတော့ မေးချင်တဲ့ပရိတ်သတ်ထဲက ပြည်သူပြည် သားများရှိလို့ရှိရင်
လက်ထောင်ပါ။ လက်ထောင်ပြီးတော့ အရှေ့ကို တက် လာပြီးတဲ့အခါကျရင် တစ်ယောက်ပြီး တစ်ယောက်ပေါ့။ ဒါပေမဲ့ အလွန်ဆုံး ဆယ်ယောက်ဘဲနော်။
အမျိုးသမီးတွေ ကလည်း တက်တက်ကြွကြွပါဝင်ပါ။ အမျိုးသားလူငယ်တွေချည်းဘဲ မေးတာ မကြိုက်ဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်