ဟန်သစ်နိုင် – မင်္ဂလာဒုံစိုက်ခင်းနေရာကို တိုက်ဂါးဘီယာစက်ရုံခြံစည်းရိုး ဖြတ်သွား

November 26, 2014

ဟန်သစ်နိုင် – မင်္ဂလာဒုံစိုက်ခင်းနေရာကို တိုက်ဂါးဘီယာစက်ရုံခြံစည်းရိုး ဖြတ်သွား
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄
 

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ  တိုက်ဂါးဘီယာစက်ရုံက   ခြံစည်းရိုးခတ်နေသည့် နေရာသည်  သီးနှံစိုက်ခင်းမြေဖြစ်နေသည်ဟုဆိုပြီး ထိုဒေသရှိ စိုက်ပျိုးရေး လုပ်ကိုင်နေသူများက ကန့်ကွက်နေကြသည်။

မြဲမြံအောင်စိုက်ခင်းဟု အမည်ရသော ဧက ၁၀၀ နီးပါးရှိသည့် ထိုနေရာတွင် သီးနှံစိုက်ပျိုးလာသည်မှာ   အနှစ် ၂၀ ခန့် ကြာပြီဖြစ်ကြောင်း၊ ဆက်လက်   လုပ်ကိုင်ခွင့် ရရန်  သက်ဆိုင်ရာဌာနများသို့   တင်ပြ တောင်းဆိုထားကြောင်း ထိုနေရာတွင် နေထိုင်သူများက ပြောသည်။

စိုက်ပျိုးရေးသမားတဦးဖြစ်သည့်   မအေးခိုင်က “ဒီမြေနေရာကို အရင်က ဘယ်သူ ပိုင်ပါတယ်လို့   ပြောဆိုခြင်း တစ်ခါမှ မရှိခဲ့ပါဘူး။ ဆိုင်းဘုတ်များလည်း တပ်ထားခြင်း မရှိခဲ့ပါ။ အခု လပိုင်းမှ စတင်ပြီး တိုက်ဂါးဘီယာစက်ရုံက သူတို့ ပိုင်ပါတယ်ဟု ဆိုကာ ခြံစည်းရိုးများ ဝင်ရောက်ခတ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်” ဟု ဆိုသည်။

“ပိုင်ဆိုင်မှု အထောက်ထားများ တောင်းဆိုသော်လည်း သူတို့ မပြနိုင်ခဲ့ပါဘူး” ဟု သူက ဆက်ပြောသည်။

စိုက်ခင်းလုပ်ကိုင်သူတယောက်ဖြစ်သည့် ဦးသံချောင်းကလည်း  အစိုးရကိုယ်တိုင်  စီမံကိန်းဖော်ဆောင်မည် ဆိုလျှင်ပင်   တန်ရာတန်ကြေးရမှ ဖယ်ပေးနိုင်မည်ဟု  ပြောသည်။

“ကျနော်တို့ကတော့ လွန်ခဲ့တဲ့ နှစ်၂၀ ထဲက နေထိုင် စိုက်ပျိုးလာတာ။ သူတို့ တိုက်ဂါးဘီယာ တစ်ဦးတည်း ပိုင်ဖို့အတွက် ကျနော်တို့ အားလုံးကို ဖယ်ခိုင်းတာ။ မဖယ်ပေးနိုင်ဘူး”  ဟု ဦးသံချောင်းကပြောသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် ပျဉ်းမပင် စက်မှုဇုန် စီမံ ခန့်ခွဲရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ   ခြံစည်းရိုးခတ်မည်ဟု အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ထိုသို့ ဆုံးဖြတ်ချက် ချရာတွင်  စိုက်ပျိုး လုပ်ကိုင်သူများနှင့် ညိုနှိုင်းဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း  စိုက်ခင်းတွင် လုပ်ကိုင်  နေထိုင်သူများကပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Han Thit Naing, သတင်းပဒေသာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်