ဂျော်ဒီး – အိုဘားမားကို သည်လို သည်လို ကြိုကြမယ်

November 14, 2014

 

ဂျော်ဒီး – အိုဘားမားကို သည်လို သည်လို ကြိုကြမယ်

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၄

မိုးမခရွာသား ကလေးငယ်များ.. ရွာထိပ်မိုးမခပင်ကြီးအောက် (မိုးမခပင် ဘယ်လောက်ကြီးမကြီးတော့ မသိ) တွင်  စုရုံး ကြွက်စီနေကြသည်..။

မောင်ရစ်က  “စွမ်းအားရှင်ဘဘကို  အမည်မဲကြီး လုပ်ပစ်တာတဲ့ ..။နောက်ဆို မျက်နှာမဲကြီးပါ ဖြစ်အောင်  လုပ်မလား မသိဘူးကွ”

အင်မတန် အရေးကြီးသယောင် မျက်နှာပေးနှင့် စတင်၏။

ရန်လိုကျွဲက.. အရေးမပါသယောင်  မှတ်ချက်ပြု၏။

“အစတည်းက  အမည်ပါမက…တကိုယ်လုံး မဲပြီးသားကြီးများကွာ..။ ဘာဆန်းလို့လဲ”

မောင်ရစ်က … “ကြံ့ဖွတ်အသံ.. လွှတ်တော်အသံ..ဆိုတဲ့   လွှတ်တော်ကြီးကတောင် ..ဒီကိစ္စကို အရေးတကြီးအဆို တင်ပြီး  ကန့်ကွက်သူမရှိ…ရှုံ့ချကြသတဲ့ ”

မျက်ရည်လွယ်သောတဲ့ ..စောငိုက  တရှုံ့ ရှုံ့ ငိုနေသည်။

“စောငို.. မင်းက  ဘာလို့ ငိုတာလဲ ကွ”လို့  မောင်ရင်ငတေက မေးတော့..

စောငို – “ဒေါ်ခင်မျိုးစောင့်ကြည်ကို သနားလို့ပါကွာ..။ လွှတ်တော်ထဲမှာ သူ့မျိုးစောင့်ဥပဒေတို့  ပလီပလာပီအာတို့ ထက် အရေးကြီးတဲ့  အဆိုတွေ ပေါ်ပေါ်လာလို့..သူ့ခမျာ  အားငယ်ရှာမယ်ကွာ..”

အောင်ထက် – “ အော်..ဒါများကွာ..။ မငိုနဲ့  တိတ်တိတ်..။ သူ့ကို  အားပေးမဲ့ မဲဆန္ဒရှင်တွေရှိတယ်..။ သူတို့ ဆန္ဒပြပေးကြမလို့တဲ့..။ သူတို့ကိုယ်စားလှယ်ကြီးခမျာ.. လွှတ်တော်ကိုယ်စားလှယ်လုပ်ရတာ.. အဆဲခံရလွန်းလို့.. လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းပေးဖို့. .ခြိမ့်ခြိမ့်သဲသဲ တောင်းဆို ဆန္ဒပြပေးကြမှာတဲ့”

“ဘာပဲ ပြောပြောကွာ..။ တို့က  မျိုးချစ်စိတ်ရှိတဲ့  ကလေးတွေကွ..။ ဒီကိစ္စ ငြိမ်ခံလို့  မဖြစ်ဘူး..။ မောင်ရစ်..မင်းက စာရေးဆရာမကြီး  ဒေါ်ခင်မျိုးချစ် မြေးဆိုတော့  မျိုးချစ်စိတ်ပိုရှိသင့်တယ်..။မင်း  ဦးဆောင်ပြီး  တခုခုတုန့်ပြန်သင့်တယ်။” ခင်လွန်းက  ခင်မင်သူများကို   အဆင်းဘီးတပ်တွန်းတတ်သူပီပီ.. ချောဆီထဲ့ကာ မောင်ရစ်ကို ခေါင်းဆောင် တင်၏။

  ခပ်လှမ်းလှမ်းတွင်  ဇယ်ခုတ်နေသော ဂျူနီယာက..ဆတ်ခနဲလှည့်ကြည့်ရင်း.. “ဟုတ်တယ်..။တို့က မျိုးချစ်စိတ်ပို ရှိသင့်တယ်..။ မေမေကြီး  မြေးတွေလေ..” ဟု ထောက်ခံ၏။

ကျော်ဟုန်းက  “ အိုကွာ… မင်းတို့မှ  မျိုးချစ်စိတ် ရှိတာ မဟုတ်ပါဘူးကွ..။တို့တွေလဲ  အနှစ်(၂၀)ကျော်.. ဗိုလ်ဖင်တွန့် ကျေးဇူးနဲ့  မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး..စိတ်ဓါတ်တွေ မွေးမြူခံလာရတာပါကွ” လက်သီးလက်မောင်းတန်း ကြွေးကြော်လေသည်..။

ကရင်မလေးခိုင်မာနဲ့   ကရင်ငါးမူး ဗမာငါးမူး.. ကယ်သွေတို့က.. ဂျော်ဒီးနဲ့  ဟေမန်သဇင်ကို လှမ်းခေါ်ရင်း..

“အို..ပြောနေကြာတယ်..။ တို့တွေ မျိုးချစ်စိတ်ရှိကြောင်း ပြကြစို့..။ လာ…တို့ ဘဘ“တောင်း” ကို  အမည်မဲလုပ်တဲ့နိုင်ငံက..  အိုဘားမားကြီးကို  ဆန္ဒ သွားပြကြစို့”

ဂျော်ဒီးက  မိုးမခပင်အောက်မှ  သူငယ်ချင်းများကို ကြည့်ရင်း.. အတူတူ ထမင်းချက်တမ်းကစားနေသော..မိန်းကလေးအုပ်စုမှ…ဇာနည်ဝင်း..၊ဟေမန်သဇင်နှင့် မုန့်ချိုသင်းတို့ကို  တီးတိုးပြောလိုက်သည်..။

“သူတို့  မိုးမခပင်ကြီးအောက်မှာ  ကစားနေတာက..  တို့တွေလို..ထမင်းချက်တမ်း ကစားရတာလောက်လဲ ပျော်စရာမကောင်းဘူးနော်”

အစားမက်သော..မုန့်ချိုသင်းက.. “အေးလေ…စားစရာလဲ ဘာမှရှိဘူး”

ဟေမန်သဇင်ကတော့  တွေးတွေးဆဆဖြင့် … “ဒါပေမဲ့ … ငါလဲ မေမေကြီး  မြေးဆိုတော့  မျိုးချစ်စိတ် နဲနဲတော့  ပြသင့်တယ်ထင်တာပဲ…”

သို့ နှင့်  နောက်ဆုံးတွင်.. မိုးမခပင်ကြီးအောက်မှ ကလေးတသိုက်သည် အိုဘားမားကြီးအား မျိုးချစ်စိတ်အရင်းခံကာ… ဆန္ဒပြရန် ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ကြသည်။

“ဆန္ဒပြတာကတော့  ဟုတ်ပါပြီ..။ ဘာကြွေးကြော်သံတွေ  တိုင်ကြမလဲ..”

“တိုင်းပြည်ဘဏ္ဍာသူခိုး..… ဒီပဲယင်း လူသတ်တရားခံ… အဓိကရုဏ်းတွေ ဖန်တီးရှင်…စွမ်းအားရှင်ဂိုဏ်းစတား “ဘဘတောင်း” အား..အမည်မဲစာရင်းမှ ပယ်ဖျက်ပေးရေး… တို့အရေး.. တို့အရေး … ပေါ့ဟာ”

“အေး..ကောင်းတယ်..။ ခက်တာက  ဆန္ဒဖော်ထုတ်ရမှာက ကမ္ဘာ့ထိပ်သီး အိုဘားမားကြီးကွ..။ ကပျက်ကချော်  လုပ်လို့ မဖြစ်ဘူး..။ လူရှိန်အောင်.. တခုခုတော့ လုပ်မှ..”

“ အို… ခန့်ငြားအောင်ဆို.. သမတကြီးနဲ့ ၀န်ကြီးတွေ ရှိတယ်လေ..။ လွှတ်တော်ထဲက တခဲတနက်   ရှုံ့ချထားတဲ့ လွှတ်တော်နာယကကြီးတွေနဲ့  အမတ်မင်းတွေလဲ  ခေါ်ရမယ်..။ သူတို့က ဒီကိစ္စနဲ့  ပတ်သက်ပြီး အတော်မကျေမနပ်ဖြစ်နေတာကွ..”

“ဟိုတုန်းက  တအိမ်တယောက်  မလိုက်မနေရ  လူထု အစည်းဝေးပွဲကြီးတွေကို ကျင်းပတတ်တဲ့ ကြံ့ဖွတ်ပါတီဝင်တွေကိုလည်း  လှည်းနေလှေအောင်း ခွေးဇောင်းမကျန် ခေါ်ရမယ်..။ သူတို့က  ဒါမျိုးကျွမ်းကျင်တယ်..”

“ အိုဘားမားတော့…ဒီအင်အားတွေ မြင်ရင်  အတော် ရှိန်သွားမယ်..”

“ကဲကဲ… အချိန်မရှိဘူး..။ အမြန်ဆုံး သမတလူကြမ်းအဖွဲ့ ကို  ဆန္ဒဖော်ထုတ်ပွဲ ဖိတ်ဖို့ သမတအကြံပေး  ပြန်ကြားရေးဝန်.. ဦးဘဲကျွတ်ကို ဖွဘုတ်ကနေ.. မတ်စိပို့ ပြီး ဆက်သွယ်လိုက်မယ်..။ သူက  တချိန်လုံး ဖွဘုတ်သုံးနေတာ.။.”

ပြောပြောဆိုဆို…၀က်မာစတာမောင်ရစ်က  ဦးဘဲကျွတ်ထံ မတ်စိပို့လိုက်သည်..။

      ဂျရစ်…ဂျရစ်..တိန် (မောင်ရစ်ထံမှ..မတ်စိပို့သံ)

 တော်ပေးသေး၏ ..။ ခုရက် အိုဘားမားလာမှာမို့   မိုးမခရွာမှာ အင်တာနက်လိုင်းတွေကို  ထုံးသုတ်ပြုပြင်ထားသည် ဖြစ်ရာ  မိနစ်ပိုင်း အတွင်း ပြန်ကြားရေးဝန် ဦးဘဲကျွတ်ထံမှ  မတ်စိပြန်ဝင်လာသည်..။

    ဂျကျွတ်..ဂျကျွတ်..တောင်( ဦးဘဲကျွတ်ထံမှ မတ်စိ  ပြန်ဝင်သံ)

“ ဟေ့..ကလေးတွေ..။ မင်းတို့  ပုဒ်မ (၁၈) (၁၉) (၂၀) (၂၁) ဆိုတာ မကြားဖူးဘူးလား..။ ဘာ ဆန္ဒဖော်ထုတ်မှုမှ  လုပ်မယ်မကြံနဲ့ ၊ ဆွဲစိလိုက်မယ်..။ မီဒီယာသမားတွေကို  ကြိုက်တဲ့ ပုဒ်မတပ်ပြီး ငါတို့ ဆွဲစိနေတာ.မြင်တယ် မဟုတ်လား..။ ဘူး..ထွား..ဟား..ဟား”

  ( ဂျရစ်..ဂျရစ် ..တိန်)

“ ဟာ..ဒီကိစ္စက  ခင်ဗျားတို့က တောင်  ဦးဆောင်လုပ်ရမှာလေ..။ ခင်ဗျားတို့ပါတီ.. ခင်ဗျားတို့ အဖွဲ့ သားတွေကို နမူနာပြဆော်ထားတာ..။ ဘဘတောင်းပြီးရင်.. ခင်ဗျားတို့တသီကြီးလာမှာ..။ မဲရုံတင်မကဘူး..။ မွဲတောင် သွားဦးမှာ..။ ဟို..စာဖတ်နေတဲ့  ဘဘကြီးတို့တမိသားစုလုံးတောင်…. ကုန်းကောက်စရာ မရှိဖြစ်သွားမှာ ဗျ..။ ကျုပ်တို့က.. တိုင်းတပါးနဲ့ ကိုယ့်မိုးမခရွာသားတွေကိစ္စမို့ .. မျိုးချစ်စိတ်နဲ့ ကူညီတာ..။ ကျုပ်တို့မှာ..မဲစရာဆိုလို့ ဆော့ထားတဲ့   လက်တွေပဲ ရှိတယ်..။ ခင်ဗျားမျက်နှာကြီး  လာသုတ်လိုက်ရမလား.. ကတောက်”

  (ဂျကျွတ်..ဂျကျွတ်…တောင်)

“ ဘာမှ ပြောမနေနဲ့ …စိန်ကောင်းရွှေကောင်း  သူတောင်းစားဆက်ဆံရေး ပေါ်လစီကွ…။ မင်းတို့က  ဆေးရိုးသယ် ကန့်လန့်ကန့်လန့်  မလုပ်နဲ့ ..။ ဟိုက စိတ်ကွက်သွားရင်… အကူအညီတွေမရပဲ  နေမယ်..။ လွှတ်တော်ထဲမှာတောင်  မင်းတို့ ဒီမိုမယ်တော်ကြီးကို အမျိုးသား ရင်ကြားစေ့ရေး ငြိမ်ဆေးကျွေးထားတာ တွေ့ တယ်မို့လား..။ ဒါဗြဲ..”

( Network  error..)

( Loading……)

(No  internet  connection)

  မောင်ရစ်ကား…လက်ထဲမှ ကိုင်ထားသော..ဖုန်းကို ဒေါသတကြီး ကိုင်ပေါက်လိုက်သည်..။

မိုးမခရွာသား ကလေး တသိုက်ကား.. အကြောင်းစုံကို သိရလျှင်.. သိရချင်း လက်သီးလက်မောင်းတန်းကာ  ကြွေးကြော် လိုက်လေသည်..။

 

  “ပြည်ပ  အားကိုး ပုဆိန်ရိုး အရိုးနင်ပါတီ –  သေပါစီ”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ, ဂျော်ဒီး

One Response to ဂျော်ဒီး – အိုဘားမားကို သည်လို သည်လို ကြိုကြမယ်

  1. khin lunn on November 15, 2014 at 5:02 am

    ” ခင်လွန်းက ခင်မင်သူများကို အဆင်းဘီးတပ်တွန်းတတ် သူပီပီ.. ချောဆီထဲ့ ကာ မောင်ရစ်ကို ခေါင်းဆောင် တင်၏။..”တဲ့ ။ ဟ ကိုယ့်ပုံတူကောက်ကြမ်းကို တချက်ထဲနဲ့အမိအရဆွဲလိုက်တာ တူလွန်းလို့ လက်ဖျားသာမက လက်ရင်းများပါ တုံရ..

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်