ခိုင်မာကျော်ဇော – နော်ရှာခု (ဖီးစံလင်း) ကျမတို့ ဘ၀တွေကို တော်လှန်ရေးကပိုင်တယ်
November 14, 2014
ခိုင်မာကျော်ဇော – နော်ရှာခု (ဖီးစံလင်း) ကျမတို့ ဘ၀တွေကို တော်လှန်ရေးကပိုင်တယ်
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၄
မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံ တနိုင်ငံဖြစ်ပါတယ်၊ တိုင်းရင်းသားလို့  ပြောလိုက်တယ်ဆိုရင်ဘဲ စာဖတ်သူတွေရဲ‹ မျက်စိထဲမှာ ရိုးသား ပွင့်လင်းပြီး စိတ်နေသဘောထားဖြူစင် ခင် မင်နှစ်လိုဖွယ်ရာကောင်းတဲ့ တောင်ပေါ်ကျေးလက်နေ တိုင်းရင်းသားမျိုးနွယ်စု တစုစုကို မျက်စိထဲမှာ ပုံဖော်မိကြမှာပါပဲ၊ ကျမကတော့ တိုင်းရင်းသားတွေလို့  ပြောလိုက်ရင် သူတို့ နဲ့  ဆက်နွယ်နေတဲ့ သဘာဝပတ်ဝန်းကျင်၊ တောတောင်ရေမြေကို အရင်ဆုံးပုံ ဖော်မိပါတယ်၊
အခု ကျမ နော်ရှာခုလို့   အမည်ရတဲ့ ကရင်နီအမျိုးသမီးကြီးတဦးနဲ့  စာဖတ်သူများကို မိတ်ဆက်ပေးပါရစေ၊ တိုင်းရင်းသူ အမျိုးသမီးတဦးဖြစ်တဲ့ နော်ရှာခုရဲ့ ငယ်ဘ၀ဟာ ကျမ စိတ်ကူးပုံဖော်တတ်တဲ့ တောင်တန်းတွေ။ ရေတံခွန်တွေ။ တောပန်း တောင်ပန်းတွေ။ ကျေးငှက်သာရကာတွေ။ လျိုမြောင်စိမ့်စမ်းတွေနဲ့  အေးဆေးပြီး ရိုးသားဖြူစင်ကြတဲ့ လူမှုအသိုက်အမြုံကြားမှာ အပြစ်ကင်းစွာ လှပခဲ့ရတော့ အမှန်ပါဘဲ၊
နော်ရှာခုကို ကရင်နီပြည်နယ် အထူးဒေသနယ်မှာ အသင်းအုပ်ဆရာ စောလားစေးနဲ့  တွဲဘက်အသင်းအုပ်ဆရာမ နော် သိန်းမြတို့ က ၁၉၃၀ ခုနှစ် မတ်လ(၄)ရက်နေ့ မှာ မွေးဖွားခဲ့ပါတယ်၊ မိဘများဟာ ကရင်မျိုးနွယ်စုတခုဖြစ်တဲ့ ဘွဲမျိုးနွယ်စုဖြစ်ပါတယ်၊ မောင်နှမ(၅)ဦးအနက် နော်ရှာခုဟာ အကြီးဆုံးသမီးပါ၊
တရားဓမ္မရဲ့ အဆုံးအမတွေကြားမှာ ကြီးပြင်းခဲ့ရသူမို့  နော်ရှာခုရဲ့ စိတ်နှလုံးဟာ တည်ငြိမ်အေးချမ်းပြီး သူတပါးအပေါ် သနားကြင်နာခြင်းနဲ့ ကူညီလိုခြင်းဆိုတဲ့စိတ်က ၀ါသနာ ဗီဇတခု ဖြစ်လာခဲ့ရပါတယ်၊ “အေးချမ်းမှုကို မြတ်နိုးသူတို့ ဟာ စစ်နှင့်လည်းမကျေလည်စွာ အဖော်ပြုနေကြရတယ်” ကျမ ညီမလေးလို ခင်မင်တွယ်တာတဲ့ သူငယ်ချင်းတဦးရဲ့  စကားပါ၊ နော်ရှာခုရဲ့  တည်ငြိမ်အေးချမ်းတဲ့ ဘ၀ထဲကို ပထမဦးစွာဝင်ရောက် လာခဲ့ရတာတော့ ပြည်တွင်းစစ် အငွေ့အသက်များနဲ့  အမျိုးသားရေးတာဝန်များပဲ ဖြစ်ပါတယ်၊
၁၉၄၈ ခုနှစ်မှာတော့ ကရင်နီအမျိုး သားတော်လှန်ရေးအတွက် လိုအပ်နေတဲ့ ဆေးပညာသင်ယူဖို့ အတွက် ကရင်နီ ဥက္ကဋ္ဌ ကြီးစောရွှေက နော်ရှာခုမိဘများထံ အကူအညီတောင်းခဲ့ရာမှ အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ နော်ရှာခုရဲ့ ဘ၀ဟာ ပြောင်းလဲမှု တဆစ်ချိုးကို စတင်ခဲ့ပါတယ်၊
မိဘတွေရဲ့  ခွင့်ပြုချက်အရ ကရင်နီအမျိုးသားခေါင်းဆောင်များရဲ့  စီစဉ်ဆောင်ရွက်ပေးမှုနဲ့  နော်ရှာခုဟာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဆေးရုံမှာ (၄)နှစ်ကြာ သူနာပြုပညာကို သင်ယူခဲ့ပါတယ်၊ သင်တန်းကာလမှာ ရှမ်း။ ကချင်။ ကရင်။ ပအိုဝ့်။ ပလောင်။ ၀ စတဲ့ တိုင်းရင်းသားလူမျိုးစုံနဲ့ တွေ့ ဆုံခင်မင်ခွင့်ရခဲ့သလို တိုင်းရင်းသား လူမျိုးစုတွေရဲ မလုံခြုံခံမအေးချမ်းတဲ့ ဘ၀တွေနဲ့ အတူ ပညာရေး။ ကျန်းမာရေး နိမ့်ကျမှုတွေကိုပါ ကြားသိ မြင်တွေ့  လာခဲ့ရပါတယ်၊ ဒီလို မြင်တွေ့ ရလေတိုင်း အခြားတိုင်းရင်းသားများနဲ့  မခြားလှတဲ့ ကရင်နီပြည်သူလူထုတွေရဲ့ ပညာရေး။ ကျန်းမာရေးကို မိမိတတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေးလိုတဲ့ ဆနတွေဟာ နော်ရှာခုရဲ့  ရင်မှာ ပြင်းပြလာခဲ့ ရပါတယ်၊ နော်ရှာခုဟာ သူနြာ့ပုသင်တန်းကို စိတ်ရှည်လက်ရှည် သင်ယူခဲ့ပါတယ်၊ သင်တန်းပြီးဆုံးပြီးနောက် နမ့်ခမ်းဆေးရုံမှာပဲ လက်တွေ (၁)နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊
၁၉၅၂ ခုနှစ်မှာတော့ မွေးရပ်ဒေသ ကရင်နီပြည်နယ်ကို နော်ရှာခု ပြန် လည်ရောက်ရှိလာခဲ့ပါတယ်၊ ပြန်ရောက်ပြီး တနှစ်မှာတော့ ကရင်နီပြည် အထူးဒေသက ရွာလေးတရွာမှာ ကရင်နီကလေးငယ်များကို စာသင်ပေးတဲ့ စေတနာဆရာမ အလုပ်ကို တနှစ်ကျော်ကြာ နော်ရှာခု ထမ်းဆောင်ခဲ့ပါတယ်၊ လိုအပ်လျင် လိုအပ်သလို သင်ကြား တတ်မြောက်လာတဲ့ ဆေးပညာနဲ့  နီးစပ်ရာ ပတ်ဝန်းကျင်က ကရင်နီလူမျိုးများရဲ့ ကျန်းမာရေးကိုလည်း ဖြည့်ဆည်းပေးခဲ့ပါတယ်၊
တောတွေတောင်တွေထူထပ်တဲ့ ကရင်နီပြည်နယ်မှာ တရွာနဲ့ တရွာကို တောတွေ။ တောင်တွေ။ မြစ်ချောင်းတွေက ကာဆီး ထားကြပါတယ်၊ တခါတခါ မိမိလူမျိုးအတွက် တတောဝင် တတောင်တက် ခရီးတွေဖြတ် သန်းပြီး တရွာနဲ့ တရွာ ဆေးကုသခဲ့ရပေမဲ့ ကရင်နီပြည်သူတွေရဲ့ ရိုးသားပြီး အပြစ်ကင်းစင်တဲ့ အပြုံးတွေကပဲ နော်ရှာခုရဲ့  ပင်ပန်းဆင်းရဲမှု တွေကို ပြေလျော့ပျောက်ကွယ်စေခဲ့ပါတယ်၊ “ကျမတို့ ကရင်နီရွာတွေဟာ တရွာနဲ့ တရွာ အတော်လေးကို အလှမ်းဝေးတယ်၊ ရွာသူရွာ သားတွေက လိုအပ်လို့  အားကိုးတကြီးနဲ့  လာခေါ်တဲ့အခါ ညကြီးမင်းကြီး လိုက်သွားရ တာတွေလည်းရှိပါတယ်၊ ဒီလိုသွားရလို့  ကျမ ပင်ပန်းတာတော့ အမှန်ပါပဲ၊ ကျမတို့  လူမျိုးတွေဟာ ရိုးသားကြတယ်၊ အပြစ်ကင်းကြတယ်၊ သူတို့ တွေရဲ့  အပြုံးဟာ ကျမစိတ်နှလုံးကို ချမ်းမြေ‹စေခဲ့ပါတယ်”
ကရင်နီပြည်သူတွေအပေါ် စေတနာထားတဲ့ နော်ရှာခုဟာ ကရင်နီအမျိုးသား တော်လှန်ရေးအပေါ်မှာလည်း သံယောဇဉ် တွယ်ခဲ့ရပြန် ပါတယ်၊ ၁၉၅၃ ခုနှစ်မှာတော့ ကရင်နီတော် လှန်ရေးထဲ ၀င်ရောက်ခဲ့ပြီး ကရင်နီတော်လှန် ရေးသမားများအတွက် ကျန်းမာရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်၊ ၁၉၅၄ ခုနှစ် ရောက်တော့ ပအိုဝ့်တော်လှန်ရေးခေါင်း ဆောင်များမှ ကရင်နီခေါင်းဆောင်များထံ မဟာမိတ်ဆက်ဆံရေးအရ ကျန်းမာရေးအတွက် အကူအညီတောင်းခံလာခဲ့ရာမှ နော်ရှာခုကို ပအိုဝ့်တော်လှန်ရေးအတွက် ဆေးသင်တန်းနည်းပြအဖြစ် ကရင်နီခေါင်းဆောင်များက တာဝန်ပေးအပ်ခဲ့ပါတယ်၊
ကရင်နီ တော်လှန်ရေးနယ်မြေမှ  ၁၉၅၄ ခုနှစ် ဇွန်လမှ စတင်ထွက်ခဲ့ရာ ပအိုဝ့် တော်လှန်ရေးနယ်မြေ (ရှမ်းပြည်တောင်ပိုင်း ဒေသသို့ ) ၁၉၅၄ ခုနှစ် ဒီဇင်ဘာမှာ ရောက်ရှိ ခဲ့ပါတယ်၊ မိုးတွင်းကာလ လမ်းခရီးတ လျောက်လုံး တတောဝင်တတောင်တက် တော်လှန်ရေး ခရီးကြမ်းထဲမှာ (၆)လကျော် ကြာခြေလျင်ခရီးကို အမျိုးသမီးအဖော်တဦး နဲ့  အတူ တော်လှန်ရေးရဲဘော်များကြားမှာ ဖြတ်သန်းကျော်လ$ားခဲ့ရတဲ့ နော်ရှာခုရဲ့  ဇွဲ သတ္တိနဲ့  ကြံ့ ကြံ့ ခံတဲ့ စိတ်ဓာတ်ကို ကျမအံ့သြ နေခဲ့ရပါတယ်၊ တိုင်းရင်းသားချင်း ကူညီရိုင်းပင်းလိုတဲ့ စိတ်ဓာတ်ကိုလည်း ကျမ မလေးစားပဲ မနေနိုင်ပါ၊
ဒီနေရာမှာ ကျမ အိမ်မှ တော ခိုလာပြီးနောက် ခရိုင်ဒေသအတွင်းမှ မာနယ်ပလော ဗဟိုဌာနချုပ်ကိုလာခဲ့ရတဲ့ (၇)ရက် ကြာ တတောဝင်။ တတောင်တက် တချောင်းဖြတ်။ တလျိုတိုးခဲ့ရတဲ့ ခရီးကို ပင်ပန်းဆင်းရဲခံရခြင်းဟု ခံစားခဲ့ရသည်များမှာ အမိုးနော်ရှာ ခုရဲ့ (၆)လကျော်ကြာ ခရီးစဉ်နဲ့ ယှဉ်ကြည့်လိုက်တော့ ကျမရဲ့ ပင်ပန်းမှုဟာ မြူတမှုန်စာလောက်သာ ရှိခဲ့ပါ လားလို့ လည်း သတိချပ်စေခဲ့ပါတယ်၊ အဲ့ဒီ အချိန်က ကျမ ခံစားချက်တွေဟာလည်း  အခုအချိန်မှာ ကျမကို ရှက်စိတ်တွေအဖြစ် ပြောင်းလဲရောက်ရှိ ခဲ့ရပါပြီ၊
ရှမ်းပြည်တောင်ပိုင်း ပအိုဝ့်တော် လှန်ရေးနယ်မြေ မီးဌာန။ ကြယ်ဌာန စတဲ့ဒေသမှာ ဆေးသင်တန်းများပေးခြင်း။ ပအိုဝ့် တော်လှန်ရေးသမားများအား ဆေးကုခြင်း စတဲ့တာဝန်ကို (၄)နှစ်ကျော်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမိုးနော်ရှာခုဟာ ပအိုဝ့် ဘာသာစကားကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ပြောတတ်လာပါတယ်၊ ၁၉၅၈ ခုနှစ်မှာ မေလ(၅)ရက်နေ့ မှာတော့ ပအိုဝ့်တော်လှန်ရေးအတွင်း ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ပါတယ်၊
ဒီလိုအခြေအနေတွေကြောင့် ကရင်နီပြည်နယ်ကို ပြန်ဖို့ ပြင်ဆင်တော့ မိုးတွင်းကာလပေမို့  ပအိုဝ့်တော်လှန်ရေးခေါင်း ဆောင်တချို့ ရဲ့  မေတျွှာရပ်ခံချက်ကြောင့် (၆)လထပ်မံနေခဲ့ပြီး ပအိုဝ်တော်လှန်ရေးသမားများနဲ့  ပအိုဝ့်ပြည်သူများကို ကျန်းမာရေးပိုင်းဆိုင်ရာ စောင့်ရှောက်ကူညီမှုများ ပေးခဲ့ပါတယ်၊ ၁၉၅၈ ခုနှစ် ဒီဇင်ဘာမှာတော့ ကရင်နီပြည်ကို နော်ရှာခု ပြန်လည်ရောက်ရှိခဲ့ပြီး ကရင်နီတော်လှန်ရေးသမားများနဲ့  ကရင်နီပြည်သူများရဲ့   ကျန်းမာရေးအတွက်  မိမိတတ်ကျွမ်းတဲ့ ဆေးပညာနဲ့ အားသွန်ခွန်စိုက် နော်ရှာခု လုပ်ကိုင်ခဲ့ပါတယ်၊
သေနတ်သံတွေ တိုက်ပွဲသံတွေဟာ တော်လှန်ရေးသမားတွေအတွက် ရှောင်လွဲလို့ မရတဲ့ နေ့ စဉ်အဖြစ်အပျက်တွေပါ၊ နော်ရှာခု ဘ၀ဟာလည်း ဒီအရာတွေနဲ့ မရင်းနှီးချင်ပဲ ရင်းနှီးလာခဲ့ရပါတယ်၊ ပအိုဝ့်တော်လှန်ရေးနယ်မြေက တိုက်ပွဲသံတွေ။ ကရင်နီတော်လှန်ရေးအတွင်းက တိုက်ပွဲသံတွေဟာ နော်ရှာခုအတွက် အဆန်းတကျယ် ဖြစ်နေတော့ပါ၊ တိုက်ပွဲတွေ ကြောင့် နေရာရွေ့ ပြောင်းမှုတွေအကြိမ်ကြိမ် ကြုံခဲ့ရတဲ့အပြင် ခြေလက်အင်္ဂါအစိတ်အပိုင်းတွေ စွန့် လွှတ်ခဲ့ရသူတွေ။ သွေးရဲရဲ။ သံရဲရဲ မြင်ွင်းတွေဟာ နော်ရှာခုလို ဆေးဝန်ထမ်းတွေအတွက် နေ့ စဉ်မြင်တွေ့ ရတဲ့ မှန်သားပြင်တချပ်လို ဖြစ်ခဲ့ရပါတယ်၊
၁၉၅၉ ခုနှစ်တော့ နော်ရှာခုအတွက် ဘ၀အလှည့်အပြောင်း တခုဖြစ်လာပါတယ်၊ ကရင်အမျိုးသား ဗိုလ်မှူးစံလင်းနဲ့  နော်ရှာခု ပအိုဝ့်တော်လှန်ရေးနယ်မြေထဲမှာ ရေစက်ဆုံခဲ့ ကြပါတယ်၊ ဒီရေစက်ကြောင့်ပဲ ၁၉၅၉  ခုနှစ် ဧပြီလ (၄)ရက်နေဏ္ဍမှာ ဗိုလ်မှူးစံ လင်းနဲ့  လက်ထပ်ခဲ့ပါတယ်၊ လက်ထပ်ပြီး (၂)လအကြာမှာတော့ ဗိုလ်မှူးစံလင်းက က ရင်တော်လှန်ရေးတာဝန်နဲ့  ကော်သူးလေပြည်ကို ပြန်သွားရသလို ကရင်နီတော်လှန်ရေး ရဲမေတဦးဖြစ်တဲ့ နော်ရှာခုဟာလည်း ကရင်နီအနောက်တိုင်း ပြည်သူများကြားမှာ တာဝန်တွေပြန်လည် ထမ်းဆောင်ခဲ့ပါတယ်၊
ယောင်နောက်ဆံထုံးပါဆိုတဲ့ ဆိုရိုးစကားကို ကြားဖူးနားဝရှိကြပေမယ့် အခြေ အနေတွေကို နှစ်ဦးလုံးက နားလည်သဘော ပေါက်နေခဲ့တာမို့  နားလည်မှုရှိစွာ သူတို့ နှစ်ဦး ခွဲခွာနေခဲ့ရပါတယ်၊ “တနှစ်ကျော် နှစ်နှစ်။ တခါတခါလည်း နှစ်နှစ်ခွဲကျော်ကြာမှ ပြန်ဆုံခွင့်ရပေမယ့် ကျမတို့  နှစ်ဦးလုံး နားလည်မှု အပြည့်အ၀ရှိပါတယ်၊ သူ့ အပေါ် ကျမနား လည်သလို သူလည်း ကျမအပေါ် နားလည်ခဲ့ ပါတယ်၊ သူတခါပြန်လာရင် တပတ်ကျော် နှစ်ပတ်နီးပါးလောက်ကြာတတ်ပြီး သူ့ မှာလည်း သူ့ တာဝန်နဲ့ မို့  သူ့ ကိုကြည့်ပြီး ကျမ သနားမိတယ်”၊
၁၉၇၅ ခုနှစ်မှာတော့ ကရင်နီကြီး ဥက္ကဋ္ဌ စောမောရယ်က သံလွင်အရှေ့ ခြမ်း ကရင်နီအရှေ့ တိုင်းမှာ နော်ရှာခုကို တာဝန် ပေးခဲ့ပါတယ်၊ “ကရင်နီအရှေ့ တိုင်းမှာ တာဝန်ကျတော့ ကရင်ပြည်နယ်နဲ့  နယ်နမိတ် ထိစပ်နေခဲ့တာမို့  ကျမတို့  နှစ်ဦးရဲ့  ဘ၀ဟာ အရင်ကလောက်တော့ မဝေးတော့ဘူးလို့  ထင်ရပေမယ့် အမြင်ကနီးပေမဲ့ ခရီးကတော့ ဝေးနေဆဲပါပဲ”၊  အမိုးနော်ရှာခုရဲ့  အဖျားခတ်တုန်ခါသွားတဲ့အသံတွေထဲမှာ လွမ်းဆွတ်မှုတွေ ရောစွက်လို့ နေပါတယ်၊
ကျမ သားသမီး(၇)ဦးမွေးခဲ့ရတယ်၊ ဒီလိုအချိန်တိုင်း ကျမအနားမှာ ဗိုလ်မှူးစံလင်း ရှိမနေခဲ့ဘူး၊ ကျမ သားသမီးတွေကိုလည်း ရပ်နဲ့ ရွာနဲ့  အတည်တကျနေပြီး  အေးအေး လူလူ မွေးခဲ့ရတာ မဟုတ်ပါဘူး၊ တယောက်ကို  တနေရာမှာ မွေးရသလို တိုက်ပွဲတွေကြားမှာ မိုးထဲလေထဲမှာ ပြေးရင်းလွှားရင်း မွေးခဲ့ရတာက များပါတယ်၊ မှတ်မှတ်ရရ ကျမ သားဦး လေးကိုမွေးတော့ မနက်(၁၀)နာရီ၊ ညနေ (၄)နာရီလောက်မှာ ကျမတို့ နေရာကို ရန်သူ ကတက်လာတယ်၊ တိုက်ပွဲဖြစ်တော့ ပြေးရတယ်၊ မပြေးလည်း မဖြစ်ဘူး၊ အဲဒီအချိန်မှာ မိန်းမသားစိတ်နဲ့  အားငယ်မိတာတော့ အမှန်ပဲ၊ အခြေအနေတွေကိုလည်း နားလည် နေခဲ့တော့ စိတ်ကိုဖြေပြီး ကိုယ့်ကိုယ်ကို ပြန်အားပေးရတယ်၊ ဗိုလ်မှူးစံလင်း ကျမအနားမှာမရှိနေပေမယ့် ကျမရဲ့  အသင်းတော်သူ အသင်းတော်သားတွေ။ တော်လှန်ရေးရဲ ဘော်ရဲဘက်တွေက ကျမကို အားအင်တွေပေးခဲ့ ပါတယ်၊ သွေးနုသားနုနဲ့  ပြေးလွှားသွားလာခဲ့ တဲ့ ဒဏ်တွေကြောင့်ပဲ ကျမမှာ အမျိုးသမီး သဘာဝအရ အဆက်အမြစ်တွေ ထုံကျင် ကိုက်ခဲ့တာ။ မျက်နှာပေါ်မှာ အစက်တွေ အပျောက်တွေ။ အကွက်တွေထွက်လာ တယ်၊
ဒီရောဂါကို မာနယ်ပလောရောက် တော့ ပိန္နဲကုန်းက ရသေ့ကြီးတပါးနဲ့  ကုခဲ့ပါတယ်၊ ဆရာရသေ့ကြီးက ကျမကို အားပေးခဲ့ သလို တတ်စွမ်းသလောက်လည်း ကုသပေးခဲ့ ပါတယ်၊ အားလုံးတော့ မပျောက်ကင်းခဲ့ပါ ဘူး၊ ဒီလိုဝေဒနာကို ကျမ တဦးထဲခံရတာ မဟုတ်ဘူး၊ ကျမလို့ ပဲ အခြားတိုင်းရင်းသူ   အမျိုးသမီးတွေလည်း ခံစားရမယ်ဆိုတာ ကျမသိပါတယ်၊ ကိုယ့်လူမျိုးအတွက် တာဝန်တွေထမ်းဆောင်နေခဲ့သူမို့  လောကကြီးထဲမှာ ဘယ်လို ဘ၀နဲ့ ပဲ  အသက်ရှင်ရရှင်ရ ကျမကြေနပ်ပါတယ်”
 “ကျမ အသက် ၄၉ နှစ်ကျော် ၅၀ ထဲရောက်မှ ကော်သူးလေ ကရင်တော်လှန် ရေးနယ်မြေထဲကို ရောက်ခဲ့ပါတယ်၊ ဒီအချိန် ကျမှ ကျမနဲ့  ဗိုလ်မှူးစံလင်းဟာ အိမ်ထောင်သည်ဘ၀။ အိုးအိမ် အတည်တကျ နေခဲ့ရပါတယ်၊ တတ်နိုင်တဲ့ ဘက်က ဆေးဘက်ဆိုင်ရာ တာဝန်တွေဆောင်ရွက်ပေးဖို့  ကရင်အမျိုး သားခေါင်းဆောင်တွေက ကျမကို ကမ်းလှမ်းခဲ့ ပါသေးတယ်၊ ကျမက အသက်လည်းကြီး တလျောက်လုံး စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့တဲ့ ဒဏ်တွေကလည်းများတော့ သားတွေသမီး တွေနဲ့  နားနားနေနေ နေချင်မိတယ်၊ ဒါ ကြောင့် လူကြီးတွေရဲံ ကမ်းလှမ်းချက်ကို ကျမ ငြင်းခဲ့ပါတယ်၊ တကယ်လိုအပ်လာခဲ့ရင်တော့ ဆေးဆရာ။ ဆရာမ လုံးဝမရှိတဲ့နေရာမျိုးကို သွားခိုင်းရင်လည်း ကျမသွားမယ်လို့ တော့ ဆုံးဖြတ်ထားပါတယ်၊ တော်လှန်ရေး မအောင်မြင်သေးသရွေ  ကိုယ်နိုင်တဲ့ဘက်က ထမ်းဆောင်ဖို့  ရှိတယ်ဆိုတာ ကျမရင်ထဲမှာ အမြဲခံယူထားပါတယ်”
“ကျမတို့  တော်လှန်ရေးလုပ်တယ် ဆိုတာ တချိန်လုံး ပြေးလွှားနေခဲ့ရတာပါ၊ နေသတ္တိ။ စားသတ္တိ။ သွားသတ္တိ။ လာသတ္တိ အမြဲလို သတိရှိနေရတယ်၊ ဒီနေ့  ဒီနေရာမှာ ရှိပေမယ့် နောက်တနေ့ စာအတွက်လည်း ကြိတင်နေ ရာပြင်ဆင်ထားရတယ်၊ ထင်းခွေ။ ရေခပ်။ ဆန်တောင်း။ ဆန်ပြာအလုပ်တွေဟာ ကျမတို့ ရဲ့  နေ့ စဉ်အလုပ်တွေပါ၊ ဆေးတာဝန် ကို ယူရတာကလည်း နေ့ စဉ်အလုပ်တွေ ကြားက အဓိကတာဝန်တခုပါ၊ တော်လှန်ရေးမှာ တောင်ယာခုတ်စားရတယ်ဆို တာကလည်း ရိက္ခာအတွက်မို့  မောတယ်ပန်းတယ်လို့  သဘောထားလို့  မရပါဘူး၊ ကျမတို့  လူ ထုကိုချည်း အားကိုးလို့  လည်း မဖြစ်ပါဘူး၊ ပြည်သူတွေဟာလည်း ကျမတို့ လိုပဲ ရုန်းကန် နေကြရတဲ့သူတွေပါ”
အမိုးနော်ရှာခုရဲ့  အမျိုးသားတော်လှန်ရေး အတွေ့ အကြုံဖြတ်သန်းမှုအ ကြောင်းများကို ပြန်လည်ပြောပြနေချိန်မှာ ကျမ အသက်ရူဖို့ တောင် မေ့လျော့နေခဲ့တယ်လို့  ထင်ပါတယ်၊ အမိုးနော်ရှာခုရဲ့  ခိုင်မာတဲ့ စိတ်ဓာတ်၊ အမိုးရဲ့  အမျိုးသားရေးအပေါ် တာဝန်ကျေပြွန်မှု။ အမိုးရဲ့  ပြည်သူလူထုအပေါ် မြင်တဲ့အမြင်။ ခင်ပွန်းအပေါ် နားလည်မှု ပေးနိုင်တဲ့ သဘောထားတွေဟာ လေးနက်လွန်းလှပါတယ်၊  အမိုးကို ကျမ မလေးစားပဲ မနေနိုင်ပါ၊ အမိုးရဲ့  အိမ်ထောင်ဘက်။ လက်တွဲဖော်ဆိုတဲ့ ဗိုလ်မှူးစံလင်းနဲ့  အမိုးနော်ရှာခုဟာ အေးအတူပူအမျဘ၀ကို (၁၀) နှစ်ကျော် မျသာ ဆုံခွင့်ရခဲ့ပါတယ်၊ ကရင်အမျိုးသားခေါင်းဆောင် ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူးဖြစ်သူ အဖူး “ပဒိုစံလင်း” ဟာ ၁၉၉၆ ခုနှစ်မှာပဲ အမိုးဘ၀ထဲက အပြီးအပိုင် ထွက်ခွာသွားခဲ့ပါတယ်၊ ဒါကိုလည်း အမိုးနော်ရှာခုက တရားဓမ္မာနဲ့  ဘ၀ကို တည်တည် ငြိမ်ငြိမ်နဲ့  ဖြေသိပ်နိုင်ခဲ့ပါတယ်၊
“ကျမ ဘ၀ အကျိုးပေးပါပဲ၊ ဗိုလ်မှူးစံလင်းကို ကျမအတွက် ဘုရားသခင်က လက်ဆောင်ပေးခဲ့တာပါ၊ ကျမတို့ ဟာ ကျမ တို့ ဘ၀ကို ကျမတို့ မပိုင်ကြပါဘူး၊ ကျမတို့  ဘ၀ကို ကျမတို့ တော်လှန်ရေးက ပဲပိုင်ပါတယ်၊ အခုလည်း ဘုရားသခင်က ကျမတို့  ဘ၀ကို ဒီလောက်ပဲ တွေ့ ဆုံခွင့်ရဖို့  ပေးခဲ့တာမို့  ဒါကိုလည်း ကျမကြေနပ်ပါတယ်၊ သူ လည်း သူ့  ရဲ့  အမျိုးသားရေးအတွက် တာဝန်တွေကျေခဲ့သူမို့  သူ့ အတွက် ကျမဂုဏ်ယူပါတယ်”
ဘယ်လောက် လေးစားကြည်ညို စရာကောင်းလိုက်ပါသလဲ၊ အမိုးနော်ရှခုပြောတဲ့ စကားလေးတခွန်းကတော့ ကျမ အသဲထဲ စိုက်ဝင်လို့  တသက်လုံး စွဲထင်ကျန်ရစ်နေမယ့် စကားတခွန်းပါပဲ၊  “ကျမတို့ ဘ၀ကို တော်လှန်ရေးကပိုင်တယ်”။
——————————-
(နိုဝင်ဘာ ၁၃၊ ၂၀၁၄)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Tags: ,
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခိုင်မာကျော်ဇော, လူများ၊ ရုပ်ပုံလွှာများ
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ကြပါစေ …
မိုးမခကို အိမ်အရောက် ပို့ပေးမည်
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ
By
    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...
Read more »
စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်
By
  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...
Read more »
မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ
By
 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...
Read more »
မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ
By
  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်