ဆောင်းလူ – အနောက်ကမ္ဘာက ရော်ဘဲကြီးများသို့ပေးစာ …

October 28, 2013

အနောက်ကမ္ဘာက ရော်ဘဲကြီးများသို့ ပေးစာ …
ဆောင်းလူ
အောက်တိုဘာ ၂၈၊ ၂၀၁၃


အနောက်ကမ္ဘာက ရော်ဘဲကြီးတို့ရေ ….
ခုတော့ ခင်ဗျားတို့လည်း ဒုက္ခ …. ဒီမိုကရေစီကို ဖင်ခုထိုင်ထားတဲ့ ခင်ဗျားတို့ အနောက်ကမ္ဘာကြီးမှာ ခုတော့ ခင်ဗျားတို့ ကိုယ်ပိုင်လွတ်လပ်ခွင့် အခွင့်အရေးတွေကို ချိုးဖောက်ခံနေရပြီ …။ ပါးပါးလေးပါ… ရော်ဘဲကြီးတို့ရေ … တကယ်ဆို ကျူပ်တို့နိုင်ငံမှာက ရှိပြီးသားဗျ …။ 
နည်းပညာ မကျွမ်းကျင်လေသလား … မလုပ်ချင်လို့ပဲလားတော့ မသိဘူး …။ ကျူပ်တို့နိုင်ငံမှာ ဘုန်းကြီး စပိုင်ရှိတယ် …။ ကျောင်းသား စပိုင်ရှိတယ် …။ သူ့လူ ကိုယ့်ဘက်သား စပိုင်ရှိတယ် …။ သူတို့ကိုထောက်လှမ်းနေတယ်ဆိုပြီး ခင်ဗျားတို့ဆီကလို ဆန္ဒတော့ သွားမပြလိုက် လေနဲ့ …။ ထောင်တွေကလည်း နိုင်ငံတလွှား အနှံ့အပြားပဲဗျာ …။ ထောင်ထဲတောင် အကောင်းပကတိအတိုင်း သွားရလိမ့်မယ်မထင်နဲ့ …။ 
ရော်ဘဲကြီးတို့ရေ .. ခင်ဗျားတို့ အနောက်ကမ္ဘာကြီး နည်းပညာတိုးတက်လာတာ အံ့မခန်းပဲဗျာ …။ နည်းပညာနောက်မှာပဲ လူတွေလည်း အမျိုးမျိုးခေါင်းစဉ်အတပ်ခံရပြီး တေ့ဖြုတ်ခံနေရတယ် …။ ခင်ဗျားတို့ မူရင်းကမ္ဘာမှာရှိတုန်းက ..လက်တဆုပ်စာ လူတစုက ဗြောင်လုပ်တယ် …။ ခုလက်ရှိနေထိုင်ရာ ဒီမိုကရေစီဒုတိယကမ္ဘာက လက်တဆုပ်စာလူတစုက တိတ်တဆိတ်လုပ်တယ် …။ ခုတော့ Clash of the privatization ပေါ့ဗျာ …။ လူမိသွားရင်တော့ lady & Gentleman ဆိုပြီး အရှက်ပြေ ..လေပြည်ထိုးမယ်ပေါ့ဗျာ …။ 
တကယ်ဆို ခုတလောတွေးမိတာက လူတစုတွေအကြောင်း …။ လူတစုကြောင့် ..လူတအုပ် ဒုက္ခရောက်တယ် …။ လူတစုကြောင့် … လူတအုပ်က ဆန္ဒပြတယ် …။ လူတစုကြောင့် … လူတအုပ်ခမျာ .. ယောင်ဝါးဝါးဖြစ်ကုန်တယ် …။ တကယ်ဆို ခင်ဗျားတို့လည်း လွတ်လပ်မှု ရကုန်ကြတာမှမဟုတ်ပဲကိုး …။ ခေါင်းစဉ်တပ်ထားတဲ့ အခွင့်အရေးတွေနောက်ကွယ်မှာ … ခင်ဗျားတို့ လွတ်လပ်ခွင့်တွေကို နဖားကြိုးထိုး ထိန်းချုပ်နေကြတာကိုး …။ 
ကျူပ်ထင်ပါတယ် …နဂိုကတည်းက သူတို့က ဆည်ဝကစောင့်တဲ့ ဗျိုင်းတွေကိုးဗျ …။ ဖား ငါး သားလောင်းလေးတွေ ပါလာလေးမလား ..ပါလာလေမလားနဲ့ …. ဂဏာန်းနဲ့တွေ့တော့ လည်ပင်းအညှပ်ခံရတာ ဆန်းတော့ မဆန်းဘူးဗျို့ …။ 
သတိထားတော့ဗျို့ … ခင်ဗျားတို့ဆီက ဒေတာအချက်အလက်တွေ ရသွားရင် တခြားဂြိုလ်သားတွေလို့ ထင်နေဦးမယ် …။ တကယ်လို့များ ရော်ဘဲကြီးတို့ရဲ့ ကျုပ်တို့အာရှတလွှားကို အလည်အပတ်လေးများ ရောက်ခဲ့မယ်ဆို … ကိုယ်ခန္ဓာအနှံ့ သေချာ စစ်ဆေးပြီးတော့ လာခဲ့ကြဗျာ …။ တော်ကြာ ကျုပ်တို့ဆီက မဟုတ်မဟတ် တက္ကနစ်တွေ ခင်ဗျားတို့ ဒုတိယကမ္ဘာက ပုဂ္ဂိုလ်ကြီးဆီ ရောက်သွားမှဖြင့် …။
ရော်ဘဲကြီးတို့ရေ … နိုင်ငံ့ခေါင်းဆောင်တွေလုပ်တာကို စိတ်မယူကြပါနဲ့ …။ သူတို့လည်း သူတို့ပြည်သူပြည်သား ..သူငယ်ချင်းတွေအကြောင်း အူမချေးခါး သိချင်ရှာမှာပေါ့ဗျာ …။ ကျုပ်တို့လို သာမန်ပုထုဇဉ်တွေတောင် … ဆီဒိုးနားကိစ္စဆို အွန်လိုင်းမှာ ပြူးပြဲပြီး ရှာလိုက် …။ ဟိုမင်းသမီးလေးဆို အွန်လိုင်းမှာ ပြူးပြဲရှာလိုက်ကြ …။ ဒီမင်းသမီးလေးဆို အွန်လိုင်းမှာ ပြူးပြဲရှာလိုက်ကြနဲ့ …။ တခါတလေများဗျာ ဒေါင်း တောင် ဒေါင်းထားမိသေးရဲ့ …။ 

စိတ်မရှိပါနဲ့ ရော်ဘဲတို့ …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဆောင်းလူ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်